iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာင္းသူေတြကို ဝင္ခြင့္ရမွတ္ ကန႔္သတ္ခဲ့တဲ့ နာမည္ေက်ာ္ ဂ်ပန္ေဆးတကၠသိုလ္ရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာက နစ္နာခဲ့တဲ့သူေတြကို ေတာင္းပန္လိုက္ပါတယ္။

၂ဝ၀၆ က စၿပီး တိုက်ိဳေဆးတကၠသိုလ္က ေက်ာင္းသူေတြရဲ႕ ဝင္ခြင့္စာေမးပြဲ ရလဒ္ေတြကို ျပင္ပစ္တယ္လို႔ စုံစမ္းေဖာ္ထုတ္ ခဲ့အၿပီးမွာ အခုလိုလူသိထင္ရွား ေတာင္းပန္တာ ျဖစ္ပါတယ္။

ေက်ာင္းသူေတြအေပၚ ကန႔္သတ္တဲ့ ဝင္ခြင့္စာေမးပြဲ ရလဒ္ေတြကို ၄ ႀကိမ္ထက္မနည္း ျပင္ပစ္တာကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

လူထုရဲ႕ယုံၾကည္မႈကို သစၥာေဖာက္တဲ့ လုပ္ရပ္ကို လုပ္ခဲ့မိတဲ့အေပၚ အထူးေတာင္းပန္ပါတယ္လို႔ တိုက်ိဳေဆးတကၠသိုလ္ရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ တက္ဆုအို ယူကီယိုကာက ၾသဂုတ္လ ၇ ရက္က ျပဳလုပ္တဲ့ စာနယ္ဇင္း ရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

လာမယ့္စာသင္ႏွစ္မွာေတာ့ ေက်ာင္းသူေတြအတြက္ ဝင္ခြင့္ရမွတ္ကို မွ်မွ်တတ ျဖစ္ေစရမယ္လို႔ တိုက်ိဳေဆးတကၠသိုလ္ ဒုဥကၠ႒က ေျပာပါတယ္။

တိုက်ိဳ ေဆးတကၠသိုလ္က အမ်ိဳးသမီး ဝင္ခြင့္ တင္းက်ပ္

ဂ်ပန္ရဲ႕ အႀကီးဆုံး သတင္းစာႀကီးျဖစ္တဲ့ ယိုမီယူရီရွင္ဘြန္းက တိုက်ိဳ ေဆးတကၠသိုလ္က ေက်ာင္းသူ အေရအတြက္ကို ၃ဝ ရာခိုင္ႏႈန္းေအာက္ပဲ ရွိေအာင္ ၂ဝ၁၁ က စၿပီး ဝင္ခြင့္ စာေမးပြဲ ရလဒ္ေတြကို ျပင္ပစ္တယ္ဆိုတဲ့ သတင္းကို ေဖာ္ျပလိုက္ၿပီးေနာက္ အခုလို ျပည္သူေတြအၾကား ဂယက္႐ိုက္ခဲ့တာလည္း ျဖစ္ပါတယ္။

အမ်ိဳးသမီးေတြဟာ ေဆးေက်ာင္းၿပီးေအာင္ မတက္ၾကတာ၊ ဆရာဝန္ျဖစ္ၿပီး ေနာက္ပိုင္း အိမ္ေထာင္သည္ ျဖစ္သြားခ်ိန္မွာ ေဆးကုတဲ့အလုပ္ကို စြန႔္လႊတ္သြားၾကလို႔ ေဆးတကၠသိုလ္ဘက္က အဲဒီ လုပ္တာလို႔လည္း သတင္းေတြမွာ ေဖာ္ျပပါတယ္။

အမ်ိဳးသမီးဘြဲ႕ရေတြဟာ က်န္းမာေရး လုပ္ငန္းခြင္ေတြမွာ တကယ္ဝင္မလုပ္ၾကတဲ့အတြက္ ေက်ာင္းသူ အေရအတြက္ေလွ်ာ့ဖို႔ ဝင္ခြင့္ရမွတ္ေတြ ျပင္ဖို႔ အာဏာပိုင္ေတြ တိတ္တဆိတ္ နားလည္မႈ ယူခဲ့တယ္ဆိုၿပီး သတင္းရင္းျမစ္တခုကလည္း ဂ်ပန္သတင္းစာတေစာင္ကို ေျပာဆိုခဲ့ပါတယ္။

၂၀၁၀ မတိုင္ခင္ကေတာ့ ေက်ာင္းသူ ၄၀ ရာခိုင္ႏႈန္းကို ဝင္ခြင့္ေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။ ဒီလို ခြဲျခား ဆက္ဆံတယ္ ဆိုတဲ့ သတင္းထြက္ေနတာကို စုံစမ္း စစ္ေဆးမယ္လို႔ ပုဂၢလိက ေဆးတကၠသိုလ္ဘက္က တုံ႔ျပန္ပါတယ္။

ဓာတ္ပုံ မူပိုင္ AFP

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC
# Unicode Version ျဖင့္ ဖတ္ပါ #
ကျောင်းသူတွေကို ဝင်ခွင့်ရမှတ် ကန့်သတ်ခဲ့တဲ့ နာမည်ကျော် ဂျပန်ဆေးတက္ကသိုလ်ရဲ့ မန်နေဂျင်းဒါရိုက်တာက နစ်နာခဲ့တဲ့သူတွေကို တောင်းပန်လိုက်ပါတယ်။

၂ဝ၀၆ က စပြီး တိုကျိုဆေးတက္ကသိုလ်က ကျောင်းသူတွေရဲ့ ဝင်ခွင့်စာမေးပွဲ ရလဒ်တွေကို ပြင်ပစ်တယ်လို့ စုံစမ်းဖော်ထုတ် ခဲ့အပြီးမှာ အခုလိုလူသိထင်ရှား တောင်းပန်တာ ဖြစ်ပါတယ်။

ကျောင်းသူတွေအပေါ် ကန့်သတ်တဲ့ ဝင်ခွင့်စာမေးပွဲ ရလဒ်တွေကို ၄ ကြိမ်ထက်မနည်း ပြင်ပစ်တာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လူထုရဲ့ယုံကြည်မှုကို သစ္စာဖောက်တဲ့ လုပ်ရပ်ကို လုပ်ခဲ့မိတဲ့အပေါ် အထူးတောင်းပန်ပါတယ်လို့ တိုကျိုဆေးတက္ကသိုလ်ရဲ့ မန်နေဂျင်းဒါရိုက်တာ တက်ဆုအို ယူကီယိုကာက သြဂုတ်လ ၇ ရက်က ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

လာမယ့်စာသင်နှစ်မှာတော့ ကျောင်းသူတွေအတွက် ဝင်ခွင့်ရမှတ်ကို မျှမျှတတ ဖြစ်စေရမယ်လို့ တိုကျိုဆေးတက္ကသိုလ် ဒုဥက္ကဋ္ဌက ပြောပါတယ်။

တိုကျို ဆေးတက္ကသိုလ်က အမျိုးသမီး ဝင်ခွင့် တင်းကျပ်

ဂျပန်ရဲ့ အကြီးဆုံး သတင်းစာကြီးဖြစ်တဲ့ ယိုမီယူရီရှင်ဘွန်းက တိုကျို ဆေးတက္ကသိုလ်က ကျောင်းသူ အရေအတွက်ကို ၃ဝ ရာခိုင်နှုန်းအောက်ပဲ ရှိအောင် ၂ဝ၁၁ က စပြီး ဝင်ခွင့် စာမေးပွဲ ရလဒ်တွေကို ပြင်ပစ်တယ်ဆိုတဲ့ သတင်းကို ဖော်ပြလိုက်ပြီးနောက် အခုလို ပြည်သူတွေအကြား ဂယက်ရိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ဆေးကျောင်းပြီးအောင် မတက်ကြတာ၊ ဆရာဝန်ဖြစ်ပြီး နောက်ပိုင်း အိမ်ထောင်သည် ဖြစ်သွားချိန်မှာ ဆေးကုတဲ့အလုပ်ကို စွန့်လွှတ်သွားကြလို့ ဆေးတက္ကသိုလ်ဘက်က အဲဒီ လုပ်တာလို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

အမျိုးသမီးဘွဲ့ရတွေဟာ ကျန်းမာရေး လုပ်ငန်းခွင်တွေမှာ တကယ်ဝင်မလုပ်ကြတဲ့အတွက် ကျောင်းသူ အရေအတွက်လျှော့ဖို့ ဝင်ခွင့်ရမှတ်တွေ ပြင်ဖို့ အာဏာပိုင်တွေ တိတ်တဆိတ် နားလည်မှု ယူခဲ့တယ်ဆိုပြီး သတင်းရင်းမြစ်တခုကလည်း ဂျပန်သတင်းစာတစောင်ကို ပြောဆိုခဲ့ပါတယ်။

၂၀၁၀ မတိုင်ခင်ကတော့ ကျောင်းသူ ၄၀ ရာခိုင်နှုန်းကို ဝင်ခွင့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလို ခွဲခြား ဆက်ဆံတယ် ဆိုတဲ့ သတင်းထွက်နေတာကို စုံစမ်း စစ်ဆေးမယ်လို့ ပုဂ္ဂလိက ဆေးတက္ကသိုလ်ဘက်က တုံ့ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP

ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top