ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

(၈) ႏွစ္သားအရြယ္ ေကာင္ေလးတစ္ေယာက္ဟာ ဖခင္ျဖစ္သူရဲ႕ စိတ္ၾကြမူးယစ္ေဆး (မက္သမ္ဖက္တမင္း) ေတြကို မနက္စာ ဆီရီယယ္နဲ႔ မွားၿပီး ပံုမွန္စိတ္ၾကြေဆးသံုးမႈထက္ အဆ (၁၈၀) ပိုစားခဲ့မိလို႔ အသက္ ေသဆံုးတဲ့အထိ ျဖစ္ခဲ့ရပါတယ္။ ကာတစ္စ္ ေကာလ္မန္း (၃) ဟာ သူ႔ဖခင္ရဲ႕ စိတ္ၾကြေဆးေတြကို ပန္းကန္တစ္ခုထဲမွာ ေတြ႔ခဲ့ရၿပီး မနက္စာအတြက္ ဆီရီယယ္ေတြထင္ကာ စားသံုးမိခဲ့ရွာတာပါ။

အျဖစ္အပ်က္ကေတာ့ ဇြန္လ (၂၁) ရက္ေန႔မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ကေလးဖခင္ ကာတစ္စ္ ေကာလ္မန္း (၂) ကို ရဲေတြ ထိန္းသိမ္းခဲ့ၾကပါတယ္။ ေကာလ္မန္းဟာ ေသဆံုးေစမႈ အႏၱရာယ္ကို လ်စ္လ်ဴ႐ႈမႈ၊ လက္နက္ပိုင္ဆုိင္မႈ၊ ခုိးမႈ စတာေတြနဲ႔ ဆက္လက္အေရးယူခံခဲ့ပါတယ္။ (၄၁) ႏွစ္အရြယ္ ေကာလ္မန္းဟာ သားျဖစ္သူ သူ႔ေဆးေတြကို မွားစားမိလို႔ ဒုကၡျဖစ္တာ စသိသိခ်င္း အေရးေပၚ ကားကို ခ်က္ခ်င္းမေခၚခဲ့ဘဲ သူငယ္ခ်င္းတစ္ေယာက္ကို သူ အဖမ္းမခံရဖို႔အေရး ေခၚတုိင္ပင္ခဲ့ပါတယ္။

ေကာလ္မန္းဟာ ေဆးဒဏ္ေၾကာင့္ အဖ်ားတက္ၿပီး အေၾကာေတာင္ ဆြဲေနခဲ့ၿပီျဖစ္တဲ့ ကေလးကို သူ႔မိဘေတြအိမ္ သြားပို႔ခဲ့ပါတယ္။ သူ႔မိဘေတြက ကေလးကို အေရးေပၚ ပို႔ခဲ့ခ်ိန္မွာေတာ့ အသက္မမီခဲ့ေတာ့ပါဘူး။ ထုိအမႈရဲ႕ စံုေထာက္ တြန္မ္ ဘာကာကေတာ့ “မိဘမွန္ရင္ ဒီလိုကိစၥေၾကာင့္ စိတ္ထိခိုက္ရမွာပါ။ အိမ္မွာ ကေလးရိွသူ ဘယ္သူမဆုိ စိတ္ထိခိုက္ရမွာပါ။ ဒီကေလးေလးဟာ စိတ္ၾကြေဆး လြန္ၿပီး နာရီေပါင္းမ်ားစြာ ခံစားခဲ့ရတာပါ” လို႔ ဆိုပါတယ္။

News4jax သတင္းဌာနအရေတာ့ ေကာလ္မန္းက လက္ရိွမွာ ခံဝန္စာခ်ဳပ္ထုိးထားကာ မိဘအိမ္မွာ ေနေနၿပီး ႐ံုးတင္အမႈစစ္ေဆးခံဖို႔ ေစာင့္လ်က္ရိွပါတယ္။ ျပစ္မႈထင္ရွားခဲ့ပါက ေထာင္ဒဏ္ ႏွစ္ (၂၀) မွ ႏွစ္ (၄၀) အထိ က်ခံရႏုိင္ေခ်လည္း ရိွေနပါတယ္။ ႐ံုးတင္စစ္ေဆးျခင္းကေတာ့ ယခုႏွစ္ ဒီဇင္ဘာလ ၄ ရက္ေန႔ေရာက္မွသာ စတင္မွာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။ အစိုးရဘက္က ေရွ႕ေနေတြကေတာ့ ဒီအမႈအတြက္ တရားခံကို ေထာင္ဒဏ္ ႏွစ္ (၅၀) အထိ ခ်မွတ္ေပးေစလိုၾကေၾကာင္း သိရပါတယ္။

Ref: Lad Bible

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
(၈) နှစ်သားအရွယ် ကောင်လေးတစ်ယောက်ဟာ ဖခင်ဖြစ်သူရဲ့ စိတ်ကြွမူးယစ်ဆေး (မက်သမ်ဖက်တမင်း) တွေကို မနက်စာ ဆီရီယယ်နဲ့ မှားပြီး ပုံမှန်စိတ်ကြွဆေးသုံးမှုထက် အဆ (၁၈၀) ပိုစားခဲ့မိလို့ အသက် သေဆုံးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကာတစ်စ် ကောလ်မန်း (၃) ဟာ သူ့ဖခင်ရဲ့ စိတ်ကြွဆေးတွေကို ပန်းကန်တစ်ခုထဲမှာ တွေ့ခဲ့ရပြီး မနက်စာအတွက် ဆီရီယယ်တွေထင်ကာ စားသုံးမိခဲ့ရှာတာပါ။

အဖြစ်အပျက်ကတော့ ဇွန်လ (၂၁) ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးဖခင် ကာတစ်စ် ကောလ်မန်း (၂) ကို ရဲတွေ ထိန်းသိမ်းခဲ့ကြပါတယ်။ ကောလ်မန်းဟာ သေဆုံးစေမှု အန္တရာယ်ကို လျစ်လျူရှုမှု၊ လက်နက်ပိုင်ဆိုင်မှု၊ ခိုးမှု စတာတွေနဲ့ ဆက်လက်အရေးယူခံခဲ့ပါတယ်။ (၄၁) နှစ်အရွယ် ကောလ်မန်းဟာ သားဖြစ်သူ သူ့ဆေးတွေကို မှားစားမိလို့ ဒုက္ခဖြစ်တာ စသိသိချင်း အရေးပေါ် ကားကို ချက်ချင်းမခေါ်ခဲ့ဘဲ သူငယ်ချင်းတစ်ယောက်ကို သူ အဖမ်းမခံရဖို့အရေး ခေါ်တိုင်ပင်ခဲ့ပါတယ်။

ကောလ်မန်းဟာ ဆေးဒဏ်ကြောင့် အဖျားတက်ပြီး အကြောတောင် ဆွဲနေခဲ့ပြီဖြစ်တဲ့ ကလေးကို သူ့မိဘတွေအိမ် သွားပို့ခဲ့ပါတယ်။ သူ့မိဘတွေက ကလေးကို အရေးပေါ် ပို့ခဲ့ချိန်မှာတော့ အသက်မမီခဲ့တော့ပါဘူး။ ထိုအမှုရဲ့ စုံထောက် တွန်မ် ဘာကာကတော့ “မိဘမှန်ရင် ဒီလိုကိစ္စကြောင့် စိတ်ထိခိုက်ရမှာပါ။ အိမ်မှာ ကလေးရှိသူ ဘယ်သူမဆို စိတ်ထိခိုက်ရမှာပါ။ ဒီကလေးလေးဟာ စိတ်ကြွဆေး လွန်ပြီး နာရီပေါင်းများစွာ ခံစားခဲ့ရတာပါ” လို့ ဆိုပါတယ်။

News4jax သတင်းဌာနအရတော့ ကောလ်မန်းက လက်ရှိမှာ ခံဝန်စာချုပ်ထိုးထားကာ မိဘအိမ်မှာ နေနေပြီး ရုံးတင်အမှုစစ်ဆေးခံဖို့ စောင့်လျက်ရှိပါတယ်။ ပြစ်မှုထင်ရှားခဲ့ပါက ထောင်ဒဏ် နှစ် (၂၀) မှ နှစ် (၄၀) အထိ ကျခံရနိုင်ချေလည်း ရှိနေပါတယ်။ ရုံးတင်စစ်ဆေးခြင်းကတော့ ယခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ရောက်မှသာ စတင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ အစိုးရဘက်က ရှေ့နေတွေကတော့ ဒီအမှုအတွက် တရားခံကို ထောင်ဒဏ် နှစ် (၅၀) အထိ ချမှတ်ပေးစေလိုကြကြောင်း သိရပါတယ်။

Ref: Lad Bible

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top