ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×


ေရႊအိမ္စည္က ႏုိဝင္ဘာလ အတြင္းမွာေတာ့ ပုိလန္ႏုိင္ငံမွာ က်င္းပျပဳလုပ္မယ့္ Miss Supranational 2018 ၿပိဳင္ပြဲႀကီးကုိ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး ဗဟုသုတ ဆုိတာထက္ လူတစ္ေယာက္ကုိ ဆြဲေဆာင္ႏုိင္တဲ့ အရည္အခ်င္းမ်ဳိးျဖစ္ေအာင္ ႀကိဳးစားေနတယ္လုိ႔ ဆုိပါတယ္။

မၾကာခင္က Miss Golden Land Myanmar 2018 Winner သရဖူကုိ ရရွိခဲ့တဲ့ ေရႊအိမ္စည္က ႏုိဝင္ဘာလ အတြင္းမွာေတာ့ ပုိလန္ႏုိင္ငံမွာ က်င္းပျပဳလုပ္မယ့္ Miss Supranational 2018 ၿပိဳင္ပြဲႀကီးကုိ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲအတြက္ ျပင္ဆင္ေနပုံေတြကိုလည္း Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

''ၿပိဳင္ပြဲကုိ ၁၁ လပုိင္းေလာက္မွ ပုိလန္ႏုိင္ငံမွာ သြားၿပိဳင္ရမွာ။ ၿပိဳင္ပြဲအတြက္ေတာ့ အဝတ္အစားပုိင္းကေတာ့ နည္းနည္းခက္ခဲမယ္။ ဘာ ေၾကာင့္ လည္းဆုိေတာ့ ေအးတဲ့ ႏုိင္ငံလည္း ျဖစ္ေတာ့ ဖက္ရွင္အပုိင္းမွာ ဆန္းဆန္းျပားျပားေလးနဲ႔ လွေနေအာင္ေတာ့ ဝတ္တတ္ ရမယ္ေလ'' လုိ႔ သူကေျပာပါတယ္။

ၿပိဳင္ပြဲမွာေတာ့  အစစအရာရာ အဓိက က်တယ္ဆုိေပမယ့္  အကဲျဖတ္ဒုိင္ေတြရဲ႕ ေမးခြန္းေတြ အေပၚ ကုိယ့္ကုိယ္ကုိ ယုံၾကည္ခ်က္ ရွိရွိနဲ႔ ေျဖဆုိနုိင္ဖုိ႔က အဓိက က်တယ္လုိ႔ဆုိပါတယ္။ ဒီၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး ဗဟုသုတ ဆုိတာထက္ လူတစ္ေယာက္ကုိ ဆြဲေဆာင္ႏုိင္တဲ့ အရည္အခ်င္းမ်ဳိးျဖစ္ေအာင္ ႀကိဳးစားေနတယ္လုိ႔ ဆုိပါတယ္။

မၾကာခင္ ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ရေတာ့မယ့္ ေရႊအိမ္စည္ဟာ GYM ကုိ ေသခ်ာ ကစားေနတယ္လုိ႔ ဆုိပါတယ္။ ခႏၶာကိုယ္ ဝိတ္တက္လုိ႔ မရတဲ့ သူ႔ ခႏၶာကုိယ္ကိုလည္း ေသေသခ်ာခ်ာ ထိန္းသိမ္းေနရတယ္ဆုိတာကုိ ၾသဂုတ္လ ၁၉ ရက္ေန႔က RENE  ဆုိင္သစ္ဖြင့္ပြဲမွာ Duwun Media ကေန ေျပာျပခ့ဲပါတယ္။

Miss Golden Land Myanmar 2018 Winner ဆုကုိ အသက္(၁၉)ႏွစ္သာရွိေသးတဲ့ ရခုိင္ျပည္နယ္ကုိယ္စားျပဳအလွမယ္ ေရႊအိမ္စည္ က ရရွိပုိင္ဆုိင္ခဲ့ၿပီး 1st Runner Up ဆု ကုိေတာ့  ရွမ္းျပည္နယ္ ကုိယ္စားျပဳ အလွမယ္ အယ္လီနာဝင္းက ရရွိပုိင္ဆုိင္ခဲ့ပါတယ္။ 2nd Runner Up ဆုကုိေတာ့ ရန္ကုန္ကုိယ္စားျပဳ အလွမယ္ ေစာနန္းခ်ယ္ရီက ရရွိပုိင္ဆုိင္ခဲ့တာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
ရွှေအိမ်စည်က နိုဝင်ဘာလ အတွင်းမှာတော့ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational 2018 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဗဟုသုတ ဆိုတာထက် လူတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းမျိုးဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မကြာခင်က Miss Golden Land Myanmar 2018 Winner သရဖူကို ရရှိခဲ့တဲ့ ရွှေအိမ်စည်က နိုဝင်ဘာလ အတွင်းမှာတော့ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational 2018 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ပြင်ဆင်နေပုံတွေကိုလည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

''ပြိုင်ပွဲကို ၁၁ လပိုင်းလောက်မှ ပိုလန်နိုင်ငံမှာ သွားပြိုင်ရမှာ။ ပြိုင်ပွဲအတွက်တော့ အဝတ်အစားပိုင်းကတော့ နည်းနည်းခက်ခဲမယ်။ ဘာ ကြောင့် လည်းဆိုတော့ အေးတဲ့ နိုင်ငံလည်း ဖြစ်တော့ ဖက်ရှင်အပိုင်းမှာ ဆန်းဆန်းပြားပြားလေးနဲ့ လှနေအောင်တော့ ဝတ်တတ် ရမယ်လေ'' လို့ သူကပြောပါတယ်။

ပြိုင်ပွဲမှာတော့  အစစအရာရာ အဓိက ကျတယ်ဆိုပေမယ့်  အကဲဖြတ်ဒိုင်တွေရဲ့ မေးခွန်းတွေ အပေါ် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိရှိနဲ့ ဖြေဆိုနိုင်ဖို့က အဓိက ကျတယ်လို့ဆိုပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဗဟုသုတ ဆိုတာထက် လူတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းမျိုးဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မကြာခင် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရတော့မယ့် ရွှေအိမ်စည်ဟာ GYM ကို သေချာ ကစားနေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် ဝိတ်တက်လို့ မရတဲ့ သူ့ ခန္ဓာကိုယ်ကိုလည်း သေသေချာချာ ထိန်းသိမ်းနေရတယ်ဆိုတာကို သြဂုတ်လ ၁၉ ရက်နေ့က RENE  ဆိုင်သစ်ဖွင့်ပွဲမှာ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

Miss Golden Land Myanmar 2018 Winner ဆုကို အသက်(၁၉)နှစ်သာရှိသေးတဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြုအလှမယ် ရွှေအိမ်စည် က ရရှိပိုင်ဆိုင်ခဲ့ပြီး 1st Runner Up ဆု ကိုတော့  ရှမ်းပြည်နယ် ကိုယ်စားပြု အလှမယ် အယ်လီနာဝင်းက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 2nd Runner Up ဆုကိုတော့ ရန်ကုန်ကိုယ်စားပြု အလှမယ် စောနန်းချယ်ရီက ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top