iMyanmarHouse.com - Best Property Website for Myanmar
×


ထိုင္းေျမာက္ပိုင္း၊ ခ်င္းမိုင္ၿမိဳ႕၊ ကတ္ဆြန္ကေယာက္ ကုန္တိုက္ႀကီးထဲမွာအလုပ္လုပ္တဲ့ ျမန္မာျပည္ဖြား ရွမ္းတိုင္းရင္းသူ ေရႊ႕ေျပာင္းအလုပ္သမား မိန္းကေလးတဦး ထိုင္းလူမွုကြန္ရက္ေတြေပၚမွာေရပန္းစားလ်က္ရွိပါတယ္။သူမကေတာ့ ထိုင္း႐ုပ္ရွင္မင္းသမီး ဖလြဲခ်ယ္မာလ္နဲ႔ ႐ုပ္ခ်င္းဆင္တယ္လို႔နာမည္ႀကီးေနခဲ့တာျဖစ္ၿပီး သူမဟာအင္မတန္ ေခ်ာေမာလွပတာေၾကာင့္ ကုန္တိုက္ထဲမွာရွိတဲ့မိန္းကေလးေတြထဲမွာ အလွဆုံးလို႔ တင္စားခံထားရတယ္လို႔သိရပါတယ္။

နန္းေဆာဝ္အမ္းဖိုင္း ခမ္းထူး ေခၚေနာင့္ဖိုင္းလို႔အမည္ရတဲ့အသက္ ၂၃ ႏွစ္အရြယ္ သူမကေတာ့ ျမန္မာျပည္ ေတာင္ႀကီးၿမိဳ႕နယ္မွာေမြးဖြားတဲ့ ရွမ္းတိုင္းရင္းသူတဦးပဲ ျဖစ္ပါတယ္။သူမဟာ ကတ္ဆြန္ကေယာက္ ကုန္တိုက္ႀကီးမွာ သန႔္ရွင္းေရးအလုပ္ရာထူးျဖင့္အလုပ္ဝင္ေရာက္လုပ္ကိုင္လ်က္ရွိတာျဖစ္ၿပီး လက္ရွိမွာေတာ့ ၂ ႏွစ္နီးပါးခန႔္ရွိၿပီလို႔သိရပါတယ္။ေဈးဝယ္လာသူေတြက သူမကို ထိုင္း႐ုပ္ရွင္မင္းသမီး ဖလြဲခ်ယ္မာလ္နဲ႔ ဆင္တူတယ္လို႔မၾကာခဏ ေျပာဆိုေနၾကတာပဲ ျဖစ္ပါတယ္။

သူမဟာ အိမ္ေထာင္မရွိေသးတဲ့ အပ်ိဳမိန္းကေလးတစ္ဦးျဖစ္ၿပီး ေမြးခ်င္းေမာင္ႏွမ ၇ ဦးရွိတယ္လို႔သိရပါတယ္။သူမရဲ့ မိဘေတြကေတာ့ ကြယ္လြန္သြားၿပီ ျဖစ္တာေၾကာင့္ ေမာင္၊ ညီမေလးေတြကို ရွာေဖြ ေထာက္ပံ့ေပးေနတာပဲ ျဖစ္ပါတယ္။သူမရဲ့အေပါင္းအသင္းေတြကေတာ့ သူ႔ကို အလွမယ္ၿပိဳင္ပြဲဝင္ဖို႔ တိုက္တြန္းေပမယ့္လည္းအရွက္အေၾကာက္ႀကီးတဲ့သူမကေတာ့ကိုယ့္ကိုယ္ကိုလည္း ယုံၾကည္မွုမရွိလို႔ ဝင္မၿပိဳင္ျဖစ္ဘူးလို႔ ဆိုပါတယ္။ေဈးဝယ္သူေတြလုပ္ေဖာ္ကိုင္ဖက္ေတြက ဖလြဲခ်ယ္မာလ္နဲ႔ ဆင္တူတယ္လို႔ ေျပာတာေၾကာင့္ အရမ္းကိုေက်နပ္ပီတိျဖစ္ၿပီး သူကိုယ္တိုင္ကလည္း ထိုမင္းသမီးကိုအရမ္းႀကိဳက္တဲ့ ပရိသတ္တစ္ဦးလည္းျဖစ္တယ္လို႔သိရပါတယ္။
 
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB
#Unicode Version#

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ ကတ်ဆွန်ကယောက် ကုန်တိုက်ကြီးထဲမှာအလုပ်လုပ်တဲ့ မြန်မာပြည်ဖွား ရှမ်းတိုင်းရင်းသူ ရွှေ့ပြောင်းအလုပ်သမား မိန်းကလေးတဦး ထိုင်းလူမှုကွန်ရက်တွေပေါ်မှာရေပန်းစားလျက်ရှိပါတယ်။သူမကတော့ ထိုင်းရုပ်ရှင်မင်းသမီး ဖလွဲချယ်မာလ်နဲ့ ရုပ်ချင်းဆင်တယ်လို့နာမည်ကြီးနေခဲ့တာဖြစ်ပြီး သူမဟာအင်မတန် ချောမောလှပတာကြောင့် ကုန်တိုက်ထဲမှာရှိတဲ့မိန်းကလေးတွေထဲမှာ အလှဆုံးလို့ တင်စားခံထားရတယ်လို့သိရပါတယ်။

နန်းဆောဝ်အမ်းဖိုင်း ခမ်းထူး ခေါ်နောင့်ဖိုင်းလို့အမည်ရတဲ့အသက် ၂၃ နှစ်အရွယ် သူမကတော့ မြန်မာပြည် တောင်ကြီးမြို့နယ်မှာမွေးဖွားတဲ့ ရှမ်းတိုင်းရင်းသူတဦးပဲ ဖြစ်ပါတယ်။သူမဟာ ကတ်ဆွန်ကယောက် ကုန်တိုက်ကြီးမှာ သန့်ရှင်းရေးအလုပ်ရာထူးဖြင့်အလုပ်ဝင်ရောက်လုပ်ကိုင်လျက်ရှိတာဖြစ်ပြီး လက်ရှိမှာတော့ ၂ နှစ်နီးပါးခန့်ရှိပြီလို့သိရပါတယ်။ဈေးဝယ်လာသူတွေက သူမကို ထိုင်းရုပ်ရှင်မင်းသမီး ဖလွဲချယ်မာလ်နဲ့ ဆင်တူတယ်လို့မကြာခဏ ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

သူမဟာ အိမ်ထောင်မရှိသေးတဲ့ အပျိုမိန်းကလေးတစ်ဦးဖြစ်ပြီး မွေးချင်းမောင်နှမ ၇ ဦးရှိတယ်လို့သိရပါတယ်။သူမရဲ့ မိဘတွေကတော့ ကွယ်လွန်သွားပြီ ဖြစ်တာကြောင့် မောင်၊ ညီမလေးတွေကို ရှာဖွေ ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။သူမရဲ့အပေါင်းအသင်းတွေကတော့ သူ့ကို အလှမယ်ပြိုင်ပွဲဝင်ဖို့ တိုက်တွန်းပေမယ့်လည်းအရှက်အကြောက်ကြီးတဲ့သူမကတော့ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမရှိလို့ ဝင်မပြိုင်ဖြစ်ဘူးလို့ ဆိုပါတယ်။ဈေးဝယ်သူတွေလုပ်ဖော်ကိုင်ဖက်တွေက ဖလွဲချယ်မာလ်နဲ့ ဆင်တူတယ်လို့ ပြောတာကြောင့် အရမ်းကိုကျေနပ်ပီတိဖြစ်ပြီး သူကိုယ်တိုင်ကလည်း ထိုမင်းသမီးကိုအရမ်းကြိုက်တဲ့ ပရိသတ်တစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top