ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အက်င့္ပ်က္လာဘ္စားသည့္ ဌာနဆိုင္ရာ၀န္ထမ္းမ်ားရွိပါက တိုင္ၾကားႏိုင္ၿပီး ၀န္ႀကီးဌာနအေနျဖင့္ ကုမၸဏီမ်ား ႏွင့္ ပူးေပါင္းအေရးယူမည္ဟု ေဆာက္လုပ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ၾကီး ဦးေက်ာ္လင္းက ေျပာၾကားသည္။

“ ကုမၸဏီမ်ားနဲ႔ေပါင္းျပီးေတာ့ ပါ၀င္တဲ့ အက်င့္ပ်က္၀န္ထမ္းမ်ားကို အေရးယူဖို႔ကိစၥနဲ႔ပတ္သက္ျပီးေတာ့ ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ အက်င့္ပ်က္၀န္ထမ္းမ်ား ရွိပါက ေဆာက္လုပ္ေရး၀န္ႀကီးဌာနသို႔ ၄င္း ၊ အျခား ၀န္ႀကီးဌာနမ်ားမွ အက်င့္ပ်က္၀န္ထမ္းမ်ားရွိပါက သက္ဆိုင္ရာ၀န္ၾကီးဌာနမ်ားသို႔ အေၾကာင္းၾကားေပးဖို႔ တိုင္းေဒသႀကီးျပည္နယ္အစိုးရအဖြဲ႔မ်ားကို ညႇိႏိႈင္းေမတၱာရပ္ခံသြားမွာျဖစ္ပါတယ္” ဟု ဒုတိယ၀န္ၾကီး ဦးေက်ာ္လင္းက ေျပာၾကားသည္။

ယေန႔ ၾသဂုတ္လ ၂၀ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္တြင္ “ပညာေရး၀န္ၾကီးဌာန ၊ အေျခခံပညာ ဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ ခြင့္ျပဳရန္ပုံေငြျဖင့္ ေဆာင္ရြက္သည့္ တည္ေဆာက္ေရးလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္မႈ အေျခအေနႏွင့္ စပ္လ်ဥ္း၍ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ ၏ ေလ့လာေတြ႔ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္ အစီရင္ခံစာ အမွတ္စဥ္ (၆/၂၀၁၈)” အပါအ၀င္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၏ ေဆြးေႏြးခ်က္မ်ားအေပၚကို ေဆာက္လုပ္ေရး၀န္ၾကီး ဌာနမွ ျပန္လည္ ရွင္းလင္းရာတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ စံခ်ိန္စံညႊန္းမမီေသာ အေဆာက္အဦမ်ားအတြက္ သက္ဆိုင္ရာအစိုးရအဖြဲ႕မ်ားႏွင့္ ညိွႏိႈင္းၿပီး ကုမၸဏီမ်ားကို အေရးယူမည္ဟု ၀န္ႀကီးက ဆိုသည္။

“ စံခ်ိန္စံညႊန္း မမွီဘဲ ေဆာက္လုပ္သြားၾကတဲ့ ကုမၸဏီမ်ားကို အေရးယူဖို႔ကိစၥႏွင့္ပတ္သတ္ျပီး စံခ်ိန္စံညႊန္းမွီစြာ ေဆာက္လုပ္ျခင္းမရွိတဲ့ ကုမၸဏီေတြကို အေရးယူသြားဖို႔ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရအဖြဲ႔ႏွင့္ ညိွႏႈိင္းၿပီး ေဆာင္ရြက္သြားမွာ ျဖစ္ျပီးေတာ့ အေၾကာင္းၾကားစာမ်ား ေပးပို႔သြားမွာျဖစ္ပါတယ္”ဟု ဒုတိယ၀န္ၾကီး ဦးေက်ာ္လင္းက ဆိုသည္။

တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ ယခုအခ်ိန္တြင္ စံခ်ိန္၊ စံညႊန္းမမွီသည့္ အေဆာက္အဦမ်ားကို ျပန္လည္ ျပဳျပင္ခိုင္းျခင္းမ်ားရွိသလို အရည္အေသြးမမွီေသာ အေဆာက္အဦမ်ားကို ဖ်က္သိမ္းကာ အသစ္ျပန္လည္ တည္ေဆာက္ခိုင္းျခင္း စသည္တို႔ကို လုပ္ေဆာင္ေနေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ သိရသည္။

အထက္ပါျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီမွ ေလ့လာေတြ႔ရွိခ်က္မ်ားႏွင့္ သေဘာထားမွတ္ခ်က္ အစီရင္ခံစာကို လႊတ္ေတာ္ကိုယ္စားလွယ္ ၃၈ ဦးက ေဆြးေႏြးခဲ့ၾကျပီး ၊ ယေန႔တြင္ ပညာေရး၀န္ၾကီးဌာန ဒုတိယ၀န္ၾကီး ဦး၀င္းေမာ္ထြန္း၊ ေဆာက္လုပ္ေရး၀န္ၾကီးဌာန ဒုတိယ၀န္ၾကီး ဦးေက်ာ္လင္း၊ စီမံကိန္းႏွင့္ ဘ႑ာေရး ၀န္ၾကီးဌာန ဒုတိယ၀န္ၾကီးဦးေမာင္ေမာင္၀င္း ႏွင့္ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ရုံး၊ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ဦးေမာ္သန္းတို႔က ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့သည္။

ထုိ႔ေနာက္ ဧရာ၀တီတိုင္းေဒသႀကီး ဇလြန္မဲဆႏၵနယ္ မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ ဒုတိယဥကၠ႒ ဦးေအာင္မင္းက အဆိုပါ အစီရင္ခံစာကို လႊတ္ေတာ္မွ သေဘာတူ လက္ခံႏိုင္ရန္အတြက္ အဆုိတင္သြင္းခဲ့ျပီး ကန္႔ကြက္မည့္သူမရွိသျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က အတည္ျပဳခဲ့သည္။

ထို႔ေနာက္ ၀န္ၾကီးဌာနမ်ားႏွင့္ပတ္သက္သည့္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ရုံးမွ ၂၀၆-၂၀၁၇ ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႔ရွိခ်က္ အစီရင္ခံစာႏွင့္ပတ္သက္ျပီး ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီ ၏ ေလ့လာေတြ႔ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္ အစီရင္ခံစာ အမွတ္(၇/၂၀၁၈)ကို ႏွစ္ပိုင္းခြဲကာ ျပည္ေထာင္စုလႊတ္ေတာ္သို႔ ေဆြးေႏြးစဥ္းစားရန္ ကိုယ္စားလွယ္ ၂ဦးက အဆုိတင္သြင္းခဲ့ျပီး နာယက က ၄င္းအစီရင္ခံစာႏွင့္ ပတ္သက္၍ ေဆြးေႏြးလိုသည့္ လႊတ္ေတ္ာကိုယ္စားလွယ္ ရွိပါက ၾသဂုတ္လ ၂၃ ရက္ မြန္းလြဲ ၁ နာရီ ေနာက္ဆုံးထားကာ အမည္စာရင္း တင္သြင္းႏိုင္ရန္ ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version#
အကျင့်ပျက်လာဘ်စားသည့် ဌာနဆိုင်ရာဝန်ထမ်းများရှိပါက တိုင်ကြားနိုင်ပြီး ဝန်ကြီးဌာနအနေဖြင့် ကုမ္ပဏီများ နှင့် ပူးပေါင်းအရေးယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“ ကုမ္ပဏီများနဲ့ပေါင်းပြီးတော့ ပါဝင်တဲ့ အကျင့်ပျက်ဝန်ထမ်းများကို အရေးယူဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကျင့်ပျက်ဝန်ထမ်းများ ရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ၎င်း ၊ အခြား ဝန်ကြီးဌာနများမှ အကျင့်ပျက်ဝန်ထမ်းများရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အကြောင်းကြားပေးဖို့ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များကို ညှိနှိုင်းမေတ္တာရပ်ခံသွားမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ယနေ့ သြဂုတ်လ ၂၀ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် “ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာ ဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၆/၂၀၁၈)” အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ပြန်လည် ရှင်းလင်းရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စံချိန်စံညွှန်းမမီသော အဆောက်အဦများအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး ကုမ္ပဏီများကို အရေးယူမည်ဟု ဝန်ကြီးက ဆိုသည်။

“ စံချိန်စံညွှန်း မမှီဘဲ ဆောက်လုပ်သွားကြတဲ့ ကုမ္ပဏီများကို အရေးယူဖို့ကိစ္စနှင့်ပတ်သတ်ပြီး စံချိန်စံညွှန်းမှီစွာ ဆောက်လုပ်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို အရေးယူသွားဖို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ အကြောင်းကြားစာများ ပေးပို့သွားမှာဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆိုသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ယခုအချိန်တွင် စံချိန်၊ စံညွှန်းမမှီသည့် အဆောက်အဦများကို ပြန်လည် ပြုပြင်ခိုင်းခြင်းများရှိသလို အရည်အသွေးမမှီသော အဆောက်အဦများကို ဖျက်သိမ်းကာ အသစ်ပြန်လည် တည်ဆောက်ခိုင်းခြင်း စသည်တို့ကို လုပ်ဆောင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အထက်ပါပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ လေ့လာတွေ့ရှိချက်များနှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးက ဆွေးနွေးခဲ့ကြပြီး ၊ ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဦးမော်သန်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက အဆိုပါ အစီရင်ခံစာကို လွှတ်တော်မှ သဘောတူ လက်ခံနိုင်ရန်အတွက် အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အတည်ပြုခဲ့သည်။

ထို့နောက် ဝန်ကြီးဌာနများနှင့်ပတ်သက်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၀၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်(၇/၂၀၁၈)ကို နှစ်ပိုင်းခွဲကာ ပြည်ထောင်စုလွှတ်တော်သို့ ဆွေးနွေးစဉ်းစားရန် ကိုယ်စားလှယ် ၂ဦးက အဆိုတင်သွင်းခဲ့ပြီး နာယက က ၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တေ်ာကိုယ်စားလှယ် ရှိပါက သြဂုတ်လ ၂၃ ရက် မွန်းလွဲ ၁ နာရီ နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းနိုင်ရန် ပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top