ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရန္ကုန္၊ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ စံျပရပ္ကြက္အတြင္း အသက္ ၅၃ ႏွစ္အရြယ္ အမ်ိဳးသမီးထံမွ အေၾကြးေတာင္း မရသျဖင့္ ဓားျဖင့္ခုတ္ကာ ဝတ္ဆင္ထားသည့္ ေရႊထည္မ်ားယူေဆာင္သြားခဲ့ေသာ မူလြန္ေက်ာင္းအုပ္ ဆရာမႀကီးႏွင့္ ၎၏ ေမြးစားသမီးျဖစ္သူတို႔အား ေထာင္ဒဏ္ ႏွစ္ ၃ဝ စီက်ခံေစရန္အၿပီး သတ္အမိန္႔ခ်မွတ္ လိုက္သည္။

ယမန္ေန႔ ၾသဂုတ္လ ၉ ရက္ေန႔၊ ရန္ကုန္အေရွ႕ပိုင္းခ႐ုိင္တရား႐ုံးတြင္ ခ႐ုိင္တရားသူႀကီးက အၿပီးသတ္အမိန္႔ခ်မွတ္ လိုက္ျခင္းျဖစ္သည္။ အမႈစစ္ေဆးခ်က္အရ ျပစ္မႈက်ဴးလြန္ခဲ့ေၾကာင္း ေပၚေပါက္သျဖင့္ မူလြန္ေက်ာင္းအုပ္ ဆရာမႀကီးျဖစ္သူ ေဒၚေအးေအးေမာ္(ခ) အင္ၾကင္းခိုင္းႏွင့္ ၎၏ ေမြးစားသမီးျဖစ္သူ မေက်ာ့ေကခိုင္(ခ) ေက်ာ့ဆုပန္ (ခ) ခ်စ္ပုတို႔အား ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃ဝ၂(၂)အရ အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္ ၂ဝ၊ ပုဒ္မ- ၃၉၂ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁ဝ ႏွစ္တို႔အား သီးျခားက်ခံေစရန္အမိန္႔ခ်မွတ္ခဲ့သည္။ညီညီလင္းဆိုသူအား ရာဇသတ္ႀကီး ဥပေဒပုဒ္မ- ၄၁၄ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္က်ခံေစရန္ ခ႐ုိင္တရားသူႀကီးက အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ အၿပီးသတ္အမိန္႔ခ်မွတ္ခဲ့သည့္အမႈအား တရားလို ဦးေက်ာ္ရဲႏိုင္က ရန္ကုန္အေရွ႕ပိုင္းခ႐ုိင္ တရား႐ုံး တြင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃ဝ၂၊ ၃၉၄၊ ၁ဝ၉ တို႔ျဖင့္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေအးေအးေမာ္အပါအဝင္ မေက်ာ့ေကခိုင္ႏွင့္ ညီညီလင္းဆိုသူတို႔ ၃ ဦးကို တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

ယင္းအမႈမွာ ၿပီးခဲ့သည့္ ၂ဝ၁၆ ခုႏွစ္၊ ဇြန္လ ၂ဝ ရက္ေန႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အသက္ ၂၅ ႏွစ္အရြယ္ရွိ ကိုေက်ာ္ရဲႏိုင္က သဃၤန္းကၽြန္းၿမိဳ႕နယ္၊ စံျပရပ္ကြက္၊ ၅ လမ္းရွိ ေနအိမ္ ပထမထပ္သို႔ ျပန္လာခဲ့ရာတြင္ မိခင္ျဖစ္သူေဒၚျမဝင္းအား ေသာ့ေတာင္းရန္ ဖုန္းဆက္သြယ္ခဲ့ရာ ဆက္သြယ္၍မရသျဖင့္ အိမ္နီးခ်င္းျဖစ္သူထံမွ ေသာ့ေတာင္းၿပီး ေနအိမ္သို႔ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဝင္ေရာက္ခဲ့ရာ ေရခ်ဳိးခန္းအတြင္း မိခင္ျဖစ္သူအား ဦးေခါင္းေသြးထြက္ဒဏ္ရာမ်ား၊ မ်က္ႏွာဝဲဘက္ျပတ္ရွ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနေၾကာင္းေတြ႔ရွိခဲ့ရျခင္းျဖစ္သည္။

ထုိ႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူအား စံုစမ္းအေရးယူေပးရန္အတြက္ ဦးေက်ာ္ရဲႏိုင္က တရားလိုျပဳလုပ္ၿပီး သဃၤန္း ကၽြန္းၿမိဳ႕မရဲစခန္းသုိ႔တုိင္တန္းခဲ့ရာ ရဲစခန္းမွ (ပ) ၅၇၆/၂၀၁၆၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ -၃ဝ၂ ျဖင့္ အမႈဖြင့္ စံုစမ္းေဆာင္ရြက္ခဲ့ေသာအမႈျဖစ္သည္။

ရဲတပ္ဖြဲ႔မွ အခင္းျဖစ္ပြားသည့္ေနရာမ်ားအား စံုစမ္းစစ္ေဆးခဲ့ရာမွ အခင္းျဖစ္တိုက္ခန္းေပၚတြင္ ဆူညံသံမ်ား ၾကားရၿပီး “ဆရာမရယ္မလုပ္ပါနဲ႔”ဟု ေအာ္ဟစ္ေျပာဆုိသံမ်ား ၾကားရေၾကာင္း၊ ဦးေက်ာ္ရဲႏိုင္အား ေမးျမန္းခဲ့ရာ ၿပီးခဲ့သည့္ ၂ဝ၁၇ ခုႏွစ္က ေက်ာင္းဆရာမ ေဒၚေအးေအးေမာ္ဆိုသူႏွင့္ အဆက္အသြယ္ရွိေၾကာင္းေျပာဆိုခဲ့ရာမွ ယင္းအမႈမွ တရားခံမ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔မွ သိရသည္။

ဖမ္းဆီးရမိခဲ့သည့္ ေက်ာင္းအုပ္ဆရာမႀကီးေဒၚေအးေအးေမာ္အပါအဝင္ မေက်ာ့ေကခုိင္ႏွင့္ ညီညီလင္းတို႔ ထြက္ဆိုခ်က္အရ ၎တုိ႔ ၃ ဦးက အခင္းျဖစ္ပြားခဲ့သည့္ ဇြန္လ ၂ဝ ရက္ေန႔က ေနအိမ္မွထြက္လာၿပီး ေက်ာင္းအုပ္ဆရာမႀကီးက သားမက္ျဖစ္သူ ညီညီလင္းအား ငမုိးရိပ္စံျပ(၅)လမ္းထိပ္ရွိ လက္ဖက္ရည္ဆုိင္ တြင္ထားခဲ့ကာ သမီးျဖစ္သူ မေက်ာ့ေကခုိင္ႏွင့္အတူ ေသဆံုးသူ ေဒၚခင္ျမဝင္းထံ အေၾကြးသြားေတာင္း ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ေဒၚခင္ျမဝင္း၏ ေနအိမ္တိုက္ခန္းအတြင္း အေၾကြး က်ပ္ သိန္း ၃ဝ ေတာင္းခံရာမွ တစ္ဦးႏွင့္တစ္ဦး အေခ်အတင္စကားမ်ားၿပီး ေက်ာင္းအုပ္ဆရာမႀကီးေဒၚေအးေအးေမာ္ ေဒၚျမဝင္းကို စတင္႐ုိက္ႏွက္ခဲ့သျဖင့္ ေဒၚျမဝင္းက ဖုန္းအားသြင္းႀကိဳးျဖင့္ ေက်ာင္းအုပ္ဆရာမႀကီး၏ လည္ပင္းအား ရစ္ပတ္ဆြဲထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ သမီးျဖစ္သူ မေက်ာ့ေကခုိင္က ေဒၚခင္ျမဝင္းအား ဝင္ေရာက္ ႐ုိက္ႏွက္ခဲ့ၿပီး ေဒၚခင္ျမဝင္းက မီးဖိုခန္းရွိ ဓားမအား ယူၿပီးခုတ္ရာ မေက်ာ့ေကခုိင္၏ ယာဘက္လက္ေခ်ာင္း ဒဏ္ရာမ်ားရရွိခဲ့သည္။ ထုိသို႔ ေဒၚခင္ျမဝင္းက လက္အား ဓားမျဖင့္ခုတ္သျဖင့္ ေက်ာင္းအုပ္ဆရာမႀကီးက ေဒၚခင္ျမဝင္းအား ေရခ်ိဳးခန္းအတြင္းတြန္းလွဲကာ ပါးႏွင့္လည္ပင္းမ်ားကို ဓားမျဖင့္ ခုတ္ခဲ့ၿပီး သမီးျဖစ္သူ မေက်ာ့ေကခုိင္ကလည္း အိမ္ခန္းအတြင္းမွ ေခါင္းအံုယူကာ ေဒၚခင္ျမဝင္းအား အသက္႐ႈရပ္သည့္အထိ ဖိထားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေဒၚခင္ျမဝင္း ဝတ္ဆင္ထားေသာ ေရႊဆြဲႀကိဳးႏွင့္ လက္ေကာက္(၃)ကြင္းအားျဖဳတ္ယူၿပီး သားမတ္ ျဖစ္သူ ညီညီလင္းအား ငမုိးရိပ္စံျပ(၅)လမ္းထိပ္ရွိ လက္ဖက္ရည္ဆုိင္မွ ျပန္ေခၚကာ ေနအိမ္သို႔ ျပန္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima – News in Burmese

#Unicode Version#
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်အတွင်း အသက် ၅၃ နှစ်အရွယ် အမျိုးသမီးထံမှ အကြွေးတောင်း မရသဖြင့် ဓားဖြင့်ခုတ်ကာ ဝတ်ဆင်ထားသည့် ရွှေထည်များယူဆောင်သွားခဲ့သော မူလွန်ကျောင်းအုပ် ဆရာမကြီးနှင့် ၎င်း၏ မွေးစားသမီးဖြစ်သူတို့အား ထောင်ဒဏ် နှစ် ၃ဝ စီကျခံစေရန်အပြီး သတ်အမိန့်ချမှတ် လိုက်သည်။

ယနေ့ သြဂုတ်လ ၉ ရက်နေ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီးက အပြီးသတ်အမိန့်ချမှတ် လိုက်ခြင်းဖြစ်သည်။ အမှုစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် မူလွန်ကျောင်းအုပ် ဆရာမကြီးဖြစ်သူ ဒေါ်အေးအေးမော်(ခ) အင်ကြင်းခိုင်းနှင့် ၎င်း၏ မွေးစားသမီးဖြစ်သူ မကျော့ကေခိုင်(ခ) ကျော့ဆုပန် (ခ) ချစ်ပုတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂(၂)အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂ဝ၊ ပုဒ်မ- ၃၉၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်တို့အား သီးခြားကျခံစေရန်အမိန့်ချမှတ်ခဲ့သည်။ညီညီလင်းဆိုသူအား ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ကျခံစေရန် ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အပြီးသတ်အမိန့်ချမှတ်ခဲ့သည့်အမှုအား တရားလို ဦးကျော်ရဲနိုင်က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂၊ ၃၉၄၊ ၁ဝ၉ တို့ဖြင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်အပါအဝင် မကျော့ကေခိုင်နှင့် ညီညီလင်းဆိုသူတို့ ၃ ဦးကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုမှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိ ကိုကျော်ရဲနိုင်က သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ ၅ လမ်းရှိ နေအိမ် ပထမထပ်သို့ ပြန်လာခဲ့ရာတွင် မိခင်ဖြစ်သူဒေါ်မြဝင်းအား သော့တောင်းရန် ဖုန်းဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရသဖြင့် အိမ်နီးချင်းဖြစ်သူထံမှ သော့တောင်းပြီး နေအိမ်သို့ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ခဲ့ရာ ရေချိုးခန်းအတွင်း မိခင်ဖြစ်သူအား ဦးခေါင်းသွေးထွက်ဒဏ်ရာများ၊ မျက်နှာဝဲဘက်ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအား စုံစမ်းအရေးယူပေးရန်အတွက် ဦးကျော်ရဲနိုင်က တရားလိုပြုလုပ်ပြီး သင်္ဃန်း ကျွန်းမြို့မရဲစခန်းသို့တိုင်တန်းခဲ့ရာ ရဲစခန်းမှ (ပ) ၅၇၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ -၃ဝ၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့သောအမှုဖြစ်သည်။

ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားသည့်နေရာများအား စုံစမ်းစစ်ဆေးခဲ့ရာမှ အခင်းဖြစ်တိုက်ခန်းပေါ်တွင် ဆူညံသံများ ကြားရပြီး “ဆရာမရယ်မလုပ်ပါနဲ့”ဟု အော်ဟစ်ပြောဆိုသံများ ကြားရကြောင်း၊ ဦးကျော်ရဲနိုင်အား မေးမြန်းခဲ့ရာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က ကျောင်းဆရာမ ဒေါ်အေးအေးမော်ဆိုသူနှင့် အဆက်အသွယ်ရှိကြောင်းပြောဆိုခဲ့ရာမှ ယင်းအမှုမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမော်အပါအဝင် မကျော့ကေခိုင်နှင့် ညီညီလင်းတို့ ထွက်ဆိုချက်အရ ၎င်းတို့ ၃ ဦးက အခင်းဖြစ်ပွားခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က နေအိမ်မှထွက်လာပြီး ကျောင်းအုပ်ဆရာမကြီးက သားမက်ဖြစ်သူ ညီညီလင်းအား ငမိုးရိပ်စံပြ(၅)လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင် တွင်ထားခဲ့ကာ သမီးဖြစ်သူ မကျော့ကေခိုင်နှင့်အတူ သေဆုံးသူ ဒေါ်ခင်မြဝင်းထံ အကြွေးသွားတောင်း ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒေါ်ခင်မြဝင်း၏ နေအိမ်တိုက်ခန်းအတွင်း အကြွေး ကျပ် သိန်း ၃ဝ တောင်းခံရာမှ တစ်ဦးနှင့်တစ်ဦး အချေအတင်စကားများပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမော် ဒေါ်မြဝင်းကို စတင်ရိုက်နှက်ခဲ့သဖြင့် ဒေါ်မြဝင်းက ဖုန်းအားသွင်းကြိုးဖြင့် ကျောင်းအုပ်ဆရာမကြီး၏ လည်ပင်းအား ရစ်ပတ်ဆွဲထားကြောင်း သိရသည်။

ထို့ကြောင့် သမီးဖြစ်သူ မကျော့ကေခိုင်က ဒေါ်ခင်မြဝင်းအား ဝင်ရောက် ရိုက်နှက်ခဲ့ပြီး ဒေါ်ခင်မြဝင်းက မီးဖိုခန်းရှိ ဓားမအား ယူပြီးခုတ်ရာ မကျော့ကေခိုင်၏ ယာဘက်လက်ချောင်း ဒဏ်ရာများရရှိခဲ့သည်။ ထိုသို့ ဒေါ်ခင်မြဝင်းက လက်အား ဓားမဖြင့်ခုတ်သဖြင့် ကျောင်းအုပ်ဆရာမကြီးက ဒေါ်ခင်မြဝင်းအား ရေချိုးခန်းအတွင်းတွန်းလှဲကာ ပါးနှင့်လည်ပင်းများကို ဓားမဖြင့် ခုတ်ခဲ့ပြီး သမီးဖြစ်သူ မကျော့ကေခိုင်ကလည်း အိမ်ခန်းအတွင်းမှ ခေါင်းအုံယူကာ ဒေါ်ခင်မြဝင်းအား အသက်ရှုရပ်သည့်အထိ ဖိထားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါ်ခင်မြဝင်း ဝတ်ဆင်ထားသော ရွှေဆွဲကြိုးနှင့် လက်ကောက်(၃)ကွင်းအားဖြုတ်ယူပြီး သားမတ် ဖြစ်သူ ညီညီလင်းအား ငမိုးရိပ်စံပြ(၅)လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်မှ ပြန်ခေါ်ကာ နေအိမ်သို့ ပြန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima – News in Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top