ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေတာ္ေတာ္ဒုကၡေပးတ့ဲအခ်စ္

အခ်စ္က တစ္ခါတစ္ေလ စစ္တပ္ကေပးထားတ့ဲ စစ္မွန္၍ စည္းကမ္း ျပည့္၀ေသာ ဒီမုိကေရစီဆုိတာနဲ႔ တူတယ္ ကုိယ့္ကုိယ္ အသာစီး ၇၅ က်ပ္သားေပးထားေပမ့ဲ သူဆီမွာ က်န္ေနတ့ဲ ၂၅ က်ပ္သားက ပုိပီး ေလးေနျပန္တယ္။အခ်စ္က တစ္​ခါတစ္​​ေလ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ တူတယ္ ၂၁ ရာစု ပင္လုံမွသည္ ထာ၀ရၿငိမ္းခ်မ္းေရးဆီသုိ႔ လုိ႔ဆုိေပမ့ဲ ေမ်ွာ္လင့္ေနတ့ဲသူ အားလုံးကုိ လည္ပင္း ေညာင္ေရအုိး ျဖစ္ေစတယ္။

အခ်စ္က တစ္ခါတစ္ေလ လြတ္ေတာ္ႀကီးနဲ႔ တူတယ္ အျငင္းအခုံေတြ ေထာက္ခံမွဳေတြ ကန္႔ကြက္မွဳေတြနဲ႔ စုံေနေပမ့ဲ သူ႔အတြက္ေတာင္မွ ေကာင္းမြန္တ့ဲ နည္းဥပေဒ အက္ဥပေဒ မထုတ္ျပန္ႏုိင္ ျဖစ္ေနတယ္။အခ်စ္က တစ္ခါတစ္ေလ ျပည္ထဲေရး၀န္ႀကီးနဲ႔တူတယ္ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ေလာက္ သူ႔မ်က္စိေ႐ွ႕ေမွာက္မွာ ျဖစ္ေနတာကုိ ျမင္ေတြ႔ေနရပီး အတြင္​း​ေၾက ေက်ေနေပမ့ဲ သူနဲ႔မဆုိင္လုိ ေနႏုိင္တယ္။

အခ်စ္က တစ္ခါတစ္ေလ တရားစီရင္ေရးနဲ႔တူတယ္ အရင္တုန္းကလည္း သုံးႏွစ္သုံးမုိး ေစာင့္ခုိင္းသလုိ အခုလည္း အဲဒီေလာက္ နီးနီး ေစာင့္ခုိင္း ျပန္တယ္။အခ်စ္က တစ္ခါတစ္ေလ သက္တမ္းလြန္ခုိးမွဴးႀကီး နဲ႔တူတယ္ ေ႐ွ႕ေနာက္မညီ စကားေတြ အႀကိမ္ႀကိမ္ ေျပာေနေပမ့ဲ သူ႔စကားကုိသူ ဘယ္ေတာ့မွ အာမခံတယ္ တာ၀န္ယူတယ္ လုိ႔ မေျပာျပန္ဘူး။

အခ်စ္က တစ္​ခါတစ္​​ေလ စစ္ေထာက္ခံပြဲေတြနဲ႔ တူေနျပန္တယ္ လုိအပ္မွန္းမသိ မလုိအပ္မွန္းမသိ သူ႔ရဲ႕ဆႏၵကုိ ေ႐ွ႕တန္းတင္ျပဘုိ႔ပဲ အျမဲတမ္းေတြးေနတတ္တယ္။အခ်စ္က တစ္ခါတစ္ေလ ကာကြယ္ဘတ္ဂ်က္နဲ႔တူတယ္ ကြယ္ရာမွာ သူဘယ္လုိသုံးသုံး ဘာေတြလုပ္လုပ္ ဘယ္ေလာက္ပဲေလာ္မာေနပါေစ သူ႔ကုိ စစ္ေဆးပုိင္ခြင့္ မ႐ွိျပန္ဘူး။အခ်စ္က တစ္​ခါတစ္​​ေလ ၂၅ ရာခုိင္ႏွဳန္း လြတ္ေတာ္ကုိယ္စားလွယ္ ေတြနဲ႔ တူေနျပန္တယ္ သူတုိ႔လုပ္ခ်င္ရာလုပ္ခြင့္ရေနရင္သာ ႀကိတ္ပီး တစ္ဖုံ ၊ လက္ခုပ္လက္၀ါးတီးပီး တစ္သြယ္ ေပ်ာ္ရြင္ျမဴးတူးေနေပမ့ဲ သူ႔ကုိ နည္းနည္းေလာက္ အတားအစီးလုပ္ရင္ ဒီမုိကေရစီ မုဒိန္းက်င့္ ခံရတာပါ သူ႔တုိ႔ဆႏၵကုိ မ်က္ကြယ္ျပဳတာပါလုိ႔ ေျပာျပန္တယ္။

အခ်စ္က တစ္ခါတစ္ေလ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ခန္႔ထားတ့ဲ ၫြန္ခ်ဳပ္နဲ႔ တူျပန္တယ္ သူ႔ကုိ တစ္ကယ္ခ်စ္ပီး အားကုိးေနတာက တစ္ေယာက္ သူျပန္ပီး စိတ္၀င္စားေနတာက တစ္ေယာက္။ (ရင္ခြင္ ေဟာင္းကုိ သတိယေနတယ္ ထင္ပါရဲ႕)

အခ်စ္က တစ္ခါတစ္ေလ ေဆြမ်ိဳးေပါက္ေဖာ္ဆုိတ့ဲ တ႐ုတ္ႀကီးနဲ႔ တူေနျပန္တယ္ သူ႔ကုိ ႏွစ္သက္မွန္းမသိ မႏွစ္သက္မွန္းမသိ သူကုိ႔ ေခၚေခၚမေခၚေခၚ သူကေတာ့ ေလ်ွာက္ျပန္သံေပးပီး အျမဲတမ္း ေရာက္ေအာင္ လာတတ္တယ္။အခ်စ္က တစ္​ခါတစ္​​ေလ သူတုိ႔ေျပာတ့ဲ ခုိး၀င္ဘဂၤါလီဆုိတ့ဲ သူေတြနဲ႔ တူေနျပန္တယ္ ႏွင္ထုတ္ဖုိ႔ အရမ္းလြယ္ကူေပမ့ဲ ျပန္ေခၚတ့ဲအခ်ိန္ၾက ကန္ေတာ့ပြဲေတြ ကတိေတြအထပ္ထပ္ေတြနဲ႔ ျပန္ေခၚတာေတာင္ ျပန္လာခ်င္မွလာမယ္ဆုိတ့ဲ အခ်ိဳးမ်ိဳး။အခ်စ္က တစ္​ခါတစ္​​ေလ သက္တမ္းလြန္ခုိးမွဴးႀကီး နဲ႔ တူေနျပန္တယ္ သူ႔ေလာက္အရည္အခ်င္း ႐ွိတ့ဲသူမ႐ွိပါဘူးဆုိပီး ကုိယ့္သေဘာနဲ႔ကုိယ္ သက္တမ္းတုိးတတ္ျပန္တယ္။အခ်စ္က တစ္​ခါတစ္​​ေလ ျမန္မာႏုိင္ငံနဲ႔တူတယ္ ကယ္မ့ဲသူဘယ္လုိပဲ ေတာ္ေနပါေစ ယုတ္မာတ့ဲသူေတြရဲ႕ လက္ထဲက ဘယ္ေတာ့မွကုိ မလြတ္ႏုိင္ေသးဘူး။

ေအာ္ … ေတာ္ေတာ္ဒုကၡေပးတ့ဲ အခ်စ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
တော်တော်ဒုက္ခပေးတဲ့အချစ်

အချစ်က တစ်ခါတစ်လေ စစ်တပ်ကပေးထားတဲ့ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဆိုတာနဲ့ တူတယ် ကိုယ့်ကိုယ် အသာစီး ၇၅ ကျပ်သားပေးထားပေမဲ့ သူဆီမှာ ကျန်နေတဲ့ ၂၅ ကျပ်သားက ပိုပီး လေးနေပြန်တယ်။အချစ်က တစ်ခါတစ်လေ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တူတယ် ၂၁ ရာစု ပင်လုံမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ လို့ဆိုပေမဲ့ မျှော်လင့်နေတဲ့သူ အားလုံးကို လည်ပင်း ညောင်ရေအိုး ဖြစ်စေတယ်။

အချစ်က တစ်ခါတစ်လေ လွတ်တော်ကြီးနဲ့ တူတယ် အငြင်းအခုံတွေ ထောက်ခံမှုတွေ ကန့်ကွက်မှုတွေနဲ့ စုံနေပေမဲ့ သူ့အတွက်တောင်မှ ကောင်းမွန်တဲ့ နည်းဥပဒေ အက်ဥပဒေ မထုတ်ပြန်နိုင် ဖြစ်နေတယ်။အချစ်က တစ်ခါတစ်လေ ပြည်ထဲရေးဝန်ကြီးနဲ့တူတယ် ပြဿနာပေါင်း သောင်းခြောက်ထောင်လောက် သူ့မျက်စိရှေ့မှောက်မှာ ဖြစ်နေတာကို မြင်တွေ့နေရပီး အတွင်းကြေ ကျေနေပေမဲ့ သူနဲ့မဆိုင်လို နေနိုင်တယ်။

အချစ်က တစ်ခါတစ်လေ တရားစီရင်ရေးနဲ့တူတယ် အရင်တုန်းကလည်း သုံးနှစ်သုံးမိုး စောင့်ခိုင်းသလို အခုလည်း အဲဒီလောက် နီးနီး စောင့်ခိုင်း ပြန်တယ်။အချစ်က တစ်ခါတစ်လေ သက်တမ်းလွန်ခိုးမှူးကြီး နဲ့တူတယ် ရှေ့နောက်မညီ စကားတွေ အကြိမ်ကြိမ် ပြောနေပေမဲ့ သူ့စကားကိုသူ ဘယ်တော့မှ အာမခံတယ် တာဝန်ယူတယ် လို့ မပြောပြန်ဘူး။

အချစ်က တစ်ခါတစ်လေ စစ်ထောက်ခံပွဲတွေနဲ့ တူနေပြန်တယ် လိုအပ်မှန်းမသိ မလိုအပ်မှန်းမသိ သူ့ရဲ့ဆန္ဒကို ရှေ့တန်းတင်ပြဘို့ပဲ အမြဲတမ်းတွေးနေတတ်တယ်။အချစ်က တစ်ခါတစ်လေ ကာကွယ်ဘတ်ဂျက်နဲ့တူတယ် ကွယ်ရာမှာ သူဘယ်လိုသုံးသုံး ဘာတွေလုပ်လုပ် ဘယ်လောက်ပဲလော်မာနေပါစေ သူ့ကို စစ်ဆေးပိုင်ခွင့် မရှိပြန်ဘူး။အချစ်က တစ်ခါတစ်လေ ၂၅ ရာခိုင်နှုန်း လွတ်တော်ကိုယ်စားလှယ် တွေနဲ့ တူနေပြန်တယ် သူတို့လုပ်ချင်ရာလုပ်ခွင့်ရနေရင်သာ ကြိတ်ပီး တစ်ဖုံ ၊ လက်ခုပ်လက်ဝါးတီးပီး တစ်သွယ် ပျော်ရွင်မြူးတူးနေပေမဲ့ သူ့ကို နည်းနည်းလောက် အတားအစီးလုပ်ရင် ဒီမိုကရေစီ မုဒိန်းကျင့် ခံရတာပါ သူ့တို့ဆန္ဒကို မျက်ကွယ်ပြုတာပါလို့ ပြောပြန်တယ်။

အချစ်က တစ်ခါတစ်လေ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခန့်ထားတဲ့ ညွန်ချုပ်နဲ့ တူပြန်တယ် သူ့ကို တစ်ကယ်ချစ်ပီး အားကိုးနေတာက တစ်ယောက် သူပြန်ပီး စိတ်ဝင်စားနေတာက တစ်ယောက်။ (ရင်ခွင် ဟောင်းကို သတိယနေတယ် ထင်ပါရဲ့)

အချစ်က တစ်ခါတစ်လေ ဆွေမျိုးပေါက်ဖော်ဆိုတဲ့ တရုတ်ကြီးနဲ့ တူနေပြန်တယ် သူ့ကို နှစ်သက်မှန်းမသိ မနှစ်သက်မှန်းမသိ သူကို့ ခေါ်ခေါ်မခေါ်ခေါ် သူကတော့ လျှောက်ပြန်သံပေးပီး အမြဲတမ်း ရောက်အောင် လာတတ်တယ်။အချစ်က တစ်ခါတစ်လေ သူတို့ပြောတဲ့ ခိုးဝင်ဘင်္ဂါလီဆိုတဲ့ သူတွေနဲ့ တူနေပြန်တယ် နှင်ထုတ်ဖို့ အရမ်းလွယ်ကူပေမဲ့ ပြန်ခေါ်တဲ့အချိန်ကြ ကန်တော့ပွဲတွေ ကတိတွေအထပ်ထပ်တွေနဲ့ ပြန်ခေါ်တာတောင် ပြန်လာချင်မှလာမယ်ဆိုတဲ့ အချိုးမျိုး။အချစ်က တစ်ခါတစ်လေ သက်တမ်းလွန်ခိုးမှူးကြီး နဲ့ တူနေပြန်တယ် သူ့လောက်အရည်အချင်း ရှိတဲ့သူမရှိပါဘူးဆိုပီး ကိုယ့်သဘောနဲ့ကိုယ် သက်တမ်းတိုးတတ်ပြန်တယ်။အချစ်က တစ်ခါတစ်လေ မြန်မာနိုင်ငံနဲ့တူတယ် ကယ်မဲ့သူဘယ်လိုပဲ တော်နေပါစေ ယုတ်မာတဲ့သူတွေရဲ့ လက်ထဲက ဘယ်တော့မှကို မလွတ်နိုင်သေးဘူး။

အော် … တော်တော်ဒုက္ခပေးတဲ့ အချစ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top