ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးတိုင္းေဒသႀကီး အုတ္တြင္းၿမိဳ႕နယ္ ရန္ကုန္ ေနျပည္ ေတာ္ အျမန္လမ္းပိုင္း မိုင္တိုင္ ၁၃၈/၂ ဂံုးတံတားေအာက္တြင္ ယေန႔နံနက္ အေစာပိုင္း၌ ေမြးကင္းစ သားေယာကၤ်ားေလးကို စြန္႔ပစ္ထားေၾကာင္း ဆိုင္ကယ္ ကယ္ရီသမားတစ္ဦးမွ ေဗာဓိကုန္းအျမန္လမ္းရဲစခန္းသို႔လာ ေရာက္သတင္းပို႔ခ့ဲျခင္းျဖစ္ေၾကာင္း စခန္းမွဴးရဲအုပ္ ရဲရင့္ ေအာင္ ကေျပာျပျခင္းျဖစ္သည္။

” က်ြန္ေတာ္တို႔လဲ သိသိခ်င္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး လူမႈေရးအဖြဲ႕ေတြပါေခၚၿပီး သြားၾကည့္လို႔ေတြ႕ခ့ဲတာပါ ကေလးရဲ႕ က်န္းမာေရး ႏို႔တိုက္ေက်ြးေရးကအစ ရဲစခန္းမိသားစုေတြကပဲ ဝိုင္းဝန္း ေဆာင္ရြက္ေပးေနပါတယ္ ဒီကေလးကို က်ေနာ္ပဲေမြးစားပါ့မယ္ ” လို႔ စခန္းမွဴး ရဲအုပ္ ရဲရင့္ေအာင္ က ဆက္လက္ေျပာၾကားပါတယ္။

ယခုက့ဲသို႔ေမြးကင္းစကေလးစြန္႔ပစ္မႈသည္ရာဇဝတ္မႈေျမာက္သည့္အတြက္စြန္႔ပစ္သူကိုဥပေဒအရအမႈဖြင့္အေရးယူႏိုင္ေရးအတြက္စံုစမ္းမႈမ်ားလုပ္ေဆာင္ေနေၾကာင္းသိရွိရသည္။…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုလြင္-ဆြာ
# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ရန်ကုန် နေပြည် တော် အမြန်လမ်းပိုင်း မိုင်တိုင် ၁၃၈/၂ ဂုံးတံတားအောက်တွင် ယနေ့နံနက် အစောပိုင်း၌ မွေးကင်းစ သားယောင်္ကျားလေးကို စွန့်ပစ်ထားကြောင်း ဆိုင်ကယ် ကယ်ရီသမားတစ်ဦးမှ ဗောဓိကုန်းအမြန်လမ်းရဲစခန်းသို့လာ ရောက်သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း စခန်းမှူးရဲအုပ် ရဲရင့် အောင် ကပြောပြခြင်းဖြစ်သည်။

” ကျွန်တော်တို့လဲ သိသိချင်း ကျေးရွာအုပ်ချုပ်ရေးမှူး လူမှုရေးအဖွဲ့တွေပါခေါ်ပြီး သွားကြည့်လို့တွေ့ခဲ့တာပါ ကလေးရဲ့ ကျန်းမာရေး နို့တိုက်ကျွေးရေးကအစ ရဲစခန်းမိသားစုတွေကပဲ ဝိုင်းဝန်း ဆောင်ရွက်ပေးနေပါတယ် ဒီကလေးကို ကျနော်ပဲမွေးစားပါ့မယ် ” လို့ စခန်းမှူး ရဲအုပ် ရဲရင့်အောင် က ဆက်လက်ပြောကြားပါတယ်။

ယခုကဲ့သို့မွေးကင်းစကလေးစွန့်ပစ်မှုသည်ရာဇဝတ်မှုမြောက်သည့်အတွက်စွန့်ပစ်သူကိုဥပဒေအရအမှုဖွင့်အရေးယူနိုင်ရေးအတွက်စုံစမ်းမှုများလုပ်ဆောင်နေကြောင်းသိရှိရသည်။…..

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုလွင်-ဆွာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top