မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲ၏ Top 2 Finalist တစ္ဦးျဖစ္သူ ၿပိဳင္ပြဲ၀င္ ခ်မ္းေျမ့ေမာင္ခ်ဳိသည္ က်န္းမာေရး အေျခအေန ထိခိုက္ခံစားရမႈရွိသျဖင့္ ေဆးကုသမႈ ခံယူရလ်က္ရွိေၾကာင္း ခ်မ္းေျမ့ေမာင္ခ်ဳိ၏ မိခင္ျဖစ္သူ ေတးသံရွင္ အိအိက ၾသဂုတ္ ၈ ရက္ ညပိုင္းတြင္ အတည္ျပဳ ေျပာၾကားသည္။

ၿပိဳင္ပြဲ၀င္ ခ်မ္းေျမ့ေမာင္ခ်ဳိသည္ က်န္းမာေရးအရ အားနည္းထိခိုက္ေနသျဖင့္ ေဆးကုသမႈခံယူၿပီးေနာက္ ၾသဂုတ္ ၁၁ ရက္တြင္ က်င္းပမည့္ ေနာက္ဆံုးအဆင့္ၿပိဳင္ပြဲအတြက္ သီခ်င္းတုိက္ေလ့က်င့္မႈ သြားေရာက္ျပဳလုပ္ရာတြင္ ေတးသီခ်င္း သီဆိုႏုိင္ျခင္းမရွိဘဲ က်န္းမာေရး အေျခအေန ဆိုးရြားခဲ့သျဖင့္ ေဆးကုမႈ ထပ္မံခံယူေနရျခင္းျဖစ္ေၾကာင္း သိရသည္။

“သူက က်န္းမာေရးမေကာင္းလို႔ ဒရစ္ႏွစ္လံုးခ်ိတ္ၿပီး Final အတြက္ သီခ်င္းတုိက္ဖုိ႔ သြားတာပါ။ သီခ်င္းမဆိုႏိုင္ဘဲ က်န္းမာေရး ပိုဆိုးလာေတာ့ ကိုဥကၠာတို႔က ေဆးခန္းတစ္ခု လုိက္ျပတယ္လုိ႔ သိရပါတယ္။ သူက Camp သြင္းတ့ဲအထဲမွာပဲ ရွိေနတာဆိုေတာ့ အန္တီလည္း သူ႕အေျခအေနသိရဖုိ႔ ဖုန္းေစာင့္ေနပါတယ္” ဟု ခ်မ္းေျမ့ေမာင္ခ်ဳိ၏မိခင္ ေတးသံရွင္ အိအိက ဆိုသည္။

ၿပိဳင္ပြဲ၀င္ ခ်မ္းေျမ့ေမာင္ခ်ဳိသည္ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲတြင္ အသက္အငယ္ဆံုး ၿပိဳင္ပြဲ၀င္တစ္ဦးအျဖစ္ ဆန္ခါတင္ၿပိဳင္ပြဲ၀င္ ၁၁ ဦးစာရင္းတြင္ ပါ၀င္ခြင့္ရခဲ့သူျဖစ္သည္။ ခ်မ္းေျမ့ေမာင္ခ်ဳိသည္ အပတ္စဥ္မတူ ကြဲျပားသည့္ Theme မ်ားျဖင့္ ယွဥ္ၿပိဳင္ရာတြင္ ပရိသတ္ေပးသည့္ Voting ျဖင့္ အဆင့္ဆင့္ တက္လွမ္းခြင့္ရရွိကာ Top 2 Finalist တစ္ဦး အဆင့္အထိ တက္ေရာက္လာခဲ့သူျဖစ္သည္။

ခ်မ္းေျမ့ေမာင္ခ်ဳိသည္ ကိုယ္ပိုင္ဟန္ျဖင့္ ေတးသီခ်င္းမ်ားအား သီဆိုတတ္သူတစ္ဦးအျဖစ္ ပရိသတ္အားေပးမႈ အခိုင္အမာ ရရွိထားကာ အကဲျဖတ္ဒို္င္မ်ားအနက္ ေတးသံရွင္မ်ဳိးေက်ာ့ၿမိဳင္၊ တင္ဇာေမာ္ႏွင့္ ရန္ေအာင္တုိ႔၏ ခ်ီးက်ဴးသည့္ မွတ္ခ်က္စကားမ်ား မၾကာခဏ ရရွိထားသူလည္းျဖစ္သည္။ Top 3 Finalist ပြဲစဥ္တြင္ ခ်မ္းေျမ့ေမာင္ခ်ဳိ သီဆိုသည့္ ေတးသီခ်င္း စာသားအနည္းငယ္ က်န္ရွိခဲ့မႈေၾကာင့္ ပရိသတ္အခ်ဳိ႕၏ ေ၀ဖန္မႈကိုလည္း ခံေနရသူျဖစ္သည္။

ခ်မ္းေျမ့ေမာင္ခ်ဳိသည္ ၾသဂုတ္ ၁၁ ရက္တြင္ ျပဳလုပ္မည့္ Grand Final ၿပိဳင္ပြဲတြင္ ၿဖိဳးျမတ္ေအာင္ႏွင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္ကာ ယခုၿပိဳင္ပြဲအတြက္ ေလ့က်င့္မႈမ်ား ျပဳလုပ္ေနစဥ္တြင္ က်န္းမာေရးဆိုးရြားမႈေၾကာင့္ ေဆးကုသမႈ ခံယူေနရျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven

#Unicode Version#
Myanmar Idol သီချင်းဆိုပြိုင်ပွဲ၏ Top 2 Finalist တစ်ဦးဖြစ်သူ ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုသည် ကျန်းမာရေး အခြေအနေ ထိခိုက်ခံစားရမှုရှိသဖြင့် ဆေးကုသမှု ခံယူရလျက်ရှိကြောင်း ချမ်းမြေ့မောင်ချို၏ မိခင်ဖြစ်သူ တေးသံရှင် အိအိက သြဂုတ် ၈ ရက် ညပိုင်းတွင် အတည်ပြု ပြောကြားသည်။

ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုသည် ကျန်းမာရေးအရ အားနည်းထိခိုက်နေသဖြင့် ဆေးကုသမှုခံယူပြီးနောက် သြဂုတ် ၁၁ ရက်တွင် ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် သီချင်းတိုက်လေ့ကျင့်မှု သွားရောက်ပြုလုပ်ရာတွင် တေးသီချင်း သီဆိုနိုင်ခြင်းမရှိဘဲ ကျန်းမာရေး အခြေအနေ ဆိုးရွားခဲ့သဖြင့် ဆေးကုမှု ထပ်မံခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။

“သူက ကျန်းမာရေးမကောင်းလို့ ဒရစ်နှစ်လုံးချိတ်ပြီး Final အတွက် သီချင်းတိုက်ဖို့ သွားတာပါ။ သီချင်းမဆိုနိုင်ဘဲ ကျန်းမာရေး ပိုဆိုးလာတော့ ကိုဥက္ကာတို့က ဆေးခန်းတစ်ခု လိုက်ပြတယ်လို့ သိရပါတယ်။ သူက Camp သွင်းတဲ့အထဲမှာပဲ ရှိနေတာဆိုတော့ အန်တီလည်း သူ့အခြေအနေသိရဖို့ ဖုန်းစောင့်နေပါတယ်” ဟု ချမ်းမြေ့မောင်ချို၏မိခင် တေးသံရှင် အိအိက ဆိုသည်။


ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုသည် Myanmar Idol သီချင်းဆိုပြိုင်ပွဲတွင် အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ဆန်ခါတင်ပြိုင်ပွဲဝင် ၁၁ ဦးစာရင်းတွင် ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။ ချမ်းမြေ့မောင်ချိုသည် အပတ်စဉ်မတူ ကွဲပြားသည့် Theme များဖြင့် ယှဉ်ပြိုင်ရာတွင် ပရိသတ်ပေးသည့် Voting ဖြင့် အဆင့်ဆင့် တက်လှမ်းခွင့်ရရှိကာ Top 2 Finalist တစ်ဦး အဆင့်အထိ တက်ရောက်လာခဲ့သူဖြစ်သည်။

ချမ်းမြေ့မောင်ချိုသည် ကိုယ်ပိုင်ဟန်ဖြင့် တေးသီချင်းများအား သီဆိုတတ်သူတစ်ဦးအဖြစ် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားကာ အကဲဖြတ်ဒိုင်များအနက် တေးသံရှင်မျိုးကျော့မြိုင်၊ တင်ဇာမော်နှင့် ရန်အောင်တို့၏ ချီးကျူးသည့် မှတ်ချက်စကားများ မကြာခဏ ရရှိထားသူလည်းဖြစ်သည်။ Top 3 Finalist ပွဲစဉ်တွင် ချမ်းမြေ့မောင်ချို သီဆိုသည့် တေးသီချင်း စာသားအနည်းငယ် ကျန်ရှိခဲ့မှုကြောင့် ပရိသတ်အချို့၏ ဝေဖန်မှုကိုလည်း ခံနေရသူဖြစ်သည်။

ချမ်းမြေ့မောင်ချိုသည် သြဂုတ် ၁၁ ရက်တွင် ပြုလုပ်မည့် Grand Final ပြိုင်ပွဲတွင် ဖြိုးမြတ်အောင်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ယခုပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်နေစဉ်တွင် ကျန်းမာရေးဆိုးရွားမှုကြောင့် ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top