မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×





Credit: RFA Burmese
# Unicode Version ဖြင့် ဖတ်ပါ #
ငလျင်ဒဏ်ခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းစုက လွမ်ဘော့ကျွန်းမှာ သြဂုတ်လ ၉ ရက်နေ့က တတိယအကြိမ် နောက်ဆက်တွဲ ငလျင် ထပ်မံ လှုပ်ခဲ့ပြန်ပါတယ်။

အခု လှုပ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၅.၉ ပြင်းအားရှိပါတယ်။ အခုထိ အသေအပျောက်သတင်း မကြားသိရသေးပေမဲ့ အပျက်အစီး အထိအခိုက် ရှိနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လှုပ်ခဲ့တဲ့ ပထမဆုံး ငလျင်ကြောင့် သေဆုံးသူ အခုထိ ၃၁၉ ဦး ရှိကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ် ခံခဲ့ရသူပေါင်း နှစ်သောင်းလောက်ရှိမယ်လို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ခန့်မှန်းထားပြီး၊ လိုအပ်သမျှ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top