ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာ့ဟင္း ျမန္မာ့စားဖြယ္လို႔ဆိုလိုက္တာနဲ႔ ငရုတ္သီးအစပ္ဟင္းဆိုတာ လံုး၀ေျပးမလြတ္ပါဘူး။ ျမန္မာလူမ်ိဳးေတာ္ေတာ္မ်ားမ်ားက ငရုတ္သီး အင္မတန္ၾကိဳက္ၾကတဲ့  လူမ်ိဳးေတြျဖစ္ၾကပါတယ္။  တစ္ေန႔တစ္ေန႔ ဘာဟင္းပဲခ်က္ခ်က္ အနည္းဆံုး အစပ္ဟင္းေလးတစ္ခြက္ကေတာ့ ပါလိုက္ရမွ။ ငရုတ္သီးေတာင့္ ၊ ငရုတ္သီးေလးစိပ္ခြဲ၊ အေလွာ္မႈန္႕ ၊ အစိမ္းမႈန္႕ ၊ အေရာင္တင္မႈန္႔   စတာေတြကို ဆိုင္ကဝယ္စားရင္စား၊မဟုတ္ရင္လည္း  အိမ္မွာသိမ္းထားျပီး စားတတ္ၾကပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ဟင္းခ်က္ရာမွာမပါမျဖစ္ ျဖစ္တဲ့  ငရုတ္သီးမွာ ကပ္ေနတတ္တဲ့ မႈိေရာဂါ အေၾကာင္းကိုေတာ့ သိထားသင့္ဖို႔လိုပါတယ္။ မိသားစုတစ္စုရဲ႕ က်န္းမာေရးကို အဓိကတာဝန္ယူရတာက  မီးဖိုေခ်ာင္ျဖစ္တာေၾကာင့္ က်န္းမာေရးအႏၱရာယ္ေတြေပးနိုင္တဲ့ ငရုတ္သီးမွိုအေၾကာင္းႏွင့္ ဘယ္လိုကာကြယ္ရမလဲဆိုတာေတြကို ဒီေဆာင္းပါးေလးမွာ ဆက္လက္ဖတ္ရွုၾကည့္ရေအာင္။
ငရုတ္သီးမႈိ(Aflatoxin) ဆိုတာဘာလဲ။

ငရုတ္သီးမႈိ(Aflatoxin) ဆိုတာက  လူေတြကို ေျခာက္လွန္႔ေနတဲ့ “ ကင္ဆာေရာဂါ” ကို  အဓိကျဖစ္ေစတဲ့ မႈိတစ္မ်ိဳးျဖစ္ပါတယ္။   ငရုတ္သီးမႈိ(Aflatoxin)  အမ်ိဳးအစားေပါင္း ၁၃ မ်ိဳးရွိတဲ့အထဲမွာ  Aflatoxin B1 ကေတာ့အေတြ႕ရ အမ်ားဆံုးျဖစ္ပါတယ္။ Aflatoxin အဆိပ္ကို Aspergillus flavus & Aspergillus parasiticus ဆိုတဲ့ မႈိ ေတြကေနထုတ္ပါတယ္။ ကင္္ဆာသုေတသန႒ာနမ်ားရဲ႕ ေတြ႕ရွိခ်က္ေတြအရ  Aflatoxin ကို  “အဆင့္ ၁” ကင္ဆာျဖစ္ေစႏိုင္တဲ့ အုပ္စုမွာ ထည့္ထားပါတယ္။
ငရုတ္သီးမွို (Aflatoxin) ကို ဘယ္မွာ အမ်ားဆံုးေတြ႔ရသလဲ။

ငရုတ္သီးမွို (Aflatoxin) ကို

    ငရုတ္သီး၊
    ေျမပဲ ၊ ဆန္စပါး
    ေျပာင္းဖူး
    အေစ့အစံမ်ားျဖစ္ေသာ (သစ္ၾကားေစ့၊ ဗန္ဒါေစ့)
    ပဲ အမ်ိဳးမ်ိဳး
    ဟင္းခတ္အေမႊးအၾကိဳင္မ်ား

စတဲ့ အသီးအႏွံေတြကို  အမ်ားဆံုးစားေလ့ရွိတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံ၊ အာဖရိကႏိုင္ငံေတြမွာ အမ်ားဆံုးေတြ႕ရပါတယ္။ ဒီမွိုအမ်ိဳးအစားေတြက  ပူေႏြးစိုစြတ္တဲ့ ေနရာတြမွာ  အမ်ားဆံုးေပါက္ပြားၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ငရုတ္သီးထဲမွာ အေတြ႕မ်ားပါတယ္။ ေကာက္ပဲသီးႏွံေတြကို ရိတ္သိမ္းျပီးေတာ့ စနစ္တက်ေသခ်ာေနလွမ္းတာမ်ိဳးမရွိတာ ၊ သန္႔သန္႔ရွင္းရွင္း မကိုင္တြယ္တာ၊ စနစ္တက် ထုတ္ပိုးမႈ မရွိတာေတြေၾကာင့္ ဒီမွိုေတြ ေပါက္ဖြားႏိုင္ပါတယ္။အခုလို မိုးတြင္း အခ်ိန္အခါမ်ိဳးမွာဆိုရင္ ပို္ေတာင္   သတိထားသင့္ပါတယ္။
ငရုတ္သီးမွို (Aflatoxin)က ဘယ္လိုပံုစံျဖင့္ လူေတြကို ဆိုးက်ိဳးေပးသလဲ။

 ငရုတ္သီးမွို (Aflatoxin) ကို အလိုေလ်ာက္ ခႏၶာကိုယ္ကတိုက္ထုတ္ေပးမယ့္ ခုခံအားစနစ္မ်ိဳး ဘယ္သက္ရွိသတၱ၀ါမွာမွမရွိပါ။  လူ႔ ခႏၶာကိုယ္မွာရွိတဲ့ ခုခံအားစနစ္က Aflatoxin အဆိပ္ကို အခ်ိန္အတိုင္းအတာတစ္ခုအထိေတာ့ ခံနိုင္ရည္ရွိပါတယ္။ မႈိရွိေနတဲ့  ေျမပဲ၊ ငရုတ္သီး၊ စတဲ့အစားအစာေတြကို မသိလိုက္ဘဲ တစ္ခါတည္း အမ်ားၾကီးစားသံုးမိတာေၾကာင့္ Aflatoxin အဆိပ္မိျပီး အသည္းကင္ဆာျဖစ္လာနိုင္သလို ၊ မႈိပါဝင္ေနေသာ  အစားအစာမ်ားအား နည္းနည္းခ်င္းစီ စားသံုးမိရာကေနလည္း အခိ်န္ၾကာလာတာႏွင့္ အမွ် အသည္းကင္ဆာေရာဂါျဖစ္လာနိုင္ပါသည္။

    ပ်ိဳ႕အန္ျခင္း
    ဗိုက္ေအာင့္ျခင္း
    အဆုတ္ပတ္လည္တြင္ အရည္စုျခင္း
    ဦေႏွာက္တြင္ အရည္အိတ္တည္ျခင္း
    အသည္းကို အဓိက ဒုကၡေပးျခင္း
    ႏွလံုး ႏွင့္ ေက်ာက္ကပ္အား ဒုကၡေပးျခင္း
    အသက္ေသဆံုးျခင္းတို႕ကို ျဖစ္ေစနိုင္ပါတယ္။

Aflatoxin ကို တစ္ၾကိမ္တည္း အမ်ားၾကီး စားမိျပီး  အဆိပ္သင့့္တာမ်ိဳး  ျဖစ္ေစနိုင္ေပမယ့္  ရွားပါတယ္။ သတိမျပဳမိဘဲ  နည္းနည္းခ်င္းစီ စားမိရာကေန အခ်ိန္ၾကာလာတာနွင့္အမွ် အသည္းကင္ဆာျဖစ္လာတာေတာ့ ပိုအျဖစ္မ်ားပါတယ္။ အသည္းကင္ဆာျဖစ္တာကေတာ့ အဆိုးဆံုးေပါ့။ Aflatoxin ကအစာေျခစနစ္ကိုလည္း   ဒုကၡေပးနိုင္ပါေသးတယ္။

Aflatoxin အား ဘယ္လိုကာကြယ္မလဲ။

ေန႔စဥ္စားေသာက္ေနတဲ့  အစားအစာေတြမွာ  ပါဝင္ႏိုင္ျပီး အသက္အႏ ၱရာယ္ေပးႏိုင္တဲ့ Aflatoxin ငရုတ္သီးမႈိကို အစားအစာေတြမွာ ပါဝင္မႈေလ်ာ့နည္းေအာင္    ကာကြယ္ႏိုင္တဲ့ နည္းေတြကို ေျပာျပေပးခ်င္ပါတယ္။

မႈိေတြ ကပ္တြယ္ေနျခင္းက ေလ်ာ့က်ေအာင္

    ငရုတ္သီး၊ ဆန္ ၊ အေစ့အစံ ႏွင့္ ပဲမ်ားအား ေနလွန္းအေျခာက္ခံျခင္း
    စိုစြတ္ေသာေနရာတြင္ မသိမ္းဘဲ ေျခာက္ေသြ႕ေသာေနရာတြင္ သိမ္းျခင္း
    စနစ္တက် ထုတ္ပိုုးထားျခင္း
    အစားအစာမ်ားအား အခ်ိန္အၾကာၾကီးထား စားသံုးျခင္းမ်ိဳးမလုပ္ျခင္း
    အစားအစာမ်ားအား မီးျပင္းျပင္းႏွင့္ ခ်က္ျပဳတ္ျခင္းျဖင့္  မႈိမွထုတ္ေသာအဆိပ္ျပင္းအား ေလွ်ာ့ခ်ႏိုင္ျခင္း
    အစားအစာမ်ားအား အပင္ေဖာက္၊ အခ်ဥ္ေဖာက္၍စားသံုးျခင္း
    အသည္းကင္ဆာအားအမ်ားဆံုးျဖစ္ေစႏိုင္သည့္အတြက္ တစ္ႏွစ္တစ္ခါ အသည္းအား က်န္းမားေရစစ္ေဆးမႈအား   ျပဳလုပ္ေပးျခင္း
    အသည္းေရာင္ အသားဝါကာကြယ္ေဆးမ်ားထိုးထားျခင္း
    က်န္းမာေရးႏွင့္ညီညြတ္ျပီး လတ္ဆတ္ေသာ အသီးအႏွံမ်ားအား စားသံုးျခင္း၊
    ကင္ဆာျဖစ္ေစႏိုင္ေသာ အရာမ်ားကိုဓာတ္တိုးဆန္႔က်င္ေစေသာ ျဖည့္စြက္စာမ်ား (ဗီတာမင္ A,ဗီတာမင္ C, ဗီတာမင္E) စားသံုးျခင္း
    ေလ့လာေတြ႔ရွိခ်က္မ်ားအရ အစိမ္းေရာင္ေရညွိ( ကလိုရိုဖီလ္း) သည္ Aflatoxin ၏ သက္တမ္းအားေလွ်ာ့ခ်ႏိုင္သျဖင့္ ကလိုရိုဖီးလ္ ေဆးျပားမ်ားအား   ေသာက္ သံုးေပးျခင္းတို႕ျဖင့္

Aflatoxin အဆိပ္သင့္ျခင္းကို ေလွ်ာ့ခ်ျခင္း ၊ ကာကြယ္ျခင္းေတြ ျပဳလုပ္ေပးနိုင္ပါတယ္။ ဒါ့ေၾကာင့္ အစပ္ေတာ္ေတာ္ၾကိဳက္တဲ့  ျမန္မာလူမ်ိဳးေတြအေနနွင့္ အသည္းကို  ဒုကၡေပးႏိုင္တဲ့ ငရုတ္သီးမႈိ အေၾကာင္းကို သိထားသင့္ျပီး  ၾကိဳတင္ကာကြယ္ျခင္းျဖင့္ က်န္းမာေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကို  ပိုင္ဆိုင္ႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon

#Unicode Version#
မြန်မာ့ဟင်း မြန်မာ့စားဖွယ်လို့ဆိုလိုက်တာနဲ့ ငရုတ်သီးအစပ်ဟင်းဆိုတာ လုံးဝပြေးမလွတ်ပါဘူး။ မြန်မာလူမျိုးတော်တော်များများက ငရုတ်သီး အင်မတန်ကြိုက်ကြတဲ့  လူမျိုးတွေဖြစ်ကြပါတယ်။  တစ်နေ့တစ်နေ့ ဘာဟင်းပဲချက်ချက် အနည်းဆုံး အစပ်ဟင်းလေးတစ်ခွက်ကတော့ ပါလိုက်ရမှ။ ငရုတ်သီးတောင့် ၊ ငရုတ်သီးလေးစိပ်ခွဲ၊ အလှော်မှုန့် ၊ အစိမ်းမှုန့် ၊ အရောင်တင်မှုန့်   စတာတွေကို ဆိုင်ကဝယ်စားရင်စား၊မဟုတ်ရင်လည်း  အိမ်မှာသိမ်းထားပြီး စားတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ်ဟင်းချက်ရာမှာမပါမဖြစ် ဖြစ်တဲ့  ငရုတ်သီးမှာ ကပ်နေတတ်တဲ့ မှိုရောဂါ အကြောင်းကိုတော့ သိထားသင့်ဖို့လိုပါတယ်။ မိသားစုတစ်စုရဲ့ ကျန်းမာရေးကို အဓိကတာဝန်ယူရတာက  မီးဖိုချောင်ဖြစ်တာကြောင့် ကျန်းမာရေးအန္တရာယ်တွေပေးနိုင်တဲ့ ငရုတ်သီးမှိုအကြောင်းနှင့် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်။
ငရုတ်သီးမှို(Aflatoxin) ဆိုတာဘာလဲ။

ငရုတ်သီးမှို(Aflatoxin) ဆိုတာက  လူတွေကို ခြောက်လှန့်နေတဲ့ “ ကင်ဆာရောဂါ” ကို  အဓိကဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။   ငရုတ်သီးမှို(Aflatoxin)  အမျိုးအစားပေါင်း ၁၃ မျိုးရှိတဲ့အထဲမှာ  Aflatoxin B1 ကတော့အတွေ့ရ အများဆုံးဖြစ်ပါတယ်။ Aflatoxin အဆိပ်ကို Aspergillus flavus & Aspergillus parasiticus ဆိုတဲ့ မှို တွေကနေထုတ်ပါတယ်။ ကင်ဆာသုတေသနဋ္ဌာနများရဲ့ တွေ့ရှိချက်တွေအရ  Aflatoxin ကို  “အဆင့် ၁” ကင်ဆာဖြစ်စေနိုင်တဲ့ အုပ်စုမှာ ထည့်ထားပါတယ်။
ငရုတ်သီးမှို (Aflatoxin) ကို ဘယ်မှာ အများဆုံးတွေ့ရသလဲ။

ငရုတ်သီးမှို (Aflatoxin) ကို

    ငရုတ်သီး၊
    မြေပဲ ၊ ဆန်စပါး
    ပြောင်းဖူး
    အစေ့အစံများဖြစ်သော (သစ်ကြားစေ့၊ ဗန်ဒါစေ့)
    ပဲ အမျိုးမျိုး
    ဟင်းခတ်အမွှေးအကြိုင်များ

စတဲ့ အသီးအနှံတွေကို  အများဆုံးစားလေ့ရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံ၊ အာဖရိကနိုင်ငံတွေမှာ အများဆုံးတွေ့ရပါတယ်။ ဒီမှိုအမျိုးအစားတွေက  ပူနွေးစိုစွတ်တဲ့ နေရာတွမှာ  အများဆုံးပေါက်ပွားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ငရုတ်သီးထဲမှာ အတွေ့များပါတယ်။ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီးတော့ စနစ်တကျသေချာနေလှမ်းတာမျိုးမရှိတာ ၊ သန့်သန့်ရှင်းရှင်း မကိုင်တွယ်တာ၊ စနစ်တကျ ထုတ်ပိုးမှု မရှိတာတွေကြောင့် ဒီမှိုတွေ ပေါက်ဖွားနိုင်ပါတယ်။အခုလို မိုးတွင်း အချိန်အခါမျိုးမှာဆိုရင် ပိုတောင်   သတိထားသင့်ပါတယ်။
ငရုတ်သီးမှို (Aflatoxin)က ဘယ်လိုပုံစံဖြင့် လူတွေကို ဆိုးကျိုးပေးသလဲ။

 ငရုတ်သီးမှို (Aflatoxin) ကို အလိုလျောက် ခန္ဓာကိုယ်ကတိုက်ထုတ်ပေးမယ့် ခုခံအားစနစ်မျိုး ဘယ်သက်ရှိသတ္တဝါမှာမှမရှိပါ။  လူ့ ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်က Aflatoxin အဆိပ်ကို အချိန်အတိုင်းအတာတစ်ခုအထိတော့ ခံနိုင်ရည်ရှိပါတယ်။ မှိုရှိနေတဲ့  မြေပဲ၊ ငရုတ်သီး၊ စတဲ့အစားအစာတွေကို မသိလိုက်ဘဲ တစ်ခါတည်း အများကြီးစားသုံးမိတာကြောင့် Aflatoxin အဆိပ်မိပြီး အသည်းကင်ဆာဖြစ်လာနိုင်သလို ၊ မှိုပါဝင်နေသော  အစားအစာများအား နည်းနည်းချင်းစီ စားသုံးမိရာကနေလည်း အချိန်ကြာလာတာနှင့် အမျှ အသည်းကင်ဆာရောဂါဖြစ်လာနိုင်ပါသည်။

    ပျို့အန်ခြင်း
    ဗိုက်အောင့်ခြင်း
    အဆုတ်ပတ်လည်တွင် အရည်စုခြင်း
    ဦနှောက်တွင် အရည်အိတ်တည်ခြင်း
    အသည်းကို အဓိက ဒုက္ခပေးခြင်း
    နှလုံး နှင့် ကျောက်ကပ်အား ဒုက္ခပေးခြင်း
    အသက်သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

Aflatoxin ကို တစ်ကြိမ်တည်း အများကြီး စားမိပြီး  အဆိပ်သင့်တာမျိုး  ဖြစ်စေနိုင်ပေမယ့်  ရှားပါတယ်။ သတိမပြုမိဘဲ  နည်းနည်းချင်းစီ စားမိရာကနေ အချိန်ကြာလာတာနှင့်အမျှ အသည်းကင်ဆာဖြစ်လာတာတော့ ပိုအဖြစ်များပါတယ်။ အသည်းကင်ဆာဖြစ်တာကတော့ အဆိုးဆုံးပေါ့။ Aflatoxin ကအစာခြေစနစ်ကိုလည်း   ဒုက္ခပေးနိုင်ပါသေးတယ်။

Aflatoxin အား ဘယ်လိုကာကွယ်မလဲ။

နေ့စဉ်စားသောက်နေတဲ့  အစားအစာတွေမှာ  ပါဝင်နိုင်ပြီး အသက်အန ္တရာယ်ပေးနိုင်တဲ့ Aflatoxin ငရုတ်သီးမှိုကို အစားအစာတွေမှာ ပါဝင်မှုလျော့နည်းအောင်    ကာကွယ်နိုင်တဲ့ နည်းတွေကို ပြောပြပေးချင်ပါတယ်။

မှိုတွေ ကပ်တွယ်နေခြင်းက လျော့ကျအောင်

    ငရုတ်သီး၊ ဆန် ၊ အစေ့အစံ နှင့် ပဲများအား နေလှန်းအခြောက်ခံခြင်း
    စိုစွတ်သောနေရာတွင် မသိမ်းဘဲ ခြောက်သွေ့သောနေရာတွင် သိမ်းခြင်း
    စနစ်တကျ ထုတ်ပိုးထားခြင်း
    အစားအစာများအား အချိန်အကြာကြီးထား စားသုံးခြင်းမျိုးမလုပ်ခြင်း
    အစားအစာများအား မီးပြင်းပြင်းနှင့် ချက်ပြုတ်ခြင်းဖြင့်  မှိုမှထုတ်သောအဆိပ်ပြင်းအား လျှော့ချနိုင်ခြင်း
    အစားအစာများအား အပင်ဖောက်၊ အချဉ်ဖောက်၍စားသုံးခြင်း
    အသည်းကင်ဆာအားအများဆုံးဖြစ်စေနိုင်သည့်အတွက် တစ်နှစ်တစ်ခါ အသည်းအား ကျန်းမားရေစစ်ဆေးမှုအား   ပြုလုပ်ပေးခြင်း
    အသည်းရောင် အသားဝါကာကွယ်ဆေးများထိုးထားခြင်း
    ကျန်းမာရေးနှင့်ညီညွတ်ပြီး လတ်ဆတ်သော အသီးအနှံများအား စားသုံးခြင်း၊
    ကင်ဆာဖြစ်စေနိုင်သော အရာများကိုဓာတ်တိုးဆန့်ကျင်စေသော ဖြည့်စွက်စာများ (ဗီတာမင် A,ဗီတာမင် C, ဗီတာမင်E) စားသုံးခြင်း
    လေ့လာတွေ့ရှိချက်များအရ အစိမ်းရောင်ရေညှိ( ကလိုရိုဖီလ်း) သည် Aflatoxin ၏ သက်တမ်းအားလျှော့ချနိုင်သဖြင့် ကလိုရိုဖီးလ် ဆေးပြားများအား   သောက် သုံးပေးခြင်းတို့ဖြင့်

Aflatoxin အဆိပ်သင့်ခြင်းကို လျှော့ချခြင်း ၊ ကာကွယ်ခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အစပ်တော်တော်ကြိုက်တဲ့  မြန်မာလူမျိုးတွေအနေနှင့် အသည်းကို  ဒုက္ခပေးနိုင်တဲ့ ငရုတ်သီးမှို အကြောင်းကို သိထားသင့်ပြီး  ကြိုတင်ကာကွယ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို  ပိုင်ဆိုင်နိုင်ကြပါစေ။


ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top