ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ယီမင္ႏုိင္ငံမွာ (၁၀)ႏွစ္အရြယ္ ေကာင္ေလးတစ္ဦးကို အဓမၼက်င့္သတ္ျဖတ္ခဲ့တဲ့ တရားခံ(၃)ဦးကုိ ယီမင္အစုိးရက ေသနတ္နဲ႔ပစ္သတ္စီရင္ၿပီး လူျမင္ကြင္းမွာ ခ်ိတ္ဆြဲျပသခဲ့ပါတယ္။ ဒီတရားခံေတြကုိ ကြပ္မ်က္ရာ ကြင္းျပင္ႀကီးမွာ Sana’a ၿမိဳ႕ ေဒသခံေတြ ေထာင္ေသာင္းခ်ီ လာေရာက္စုေဝးကာ ၾကည့္႐ႈခဲ့ၾကပါတယ္။

တရားခံေတြဟာ အျပာေရာင္ဝတ္စုံ ဝတ္ဆင္ထားၿပီး သူတုိ႔အားလုံးဟာ အသက္(၁၀)ႏွစ္အရြယ္ Mosad Saleh al-Mothana အမည္ရ ေကာင္ေလးကို ဓမၼတာနဲ႔ဆန္႔က်င္တဲ့ပုံစံျဖင့္ အဓမၼက်င့္ကာ သတ္ျဖတ္ခဲ့သူေတြလုိ႔ တရား႐ုံးက ယုံၾကည္ခဲ့ၿပီး အားလုံးကုိ လူျမင္ကြင္းမွာ ေသဒဏ္ေပးဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

တရားခံသုံးေယာက္စလုံးကုိ ေျမျပင္မွာ ေမွာက္ေစၿပီး ဦးေခါင္းနဲ႔ ေက်ာျပင္ကို ေသနတ္နဲ႔ ပစ္ခတ္ကာ အဆုံးစီရင္ခဲ့ပါတယ္။ ယင္းေနာက္ သူတုိ႔ရဲ႕ အေလာင္းေကာင္ေတြကုိ ကရိန္းနဲ႔မၿပီး လူအမ်ားျမင္သာေအာင္ နာရီေတာ္ေတာ္ၾကာ ျပသခဲ့တယ္လုိ႔ သိရပါတယ္။ သတင္းမွာေဖာ္ျပခ်က္အရ အားလုံးကုိ တစ္ေယာက္ က်ည္ဆံငါးခ်က္ႏႈန္းနဲ႔ ပစ္သတ္ခဲ့တာပါတဲ့။

ယီမင္မွာ ၿပီးခဲ့တဲ့ႏွစ္တုန္းက အသက္(၂၂)ႏွစ္အရြယ္ Hussein al-Saket အမည္ရ အမ်ိဳးသားကိုလည္း အသက္(၄)ႏွစ္အရြယ္ ကေလးမေလးကုိ အဓမၼက်င့္သတ္ျဖတ္ခဲ့မႈအတြက္ အခုလုိ လူျမင္ကြင္းမွာ ေသဒဏ္စီရင္ခဲ့ပါတယ္။ အခုလုိ ယီမင္အစုိးရက အဓမၼက်င့္ လူသတ္တရားခံေတြကို ပ်က္သားတဲ့ျပစ္ဒဏ္ေတြ ခ်မွတ္ေနျခင္းအေပၚ လူ႕အခြင့္အေရးအဖြဲ႕ေတြက ေဝဖန္ေနေပမယ့္ ယီမင္အစုိးရကေတာ့ ဂ႐ုစုိက္ျခင္း မရွိပါဘူး။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ယီမင်နိုင်ငံမှာ (၁၀)နှစ်အရွယ် ကောင်လေးတစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံ(၃)ဦးကို ယီမင်အစိုးရက သေနတ်နဲ့ပစ်သတ်စီရင်ပြီး လူမြင်ကွင်းမှာ ချိတ်ဆွဲပြသခဲ့ပါတယ်။ ဒီတရားခံတွေကို ကွပ်မျက်ရာ ကွင်းပြင်ကြီးမှာ Sana’a မြို့ ဒေသခံတွေ ထောင်သောင်းချီ လာရောက်စုဝေးကာ ကြည့်ရှုခဲ့ကြပါတယ်။

တရားခံတွေဟာ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး သူတို့အားလုံးဟာ အသက်(၁၀)နှစ်အရွယ် Mosad Saleh al-Mothana အမည်ရ ကောင်လေးကို ဓမ္မတာနဲ့ဆန့်ကျင်တဲ့ပုံစံဖြင့် အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့သူတွေလို့ တရားရုံးက ယုံကြည်ခဲ့ပြီး အားလုံးကို လူမြင်ကွင်းမှာ သေဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တရားခံသုံးယောက်စလုံးကို မြေပြင်မှာ မှောက်စေပြီး ဦးခေါင်းနဲ့ ကျောပြင်ကို သေနတ်နဲ့ ပစ်ခတ်ကာ အဆုံးစီရင်ခဲ့ပါတယ်။ ယင်းနောက် သူတို့ရဲ့ အလောင်းကောင်တွေကို ကရိန်းနဲ့မပြီး လူအများမြင်သာအောင် နာရီတော်တော်ကြာ ပြသခဲ့တယ်လို့ သိရပါတယ်။ သတင်းမှာဖော်ပြချက်အရ အားလုံးကို တစ်ယောက် ကျည်ဆံငါးချက်နှုန်းနဲ့ ပစ်သတ်ခဲ့တာပါတဲ့။

ယီမင်မှာ ပြီးခဲ့တဲ့နှစ်တုန်းက အသက်(၂၂)နှစ်အရွယ် Hussein al-Saket အမည်ရ အမျိုးသားကိုလည်း အသက်(၄)နှစ်အရွယ် ကလေးမလေးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့မှုအတွက် အခုလို လူမြင်ကွင်းမှာ သေဒဏ်စီရင်ခဲ့ပါတယ်။ အခုလို ယီမင်အစိုးရက အဓမ္မကျင့် လူသတ်တရားခံတွေကို ပျက်သားတဲ့ပြစ်ဒဏ်တွေ ချမှတ်နေခြင်းအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေပေမယ့် ယီမင်အစိုးရကတော့ ဂရုစိုက်ခြင်း မရှိပါဘူး။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top