ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×




ဓာတ်ပုံ – MFF

Credit: DVB
# Unicode Version ဖြင့် ဖတ်ပါ #
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ မနေ့ည ၇ နာရီခန့်က ပြန်လည်ရောက်ရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ အုပ်စုတွင်း အာရှအင်အားကြီး အသင်းတွေဖြစ်တဲ့ အီရန်၊ ဆော်ဒီအာရေးဗျ၊ မြောက်ကိုရီးယားတို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပေမယ့် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အီရန်ကို အနိုင်ယူ၊ မြောက်ကိုရီးယားနဲ့ သရေ၊ ဆော်ဒီကို ရှုံးပြီး ရမှတ် ၄ မှတ်ရယူနိုင်ခဲ့ကာ ဂိုးကွာခြားချက်အရ နောက်တဆင့်တက်လှမ်းခွင့် ဆုံးရှုံးခဲ့ရတာပါ။

အခုလို ခြေစွမ်းပြပြီး ပရိသတ်တွေရဲ့ ချီးကျူးခံရတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ၊ အားကစားသမားတွေရဲ့ မိသားစုဝင်တွေနဲ့ ဘောလုံးချစ်ပရိသတ်တွေက လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ – MFF

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top