ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×






Credit: Buzzy
# Unicode Version ဖြင့် ဖတ်ပါ #
ဂျပန်တွေကတော့လုပ်လိုက်ရင် အဆန်းကြီးတွေ…

ယောင်္ကျားလေးတွေအတွက်အကြိုက်တွေ့စေမဲ့ ဆန်းဆန်းပြားပြား အနှိပ်ခန်းလို့ပဲဆိုရမှာပါ။ ဂျပန်နိုင်ငံ Akihabara မှာဖွင့်လှစ်ထားတဲ့ VR relaxation centerမှာ ခြေထောက်ကို နှိပ်နယ်ပေးတဲ့ အနှိပ်ခန်းပါရှိပါတယ်။

အနှိပ်ခန်းမှာ နှိပ်ပေးတဲ့ဝန်ထမ်းတွေက အမျိုးသားတွေသာ ဖြစ်ပေမဲ့ လာရောက်အနှိပ်ခံတဲ့ Customer အမျိုးသားတွေအကြိုက်တွေ့စေဖို့ VR Headset ကိုCustomer တွေခေါင်းပေါ်တပ်ဆင်ကာ နှိပ်ပေးတာမျိုးဖြစ်ပါတယ်။ VR Headset ကိုတပ်ဆင်ထားတာကြောင့် နှိပ်ပေးနေတဲ့အမျိုးသားတွေနေရာမှာ Anime ကောင်မလေးလန်းလန်းလေးတွေကိုသာ မြင်ရတာမျိုးဖြစ်ပါတယ်။

Anime ကောင်မလေးတွေသူတို့ကိုနှိပ်နယ်ပေးတဲ့အရသာမျိုးကို ခံစားလို့ရအောင် Company ကဖန်တီးထားတာကြောင့် အမျိုးသားတွေအတွက်တော့ အကြိုက်တွေ့စေမဲ့ အနှိပ်ခန်းမျိုးလေးပါ။

ဒါကြောင့်လည်း VR relaxtion center ဟာဆိုရင် အမျိုးသားများအကြိုက်တွေ့နေတဲ့ဂျပန်နိုင်ငံကခပ်မိုက်မိုက်ခပ်သန့်သန့် အနှိပ်ခန်းလေးလို့ပြောရင်လည်းမမှားတော့ပါဘူး…

ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top