ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ကမၻာၾကီးဟာ အခ်ိန္ၾကာလာတာနဲ႕အမွ် စြမ္းအင္အရင္းအျမစ္ေတြေလ်ာ့နည္းလာပါတယ္။
ဒါေၾကာင့္ အစားထိုးစြမ္းအင္ေတြသံုးစြဲႏိုင္ဖုိ႕အတြက္ ပညာရွင္တိုင္းက ၾကိဳးစားေနၾကပါတယ္။

အီဂ်စ္ႏိုင္ငံ Helwan တကၠသိုလ္မွ တကၠသိုလ္ေက်ာင္းသားေလးေတြ တီထြင္လိုက္တဲ့ ကားကေတာ့ ဘာစြမ္းအင္မွသံုးစြဲမႈမရွိပဲ ေလအားသက္သက္နဲ႕ေမာင္းႏွင္ႏိုင္တဲ့ကားတစ္စီးပဲျဖစ္ပါတယ္။
သူတုိ႕အေျပာအရ ေအာက္ဆီဂ်င္ဘူးႏွစ္လံုး ကားမွာ တပ္ဆင္ထားျပီး တစ္နာရီ ၂၅ မိုင္ႏႈန္း နဲ႕ ၁၉ မိုင္ေမာင္းႏွင္ႏုိင္ေၾကာင္းသိရွိရပါတယ္။

ဒီကားကိုဖန္တီးဖုိ႕အတြက္ေတာ့ ေဒၚလာ ၁၀၀၀ နီးပါးသာကုန္က်ခဲ့ပါတယ္။
“ဒီကားကိုေမာင္းႏွင္ဖုိ႕အတြက္ ဘာ စြမ္းအင္အရင္းအျမစ္မွမလုိအပ္ပါဘူး။

ေလဖိအားနဲ႕ေမာင္းႏွင္တဲ့အတြက္ ဆီလည္းမလိုအပ္သလုိ Heat တက္မွာလည္းပူစရာမလုိပါဘူး” လုိ႕ ဒီကားကိုဒီဇုိင္းေရးဆြဲခဲ့သူ Mahmoud Yasser က ေျပာၾကားခဲ့ပါတယ္။ အခုဆိုရင္ေတာ့ သူတို႕အဖြဲ႕ဟာ ေလအားနဲ႕ေမာင္းႏွင္တဲ့ကားေတြကို အဆင့္ျမွင့္ထုတ္လုပ္ႏုိင္ဖုိ႕ ရံပံုေငြရွာေနပါျပီ။

အဆင့္ျမင့္ျပဳျပင္ေျပာင္းလဲမႈေတြျပဳလုပ္ျပီးသြားတဲ့အခါ တစ္နာရီ ၆၂ မိုင္ႏႈန္း နဲ႕ တစ္နာရီၾကာေမာင္းႏွင္ႏုိင္မယ္လုိ႕လည္းသူတုိ႕ကေျပာျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာကြီးဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းအင်အရင်းအမြစ်တွေလျော့နည်းလာပါတယ်။
ဒါကြောင့် အစားထိုးစွမ်းအင်တွေသုံးစွဲနိုင်ဖို့အတွက် ပညာရှင်တိုင်းက ကြိုးစားနေကြပါတယ်။

အီဂျစ်နိုင်ငံ Helwan တက္ကသိုလ်မှ တက္ကသိုလ်ကျောင်းသားလေးတွေ တီထွင်လိုက်တဲ့ ကားကတော့ ဘာစွမ်းအင်မှသုံးစွဲမှုမရှိပဲ လေအားသက်သက်နဲ့မောင်းနှင်နိုင်တဲ့ကားတစ်စီးပဲဖြစ်ပါတယ်။
သူတို့အပြောအရ အောက်ဆီဂျင်ဘူးနှစ်လုံး ကားမှာ တပ်ဆင်ထားပြီး တစ်နာရီ ၂၅ မိုင်နှုန်း နဲ့ ၁၉ မိုင်မောင်းနှင်နိုင်ကြောင်းသိရှိရပါတယ်။

ဒီကားကိုဖန်တီးဖို့အတွက်တော့ ဒေါ်လာ ၁၀၀၀ နီးပါးသာကုန်ကျခဲ့ပါတယ်။
“ဒီကားကိုမောင်းနှင်ဖို့အတွက် ဘာ စွမ်းအင်အရင်းအမြစ်မှမလိုအပ်ပါဘူး။

လေဖိအားနဲ့မောင်းနှင်တဲ့အတွက် ဆီလည်းမလိုအပ်သလို Heat တက်မှာလည်းပူစရာမလိုပါဘူး” လို့ ဒီကားကိုဒီဇိုင်းရေးဆွဲခဲ့သူ Mahmoud Yasser က ပြောကြားခဲ့ပါတယ်။ အခုဆိုရင်တော့ သူတို့အဖွဲ့ဟာ လေအားနဲ့မောင်းနှင်တဲ့ကားတွေကို အဆင့်မြှင့်ထုတ်လုပ်နိုင်ဖို့ ရံပုံငွေရှာနေပါပြီ။

အဆင့်မြင့်ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီးသွားတဲ့အခါ တစ်နာရီ ၆၂ မိုင်နှုန်း နဲ့ တစ်နာရီကြာမောင်းနှင်နိုင်မယ်လို့လည်းသူတို့ကပြောပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top