ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ပရိသတ္အခ်စ္ေတာ္ မပြတ္ကြၽတ္ေလးရဲ႕ တစ္ဦးတည္းေသာ သမီးေခ်ာေလးျဖစ္တဲ့ စံထိပ္ ထားဦး တစ္ေယာက္ သူမရဲ႕ဆံႏြယ္ရွည္ေတြကို မိခင္နဲ႔အတူ Beauty Salon မွာ ထိန္းသိမ္းျပဳျပင္ခဲ့တာပဲ ျဖစ္ပါတယ္။ ခါးထိရွည္ေနၿပီျဖစ္တဲ့ ဆံႏြယ္ေတြဟာ သူမရဲ႕ေက်ာေပၚ မွာ ကဗ်ာဆန္စြာ ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းေလး က်ဆင္းလို႔ေနပါတယ္။

ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္အျဖစ္နဲ႔ အႏုပညာေလာကမွာ ရပ္တည္လာခဲ့တဲ့ မိခင္ျဖစ္ သူရဲ႕ ေျခရာကို အျပည့္အဝနင္းဖို႔ သူမကလည္း ႀကိဳးစားလို႔ေနပါတယ္။ ၿပီးခဲ့တဲ့ အကယ္ဒမီေပး ပြဲမွာ အကယ္ဒမီဗန္းကိုင္အျဖစ္နဲ႔ ပါဝင္ခဲ့ၿပီး ေၾကာ္ျငာေတြလည္း ႐ိုက္ကူးခဲ့ပါေသးတယ္။ အသက္ဆယ့္ေျခာက္ႏွစ္ထဲကို ေရာက္ရွိေနၿပီျဖစ္ၿပီး သူမရဲ႕အလွေတြက တေန႔တျခား ပိုပို ၿပီး ထင္ရွားလာပုံေလးဟာ ေႂကြခ်င္စရာပါပဲ။

အၿမဲလိုလို မိခင္နဲ႔အတူ ဆင္တူအက်ၤ ီေလးေတြဝတ္တတ္ၿပီး ပရိသတ္ေတြကလည္း သားမိ ဆိုတာ ထက္ ညီမေတြလို႔ပဲ စေနာက္ခဲ့ၾကတာျဖစ္ပါတယ္။ မိခင္နဲ႔အတူ ဘုရားမွာပဌာန္း ႐ြတ္ၿပီး အျပန္ Beauty Salon မွာ ဆံပင္ဝင္ေရာက္ျပဳျပင္ၾကတာပဲျဖစ္ပါတယ္။ ေပါင္းတင္ၿပီး ေပ်ာ့ေျပာင္းေျဖာင့္စင္းေနတဲ့ ထိပ္ထိပ္ရဲ႕ဆံႏြယ္ေတြဟာ မိန္းမတို႔ဘုန္းဆံထုံးဆိုတဲ့ ေရွး စကားကို တကယ္ပဲထင္ဟပ္ေစပါ တယ္ ပရိသတ္ႀကီးေရ။

Photo – Khine Thin Kyi

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်အချစ်တော် မပွတ်ကျွတ်လေးရဲ့ တစ်ဦးတည်းသော သမီးချောလေးဖြစ်တဲ့ စံထိပ် ထားဦး တစ်ယောက် သူမရဲ့ဆံနွယ်ရှည်တွေကို မိခင်နဲ့အတူ Beauty Salon မှာ ထိန်းသိမ်းပြုပြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ခါးထိရှည်နေပြီဖြစ်တဲ့ ဆံနွယ်တွေဟာ သူမရဲ့ကျောပေါ် မှာ ကဗျာဆန်စွာ နွဲ့နွဲ့နှောင်းနှောင်းလေး ကျဆင်းလို့နေပါတယ်။

အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ်နဲ့ အနုပညာလောကမှာ ရပ်တည်လာခဲ့တဲ့ မိခင်ဖြစ် သူရဲ့ ခြေရာကို အပြည့်အဝနင်းဖို့ သူမကလည်း ကြိုးစားလို့နေပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီပေး ပွဲမှာ အကယ်ဒမီဗန်းကိုင်အဖြစ်နဲ့ ပါဝင်ခဲ့ပြီး ကြော်ငြာတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အသက်ဆယ့်ခြောက်နှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး သူမရဲ့အလှတွေက တနေ့တခြား ပိုပို ပြီး ထင်ရှားလာပုံလေးဟာ ကြွေချင်စရာပါပဲ။

အမြဲလိုလို မိခင်နဲ့အတူ ဆင်တူအင်္ကျ ီလေးတွေဝတ်တတ်ပြီး ပရိသတ်တွေကလည်း သားမိ ဆိုတာ ထက် ညီမတွေလို့ပဲ စနောက်ခဲ့ကြတာဖြစ်ပါတယ်။ မိခင်နဲ့အတူ ဘုရားမှာပဌာန်း ရွတ်ပြီး အပြန် Beauty Salon မှာ ဆံပင်ဝင်ရောက်ပြုပြင်ကြတာပဲဖြစ်ပါတယ်။ ပေါင်းတင်ပြီး ပျော့ပြောင်းဖြောင့်စင်းနေတဲ့ ထိပ်ထိပ်ရဲ့ဆံနွယ်တွေဟာ မိန်းမတို့ဘုန်းဆံထုံးဆိုတဲ့ ရှေး စကားကို တကယ်ပဲထင်ဟပ်စေပါ တယ် ပရိသတ်ကြီးရေ။

Photo – Khine Thin Kyi

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top