ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×
Credit: dr kyi chan ko
# Unicode Version ဖြင့် ဖတ်ပါ #
ကြောက်ဖို့ကောင်းလိုက်တာ 😣 လှချင်တဲ့ မိန်းခလေးတွေ သတိထားကြနော် 😥 နှာခေါင်းထဲ ဆီလီကွန်
ပထမပုံက Korea ဆရာဝန် ၁ယောက်က နှာခေါင်းပြင်ပေးခဲ့တဲ့ ညီမလေး နှာခေါင်းမှာ (infection) ပိုးဝင်ပြီး ပြသနာဖြစ်နေတဲ့ညီမလေး ရဲ့နှာခေါင်းကို ကျနော် ပြန်ပြင်ထားတဲ့ပဲပါ။ patient ကို history မေးကြည့်တော့ နှာခေါင်းကို စီလီကွန်ထည့်ပြီးနားရိုးနဲ့ပါပြင်ထားတာ
ပထမတခါပြင်တုန်းက နှာတံက စောင်းနေလို့ ဒုတိယအကြိမ် သူတို့ပြန်ပြင်ပေးထားတာပါ လို့သိရပါတယ်။ ကျနော်စမ်းသပ်ကြည့်တဲ့အချိန်မှာတော့ open rhinoplasty approach နဲ့ နှာခေါင်းတခုလုံးကို ဖွင့်ထားတာတွေ့ရပါတယ်။ ပိုး (infection) ဝင်ပြီး နာနေတာကိုလည်းေတွေ့ရပါတယ်။
patient က အသက်ငယ်သေးလို့ သူလည်း ဒီ့နောက် လှချင်မှာပဲ လို့စဉ်းစားပေးပြီး ကျနော်လည်း open rhinoplasty approach နဲ့ နှာခေါင်းတခုလုံးကို ဖွင့်ပြီး နှာခေါင်းတခုလုံးကို သေသေချာချာ ဆေးပေးပြီး reconstruction လုပ်ပေးလိုက်ပါတယ် (ပုံ ၁ မှာ ပြထားပါတယ်)။
ကျနော် နှာခေါင်းတခုလုံးကို ပြန်ဖွင့်လိုက်တော့ စီလီကွန်က အလွန်ညံ့တဲ့ အမျိုးအစား မထည့်သင့်တဲ့ အမျိုးအစား L-shape စီလီကွန်ကိုတွေ့ရပြီး နားရိုးနုနဲ့တည်ဆောက်ထားတာ လုံးဝမတွေ့ခဲ့ရပါဘူး။ ဒုတိယ ပုံကတော့ ဘဏ်ကောက်မှာ နှာခေါင်းစီလီကွန်ထည်းခဲ့တာ ၃ ကြိမ်ရှိပြီ အခုထိ အဆင်မပြေလို့ကျနော့ဆီ ရောက်လာတဲ့ patient ၁ ယောက်ပါ။ ကျနော် စစ်ဆေးကြည့်တော့ close rhinoplasty နဲ့ နှာခေါင်းစီလီကွန် ထည့်ထားတာကိုတွေ့ရပါတယ်။
ထုတ်ကြည့်လိုက်တော့ ထွက်လာတဲ့ စီလီကွန်က ဂျပန်မှာ လုံးဝမသုံးတဲ့ L-shape silicone ပါ။ ဒီ့ထက်ဆိုးပြီး လက်ခံလို့မရတာက စီလီကွန်ထည့်ပြီး ပြန်မပိတ်နိုင်တဲ့ ဆရာဝန်ရဲ့ လက်ရာပါ။ ပြန်မပိတ်နိုင်တဲ့အတွက် စီလီကွန်က အပြင်ကနေ မြင်နေရပြီး (infection) ပိုးက ဝင်နေပြီ (ပုံ ၂ မှာ ပြထားပါတယ်)။
ကျနော့်ဆီမလာခင် ၃ ခါခွဲစိတ်ထားပြီးသားဖြစ်တဲ့ နှာခေါင်းကို နောက်ထပ် မခွဲစိတ်သင့်တော့တဲ့အတွက် ပိုးဝင်ပြီးထွက်နေတဲ့ စီလီကွန်ကိုသာ ထုတ်ပြီး ဆေးကြောပေးလိုက်ပါတယ် (ပုံ ၃ မှာပြထားပါတယ်)။ ကျနော့်ကတော့ဒီ case ကို (safety) အန္တရာယ်ကင်ဖို့ကို ဦးစားပေးပြီး စီလီကွန်ကို ထုတ်လိုက်တဲ့အတွက် လှချင်လို့လာတဲ့ patient အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီလိုမျိုး ပြသနာဖြစ်ပြီး ကျနော့ဆီရောက်လာတဲ့ case တွေ မနည်းတော့ပါဘူး။
ဒီ post တင်ရတဲ့ အကြောင်းအရင်းကတော့ ကျနော်တို့မြန်မာလူမျိုးတွေ နိုင်ငံခြားသွားပြီး အလှအပနဲ့ ပတ်သက်လို ခွဲစိတ်ကြမယ် ဆိုရင် မိမိကိုခွဲစိတ်ပေးမယ့် ဆရာဝန်ကို အရင်ဆုံး သေသေချာချာစုံစမ်းပါ လို့ ပြောချင်လို့ပါ ခင်မျာ။
ဖိုးသူတော် (www.phothutaw.com)
Credit: dr kyi chan ko
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top