မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
Credit: MMCele
# Unicode Version ဖြင့် ဖတ်ပါ #
မင်းသား မင်းထက်နဲ့ သရုပ်ဆောင် နှင်းအိရွှေရည်တို့ရဲ့ တချိန်က ပြောဆိုထားတဲ့ SS နဲ့ ကလေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို နှင်းအိရွှေရည်ဘက်က ထုတ်ဖော်ချပြသတာတွေ နဲ့ပတ်သက်တာ မင်းထက်ဘက်က ထပ်မံတုန့်ပြန်လာပါတယ်။ သူတုန့်ပြန်လိုက်တာကတော့ ဟိုးအရင်ထဲက ကြိုတင်စနစ်တကျနဲ့အချက်အလက်တွေစုစောင်းပြီး ထောင်ချောက်ဆင်ထားတာတွေက သိသာလွန်းပြီး ယုတ်မာခဲ့တာ ဘယ်သူဆိုတာသိကြမှာပါ ခုလို တွေလုပ်နေတာကို ငါတကယ် ရယ်ချင်မိပါတယ်ဆိုတာ ပြောခဲ့ပါတယ်။
သူပြောခဲ့တဲ့ အပြည့်အစုံကတော့ “လခွမ်း..ငါမရီချင်ဘူး ။ ဘာမှမလိုချင်ဘူးဟုတ်လား ..ငါတကယ်ရီချင်တယ်..။ ဘယ်သူက ဟိုးအရင်ထဲက ကြိုတင်စနစ်တကျ အချက်အလက်တွေစုစောင်းပြီး ထောင်ချောက်ဆင်တာလဲ ..အရင်ထဲက အကြံနဲ့ screenshot တွေအသံဖိုင်တွေကို record ယူပြီးပိုင်မှ ယုတ်မာတာဘယ်သူလဲ။ ဘယ်သူကအရှက်မရှိ အရင်ထဲက မယူနိုင်ပါဘူး ပြောထားတဲ့သူကို အတင်းဝင်လုံးတာလဲ။
အချိန်တန်ရင် ကျန်ခဲ့ပါမယ်ဆိုပြီးပိုင်မှ ဘီလူးအစွယ်ထုတ်ပြတာ ဘယ်သူလဲ ..အတင်းဝင်လုံးတယ် ..ယုံကြည်မှူယူပြီးပိုင်ပြီဆိုမှ အတင်းလက်ထပ်ခိုင်းတယ်။ မရတော့အပျော့ဆွဲဆွဲတယ် ..အဆင်မပြေတော့နာမည်ဖျက်တယ် ..ဒီကြားထဲမှာရော မင်းဘာတွေလုပ်ခဲ့သလဲ မင်းသိမှာပါ။မင်းဘယ်လောက်ပြောပြော သူတော်ကောင်းလုပ်လုပ် ကိုယ့်အကြောင်းကိုယ်သိမှာပေါ့ ”
အဲ့ဒီနောက် “မဆိုင်တဲ့ကြားလူတွေထိခိုက်မှာစိုးလို့ တခြားကိစ္စတွေ ငါထည့်မရေးတာ။ ငါမင်းလိုမယုတ်မာတတ်ဘူး။ မင်းငါ့ကိုတိုက်ခိုက်ဖို့သူများတွေကို ခုတုံးလုပ် အသုံးချသလို ငါမလုပ်တတ်ဘူး။ ကိုယ့်ကိုမွေးထားတဲ့ အမေအရင်းခေါက်ခေါက်ကိုတောင် နင်နဲ့ငါနဲ့ နင်ဘဲငါစ ပြန်ပြောတတ်တဲ့မင်းက ခုမှသိပ်ယဉ်ကျေး အိန္ဒြေရှိပြနေတာ ငါမရီချင်ဘူး။ ငါပြောခဲ့ပြီးပြီ ။မင်းကိုရွံခဲ့တာ မင်းကိုရှောင်ခဲ့တာ အဲဒါတွေကြောင့်လေ။
ငါရှောင်မှန်းသိမှငါ့ကို အပိုင်ထောင်ချောက်ဆင်တယ်။ အစထဲက ငါတတ်နိုင်တာဘဲငါပြောတယ်။ငါမလုပ်ပေးနိုင်တဲ့ကိစ္စ ဘယ်တော့မှငါမပြောဘူး။ ငါမင်းကိုယုံကြည်ခဲ့လို့ ငါ့ကိုဘယ်တော့မှ ဒီလိုအပိုင်မလုပ်ဘူး တွေးခဲ့လို့ အခုနောက်ကျောဓားထိုးခံရတယ်. .ငါနိုင်တာငါလုပ်ပေးမယ်ပြောပြီးသား ..မင်းဘာသာမင်းလောဘကြီးတာ ငါနဲ့မဆိုင်ဘူး။ဒါနဲ့များဘာမှမလိုချင်ဘူး. .ဟုတ်လား..ဟားဟား။မဆိုင်တဲ့ကြားသူတွေထိခိုက်မှာစိုးလို့ ငါမပြောတော့ဘူး ”
ယောကျာၤးနဲ့မိန်းမ ဒီလိုပြသနာဖြစ်တိုင်း ယောကျာၤးဘက်က အမြဲအလွန်ပြောမဲ့သူတွေကိုလည်း ဘာမှမရှင်းပြလိုဘူး။ လူဆိုတာ ကိုယ့်အကြောင်းကိုယ်အသိဆုံး။ ကိုယ်ခံရမှကိုယ်သိတာ။ ငါပြောပြီးပြီ.. ။ ဖြစ်လာမဲ့ အကျိုးဆက်ကို ဥပဒေနဲ့အညီ ငါလုပ်ဆောင်မယ်။ ကြားဖူးနားဝ ငွေများတရားနိုင်တယ် တွေဘာတွေလုပ်ပြမနေနဲ့။ အဲဒီခေတ် လည်းမရှိတော့ဘူး။ မင်းပလီပလာ စကားတတ်တိုင်း အကွက်ဆင်ပြောတိုင်း ယုံမဲ့သူတွေလည်းရှိမယ်။ မင်းအကြောင်းကို ကောင်းကောင်းသိနေတဲ့သူတွေလည်း တစ်ပုံကြီးဆိုတာမင်းမမေ့နဲ့။
အဲဒီသူတွေ မင်းကိုဘယ်လောက်ရွံနေသလဲ မင်းသိမှာပါ။ လိုချင်တာမရလို့ မစားရတဲ့အမဲသဲနဲ့ပက် တဲ့ မင်းစိတ်ဓာတ်မင်းလိပ်ပြာ မင်းလုံအောင်ထိန်းပါ။ မင်းသိထားဖို့က ငါ့မှာဇနီးမယားတစ်ယောက်ဘဲရှိတယ်။ အဲဒီသူက မင်းဒုက္ခပေး အကြပ်ကိုင်လို့ အမှောင်ထဲရောက်နေတဲ့ ငါ့ဘဝကို ပြန်ဆွဲတင်တဲ့သူ။ မင်းငါ့ကိုလိုက်အကြပ်ကိုင်တာကို ငါ့ဘက်ကရပ်တည်တဲ့ မင်းအကြောင်းသိတဲ့သူ။ငါ့ကိုလမ်းပြပေးတဲ့ ကြယ်တစ်စင်း။ မင်းပလီပလာ စနိုက်ကြော်တယ် လျောက်ပြောမနေနဲ့။သူငါ့အနားရောက်တဲ့ အချိန်က မင်းနဲ့အဝေးကြီးဖြစ်နေပြီ
“လူဆိုတာကိုယ့်ဘဝကိုယ်ရွေးချယ်ရမှာ..ကို့ယ့်လမ်းကြောင်းကိုယ်လျောက်ရမှာ..အကြောင်းမသိတဲ့ သူတွေ မင်းအကြောင်းသေချာမသိလို့ ယုံပြီးဝေဖန် ပစ်တင်လည်း အချိန်တန်ရင် ငါ့လမ်းဘဲငါလျောက်ရမှာမို့ ငါ့စိတ်ငါသန့်တယ် …ဘာမှထပ်ပြောငြင်းခုံနေမှာ မဟုတ်တော့ဘူး။ဒီလောက်ဘဲ..! ဒီကိစ္စနဲ့ပတ်သက်လို့ အကြောင်းမသိသူတွေ အမြင်မတူသူတွေ ဝေဖန်လည်း ဘာမှပြန်ပြောနေမှာမဟုတ်တော့ဘူး မနေ့က8dayမှာ အင်တာဗျူးဖြေခဲ့တာ နာရီဝက်ကျော်အရှည်ပါ။ ဒါပေမဲ့ သူတို့ဆီက အချိန်ကန့်သတ်ချက်အရ 10မိနစ်စာလောက်သာပါလို့ တစ်ချို့ကိစ္စတွေမှာ ပြောခဲ့တာတွေအပြည့်အစုံမပါခဲ့ဘူး။ ပြောမယ်ဆိုရင်တော့ပြောစရာတွေ အများကြီးပါဘဲ ဘာဘဲဖြစ်ဖြစ် ဒီလောက်ပြောခွင့်ရတာဘဲ ကျေးဇူးတင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်..” လို့ ရေးသားထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: MMCele
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top