ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

မ်ားေသာအားျဖင့္ အိမ္ရွင္မေတြဟာ ပန္းကန္ကိုေတာ့ ေဆးရင္ေဆးပါလိမ့္မယ္ ဒါေပမယ့္ ပန္းကန္ေဆးအ၀တ္ေတြ၊ေရျမွဳပ္ေတြကို သန္႕ရွင္းဖို႕ ေမ့ေနတတ္ၾကပါတယ္။

ေလ့လာခ်က္အရ အိမ္ေထာင္ရွင္မ ၄၀ ရာခိုင္ႏႈန္းေက်ာ္ဟာ ပန္းကန္ေဆးတဲ့အ၀တ္စေတြကို ၂ ပါတ္၁ခါ မွသာ လဲလွယ္တတ္ၾကျပိးေတာ့ ၆၀ ရာခိုင္ႏႈန္းေက်ာ္ဟာ ၁လမွတစ္ၾကိမ္ေလာက္ လဲလွယ္တတ္ၾကပါတယ္။ ပန္းကန္ေဆးတဲ့အ၀တ္ေတြဟာ စိုထိုင္းတဲ့ေနရာမွာရွိျပီးေတာ့ ဘက္တီးရီးယားနဲ႕ မႈိေတြ ေပါက္ဖြားဖို႕ အေကာင္းဆံုးေနရာတစ္ခုျဖစ္ပါတယ္။ တကယ္လို႕ ပန္းကန္ေဆးအ၀တ္ေတြမွာ ဘက္တီးရီးယားေတြကပ္ေနတယ္ဆိုရင္ သင္ေဆးလိုက္တဲ့ ပန္ကန္မွာ ဘက္တီးရီးယားေတြ ၈ ရာခိုင္ႏႈန္းေလာက္ ပါသြားနိုင္ေျခရွိပါတယ္။

စြတ္ျပဳတ္ေတြနဲ႕ ပူတဲ့အရာေတြထည့္တဲ့ ပန္းကန္ေတြမွာ ျပသနာမရွိေပမယ့္ သစ္သီးလိုမ်ိဳး အစိမ္းစားတဲ့အရာေတြထည့္တဲ့ ပန္းကန္ေတြမွာ အႏၱာရာယ္ရွိနိုင္ပါတယ္။လူၾကီးေတြနဲ႕ ကိုယ္ခံအားေကာင္းတဲ့လူေတြမွာ မသိသာနိုင္ေပမယ့္၊ ကေလးေတြနဲ႕ နာလန္ထစလူေတြမွာ ၀မ္းေလွ်ာ၀မ္းပ်က္တာကစလို႕ ပိုး၀င္တာ၊ အစာအဆိပ္သင့္တာေတြပါ ျဖစ္ေစနိုင္ပါတယ္။

ဒါေၾကာင့္ အေကာင္းဆံုးကေတာ့ ပန္းကန္ေဆးအ၀တ္ေတြကို ပံုမွန္ ၃ ရက္တစ္ခါ တစ္ပါတ္တစ္ခါေလာက္ ေလွ်ာ္ျပီးေတာ့ ေရေႏြးပူပူထဲကို ထည့္ျပဳတ္တာမ်ိဳး၊ ေနာက္ျပီးေတာ့ ေရျမွဳပ္ေတြကိုလဲ တစ္ပါတ္တစ္ခါေလာက္ အသစ္လဲတာမ်ိဳးေတြကို ေဆာင္ရြက္ၾကဖို႕ လိုအပ္ပါတယ္။

သင္သိပါသလား ?

ဘက္တီးရီးယားတစ္ေကာင္ဟာ အခ်ိန္ ၂၄ နာရီအတြင္းမွာ အေကာင္၈သန္းေလာက္အထိ ပြားမ်ားနိုင္
ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နည္းစနစ္က်က်အေတြးအေခၚ
# Unicode Version ျဖင့္ ဖတ္ပါ #
များသောအားဖြင့် အိမ်ရှင်မတွေဟာ ပန်းကန်ကိုတော့ ဆေးရင်ဆေးပါလိမ့်မယ် ဒါပေမယ့် ပန်းကန်ဆေးအဝတ်တွေ၊ရေမြှုပ်တွေကို သန့်ရှင်းဖို့ မေ့နေတတ်ကြပါတယ်။

လေ့လာချက်အရ အိမ်ထောင်ရှင်မ ၄၀ ရာခိုင်နှုန်းကျော်ဟာ ပန်းကန်ဆေးတဲ့အဝတ်စတွေကို ၂ ပါတ်၁ခါ မှသာ လဲလှယ်တတ်ကြပြိးတော့ ၆၀ ရာခိုင်နှုန်းကျော်ဟာ ၁လမှတစ်ကြိမ်လောက် လဲလှယ်တတ်ကြပါတယ်။ ပန်းကန်ဆေးတဲ့အဝတ်တွေဟာ စိုထိုင်းတဲ့နေရာမှာရှိပြီးတော့ ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ ပန်းကန်ဆေးအဝတ်တွေမှာ ဘက်တီးရီးယားတွေကပ်နေတယ်ဆိုရင် သင်ဆေးလိုက်တဲ့ ပန်ကန်မှာ ဘက်တီးရီးယားတွေ ၈ ရာခိုင်နှုန်းလောက် ပါသွားနိုင်ခြေရှိပါတယ်။

စွတ်ပြုတ်တွေနဲ့ ပူတဲ့အရာတွေထည့်တဲ့ ပန်းကန်တွေမှာ ပြသနာမရှိပေမယ့် သစ်သီးလိုမျိုး အစိမ်းစားတဲ့အရာတွေထည့်တဲ့ ပန်းကန်တွေမှာ အန္တာရာယ်ရှိနိုင်ပါတယ်။လူကြီးတွေနဲ့ ကိုယ်ခံအားကောင်းတဲ့လူတွေမှာ မသိသာနိုင်ပေမယ့်၊ ကလေးတွေနဲ့ နာလန်ထစလူတွေမှာ ဝမ်းလျှောဝမ်းပျက်တာကစလို့ ပိုးဝင်တာ၊ အစာအဆိပ်သင့်တာတွေပါ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးကတော့ ပန်းကန်ဆေးအဝတ်တွေကို ပုံမှန် ၃ ရက်တစ်ခါ တစ်ပါတ်တစ်ခါလောက် လျှော်ပြီးတော့ ရေနွေးပူပူထဲကို ထည့်ပြုတ်တာမျိုး၊ နောက်ပြီးတော့ ရေမြှုပ်တွေကိုလဲ တစ်ပါတ်တစ်ခါလောက် အသစ်လဲတာမျိုးတွေကို ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

သင်သိပါသလား ?

ဘက်တီးရီးယားတစ်ကောင်ဟာ အချိန် ၂၄ နာရီအတွင်းမှာ အကောင်၈သန်းလောက်အထိ ပွားများနိုင်
ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နည်းစနစ်ကျကျအတွေးအခေါ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top