ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အသက္(၅)လသာ ရွိေသးတဲ့ ကေလးငယ္တစ္ဦးကို မိဘေတြက ေသဆုံးသည္အထိ အငတ္ထား ႏွိပ္စက္ခဲ့တဲ့အတြက္ အခုအခါမွာ ျပစ္မႈက်ဴးလြန္သူေတြကို ရဲက လူသတ္မႈနဲ႔ အေရးယူထားတယ္လုိ႔ သိရပါတယ္။ Hannibal Oceja လုိ႔ အမည္ရတဲ့ ကေလးငယ္တစ္ဦးဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ငတ္ျပတ္မႈဒဏ္ေၾကာင့္ ႏွလုံးခုန္ရပ္ေေသဆုံးသြားတာပါ။

ဒီအျဖစ္အပ်က္ဟာ အေမရိကန္ လက္စ္ဗီးဂက္စ္ၿမိဳ႕မွာ ျဖစ္ခဲ့တာပါ။ Oceja ေသဆုံးခ်ိန္မွာ သူ႕ရဲ႕ ကိုယ္အေလးခ်ိန္ဟာ ေမြးကင္းစကေလးငယ္တစ္ဦးရဲ႕ ပ်မ္းမွ်ကိုယ္အေလးခ်ိန္ထက္ေတာင္ ေလွ်ာ့နည္းေနခဲ့ပါတယ္။ ဒီအတြက္ အဓိကတာဝန္ရွိသူ မိခင္ Loreana Martinez (၂၅)ႏွစ္နဲ႔ Anthony Oceja (၃၀)ႏွစ္တုိ႔ကုိ ၿပီးခဲ့တဲ့ အဂၤါေန႕က လူသတ္မႈနဲ႔ စြဲခ်က္တင္လုိက္ပါတယ္။

ကေလးကို တာဝန္ယူကုသခဲ့ရတဲ့ ေဒါက္တာတစ္ဦးက Oceja ရဲ႕ အေျခအေနဟာ အ႐ိုးကေလးေတြ ျမင္ေနရေလာက္အထိ ပိန္ကပ္ေနၿပီး ေက်ာ႐ုိးကေလးကလည္း အျပင္ကို ေငါထြက္ၿပီး ေပၚေနသလုိ၊ နံ႐ုိးေတြကိုလည္း ျမင္ေနရတယ္လုိ႔ ဆုိပါတယ္။ သူဟာ ေသဆုံးခ်ိန္မွာ သူေမြးဖြားစဥ္က ကိုယ္အေလးခ်ိန္ထက္ (၁)ေပါင္ (၇)ေအာင္စအထိ ေလွ်ာ့နည္းေနခဲတ့ာပါ။

ဒီလကၡဏာေတြကို ၾကည့္ခ်င္းအားျဖင့္ မိဘႏွစ္ဦးျဖစ္တဲ့ Loreana နဲ႔ Anthony တုိ႔ဟာ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ကေလးကို အငတ္ထားၿပီး အသက္ေသေစဖုိ႔ ႀကံရြယ္ခဲ့တယ္ဆုိတာ ျမင္သာေစခဲ့ပါတယ္။ ကေလးကို ဆရာဝန္ေတြက ကုသဖုိ႔ သြားေရာက္ေခၚယူတဲ့အခါ ကေလးက (၅)ပတ္သားလား (၅)လသားလားဆုိတာ ေသခ်ာေအာင္ ေမးၾကည့္ခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

အဓိကအားျဖင့္ေတာ့ Oceja ဟာ မိခင္ႏုိ႔ရည္ကိုေတာင္ ဝေအာင္ မစို႔ခဲ့ရပါဘူး။ ေနမေကာင္းလုိ႔ ဆရာဝန္ထံသြားျပတဲ့အခါ ႏို႔မွန္ေအာင္တုိက္သလား ေမးေတာ့ တုိက္တယ္လုိ႔ လိမ္လည္ေျဖၾကားခဲ့ပါတယ္။ တကယ္ေတာ့ ကေလးဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာကတည္းက ႏုိ႔ျဖတ္ခံခဲ့ရတာပါ။

ဒါ့အျပင္ ကေလးကိုကုသဖုိ႔ ဆရာဝန္ေတြက အထပ္ထပ္လာဖုိ႔ ခ်ိန္းဆုိတာကိုလည္း မိခင္ Loreana က ရည္ရြယ္ခ်က္ရွိရွိ ပ်က္ကြက္ခဲ့လုိ႔ ထပ္မံအမႈဖြင့္ခံထားရပါတယ္။ သူတုိ႔မွာ တစ္ျခားသားသမီးႏွစ္ဦးလည္း ရွိေသးၿပီး အသက္(၂)ႏွစ္အရြယ္ သမီးနဲ႔ (၃)ႏွစ္အရြယ္ သားေလးတုိ႔ကိုလည္း ညႇဥ္းပန္းႏွိပ္စက္ခဲ့လုိ႔ ျပစ္မႈေတြ တုိးထားေၾကာင္း သိရပါတယ္။ အသက္ရွင္က်န္ရစ္တဲ့ ကေလးႏွစ္ဦးကုိေတာ့ ေစာင့္ေရွာက္ေရးေဂဟာက လႊဲေျပာင္းယူထားပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၅)လသာ ရှိသေးတဲ့ ကလေးငယ်တစ်ဦးကို မိဘတွေက သေဆုံးသည်အထိ အငတ်ထား နှိပ်စက်ခဲ့တဲ့အတွက် အခုအခါမှာ ပြစ်မှုကျူးလွန်သူတွေကို ရဲက လူသတ်မှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ Hannibal Oceja လို့ အမည်ရတဲ့ ကလေးငယ်တစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ငတ်ပြတ်မှုဒဏ်ကြောင့် နှလုံးခုန်ရပ်ေသေဆုံးသွားတာပါ။

ဒီအဖြစ်အပျက်ဟာ အမေရိကန် လက်စ်ဗီးဂက်စ်မြို့မှာ ဖြစ်ခဲ့တာပါ။ Oceja သေဆုံးချိန်မှာ သူ့ရဲ့ ကိုယ်အလေးချိန်ဟာ မွေးကင်းစကလေးငယ်တစ်ဦးရဲ့ ပျမ်းမျှကိုယ်အလေးချိန်ထက်တောင် လျှော့နည်းနေခဲ့ပါတယ်။ ဒီအတွက် အဓိကတာဝန်ရှိသူ မိခင် Loreana Martinez (၂၅)နှစ်နဲ့ Anthony Oceja (၃၀)နှစ်တို့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

ကလေးကို တာဝန်ယူကုသခဲ့ရတဲ့ ဒေါက်တာတစ်ဦးက Oceja ရဲ့ အခြေအနေဟာ အရိုးကလေးတွေ မြင်နေရလောက်အထိ ပိန်ကပ်နေပြီး ကျောရိုးကလေးကလည်း အပြင်ကို ငေါထွက်ပြီး ပေါ်နေသလို၊ နံရိုးတွေကိုလည်း မြင်နေရတယ်လို့ ဆိုပါတယ်။ သူဟာ သေဆုံးချိန်မှာ သူမွေးဖွားစဉ်က ကိုယ်အလေးချိန်ထက် (၁)ပေါင် (၇)အောင်စအထိ လျှော့နည်းနေခဲတ့ာပါ။

ဒီလက္ခဏာတွေကို ကြည့်ချင်းအားဖြင့် မိဘနှစ်ဦးဖြစ်တဲ့ Loreana နဲ့ Anthony တို့ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ကလေးကို အငတ်ထားပြီး အသက်သေစေဖို့ ကြံရွယ်ခဲ့တယ်ဆိုတာ မြင်သာစေခဲ့ပါတယ်။ ကလေးကို ဆရာဝန်တွေက ကုသဖို့ သွားရောက်ခေါ်ယူတဲ့အခါ ကလေးက (၅)ပတ်သားလား (၅)လသားလားဆိုတာ သေချာအောင် မေးကြည့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဓိကအားဖြင့်တော့ Oceja ဟာ မိခင်နို့ရည်ကိုတောင် ဝအောင် မစို့ခဲ့ရပါဘူး။ နေမကောင်းလို့ ဆရာဝန်ထံသွားပြတဲ့အခါ နို့မှန်အောင်တိုက်သလား မေးတော့ တိုက်တယ်လို့ လိမ်လည်ဖြေကြားခဲ့ပါတယ်။ တကယ်တော့ ကလေးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက နို့ဖြတ်ခံခဲ့ရတာပါ။

ဒါ့အပြင် ကလေးကိုကုသဖို့ ဆရာဝန်တွေက အထပ်ထပ်လာဖို့ ချိန်းဆိုတာကိုလည်း မိခင် Loreana က ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခဲ့လို့ ထပ်မံအမှုဖွင့်ခံထားရပါတယ်။ သူတို့မှာ တစ်ခြားသားသမီးနှစ်ဦးလည်း ရှိသေးပြီး အသက်(၂)နှစ်အရွယ် သမီးနဲ့ (၃)နှစ်အရွယ် သားလေးတို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ခဲ့လို့ ပြစ်မှုတွေ တိုးထားကြောင်း သိရပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ ကလေးနှစ်ဦးကိုတော့ စောင့်ရှောက်ရေးဂေဟာက လွှဲပြောင်းယူထားပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top