ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

သို႔ အယ္ဒီတာမွတစ္ဆင့္

ကၽြန္မသည္ ပဲခူးတိုင္းေဒသၾကီး သာယာဝတီခရိုင္ သာယာဝတီျမိဳ႕နယ္၊ ေက်ာင္းစု ရပ္ကြက္ အုန္းေတာစုတြင္ ဘြားေအပိုင္ ျခံဝင္းအတြင္း ေနထိုင္ျပီး ကၽြန္မအမ်ိဳးသားမွာ ဆိုင္ကယ္ကယ္ရီဆြဲသလို ကၽြန္မမွာလည္း အုတ္သယ္ပ်ိဳးႏုတ္လုပ္ကိုင္ပါသည္။ ကၽြန္မတြင္ ကေလး ေလးတန္းတစ္ေယာက္ႏွင့္ ႏွစ္တန္းတစ္ေယာက္ရွိပါသည္။ ၂၃ - ၇ - ၂၀၁၈ တြင္ မိုးကလည္း အဆက္မျပတ္ရြာေနျပီး ဘြားေအၾကီးကလည္း မက်န္းမာသျဖင့္ အလုပ္မဆင္းဘဲရွိပါသည္။ ထိုအခါ ညီအစ္ကိုေမာင္ႏွမမ်ားမွာလည္း ဘြားေအၾကီးကို လာေရာက္ေမးျမန္းျပဳစုရန္ ေရာက္ရွိလာျပီး မိသားစု စံုေသာအခါ အဘြားၾကီးအိမ္ေပၚသို႔ ကေလးငယ္တစ္ဦးက လမ္းမွေကာက္ရလာေသာ ဒိုးဆက္အျပားေလးႏွင့္ ကၽြန္မတို႔ ညီအကိုေမာင္ႏွမ လူၾကီးမ်ားက ဘာရယ္မဟုတ္ အဘြားၾကီးကို ေစာင့္ရင္း အဘြား၏ အိမ္ေရွ႕တြင္ အပ်င္းေျပ ကေလးမ်ား၏ သားေရပင္ကို ယူျပီး ဆက္ေနပါသည္။ ထိုသို႔လုပ္ေနစဥ္ နာရီဝက္ခန္႔အၾကာတြင္ ရဲ ၁၀ ဦးခန္႔ ေရာက္လာျပီး ကၽြန္မတို႔ကို လက္ထိပ္ခတ္ ဖမ္းဆီးခဲ့ပါသည္။

ထိုသို႔ဖမ္းဆီးရာတြင္ ကၽြန္မတို႔ေဆာ့ေနေသာ ဒိုးဆက္အျပားက ၂၂ ျပား အမွန္ရွိရမည္က ၂၈ ျပားျဖစ္ပါသည္။

(၁) ဒိုးဆက္ ၂၂ ျပား
(၂) သားေရပင္ ၃၇၀
(၃) မသန္းသန္းဆင့္ထံမွ က်ပ္ ၂၀၀
(၄) ဦးေဇာ္မ်ိဳးဝင္းထံမွ ေငြမပါ၍ မရပါ
(၅) မတင္တင္ေဆြထံမွ က်ပ္ ၂၀၀
(၆) မစိုးဇင္မာဝင္းထံမွ ေငြမရွိ မရပါ

စုစုေပါင္းေငြက်ပ္ ၄၀၀ ႏွင့္ မစံုေသာ ဒိုးဆက္အျပား ၂၂ ျပားႏွင့္ သားေရပင္ ၃၇၀ သာ အမွန္ျဖစ္ျပီး သူတို႔က မတရားသျဖင့္ ကၽြန္မတို႔ကို အမႈ႕ေျမာက္ေစရန္ စအပိုင္းတြင္ မပါေသာသူမ်ားဆီမွ ပိုက္ဆံ က်ပ္ ၄၄၀၀ ကို အတင္းအဓမၼယူျပီး ရွာေဖြပံုစံတြင္ အတင္းလက္မွတ္ထိုးခိုင္းပါသည္။ အမွန္မွာ ကၽြန္မ၏ေယာက္်ားမွာ အျပင္တြင္ ကယ္ရီဆြဲေနစဥ္ "ေဟံေကာင္ မင္းတို႔အိမ္ကို ရဲေတြတစ္အုပ္ၾကီးသြားတယ္။ မင္းလိုက္ၾကည့္ဦး" ဆိုသျဖင့္ ကၽြန္မ၏ေယာက္က်ားက ျပန္လာစဥ္ အိမ္ကိုေရာက္ေနေသာ ရဲမ်ားက ကၽြန္မေယာက်္ား အက်ီ ၤအိတ္ထဲမွ ကယ္ရီဆြဲထားေသာ ေငြက်ပ္ ၃၉၀၀၊ ကၽြန္မ၏အဘြားကို လာေရာက္ေမးေနေသာ ကစားဝိုင္းတြင္မပါသည့္ ကၽြန္မ၏ေမာင္ ေမာင္သက္ေဇာ္လြင္ထံမွ က်ပ္ ၅၀၀ တို႔ႏွင့္ ကၽြန္မတို႔ထဲမွ က်ပ္ ၄၀၀၊ စုစုေပါင္း က်ပ္ ၄၈၀၀ ကို သူတို႔၏ရွာေဖြပံုစံတြင္ထည့္၍ ကၽြန္မတို႔ကို အမႈ႕ေျမာက္ေအာင္ လုပ္ထားျခင္းသာ ျဖစ္ပါသည္။ ကၽြန္မ၏ ဘြားေအၾကီးမွာလည္း ယခုအိပ္ရာထဲ ဗုန္းဗုန္းလဲသြားျပီး ေန႔လား ညလား ျဖစ္ေနပါျပီ။ ကၽြန္မတို႔မွာလည္း တေန႕လုပ္မွ တေန႔စားရေသာ သူမ်ားျဖစ္သလို ယခုဖမ္းဆီးအမႈ႕ရင္ဆိုင္ေထာင္က်လၽွင္ ကၽြန္မတို႔၏ သားသမီး ေက်ာင္းေနရြယ္ကေလးမ်ား၏ ေရွ႕ေရးဘဝသည္ မေတြးဝံ့စရာ ျဖစ္ပါသည္။

သို႔ပါေသာေၾကာင့္ ယခု ကၽြန္မတို႔ မတရားသျဖင့္ ခံရေသာ ကိစၥကို ႏိုင္ငံေတာ္မွ လူၾကီးမ်ားသိရွိျပီး အျဖစ္မွန္ကို ေဖာ္ထုတ္ေပးႏိုင္ပါရန္ တင္ျပ တိုင္ၾကားအပ္ပါသည္

မွတ္ခ်က္ ၊  ၊ ယခုရွာေဖြပံုစံတြင္ သားေရပင္ ၃၇၀ ကိုေတာ့ ေဖ်ာက္ထားပါသည္

သန္းသန္းဆင့္ - ၇/သဝတ(ႏိုင္)၁၅၀၈၆၃
အုန္းေတာ္စုရြာ၊ သာယာဝတီျမိဳ႕နယ္

ျပည့္ဘုန္းေအာင္

ဖိုးသူေတာ္ (www.phothutaw.com)
# Unicode Vesion ျဖင့္ ဖတ္ပါ #
သို့ အယ်ဒီတာမှတစ်ဆင့်

ကျွန်မသည် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ ကျောင်းစု ရပ်ကွက် အုန်းတောစုတွင် ဘွားအေပိုင် ခြံဝင်းအတွင်း နေထိုင်ပြီး ကျွန်မအမျိုးသားမှာ ဆိုင်ကယ်ကယ်ရီဆွဲသလို ကျွန်မမှာလည်း အုတ်သယ်ပျိုးနုတ်လုပ်ကိုင်ပါသည်။ ကျွန်မတွင် ကလေး လေးတန်းတစ်ယောက်နှင့် နှစ်တန်းတစ်ယောက်ရှိပါသည်။ ၂၃ - ၇ - ၂၀၁၈ တွင် မိုးကလည်း အဆက်မပြတ်ရွာနေပြီး ဘွားအေကြီးကလည်း မကျန်းမာသဖြင့် အလုပ်မဆင်းဘဲရှိပါသည်။ ထိုအခါ ညီအစ်ကိုမောင်နှမများမှာလည်း ဘွားအေကြီးကို လာရောက်မေးမြန်းပြုစုရန် ရောက်ရှိလာပြီး မိသားစု စုံသောအခါ အဘွားကြီးအိမ်ပေါ်သို့ ကလေးငယ်တစ်ဦးက လမ်းမှကောက်ရလာသော ဒိုးဆက်အပြားလေးနှင့် ကျွန်မတို့ ညီအကိုမောင်နှမ လူကြီးများက ဘာရယ်မဟုတ် အဘွားကြီးကို စောင့်ရင်း အဘွား၏ အိမ်ရှေ့တွင် အပျင်းပြေ ကလေးများ၏ သားရေပင်ကို ယူပြီး ဆက်နေပါသည်။ ထိုသို့လုပ်နေစဉ် နာရီဝက်ခန့်အကြာတွင် ရဲ ၁၀ ဦးခန့် ရောက်လာပြီး ကျွန်မတို့ကို လက်ထိပ်ခတ် ဖမ်းဆီးခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရာတွင် ကျွန်မတို့ဆော့နေသော ဒိုးဆက်အပြားက ၂၂ ပြား အမှန်ရှိရမည်က ၂၈ ပြားဖြစ်ပါသည်။

(၁) ဒိုးဆက် ၂၂ ပြား
(၂) သားရေပင် ၃၇၀
(၃) မသန်းသန်းဆင့်ထံမှ ကျပ် ၂၀၀
(၄) ဦးဇော်မျိုးဝင်းထံမှ ငွေမပါ၍ မရပါ
(၅) မတင်တင်ဆွေထံမှ ကျပ် ၂၀၀
(၆) မစိုးဇင်မာဝင်းထံမှ ငွေမရှိ မရပါ

စုစုပေါင်းငွေကျပ် ၄၀၀ နှင့် မစုံသော ဒိုးဆက်အပြား ၂၂ ပြားနှင့် သားရေပင် ၃၇၀ သာ အမှန်ဖြစ်ပြီး သူတို့က မတရားသဖြင့် ကျွန်မတို့ကို အမှု့မြောက်စေရန် စအပိုင်းတွင် မပါသောသူများဆီမှ ပိုက်ဆံ ကျပ် ၄၄၀၀ ကို အတင်းအဓမ္မယူပြီး ရှာဖွေပုံစံတွင် အတင်းလက်မှတ်ထိုးခိုင်းပါသည်။ အမှန်မှာ ကျွန်မ၏ယောက်ျားမှာ အပြင်တွင် ကယ်ရီဆွဲနေစဉ် "ဟေံကောင် မင်းတို့အိမ်ကို ရဲတွေတစ်အုပ်ကြီးသွားတယ်။ မင်းလိုက်ကြည့်ဦး" ဆိုသဖြင့် ကျွန်မ၏ယောက်ကျားက ပြန်လာစဉ် အိမ်ကိုရောက်နေသော ရဲများက ကျွန်မယောကျ်ား အကျီ ၤအိတ်ထဲမှ ကယ်ရီဆွဲထားသော ငွေကျပ် ၃၉၀၀၊ ကျွန်မ၏အဘွားကို လာရောက်မေးနေသော ကစားဝိုင်းတွင်မပါသည့် ကျွန်မ၏မောင် မောင်သက်ဇော်လွင်ထံမှ ကျပ် ၅၀၀ တို့နှင့် ကျွန်မတို့ထဲမှ ကျပ် ၄၀၀၊ စုစုပေါင်း ကျပ် ၄၈၀၀ ကို သူတို့၏ရှာဖွေပုံစံတွင်ထည့်၍ ကျွန်မတို့ကို အမှု့မြောက်အောင် လုပ်ထားခြင်းသာ ဖြစ်ပါသည်။ ကျွန်မ၏ ဘွားအေကြီးမှာလည်း ယခုအိပ်ရာထဲ ဗုန်းဗုန်းလဲသွားပြီး နေ့လား ညလား ဖြစ်နေပါပြီ။ ကျွန်မတို့မှာလည်း တနေ့လုပ်မှ တနေ့စားရသော သူများဖြစ်သလို ယခုဖမ်းဆီးအမှု့ရင်ဆိုင်ထောင်ကျလျှင် ကျွန်မတို့၏ သားသမီး ကျောင်းနေရွယ်ကလေးများ၏ ရှေ့ရေးဘဝသည် မတွေးဝံ့စရာ ဖြစ်ပါသည်။

သို့ပါသောကြောင့် ယခု ကျွန်မတို့ မတရားသဖြင့် ခံရသော ကိစ္စကို နိုင်ငံတော်မှ လူကြီးများသိရှိပြီး အဖြစ်မှန်ကို ဖော်ထုတ်ပေးနိုင်ပါရန် တင်ပြ တိုင်ကြားအပ်ပါသည်

မှတ်ချက် ၊  ၊ ယခုရှာဖွေပုံစံတွင် သားရေပင် ၃၇၀ ကိုတော့ ဖျောက်ထားပါသည်

သန်းသန်းဆင့် - ၇/သဝတ(နိုင်)၁၅၀၈၆၃
အုန်းတော်စုရွာ၊ သာယာဝတီမြို့နယ်

ပြည့်ဘုန်းအောင်

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top