ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဇာတ္ပို႕ သ႐ုပ္ေဆာင္ ယြန္းေရႊရည္ႏွင့္ေတြ႕ဆံုခိုက္မွာ အခုလိုေမးခြန္းတခ်ိဳ႕ ေမးျမန္းျဖစ္ခဲ့ပါတယ္။

ေမး - မၾကာခင္႐ံုတင္ျပသေတာ့မယ့္ ''ဣတၴိယ'' ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္ထားတယ္ေနာ္။ ဒီကားနဲ႔ပတ္သက္တဲ့ အမွတ္တရေလးေတြရွိရင္ ေျပာျပေပးပါဦး။

ေျဖ - ညီမတို႔ဒီဇာတ္ကာေလးကေတာ့ မိန္းကေလးေတြကို အဓိကထားတဲ့ ဇာတ္မ်ိဳးလည္းျဖစ္ပါတယ္။ ဇာတ္ကားက မိန္းကေလးေတြက တကယ့္အက္ရွင္အစစ္ႀကီးေတြေတာ့မဟုတ္ေပမယ့္ ေပါ့ေပါ့ပါးပါးျဖစ္မယ့္ အက္ရွင္ေလးေတြပါပါတယ္။ ဟာသဇာတ္ကားကိုမွ အျခားဟာသ ေတြနဲ႔မတူတဲ့ ဟာသဇာတ္ကားေလးျဖစ္တာေၾကာင့္ ပရိသတ္ေတြလည္း ႀကိဳက္မယ္လို႔ ထင္ပါတယ္။

အဲဒီဇာတ္ကားက ဟာသေတြေရာ၊ ဖိုက္တင္ေတြေရာပါပါတယ္။ ဇာတ္ကား႐ိုက္ကူးစဥ္ကတည္းကလည္း တကယ္ကိုေပ်ာ္ခဲ့ရပါတယ္။ အမွတ္တရေတြကေတာ့ ပထမဆံုးစ႐ိုက္တဲ့ေန႔မွာပဲ ရႊံ႕အိုင္ထဲမွ ေန႔လည္ ၂နာရီကေန ညေန ၆ နာရီေလာက္အထိ ထိုးႀကိတ္ရတယ္။ အမွတ္တရလည္း ျဖစ္တယ္။ ေပ်ာ္လည္း ေပ်ာ္ရပါတယ္။ အခန္းတိုင္းအခန္းတိုင္းလည္း ေပ်ာ္ဖို႔ေကာင္းတယ္။ ပါဝင္တဲ့ မခိုင္ေလးတို႔၊ ႀကီးစိုးတို႔ဆိုတာလည္း ကိုယ့္အစ္မေတြလို ျဖစ္ေနတာ ေၾကာင့္ ဇာတ္ကား႐ိုက္ရတာေတာ္ေတာ္လည္း အဆင္ေျပတယ္။ ေနာက္ ေပ်ာ္ဖို႔လည္း ေကာင္းပါတယ္။

ေမး - အခုလက္ရွိ ႐ုပ္ရွင္ဗီဒီယိုဇာတ္ကား႐ိုက္ကူးေနမႈ အေျခအေနကေရာ ဘယ္လိုရွိလဲ။

ေျဖ - ညီမတို႔က အခုတစ္လကို ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကားေလာက္ပဲ ႐ိုက္ရပါတယ္။ အရင္တုန္းက ဗီဒီယိုေတြရွိတုန္းကဆိုရင္ေတာ့ အလုပ္ ေတြမ်ားပါတယ္။ အခုေတာ့ တစ္လကိုဇာတ္ကားတစ္ ေလာက္႐ိုက္ရဖို႔ကို ေတာ္ေတာ္ ႀကိဳးစားေနရပါတယ္။ ကိုယ္ေတြလို တစ္လတစ္ကား မ႐ိုက္ရတဲ့ အႏုပညာရွင္ေတြလည္း ရွိပါတယ္။ ကိုယ္ခ်င္းလည္းစာပါတယ္။ အဓိက ကေတာ့ အရင္ေလာက္ ေခတ္မေကာင္းေတာ့ပါဘူး။

ေမး - အခုေနာက္ပိုင္း႐ုပ္ရွင္ ဇာတ္ကားေတြ အင္တာနက္မွာ ျပန္ႏံွ႔လာတာနဲ႔ပတ္သက္ၿပီးေတာ့ ေရာ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ေျပာခ်င္တာရွိမလား။
ေျဖ - အခုလို႐ုပ္ရွင္ဇာတ္ကားေတြ အင္တာနက္ေပၚမွာ ေပါက္ကုန္တာက မေကာင္းပါဘူး။ အႏုပညာရွင္ေတြအတြက္ေရာ၊ ထုတ္လုပ္ေရးေတြအတြက္ပါ ေတာ္ေတာ္ေလး ထိခိုက္ပါတယ္။ အဓိကကေတာ့ ေငြေတြအမ်ားႀကီးထုတ္လုပ္သူေတြက ရင္းႏွီးထားၿပီး လိုင္းေပၚကို လြယ္လြယ္ကူကူေရာက္သြားေတာ့ ထုတ္လုပ္သူေတြပိုနစ္နာပါတယ္။ ထုတ္လုပ္သူေတြ နစ္နာသြားၿပီဆိုေတာ့ ညီမတို႔ဇာတ္ကား႐ိုက္ဖို႔ေတြအတြက္လည္း နစ္နာပါတယ္။

KZYH

ဖိုးသူေတာ္ (www.phothutaw.com)
Credit: democracytoday
# Unicode Version ျဖင့္ ဖတ္ပါ#
ဇာတ်ပို့ သရုပ်ဆောင် ယွန်းရွှေရည်နှင့်တွေ့ဆုံခိုက်မှာ အခုလိုမေးခွန်းတချို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - မကြာခင်ရုံတင်ပြသတော့မယ့် ''ဣတ္ထိယ'' ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားတယ်နော်။ ဒီကားနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေရှိရင် ပြောပြပေးပါဦး။

ဖြေ - ညီမတို့ဒီဇာတ်ကာလေးကတော့ မိန်းကလေးတွေကို အဓိကထားတဲ့ ဇာတ်မျိုးလည်းဖြစ်ပါတယ်။ ဇာတ်ကားက မိန်းကလေးတွေက တကယ့်အက်ရှင်အစစ်ကြီးတွေတော့မဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါးဖြစ်မယ့် အက်ရှင်လေးတွေပါပါတယ်။ ဟာသဇာတ်ကားကိုမှ အခြားဟာသ တွေနဲ့မတူတဲ့ ဟာသဇာတ်ကားလေးဖြစ်တာကြောင့် ပရိသတ်တွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။

အဲဒီဇာတ်ကားက ဟာသတွေရော၊ ဖိုက်တင်တွေရောပါပါတယ်။ ဇာတ်ကားရိုက်ကူးစဉ်ကတည်းကလည်း တကယ်ကိုပျော်ခဲ့ရပါတယ်။ အမှတ်တရတွေကတော့ ပထမဆုံးစရိုက်တဲ့နေ့မှာပဲ ရွှံ့အိုင်ထဲမှ နေ့လည် ၂နာရီကနေ ညနေ ၆ နာရီလောက်အထိ ထိုးကြိတ်ရတယ်။ အမှတ်တရလည်း ဖြစ်တယ်။ ပျော်လည်း ပျော်ရပါတယ်။ အခန်းတိုင်းအခန်းတိုင်းလည်း ပျော်ဖို့ကောင်းတယ်။ ပါဝင်တဲ့ မခိုင်လေးတို့၊ ကြီးစိုးတို့ဆိုတာလည်း ကိုယ့်အစ်မတွေလို ဖြစ်နေတာ ကြောင့် ဇာတ်ကားရိုက်ရတာတော်တော်လည်း အဆင်ပြေတယ်။ နောက် ပျော်ဖို့လည်း ကောင်းပါတယ်။

မေး - အခုလက်ရှိ ရုပ်ရှင်ဗီဒီယိုဇာတ်ကားရိုက်ကူးနေမှု အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ - ညီမတို့က အခုတစ်လကို ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားလောက်ပဲ ရိုက်ရပါတယ်။ အရင်တုန်းက ဗီဒီယိုတွေရှိတုန်းကဆိုရင်တော့ အလုပ် တွေများပါတယ်။ အခုတော့ တစ်လကိုဇာတ်ကားတစ် လောက်ရိုက်ရဖို့ကို တော်တော် ကြိုးစားနေရပါတယ်။ ကိုယ်တွေလို တစ်လတစ်ကား မရိုက်ရတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။ အဓိက ကတော့ အရင်လောက် ခေတ်မကောင်းတော့ပါဘူး။

မေး - အခုနောက်ပိုင်းရုပ်ရှင် ဇာတ်ကားတွေ အင်တာနက်မှာ ပြန်နံှ့လာတာနဲ့ပတ်သက်ပြီးတော့ ရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပြောချင်တာရှိမလား။
ဖြေ - အခုလိုရုပ်ရှင်ဇာတ်ကားတွေ အင်တာနက်ပေါ်မှာ ပေါက်ကုန်တာက မကောင်းပါဘူး။ အနုပညာရှင်တွေအတွက်ရော၊ ထုတ်လုပ်ရေးတွေအတွက်ပါ တော်တော်လေး ထိခိုက်ပါတယ်။ အဓိကကတော့ ငွေတွေအများကြီးထုတ်လုပ်သူတွေက ရင်းနှီးထားပြီး လိုင်းပေါ်ကို လွယ်လွယ်ကူကူရောက်သွားတော့ ထုတ်လုပ်သူတွေပိုနစ်နာပါတယ်။ ထုတ်လုပ်သူတွေ နစ်နာသွားပြီဆိုတော့ ညီမတို့ဇာတ်ကားရိုက်ဖို့တွေအတွက်လည်း နစ်နာပါတယ်။

KZYH

ဖိုးသူတော် (www.phothutaw.com)
Credit: democracytoday
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top