ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဒီအခ်က္ေလးေတြကေတာ့ ခ်စ္သူေတြၾကားထဲ ယံုၾကည္မႈ ဘယ္လို ျပန္တည္ေဆာက္မလဲဆိုတဲ့ အဓိကအခ်က္ေလးေတြပဲ ျဖစ္ပါတယ္ေနာ္။

ယံုၾကည္မႈဆိုတာအရာရာပါ။ အရာရာပါလို႔ ေျပာလို႔ရတဲ့အထိ အေရးႀကီးပါတယ္။ အခ်စ္ဆိုတာက ဖန္တီးလို႔မရေပမယ့္ ယံုၾကည္မႈဆိုတာ ဖန္တီး၊ ဖ်က္စီးျပစ္ဖို႔ အလြယ္ေလးပါ။ ဒါေၾကာင့္ ယံုၾကည္မႈက အရာရာလို႔ ေျပာခ်င္တာေပါ့။ ခ်စ္သူပဲျဖစ္ျဖစ္ ဘယ္သူပဲျဖစ္ျဖစ္ အားလံုးက ယံုၾကည္မႈနဲ႔ အလုပ္လုပ္ေန ၾကတဲ့သူေတြ ခ်ည္းပဲေလ။ ဒါ့ေၾကာင့္ ဆက္ဆံေရး ေတြမွာ တစ္ေယာက္န႔ဲ တစ္ေယာက္ ယံုၾကည္မႈရွိဖို႔က အေရးႀကီးဆံုးပဲ။ ခ်စ္သူေတြ အခ်င္းခ်င္း ၾကားထဲမွာ ယံုၾကည္မႈေတြ ၿပိဳလဲလာတယ္ ယို္င္လာတယ္ ယံုၾကည္မႈ မရွိေတာ့ဘူး ဆိုတာမ်ိဳးေတြ ျဖစ္လာရင္ ဘယ္လိုမ်ိဳး ျပန္တည္ေဆာက္မလဲ ဆိုတာေလး Marry မွ ေဖာ္ျပပါမယ္ေနာ္။

ယံုၾကည္မႈက တည္ေဆာက္ဖို႔လည္း ခက္သလို ၿပိဳပ်က္ဖို႔လည္း လြယ္ေနျပန္ေရာ

ယံုၾကည္မႈကို တည္ေဆာက္ဖို႔ လုိအပ္တဲ့ အဓိကအခ်က္ (၄) ခ်က္ကေတာ့ အမွားေတြကို ေနာင္တရၿပီး ဝန္ခံပါ။ ယံုၾကည္စိတ္ခ်ထိုက္သူ ျဖစ္ေအာင္ အလုပ္နဲ႔သက္ေသျပပါ။ ယံုၾကည္စိတ္ခ်ေအာင္ ေနထိုင္ေနေၾကာင္း သိပါေစ။ ကံတရားကိုလည္း ယံုၾကည္ပါ။
အမွားလုပ္မိတာပဲ ျဖစ္ေစ။ မၾကိဳက္တာလုပ္မိတာပဲ ျဖစ္ျဖစ္ ဝန္ခံပါ။ ရိုးသားစြာ ဝန္ခံပါ

အေၾကာင္းအရာကို ေသေသခ်ာခ်ာရွင္းျပပါ။ ဒီလိုရွင္းျပရင္ စိတ္ဆိုးခ်င္ဆိုးပါလိမ့္မယ္။ ဒါေပမယ့္ ဒုတိယအခြင့္အေရး ရဖို႔ေတာ့ အေသအခ်ာပါပဲ။ ကိုယ့္ကိုယ္ကိုယ္ အမွန္အတိုင္း ဝန္ခံတဲ့သူကို အခြင့္အေရး ထပ္ေပးခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ ဒီအမွားပဲ ထပ္ခါထပ္ခါ မွားေနမယ္ဆိုရင္ေတာ့ ယံုၾကည္မႈဆိုတာလည္း ရလာမွာ မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ ေလးေလးနက္နက္ ျပင္ဆင္ပါ။

ယံုၾကည္မႈကို တည္ေဆာက္ေနစဥ္ အတြင္းမွာလည္း

ကိုယ့္ခ်စ္သူ အျမင္ကို လြယ္လြယ္ေလး မေတြးလိုက္ပါနဲ႔။ ကိုယ္ၾကိဳးစားေနေၾကာင္းသိပါေစ။  တစ္ခါတစ္ေလ ကို္ယ္က ဘယ္လို ယံုၾကည္မႈ တည္ေဆာက္ေဆာက္ ထူးမလာတာမ်ိဳး ရွိတဲ့အခါမ်ိဳးမွာ လိပ္ျပာလံုလံုနဲ႔ ေရစက္ ဒီေလာက္ပဲပါတယ္လို႔ သက္မွတ္ပါ။ ကံတရားေၾကာင့္ ျဖစ္လာတယ္လို႔ပဲ ယူဆလိုက္ပါ။

ဒီအခ်က္ေလးေတြကေတာ့ ခ်စ္သူေတြၾကားထဲ ယံုၾကည္မႈ ဘယ္လို ျပန္တည္ေဆာက္မလဲဆိုတဲ့ အဓိကအခ်က္ေလးေတြပဲ ျဖစ္ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီအချက်လေးတွေကတော့ ချစ်သူတွေကြားထဲ ယုံကြည်မှု ဘယ်လို ပြန်တည်ဆောက်မလဲဆိုတဲ့ အဓိကအချက်လေးတွေပဲ ဖြစ်ပါတယ်နော်။

ယုံကြည်မှုဆိုတာအရာရာပါ။ အရာရာပါလို့ ပြောလို့ရတဲ့အထိ အရေးကြီးပါတယ်။ အချစ်ဆိုတာက ဖန်တီးလို့မရပေမယ့် ယုံကြည်မှုဆိုတာ ဖန်တီး၊ ဖျက်စီးပြစ်ဖို့ အလွယ်လေးပါ။ ဒါကြောင့် ယုံကြည်မှုက အရာရာလို့ ပြောချင်တာပေါ့။ ချစ်သူပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အားလုံးက ယုံကြည်မှုနဲ့ အလုပ်လုပ်နေ ကြတဲ့သူတွေ ချည်းပဲလေ။ ဒါ့ကြောင့် ဆက်ဆံရေး တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပဲ။ ချစ်သူတွေ အချင်းချင်း ကြားထဲမှာ ယုံကြည်မှုတွေ ပြိုလဲလာတယ် ယိုင်လာတယ် ယုံကြည်မှု မရှိတော့ဘူး ဆိုတာမျိုးတွေ ဖြစ်လာရင် ဘယ်လိုမျိုး ပြန်တည်ဆောက်မလဲ ဆိုတာလေး Marry မှ ဖော်ပြပါမယ်နော်။

ယုံကြည်မှုက တည်ဆောက်ဖို့လည်း ခက်သလို ပြိုပျက်ဖို့လည်း လွယ်နေပြန်ရော

ယုံကြည်မှုကို တည်ဆောက်ဖို့ လိုအပ်တဲ့ အဓိကအချက် (၄) ချက်ကတော့ အမှားတွေကို နောင်တရပြီး ဝန်ခံပါ။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်အောင် အလုပ်နဲ့သက်သေပြပါ။ ယုံကြည်စိတ်ချအောင် နေထိုင်နေကြောင်း သိပါစေ။ ကံတရားကိုလည်း ယုံကြည်ပါ။
အမှားလုပ်မိတာပဲ ဖြစ်စေ။ မကြိုက်တာလုပ်မိတာပဲ ဖြစ်ဖြစ် ဝန်ခံပါ။ ရိုးသားစွာ ဝန်ခံပါ

အကြောင်းအရာကို သေသေချာချာရှင်းပြပါ။ ဒီလိုရှင်းပြရင် စိတ်ဆိုးချင်ဆိုးပါလိမ့်မယ်။ ဒါပေမယ့် ဒုတိယအခွင့်အရေး ရဖို့တော့ အသေအချာပါပဲ။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း ဝန်ခံတဲ့သူကို အခွင့်အရေး ထပ်ပေးချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ဒီအမှားပဲ ထပ်ခါထပ်ခါ မှားနေမယ်ဆိုရင်တော့ ယုံကြည်မှုဆိုတာလည်း ရလာမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် လေးလေးနက်နက် ပြင်ဆင်ပါ။

ယုံကြည်မှုကို တည်ဆောက်နေစဉ် အတွင်းမှာလည်း

ကိုယ့်ချစ်သူ အမြင်ကို လွယ်လွယ်လေး မတွေးလိုက်ပါနဲ့။ ကိုယ်ကြိုးစားနေကြောင်းသိပါစေ။  တစ်ခါတစ်လေ ကိုယ်က ဘယ်လို ယုံကြည်မှု တည်ဆောက်ဆောက် ထူးမလာတာမျိုး ရှိတဲ့အခါမျိုးမှာ လိပ်ပြာလုံလုံနဲ့ ရေစက် ဒီလောက်ပဲပါတယ်လို့ သက်မှတ်ပါ။ ကံတရားကြောင့် ဖြစ်လာတယ်လို့ပဲ ယူဆလိုက်ပါ။

ဒီအချက်လေးတွေကတော့ ချစ်သူတွေကြားထဲ ယုံကြည်မှု ဘယ်လို ပြန်တည်ဆောက်မလဲဆိုတဲ့ အဓိကအချက်လေးတွေပဲ ဖြစ်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top