ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကင္ဆာေရာဂါနဲ႔ ပတ္သက္ၿပီးအရင္လို ဓါတ္ကင္စရာမလိုပဲ အျခားနည္းလမ္းနဲ႔ ေပ်ာက္ကင္း သက္သာေစႏိုင္မယ့္ ျဖစ္ႏိုင္ေခ်နည္းလမ္းေတြကို သူ႔ရဲ႕ သုေတသနျပဳခ်က္ကေန ရွာေဖြေတြ႕ရွိထားေျကာင္း အေမရိကန္သိပၸံဘာသာရပ္မွာ ထိပ္တန္းပညာရွင္တဦးျဖစ္တဲ့ ျမန္မာအမ်ဳိးသမီး ကင္ဆာဇီ၀ေဗဒပညာရွင္ ေဒါက္တာရည္မြန္ေအးက ဗီြအိုေအကို ေျပာပါတယ္။

အခုလို ကင္ဆာေရာဂါနဲ႔ ပတ္သက္ၿပီး ေပ်ာက္ကင္းႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြေဖၚထုတ္ သုေတသနျပဳေနတဲ့အတြက္ ၂၀၁၇ ခုနွစ္ Pershing Square Shon ဆုရွင္ ၆ ဦးထဲမွာ တဦးအျဖစ္ ခ်ီးျမွင့္ခံခဲ့ရပါတယ္။ ကင္ဆာ သုေတသန နဲ႔ ပတ္သက္ရင္ ထူးထူးခြ်န္ခြ်န္လုပ္ေဆာင္ေနတဲ့ အေမရိကန္ လူငယ္ သိပၸံပညာရွင္ေတြကို Pershing Square Shon ကင္ဆာ သုတသနအဖဲြ႔က ေရြးခ်ယ္ၿပီး ခ်ီးျမွင္တဲ့ ဆုမွာ ဆုေၾကးေငြအျဖစ္ ကင္ဆာ သုေတသနလုပ္ငန္းအတြက္ တႏွစ္ကို အေမရိကန္ ေဒၚလာ ၂ သိန္းနဲ႔ ၃ ႏွစ္ ဆက္တိုက္ခ်ီးျမွင့္တာျဖစ္ပါတယ္။ ေဒါက္တာ ရည္မြန္ေအးဟာ နာမည္ေက်ာ္ Cornell တကၠသုိလ္ရဲ႕ ဓာတုေဗဒနဲ႔ ွဇီဝဓာတုေဗဒ ဌာနမွာ တြဲဖက္ပါေမာကၡအျဖစ္နဲ႕လည္း တာ၀န္ထမ္းေဆာင္ေနပါတယ္။

VOAမအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းရာမွာ လက္ရွိ ကင္ဆာသုေတသနျပဳလုပ္ခ်က္ကေန ဘာေတြအေထာက္အကူျပဳႏိုင္သလဲဆိုတာကို ေဒါက္တာရည္မြန္ေအးက အခုလို စေျပာပါတယ္။

“က်ဴမာအႀကိတ္ကို ေပ်ာက္ကင္းေစႏိုင္မယ့္ ျဖစ္ႏိုင္စရာ လမ္းေၾကာင္းကို က်မတို႔ေတြ႕ထားပါတယ္။ ဒါေၾကာင့္ ကင္ဆာနဲ႔ သက္ဆိုင္တာပဲျဖစ္ျဖစ္၊ က်ဴမာနဲ႔ သက္ဆိုင္တာပဲျဖစ္ျဖစ္ ေပ်ာက္ကင္းသက္သာေစႏိုင္တဲ့ လမ္းေၾကာင္းျဖစ္လာမွာပါ။

ကင္ဆာေရာဂါေပ်ာက္ကင္းႏိုင္မယ့္ ေဆး၀ါးေဖၚထုတ္ႏိုင္ဖို႔ က်မတို႔ သုေတသနျပဳခ်က္ကရလာမယ့္ နည္းလမ္းေတြကအေထာက္အကူေပးမွာျဖစ္တာေၾကာင့္ Sohn ဆုက က်မတို႔ သုေတသနဓါတ္ခဲြခန္းအတြက္ ေထာက္ပံ့တာျဖစ္ပါတယ္။

မအင္ၾကင္းနိုင္။ ။ အဲဒီဆုမွာ တႏွစ္ကို အေမရိကန္ေဒၚလာ ၂ သိန္း ေထာက္ပံ့မွာဆိုေတာ့ သုေတသနလုပ္ငန္းအတြက္ အေမရိကန္မွာ ဘာလို႔ အဲဒီေလာက္ေတာင္ အကုန္အက်ခံတာလဲရွင့္။

ေဒါက္တာရည္မြန္ေအး။ ။ သုေတသနလုပ္ငန္းေတြက လူ႔အသိုင္းအ၀ိုင္း တိုးတက္ဖို႔အတြက္အေရးႀကီးတယ္။ ဖံြ႔ၿဖိဳးတဲ့ ႏိုင္ငံေတြမွာဆို သုေတသနလုပ္ငန္းေတြရဲ႕ အေရးႀကီးမႈကို အထူး အသိအမွတ္ျပဳတယ္။ ျမန္မာႏိုင္ငံလို ဖံြ႔ၿဖိဳးဆဲႏိုင္ငံမွာေတာ့ သုေတသနလုပ္ငန္းကို အသိအမွတ္ျပဳဖို႔က အခက္အခဲအမ်ားႀကီးရွိေနတယ္။ ဒါေပမယ့္ သုေတသနလုပ္ငန္းေၾကာင့္ အက်ဴိးေက်းဇူးေတြကေတာ့ တကမၻာလံုးကို ထိေရာက္မွာပဲျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။။ ဆုရရွိခဲ့ပံုကို ေျပာျပပါလားရွင့္။

ေဒါက္တာရည္မြန္ေအး။။ ဒီဆုရတာကေတာ့ အရမ္းကိုထူးျခားပါတယ္။ ဒီဆုကိုေပးဖို႔ အင္တာဗ်ဴးမယ့္ သူေတြဟာ တကယ့္ကို ထိပ္တန္း ႏိုဘယ္လ္ဆုရ သိပံၸပညာရွင္ေတြျဖစ္ျပီးေတာ့ စကားလက္ဆံုေျပာဖို႔မေျပာနဲ႔ ေတြ႕ဖို႔အခြင့္အေရးရဖို႔ေတာင္ တကယ္မလြယ္တဲ့ သူေတြပါ။ ဒီေတာ့ က်မကို အင္တာဗ်ဴးေခၚေတာ့ သူတို႔နဲ႔ ေတြ႔ရဖို႔ အရမ္းကို စိတ္လႈပ္ရွားခဲ့ရပါတယ္။ ေနာက္ၿပီး က်မတတ္ထားတဲ့ ဓါတုေဗဒပညာရပ္ကို ေဆးပညာေလာကအတြက္ အသံုးခ်ဖို႔ စိတ္၀င္စားခဲ့တာပါ။

အင္ၾကင္းႏိုင္။ ။ ေဒါက္တာရည္မြန္ေအးအေနနဲ႔ အခုလို အေမရိကန္ႏိုင္ငံမွာ ထိပ္တန္းသိပၸံပညာရွင္တဦးျဖစ္လာဖို႔ ဘယ္လိုႀကိဳးစားခဲ့လဲရွင့္။

ေဒါက္တာရည္မြန္ေအး။။ က်မ ဆယ္တန္း ကို ျမန္မာတစ္ႏုိင္ငံလံုး တတိယ ရရိွခဲ့သူျဖစ္ျပီး ၁၉၉၈ မွ ၂၀၀၀ ခုႏွစ္အထိ အဂၤလန္ႏုိင္ငံ ရဲ႕ Cambridge Tutors College (CTC) မွာ တက္ေရာက္ဖို႔ ပညာ သင္ဆုရရိွခဲ့သူလဲျဖစ္ပါတယ္။ ၂၀၀၀ ခုႏွစ္ ဇြန္လမွာေျဖဆိုခဲ့တဲ့ A-level စာေမးပြဲမွာ ဓာတုေဗဒပညာရပ္နဲ႔အဂၤလန္ တနိုင္ငံလံုးမွာ အမွတ္အမ်ားဆံုး ရရိွခဲ့ျပီး Royal Society of Chemistry’s National ဆုကို ရရိွခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Oxford တကၠသုိလ္မွာ ဓာတုေဗဒနဲ႔ ဘြဲ႕ယူခဲ့ပါတယ္။ Oxford တကၠသုိလ္ကို အဓိက တက္ခဲ့ရတဲ့အေၾကာင္းအရင္းကလည္း #က်မတို႔ႏိုင္ငံရဲ႕ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကိုအားက်ခဲ့လို႔ပါ။

အဲဒီေနာက္ အေမရိကန္ျပည္ေထာင္စု Harvard တကၠသိုလ္မွာ ဘြဲ႔လြန္ဆက္တက္ျပီး PhD ဘြဲ႕ကို ၂၀၀၉ ခုႏွစ္မွာ ရရိွခဲ့ပါတယ္။ Harvard ကေန ေက်ာင္းျပီးတဲ့အခါ Massachusetts Institute of Technology (MIT) ေက်ာင္းမွာ Damon Runyun Cancer Research Postdoctoral Fellow တစ္ဦးအျဖစ္ေနခဲ့ျပီး Cellular and Biochemical regulatory mechanisms of the enzyme ribonucleotide reductase (RNR) သုေတသနေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္ ဇူလိုင္လက စျပီး Cornell တကၠသုိလ္ရဲ႕ ဓာတုေဗဒနဲ႔ ဇီဝဓာတုေဗဒ ဌာနမွာ တြဲဖက္ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ျပီး ၂၀၁၄ ခုႏွစ္မွာ အေမရိကန္အမ်ိဳးသားက်န္းမာေရး တကၠသိုလ္က ခ်ီးျမွင့္တဲ့ New Innovator Award ဆုကို သူ႔ရဲ႕ Deconvoluting redox biology with targeted chemistry project နဲ႔ ရရိွခဲ့ပါတယ္။

#ျမန္မာႏိုင္ငံအတြက္လည္းျပန္ၿပီးအက်ဳိးျပဳႏိုင္ေအာင္ႀကိဳးပမ္းေနေၾကာင္းေဒါက္တာရည္မြန္ေအးကေျပာသြားပါတယ္ရွင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: VOA
# Unicode Version ျဖင့္ ဖတ္ပါ #
ကင်ဆာရောဂါနဲ့ ပတ်သက်ပြီးအရင်လို ဓါတ်ကင်စရာမလိုပဲ အခြားနည်းလမ်းနဲ့ ပျောက်ကင်း သက်သာစေနိုင်မယ့် ဖြစ်နိုင်ချေနည်းလမ်းတွေကို သူ့ရဲ့ သုတေသနပြုချက်ကနေ ရှာဖွေတွေ့ရှိထားကြောင်း အမေရိကန်သိပ္ပံဘာသာရပ်မှာ ထိပ်တန်းပညာရှင်တဦးဖြစ်တဲ့ မြန်မာအမျိုးသမီး ကင်ဆာဇီဝဗေဒပညာရှင် ဒေါက်တာရည်မွန်အေးက ဗွီအိုအေကို ပြောပါတယ်။

အခုလို ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖေါ်ထုတ် သုတေသနပြုနေတဲ့အတွက် ၂၀၁၇ ခုနှစ် Pershing Square Shon ဆုရှင် ၆ ဦးထဲမှာ တဦးအဖြစ် ချီးမြှင့်ခံခဲ့ရပါတယ်။ ကင်ဆာ သုတေသန နဲ့ ပတ်သက်ရင် ထူးထူးချွန်ချွန်လုပ်ဆောင်နေတဲ့ အမေရိကန် လူငယ် သိပ္ပံပညာရှင်တွေကို Pershing Square Shon ကင်ဆာ သုတသနအဖွဲ့က ရွေးချယ်ပြီး ချီးမြှင်တဲ့ ဆုမှာ ဆုကြေးငွေအဖြစ် ကင်ဆာ သုတေသနလုပ်ငန်းအတွက် တနှစ်ကို အမေရိကန် ဒေါ်လာ ၂ သိန်းနဲ့ ၃ နှစ် ဆက်တိုက်ချီးမြှင့်တာဖြစ်ပါတယ်။ ဒေါက်တာ ရည်မွန်အေးဟာ နာမည်ကျော် Cornell တက္ကသိုလ်ရဲ့ ဓာတုဗေဒနဲ့ ှဇီဝဓာတုဗေဒ ဌာနမှာ တွဲဖက်ပါမောက္ခအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်နေပါတယ်။

VOAမအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ လက်ရှိ ကင်ဆာသုတေသနပြုလုပ်ချက်ကနေ ဘာတွေအထောက်အကူပြုနိုင်သလဲဆိုတာကို ဒေါက်တာရည်မွန်အေးက အခုလို စပြောပါတယ်။

“ကျူမာအကြိတ်ကို ပျောက်ကင်းစေနိုင်မယ့် ဖြစ်နိုင်စရာ လမ်းကြောင်းကို ကျမတို့တွေ့ထားပါတယ်။ ဒါကြောင့် ကင်ဆာနဲ့ သက်ဆိုင်တာပဲဖြစ်ဖြစ်၊ ကျူမာနဲ့ သက်ဆိုင်တာပဲဖြစ်ဖြစ် ပျောက်ကင်းသက်သာစေနိုင်တဲ့ လမ်းကြောင်းဖြစ်လာမှာပါ။

ကင်ဆာရောဂါပျောက်ကင်းနိုင်မယ့် ဆေးဝါးဖေါ်ထုတ်နိုင်ဖို့ ကျမတို့ သုတေသနပြုချက်ကရလာမယ့် နည်းလမ်းတွေကအထောက်အကူပေးမှာဖြစ်တာကြောင့် Sohn ဆုက ကျမတို့ သုတေသနဓါတ်ခွဲခန်းအတွက် ထောက်ပံ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီဆုမှာ တနှစ်ကို အမေရိကန်ဒေါ်လာ ၂ သိန်း ထောက်ပံ့မှာဆိုတော့ သုတေသနလုပ်ငန်းအတွက် အမေရိကန်မှာ ဘာလို့ အဲဒီလောက်တောင် အကုန်အကျခံတာလဲရှင့်။

ဒေါက်တာရည်မွန်အေး။ ။ သုတေသနလုပ်ငန်းတွေက လူ့အသိုင်းအဝိုင်း တိုးတက်ဖို့အတွက်အရေးကြီးတယ်။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆို သုတေသနလုပ်ငန်းတွေရဲ့ အရေးကြီးမှုကို အထူး အသိအမှတ်ပြုတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံမှာတော့ သုတေသနလုပ်ငန်းကို အသိအမှတ်ပြုဖို့က အခက်အခဲအများကြီးရှိနေတယ်။ ဒါပေမယ့် သုတေသနလုပ်ငန်းကြောင့် အကျိူးကျေးဇူးတွေကတော့ တကမ္ဘာလုံးကို ထိရောက်မှာပဲဖြစ်ပါတယ်။

မအင်ကြင်းနိုင်။။ ဆုရရှိခဲ့ပုံကို ပြောပြပါလားရှင့်။

ဒေါက်တာရည်မွန်အေး။။ ဒီဆုရတာကတော့ အရမ်းကိုထူးခြားပါတယ်။ ဒီဆုကိုပေးဖို့ အင်တာဗျူးမယ့် သူတွေဟာ တကယ့်ကို ထိပ်တန်း နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်တွေဖြစ်ပြီးတော့ စကားလက်ဆုံပြောဖို့မပြောနဲ့ တွေ့ဖို့အခွင့်အရေးရဖို့တောင် တကယ်မလွယ်တဲ့ သူတွေပါ။ ဒီတော့ ကျမကို အင်တာဗျူးခေါ်တော့ သူတို့နဲ့ တွေ့ရဖို့ အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ နောက်ပြီး ကျမတတ်ထားတဲ့ ဓါတုဗေဒပညာရပ်ကို ဆေးပညာလောကအတွက် အသုံးချဖို့ စိတ်ဝင်စားခဲ့တာပါ။

အင်ကြင်းနိုင်။ ။ ဒေါက်တာရည်မွန်အေးအနေနဲ့ အခုလို အမေရိကန်နိုင်ငံမှာ ထိပ်တန်းသိပ္ပံပညာရှင်တဦးဖြစ်လာဖို့ ဘယ်လိုကြိုးစားခဲ့လဲရှင့်။

ဒေါက်တာရည်မွန်အေး။။ ကျမ ဆယ်တန်း ကို မြန်မာတစ်နိုင်ငံလုံး တတိယ ရရှိခဲ့သူဖြစ်ပြီး ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ ရဲ့ Cambridge Tutors College (CTC) မှာ တက်ရောက်ဖို့ ပညာ သင်ဆုရရှိခဲ့သူလဲဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် ဇွန်လမှာဖြေဆိုခဲ့တဲ့ A-level စာမေးပွဲမှာ ဓာတုဗေဒပညာရပ်နဲ့အင်္ဂလန် တနိုင်ငံလုံးမှာ အမှတ်အများဆုံး ရရှိခဲ့ပြီး Royal Society of Chemistry’s National ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Oxford တက္ကသိုလ်မှာ ဓာတုဗေဒနဲ့ ဘွဲ့ယူခဲ့ပါတယ်။ Oxford တက္ကသိုလ်ကို အဓိက တက်ခဲ့ရတဲ့အကြောင်းအရင်းကလည်း #ကျမတို့နိုင်ငံရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုအားကျခဲ့လို့ပါ။

အဲဒီနောက် အမေရိကန်ပြည်ထောင်စု Harvard တက္ကသိုလ်မှာ ဘွဲ့လွန်ဆက်တက်ပြီး PhD ဘွဲ့ကို ၂၀၀၉ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ Harvard ကနေ ကျောင်းပြီးတဲ့အခါ Massachusetts Institute of Technology (MIT) ကျောင်းမှာ Damon Runyun Cancer Research Postdoctoral Fellow တစ်ဦးအဖြစ်နေခဲ့ပြီး Cellular and Biochemical regulatory mechanisms of the enzyme ribonucleotide reductase (RNR) သုတေသနတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လက စပြီး Cornell တက္ကသိုလ်ရဲ့ ဓာတုဗေဒနဲ့ ဇီဝဓာတုဗေဒ ဌာနမှာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အမေရိကန်အမျိုးသားကျန်းမာရေး တက္ကသိုလ်က ချီးမြှင့်တဲ့ New Innovator Award ဆုကို သူ့ရဲ့ Deconvoluting redox biology with targeted chemistry project နဲ့ ရရှိခဲ့ပါတယ်။

#မြန်မာနိုင်ငံအတွက်လည်းပြန်ပြီးအကျိုးပြုနိုင်အောင်ကြိုးပမ်းနေကြောင်းဒေါက်တာရည်မွန်အေးကပြောသွားပါတယ်ရှင်။

ဖိုးသူတော် (www.phothutaw.com)
Credit: VOA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top