ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×








Credit: Kay Kay

Unicode Version
နိုင်ငံကျော်ထပ်ဆင့်အကယ်ဒမီ မင်းသားချောလေး နေတိုးကတော့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ပြသနိုင်ခဲ့တဲ့ သူလေးတစ်ယောက်ဖြစ်ပြီး ယခုအချိန် လက်ရှိရိုက်ကူးနေတဲ့ ” တာတူး ” ရုပ်ရှင်ကားကြီးအတွက် သရုပ်ဆောင်ပီပြင်အောင် မေဦးရဲ့ လက်ရာလေးတွေနဲ့အတူ ဖန်တီးပြင်ဆင်ထားရတာပဲဖြစ်ပါတယ်။ ” ကိုနေတိုးကို ရုပ်ရှင်ကားကြီးအတွက် ဒုတိယအကြိမ်မြောက် ပြင်ဆင်ပေးထားတာ ဒီတခါတော့ neutral look ပုံစံပဲ ပြင်ရတဲ့အတွက် မိန်းကလေးပုံစံလေးပေါက်အောင်ပြင်ပေးထားပါတယ် မြန်မာဝတ်ဆုံလေးကိုတော့ ကိုမင်းသက်စံက ချုပ်ပေးထားတာပါ ” ဆိုပြီး မေဦးရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ နေတိုးရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့တကွ ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

လူတောင်မှားတယ် နေတိုးရယ် ချစ်ဖို့ကောင်းလိုက်တာကြွေပါပြီကွယ်

မိန်းကလေးတွေတောင်ရှုံးရလောက်တဲ့ နေတိုး ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေရတာလဲကွယ်

မေဦးရဲ့လက်ချက်လေးကြောင့် အပြောင်းလဲကြီးပြောင်းလဲလာခဲ့တဲ့ နေတိုးရဲ့ ချစ်စရာအလှပုံရိပ်

ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင် သရုပ်ဆောင်ပြသနိုင်ခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသားချောလေး နေတိုးကတော့ ” တာတူး ” ရုပ်ရှင်ကားကြီးကိုလည်း အကောင်းဆုံးဖြစ်အောင် စတင်လုပ်ဆောင်နေပြီဖြစ်တာကြောင့် မကြာခင်မှာ နေတိုးရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေတွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။

လူတောင်မှားရလောက်တဲ့ နေတိုးရဲ့ ချစ်စရာအလှပုံရိပ်လေးတွေကို နှစ်သက်သဘောကျတယ်ဆိုရင် မိုမိုလေး ချစ်ပရိသတ်ကြီးများက Shareပြီး မျှဝေအားပေးကြပါဦးနော်။

ဖတ်ရှုအားပေးကြပါသော ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Kay Kay


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top