ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ဆိပ္ႀကီးရပ္ကြက္၊ ေဝဘူဇာလမ္းရွိ ေနအိမ္တစ္လံုးတြင္ ဩဂုတ္လ ၁၉ ရက္ ည ၈ နာရီခန္႔က လူသတ္မႈက်ဴးလြန္ၿပီး ထြက္ေျပးသူကို ဒလၿမိဳ႕နယ္၊ က်န္စစ္သားရပ္ကြက္အတြင္းမွ ဖမ္းမိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရသည္။

ဆိပ္ကမ္းၿမိဳ႕နယ္၊ ေမာ္တင္ရပ္ကြက္၊ Water Bus ဆိပ္တြင္ေနထိုင္ၿပီး ကုန္တင္ ကုန္ခ်လုပ္ကိုင္သူ အသက္ ၃၅ ႏွစ္အ႐ြယ္ ႏိုင္မ်ိဳးလြင္ (ခ) ေနလင္းသည္ ယင္းေန႔က ဇနီးျဖစ္သူႏွင့္ စကားမ်ားရန္ျဖစ္ရာ ဇနီးျဖစ္သူက ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ဆိပ္ႀကီးရပ္ကြက္သို႔ ျပန္သြားသျဖင့္ လိုက္လံေခၚယူစဥ္ ဇနီးျဖစ္သူ၏ ဝမ္းကြဲေမာင္ျဖစ္သူ အသက္ ၂၀ အ႐ြယ္ မ်ိဳးကိုကိုႏွင့္ ထပ္မံ စကားမ်ားရန္ျဖစ္ၿပီး အသင့္ပါလာေသာ ဝက္အူလွည့္ျဖင့္ထိုးသတ္ခဲ့ရာ မ်ိဳးကိုကိုတြင္ ဘယ္ဘက္ရင္အံု ထိုးသြင္းဒဏ္ရာတစ္ခ်က္ျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးသို႔တင္ပို႔ကုသစဥ္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ယင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။

“ေသသြားတဲ့သူက ဆိပ္ႀကီးရပ္ကြက္မွာ ေနတယ္။ သူ႔အစ္မနဲ႔ ေယာက္ဖျဖစ္သူတို႔ ရန္ျဖစ္ၾကေတာ့ ဝင္ေျပာရင္း အထိုးခံလိုက္ရတာ။ လွ်ပ္စစ္မီးေထာက္ၾကည့္ရာမွ အသံုးျပဳတဲ့ ဝက္အူလွည့္နဲ႔ ထိုးလိုက္တာလို႔ သိရတယ္။ ပထမေတာ့ အျပင္းအထန္ နာက်င္ေစမႈပုဒ္မနဲ႔ အမႈဖြင့္ထားတာ။ ေဆး႐ံုေရာက္ၿပီး မၾကာခင္ ေသသြားေတာ့ လူသတ္မႈပုဒ္မ ေျပာင္းဖြင့္ခဲ့ရတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ရွင္းျပသည္။

လူသတ္မႈက်ဴးလြန္ၿပီး ထြက္ေျပးသူကို ဖမ္းဆီးႏိုင္ရန္ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပူးေပါင္းအဖြဲ႔မွ ၎သြားလာေနထိုင္တတ္သည့္ေနရာမ်ားကို သတင္းျဖန္႔ခ်ိေပးၿပီး ေစာင့္ၾကည့္ေစခဲ့ရာ ယေန႔ နံနက္ ၈ နာရီခြဲခန္႔၌ ဒလၿမိဳ႕နယ္ရဲတပ္ဖြဲ႔က ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဖမ္းဆီးရရွိသည့္ အမ်ိဳးသားကို သက္ဆိုင္ရာနယ္ေျမရဲစခန္းျဖစ္သည့္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ စက္ဆန္း နယ္ေျမရဲစခန္းသို႔ လႊဲေျပာင္းေပးခဲ့ရာ ယင္းရဲစခန္းမွ ရဲတပ္ဖြဲ႔ဝင္မ်ားက ယေန႔ နံနက္ ၁၀ နာရီခြဲခန္႔တြင္ လႊဲေျပာင္းလက္ခံရယူကာ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ တရားစြဲဆိုတင္ပို႔ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္သြားမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thevoice

#Unicode Version#

ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးရပ်ကွက်၊ ဝေဘူဇာလမ်းရှိ နေအိမ်တစ်လုံးတွင် ဩဂုတ်လ ၁၉ ရက် ည ၈ နာရီခန့်က လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးသူကို ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်အတွင်းမှ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက်၊ Water Bus ဆိပ်တွင်နေထိုင်ပြီး ကုန်တင် ကုန်ချလုပ်ကိုင်သူ အသက် ၃၅ နှစ်အရွယ် နိုင်မျိုးလွင် (ခ) နေလင်းသည် ယင်းနေ့က ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ရာ ဇနီးဖြစ်သူက ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးရပ်ကွက်သို့ ပြန်သွားသဖြင့် လိုက်လံခေါ်ယူစဉ် ဇနီးဖြစ်သူ၏ ဝမ်းကွဲမောင်ဖြစ်သူ အသက် ၂၀ အရွယ် မျိုးကိုကိုနှင့် ထပ်မံ စကားများရန်ဖြစ်ပြီး အသင့်ပါလာသော ဝက်အူလှည့်ဖြင့်ထိုးသတ်ခဲ့ရာ မျိုးကိုကိုတွင် ဘယ်ဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ကုသစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေသွားတဲ့သူက ဆိပ်ကြီးရပ်ကွက်မှာ နေတယ်။ သူ့အစ်မနဲ့ ယောက်ဖဖြစ်သူတို့ ရန်ဖြစ်ကြတော့ ဝင်ပြောရင်း အထိုးခံလိုက်ရတာ။ လျှပ်စစ်မီးထောက်ကြည့်ရာမှ အသုံးပြုတဲ့ ဝက်အူလှည့်နဲ့ ထိုးလိုက်တာလို့ သိရတယ်။ ပထမတော့ အပြင်းအထန် နာကျင်စေမှုပုဒ်မနဲ့ အမှုဖွင့်ထားတာ။ ဆေးရုံရောက်ပြီး မကြာခင် သေသွားတော့ လူသတ်မှုပုဒ်မ ပြောင်းဖွင့်ခဲ့ရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးသူကို ဖမ်းဆီးနိုင်ရန် တိုင်း၊ ခရိုင်၊ မြို့နယ် ပူးပေါင်းအဖွဲ့မှ ၎င်းသွားလာနေထိုင်တတ်သည့်နေရာများကို သတင်းဖြန့်ချိပေးပြီး စောင့်ကြည့်စေခဲ့ရာ ယနေ့ နံနက် ၈ နာရီခွဲခန့်၌ ဒလမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသည့် အမျိုးသားကို သက်ဆိုင်ရာနယ်မြေရဲစခန်းဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ရာ ယင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် လွှဲပြောင်းလက်ခံရယူကာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top