(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ရန္ကုန္ ၊ ၾသဂုတ္ ၂၁ ။         ။ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္းတြင္ ျဖစ္ေပၚေနသည့္ ေလဖိအားနည္း ရပ္ဝန္းအရိွန္ေၾကာင့္ မုတ္သံုပိုမို အားေကာင္းလာၿပီး မိုးပိုမိုရြာသြန္းလာႏိုင္မည္ဟု မုိးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။
လက္ရိွအခ်ိန္တြင္ ယင္းေလဖိအားနည္းရပ္ဝန္းသည္  ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းႏွင့္ ဆက္စပ္ေနသည့္ အိႏၵိယႏိုင္ငံၾသရိႆေျမာက္ပိုင္းကမ္းေျခသို႔ေရြ႕လ်ားဝင္ေရာက္ခဲ့ၿပီးျဖစ္သည္ဟု မိုး/ဇလ ကထုတ္ျပန္ထားသည္။
ေလဖိအားနည္းရပ္ဝန္းအရိွန္ေၾကာင့္ ရခုိင္ျပည္နယ္အတြင္း၌ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ကာ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း ၊ ကခ်င္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မိုးရြာသြန္းၿပီး  က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာႏိုင္မည္ဟု သတင္းထုတ္ျပန္ထားသည္။
ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ကာ တစ္နာရီလၽွင္ (၃၅)မိုင္အထိ ေလတိုက္ခတ္ႏိုင္ေၾကာင္းလိႈင္းအျမင့္ အေနျဖင့္ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၀)ေပခန္႔အထိ ျမင့္တက္ႏိုင္သည္ဟု မိုး/ဇလ က ထုတ္ျပန္ထားသည္။
ထို႔ျပင္ မုိးၿခိမ္းျခင္း ၊ မိုးႀကိဳးပစ္ျခင္း ၊ လွ်ပ္စီးလက္ျခင္း ၊ ေလျပင္း တိုက္ခတ္ ျခင္းမ်ားျဖစ္ေစေသာ မိုးတိမ္ေတာင္ ျဖစ္ေပၚႏိုင္သည့္ အေျခအေနျဖင့္ မေကြးတိုင္း ၊ မႏၱေလးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာ၀တီတိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ အမ်ားဆံုးေတြ႕ရၿပီး ေသခ်ာမႈ ရာခိုင္ႏႈန္းအားျဖင့္ ၄၅% မွ ၆၅% ခန္႔ ရိွေနသည္ဟု မိုးေလဝသႏွင့္ ဇလေဗဒပညာရွင္ ေဒါက္တာဦးထြန္းလြင္က ခန္႔မွန္းထားသည္။
ျမစ္ေရအေျခအေနမွာ စစ္ေတာင္းျမစ္ေရသည္ မေဒါက္ၿမိဳ႕အနီး၌ စိုးရိမ္ေရမွတ္ ေက်ာ္လြန္ေနၿပီး  ေနာက္ ငါးရက္အတြင္း စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေနကာ သံလြင္ျမစ္ေရသည္ ဘားအံၿမိဳ႕အနီးႏွင့္ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေနသည္ဟု ဦးထြန္းလြင္က သတိေပးထုတ္ျပန္ထားသည္။
ျမစ္ကမ္းအနီးႏွင့္  ေျမနိမ့္ပိုင္း ေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကၿပီး ျမစ္ေရႀကီးမႈ ေဘးအႏၲရာယ္မွ ကင္းလြတ္ရာကို ေရွာင္ရွားၾကရန္ မိုး/ဇလက သတိေပးထုတ္ျပန္ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mizzima
#Unicode Version #
ရန်ကုန် ၊ သြဂုတ် ၂၁ ။         ။ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မုတ်သုံပိုမို အားကောင်းလာပြီး မိုးပိုမိုရွာသွန်းလာနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ယင်းလေဖိအားနည်းရပ်ဝန်းသည်  ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် အိန္ဒိယနိုင်ငံသြရိဿမြောက်ပိုင်းကမ်းခြေသို့ရွေ့လျားဝင်ရောက်ခဲ့ပြီးဖြစ်သည်ဟု မိုး/ဇလ ကထုတ်ပြန်ထားသည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း၌ နေရာကွက်ပြီး မိုးကြီးနိုင်ကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ၊ ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းပြီး  ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်မည်ဟု သတင်းထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ တစ်နာရီလျှင် (၃၅)မိုင်အထိ လေတိုက်ခတ်နိုင်ကြောင်းလှိုင်းအမြင့် အနေဖြင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်အထိ မြင့်တက်နိုင်သည်ဟု မိုး/ဇလ က ထုတ်ပြန်ထားသည်။

ထို့ပြင် မိုးခြိမ်းခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ လျှပ်စီးလက်ခြင်း ၊ လေပြင်း တိုက်ခတ် ခြင်းများဖြစ်စေသော မိုးတိမ်တောင် ဖြစ်ပေါ်နိုင်သည့် အခြေအနေဖြင့် မကွေးတိုင်း ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံးတွေ့ရပြီး သေချာမှု ရာခိုင်နှုန်းအားဖြင့် ၄၅% မှ ၆၅% ခန့် ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားသည်။

မြစ်ရေအခြေအနေမှာ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့အနီး၌ စိုးရိမ်ရေမှတ် ကျော်လွန်နေပြီး  နောက် ငါးရက်အတွင်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေကာ သံလွင်မြစ်ရေသည် ဘားအံမြို့အနီးနှင့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေသည်ဟု ဦးထွန်းလွင်က သတိပေးထုတ်ပြန်ထားသည်။

မြစ်ကမ်းအနီးနှင့်  မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပြီး မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာကို ရှောင်ရှားကြရန် မိုး/ဇလက သတိပေးထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top