iMyanmarHouse.com - Best Property Website for Myanmar
×







Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ တေးသံရှင်ရွှေထိုက်အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုလာသူကတော့ နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ သားစိုးပါ။ အဆိုတော်ရွှေထိုက်တစ်ယောက် မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့သတင်းကို ရဲဌာနက ထုတ်ပြန်ပြီး သိပ်မကြာခင်မှာပဲ အဆိုတော် သားစိုးက သူငယ်ချင်းဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိကြောင်း သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ အခုလိုရေးထားတာကိုတွေ့ရပါတယ်။

တေးသံရှင် သားစိုးက “စိတ်မကောင်းဘူး သူငယ်ချင်းရွှေထိုက်ရေ ငါတကယ်ဝမ်းနည်းမိတယ်” လို့ ရေးသားထားတာပဲဖြစ်ပါတယ်။

ဂစ်တာပညာရှင် တစ်ယောက်ဖြစ်တဲ့ နိုင်ဇော်ကလည်း “မဖြစ်ချင်တာ မဖြစ်သင့်တာတွေ မြင်လို့ကြားလို့ တားခဲ့ပေမယ့် ပြောစကားနားမထောင်တဲ့ အဆိုတော်ညီမ ရွှေထိုက်သတင်းအတွက် စိတ်မကောင်းဖြစ်မိပါတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားထားပါတယ်။

ရွှေထိုက်ကိုချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ရွှေထိုက်နောက်ဆုံးထွက်ရှိခဲ့တဲ့ MTV လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ သီချင်းကောင်းလေးတစ်ပုဒ်မို့ နားဆင်ကြည့်ပါဦး

စိတ်မကောင်းပါဘူး ရွှေထိုက်ရေ …

Ref : သားစိုး၊ နိုင်ဇော်ဖေ့စ်ဘုတ်

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top