ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 ၾသဂုတ္လ ၂၁ ရက္ေန့ ၁၂ နာရီဝန္းက်င္က သူငယ္ခ်င္း အခ်င္းခ်င္း စကားမ်ားျပီး သံဆူးအရွည္ျဖင့္ ထိုးသျဖင့္ တစ္ဦးေသဆုံးသြားေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္၊ ေက်ာက္ေတာင္(ဝမ္မုိင္)ရြာ ဝက္ေမြးျမဴေရးၿခံ အေပၚထပ္ ၾကမ္းျပင္တြင္သူငယ္ခ်င္း အခ်င္းခ်င္း စကားမ်ားၿပီး သံဆူးအရွည္ျဖင့္ ထိုးသျဖင့္ အသက္ (၄၅)ႏွစ္အရြယ္ ေဇာ္ဝင္းမွာ ယာဘက္ရင္အံု ထိုးသြင္းဒဏ္ရာ (၁)ခ်က္ျဖင့္ လဲက်ေနၿပီး ၎၏ ေဘးတြင္ အသက္(၄၁)ႏွစ္အရြယ္ အားညီကို အရွည္(၄)ေပေက်ာ္ရိွသည့္ မွိန္းတစ္ခုကို ကိုင္လ်က္ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
 
“သူ႔အစ္ကို ေဆးရံုတက္ေနလို႔ ေဆးရံုသြားေစာင့္ေနတဲ့ အားညီရဲ႕မိန္းမက မနက္ (၁၀)နာရီေလာက္မွာ ျပန္ေရာက္လာတယ္။ မီးဖိုထဲမွာ ဝက္စာက်ဳိေနတယ္။ အဲဒီအခ်ိန္မွာ အားညီနဲ႔ အခုေသသြားတဲ့ ေဇာ္ဝင္းက အိမ္ေပၚမွာ အတူတူ ရိွေနၾကတယ္။ ေနာက္ေတာ့ မလုပ္နဲ႔ မလုပ္နဲ႔ဆိုတဲ့ အသံၾကားေတာ့ ရန္ျဖစ္ေနၾကၿပီ ဆိုၿပီး သူႀကီးကို သြားေခၚၿပီး သူႀကီးေတြလည္း ေရာက္လာေတာ့ တစ္ေယာက္က ေသေနၿပီး တစ္ေယာက္က မွိန္းကိုင္ၿပီး ရပ္ေနတာကို ေတြ႔ရတယ္လုိ႔ သူ႔မိန္းမက ေျပာတယ္။ ေသသြားတဲ့သူနဲ႔ အခု သတ္တဲ့သူက ဝက္ၿခံတဲမွာ အတူတူေနတာ (၃)လေလာက္ရိွၿပီလို႔ သိရတယ္”ဟု အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးသည့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္က ေျပာသည္ဟု တာခ်ီလတ္သတင္းဌာနတြင္ ေရးသားေဖာ္ျပထားပါသည္ ။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ျပီး ေသဆံုးသြားသည့္ ေဇာ္ဝင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားကာ အားညီကို ရဲစခန္းမွ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

Unicode Version
 သြဂုတ်လ ၂၁ ရက်နေ့ ၁၂ နာရီဝန်းကျင်က သူငယ်ချင်း အချင်းချင်း စကားများပြီး သံဆူးအရှည်ဖြင့် ထိုးသဖြင့် တစ်ဦးသေဆုံးသွားကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်(ဝမ်မိုင်)ရွာ ဝက်မွေးမြူရေးခြံ အပေါ်ထပ် ကြမ်းပြင်တွင်သူငယ်ချင်း အချင်းချင်း စကားများပြီး သံဆူးအရှည်ဖြင့် ထိုးသဖြင့် အသက် (၄၅)နှစ်အရွယ် ဇော်ဝင်းမှာ ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်ဖြင့် လဲကျနေပြီး ၎င်း၏ ဘေးတွင် အသက်(၄၁)နှစ်အရွယ် အားညီကို အရှည်(၄)ပေကျော်ရှိသည့် မှိန်းတစ်ခုကို ကိုင်လျက်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သူ့အစ်ကို ဆေးရုံတက်နေလို့ ဆေးရုံသွားစောင့်နေတဲ့ အားညီရဲ့မိန်းမက မနက် (၁၀)နာရီလောက်မှာ ပြန်ရောက်လာတယ်။ မီးဖိုထဲမှာ ဝက်စာကျိုနေတယ်။ အဲဒီအချိန်မှာ အားညီနဲ့ အခုသေသွားတဲ့ ဇော်ဝင်းက အိမ်ပေါ်မှာ အတူတူ ရှိနေကြတယ်။ နောက်တော့ မလုပ်နဲ့ မလုပ်နဲ့ဆိုတဲ့ အသံကြားတော့ ရန်ဖြစ်နေကြပြီ ဆိုပြီး သူကြီးကို သွားခေါ်ပြီး သူကြီးတွေလည်း ရောက်လာတော့ တစ်ယောက်က သေနေပြီး တစ်ယောက်က မှိန်းကိုင်ပြီး ရပ်နေတာကို တွေ့ရတယ်လို့ သူ့မိန်းမက ပြောတယ်။ သေသွားတဲ့သူနဲ့ အခု သတ်တဲ့သူက ဝက်ခြံတဲမှာ အတူတူနေတာ (၃)လလောက်ရှိပြီလို့ သိရတယ်”ဟု အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးသည့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က ပြောသည်ဟု တာချီလတ်သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသွားသည့် ဇော်ဝင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကာ အားညီကို ရဲစခန်းမှ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည် ။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top