ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္၊ ကမာရြတ္ၿမိဳ႕နယ္၊ ျပည္လမ္း၊ လွည္းတန္းခံုးေက်ာ္တံတားပတ္ဝန္းက်င္ရွိ အေျခအေနမဲ့လုပ္ကိုင္ စားေသာက္ေနသူမ်ားအား လူ႔အဖြဲ႔အစည္းအတြက္ မသင့္ေတာ္၍ ထိန္းသိမ္းလိုက္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးလင္းႏိုင္ျမင့္က ေျပာသည္။

ယေန႔ၾသဂုတ္လ ၁၁ ရက္၊ နံနက္ ၁ဝ နာရီအခ်ိန္တြင္ အဆိုပါ အေျခအေနမဲ့ လုပ္ကိုင္စားေသာက္ေနသူမ်ားကို ထိန္းသိမ္းလိုက္ျခင္းျဖစ္ၿပီး ရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္စည္ပင္၊ လူမႈေရးအသင္းအဖြဲ႔မ်ား ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

“အေျခအေနက ေတာင္းေနတာက ကၽြန္ေတာ္တို႔လူ႔အဖြဲ႔အစည္းအတြက္လည္း မသင့္ေတာ္ဘူးေလ။ ၿပီးတဲ့အခါ က်ေတာ့ ေတာင္းတဲ့သူေတြမွာလည္း စီးပြားျဖစ္သေဘာမ်ိဳးေတြပါေနတယ္။ ပထမေတာ့ အေျခအေနမဲ့ေပါ့။ အေျခအေနမဲ့ကမွ ေနာက္ပိုင္းက်ေတာ့ ဒီလမ္းကိုေလွ်ာက္ေနတဲ့အခါက်ေတာ့ အလုပ္တစ္ခုလိုျဖစ္လာတယ္။ ဒါက ကၽြန္ေတာ္တို႔ရဲ႕လူ႔အဖြဲ႔အစည္းမွာလည္း ထိခိုက္လာႏိုင္တယ္။ ထိခိုက္လာႏိုင္တဲ့အတြက္လည္း ၿမိဳ႕နယ္ ေတြမွာရွိတဲ့ သက္ဆိုင္ရာအဖြဲ႔အစည္းကေနၿပီးေတာ့ စနစ္တက်နဲ႔ ဖယ္ရွားေဆာင္ရြက္ျခင္းျဖစ္တယ္”ဟု အေျခအေနမဲ့လုပ္ကိုင္စားေသာက္ေနသူမ်ားအား ထိန္းသိမ္းရာတြင္ ကိုယ္တိုင္ပါဝင္ခဲ့သူ ကမာရြတ္ၿမိဳ႕နယ္၊တုိင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္လည္း ျဖစ္၊ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဒုဥကၠ႒ ဦးလင္းႏိုင္ျမင့္က မဇၥ်ိမသို႔ ေျပာသည္။

ထုိ႔သို႔ လွည္းတန္းခံုးေက်ာ္တံတားပတ္ဝန္းက်င္ရွိ အေျခအေနမဲ့လုပ္ကိုင္ စားေသာက္ေနသူမ်ားအား ထိန္းသိမ္း ခဲ့ရာတြင္ အမ်ိဳးသား ၅ ဦး၊ အမ်ိဳးသမီး ၇ ဦး၊ ကေလးငယ္ (က်ား) ၁၆ ဦး၊ ကေလးငယ္(မ) ၁၄ ဦး စုစုေပါင္း ၄၂ ဦးတို႔အား ထိန္းသိမ္းႏိုင္ခဲ့ၿပီး လက္ရွိတြင္ စည္ပင္သာယာရဲတပ္ဖြဲ႔သို႔ လႊဲေျပာင္းလိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။

“ အရြယ္မေရာက္တဲ့ ကေလးေတြနဲ႔ ဟိုဟာေတြကိုေတာ့ သက္ဆုိင္ရာေတြက စိစစ္ေဆာင္ရြက္ၿပီး သူတို႔ရဲ႕ အနာဂတ္ေရွ႕ေရးအတြက္လည္း စဥ္းစားေပးဖို႔လိုတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေတာင္းတဲ့ ဥစၥာက ကၽြန္ ေတာ္တို႔ လူ႔အဖြဲ႔အစည္းကို ထိခိုက္ႏိုင္ေပမယ့္ တစ္ဖက္ကၾကည့္လည္း ခိုးဆိုးလုႏိႈက္ လိမ္လည္တဲ့ကိစၥလည္း မဟုတ္ျပန္ဘူးျဖစ္ေနတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေျခအေနမဲ့ေတြကေတာင္းတာရွိသလို တစ္ျခားေသာ ေနရာေတြမွာလည္း တျခားေသာသူေတြက ကိစၥတစ္ခုအတြက္ ေတာင္းေနၾကတာရွိတယ္။ အဲ့ဒီလို ခြက္ေတြ၊ ဘာေတြ၊ ညာေတြနဲ႔”ဟု ဦးလင္းႏိုင္ျမင့္က ဆက္ၿပီးေျပာသည္။

အဆိုပါ ထိန္းသိမ္းခဲ့သည့္ အေျခအေနမဲ့လုပ္ကိုင္ စားေသာက္ေနသူမ်ားအား စည္ပင္သာယာရဲတပ္ဖြဲ႕မွတဆင့္ လူမႈဝန္ထမ္းဦးစီးဌာနသို႔ ဥပေဒနွင့္အညီ ဆက္လက္လႊဲေျပာင္းေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mz

#Unicode Version#
ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ လှည်းတန်းခုံးကျော်တံတားပတ်ဝန်းကျင်ရှိ အခြေအနေမဲ့လုပ်ကိုင် စားသောက်နေသူများအား လူ့အဖွဲ့အစည်းအတွက် မသင့်တော်၍ ထိန်းသိမ်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ပြောသည်။

ယနေ့သြဂုတ်လ ၁၁ ရက်၊ နံနက် ၁ဝ နာရီအချိန်တွင် အဆိုပါ အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူများကို ထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“အခြေအနေက တောင်းနေတာက ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက်လည်း မသင့်တော်ဘူးလေ။ ပြီးတဲ့အခါ ကျတော့ တောင်းတဲ့သူတွေမှာလည်း စီးပွားဖြစ်သဘောမျိုးတွေပါနေတယ်။ ပထမတော့ အခြေအနေမဲ့ပေါ့။ အခြေအနေမဲ့ကမှ နောက်ပိုင်းကျတော့ ဒီလမ်းကိုလျှောက်နေတဲ့အခါကျတော့ အလုပ်တစ်ခုလိုဖြစ်လာတယ်။ ဒါက ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းမှာလည်း ထိခိုက်လာနိုင်တယ်။ ထိခိုက်လာနိုင်တဲ့အတွက်လည်း မြို့နယ် တွေမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းကနေပြီးတော့ စနစ်တကျနဲ့ ဖယ်ရှားဆောင်ရွက်ခြင်းဖြစ်တယ်”ဟု အခြေအနေမဲ့လုပ်ကိုင်စားသောက်နေသူများအား ထိန်းသိမ်းရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ကမာရွတ်မြို့နယ်၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်၊ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က မဇ္ဈိမသို့ ပြောသည်။

ထို့သို့ လှည်းတန်းခုံးကျော်တံတားပတ်ဝန်းကျင်ရှိ အခြေအနေမဲ့လုပ်ကိုင် စားသောက်နေသူများအား ထိန်းသိမ်း ခဲ့ရာတွင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၇ ဦး၊ ကလေးငယ် (ကျား) ၁၆ ဦး၊ ကလေးငယ်(မ) ၁၄ ဦး စုစုပေါင်း ၄၂ ဦးတို့အား ထိန်းသိမ်းနိုင်ခဲ့ပြီး လက်ရှိတွင် စည်ပင်သာယာရဲတပ်ဖွဲ့သို့ လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ အရွယ်မရောက်တဲ့ ကလေးတွေနဲ့ ဟိုဟာတွေကိုတော့ သက်ဆိုင်ရာတွေက စိစစ်ဆောင်ရွက်ပြီး သူတို့ရဲ့ အနာဂတ်ရှေ့ရေးအတွက်လည်း စဉ်းစားပေးဖို့လိုတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီတောင်းတဲ့ ဥစ္စာက ကျွန် တော်တို့ လူ့အဖွဲ့အစည်းကို ထိခိုက်နိုင်ပေမယ့် တစ်ဖက်ကကြည့်လည်း ခိုးဆိုးလုနှိုက် လိမ်လည်တဲ့ကိစ္စလည်း မဟုတ်ပြန်ဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေမဲ့တွေကတောင်းတာရှိသလို တစ်ခြားသော နေရာတွေမှာလည်း တခြားသောသူတွေက ကိစ္စတစ်ခုအတွက် တောင်းနေကြတာရှိတယ်။ အဲ့ဒီလို ခွက်တွေ၊ ဘာတွေ၊ ညာတွေနဲ့”ဟု ဦးလင်းနိုင်မြင့်က ဆက်ပြီးပြောသည်။

အဆိုပါ ထိန်းသိမ်းခဲ့သည့် အခြေအနေမဲ့လုပ်ကိုင် စားသောက်နေသူများအား စည်ပင်သာယာရဲတပ်ဖွဲ့မှတဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ဥပဒေနှင့်အညီ ဆက်လက်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Mz
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top