iMyanmarHouse.com - Best Property Website for Myanmar
×

ရွမ္းျပည္ေျမာက္ပိုင္း၊ သီေပါျမိဳ႔နယ္ နမ့္လန္ေက်းရြာအုပ္စုဘက္မွာ ဒီကေန႔မနက္ ၁၀ နာရီေလာက္က ျခံထြက္ေျပာင္းေတြေရာင္းခ်ၿပီး ျပန္သြားတဲ့ ေတာင္သူလင္မယား ႏွစ္ဦး ေသနတ္နဲ႔ အပစ္ခံခဲ့ရပါတယ္။

ေနာင္၀ိုးရြာသား  လံုးစန္းေအာ ( အသက္  ၄၂ ႏွစ္ ) နဲ႔ ပါစန္းျမ  ( အသက္ ၄၈ ႏွစ္)တို႔ လင္မယား ႏွစ္ဦးမွာ နမ့္လန္မွာ ျခံထြက္ေျပာင္းေတြ ေရာင္းခ်အၿပီး ဆိုင္ကယ္နဲ႔ အျပန္ နမ့္လန္ နဲ႔ ၀မ္လီရြာၾကားမွာ အမည္မသိ ေသနတ္သမား ႏွဦးရဲ႕ပစ္ခတ္ခံခဲ့ရတာလို႔  ဒဏ္ရာရ သူေတြကို နမ့္လန္ေဆးရံုမွာ သြားၾကည့္ခဲ့တဲ့ နမ့္လန္ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုင္းေယာင္းက ဒီဗြီဘီကို ေျပာပါတယ္။

“ေယာက်္ားက ဘယ္ဘက္လက္ညဳိးကိုထိသြားတယ္၊ မိန္းမကနံၾကားမွာထိတယ္ ၊က်ည္ဆံက နံၾကားကေနေဖာက္ထြက္သြားလို႔ အေရးေပၚ ခြဲစိပ္ခန္း၀င္ေနတယ္။၊ သူတို႔လင္မယားက နမ့္လန္ကေန ဆိုင္ကယ္စီးၿပီးျပန္သြားေတာ့ လမ္းမွာ ဆိုုင္ကယ္စီးတဲ့ လူ ႏွစ္ ေယာက္က ေစာင့္ပစ္တယ္လို႔ေျပာတယ္။ အေရွ႔က ေမာင္းတဲ့ တေယာက္က လူငယ္ဘဲရွိေသးတယ္။ ပစ္တဲ့တေယာက္က လက္တိုအက်ၤီအျပာနဲ႔ အျဖဴကြက္က်ား ေဘာင္း ဘီရွည္၀တ္ထားတယ္တဲ့။ ေယာက်္ားကိုအရင္ထိေတာ့ ေယာက်္ားကဆိုင္ကယ္ရပ္မေပးဘဲဆ က္ေမာင္းတယ္။ အဲဒါနဲ႔ သူတို႔က အေနာက္ကေန ဆိုင္ကယ္နဲ႔ လိုက္ၿပီး  ထပ္ပစ္ေတာ့ မိန္း မကိုမွန္သြားတာ။ သူတို႔လင္မယားလည္း ေဆး႐ံုကို ႀကိဳးစားေမာင္းလာၾကတယ္။”

ပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး ေယာက်္ားျဖစ္သူက နမ့္လန္နယ္ေျမရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားထားပါတယ္။

ေသနတ္နဲ႔ ပစ္သြားသူေတြဟာ  ေရႊေငြဥစၥာပစၥည္း လုယက္ယူေဆာင္ျခင္းမရွိေၾကာင္းနဲ႔ ရန္ညိဳးရန္စတခုခုေၾကာင့္ ျဖစ္မယ္လို႔  နမ့္လန္ရြာ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

သီေပါၿမဳိ႕နယ္၊ နမ့္လန္အနီး မန္လီေက်းရြာမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကလည္း တပ္မေ တာ္သား ၁ ဦးနဲ႔ မိသားစု၀င္ေတြပါ စုစုေပါင္း ၃ ဦး ေစ်းကအျပန္ အမည္မသိေသနတ္သမားရဲ႔ ေခ်ာင္းေျမာင္းပစ္ခတ္ခံရလို႔ အားလံုးေသဆံုးခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုဘက်မှာ ဒီကနေ့မနက် ၁၀ နာရီလောက်က ခြံထွက်ပြောင်းတွေရောင်းချပြီး ပြန်သွားတဲ့ တောင်သူလင်မယား နှစ်ဦး သေနတ်နဲ့ အပစ်ခံခဲ့ရပါတယ်။

နောင်ဝိုးရွာသား  လုံးစန်းအော ( အသက်  ၄၂ နှစ် ) နဲ့ ပါစန်းမြ  ( အသက် ၄၈ နှစ်)တို့ လင်မယား နှစ်ဦးမှာ နမ့်လန်မှာ ခြံထွက်ပြောင်းတွေ ရောင်းချအပြီး ဆိုင်ကယ်နဲ့ အပြန် နမ့်လန် နဲ့ ဝမ်လီရွာကြားမှာ အမည်မသိ သေနတ်သမား နှဦးရဲ့ပစ်ခတ်ခံခဲ့ရတာလို့  ဒဏ်ရာရ သူတွေကို နမ့်လန်ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ နမ့်လန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းယောင်းက ဒီဗွီဘီကို ပြောပါတယ်။

“ယောကျ်ားက ဘယ်ဘက်လက်ညိုးကိုထိသွားတယ်၊ မိန်းမကနံကြားမှာထိတယ် ၊ကျည်ဆံက နံကြားကနေဖောက်ထွက်သွားလို့ အရေးပေါ် ခွဲစိပ်ခန်းဝင်နေတယ်။၊ သူတို့လင်မယားက နမ့်လန်ကနေ ဆိုင်ကယ်စီးပြီးပြန်သွားတော့ လမ်းမှာ ဆိုင်ကယ်စီးတဲ့ လူ နှစ် ယောက်က စောင့်ပစ်တယ်လို့ပြောတယ်။ အရှေ့က မောင်းတဲ့ တယောက်က လူငယ်ဘဲရှိသေးတယ်။ ပစ်တဲ့တယောက်က လက်တိုအင်္ကျီအပြာနဲ့ အဖြူကွက်ကျား ဘောင်း ဘီရှည်ဝတ်ထားတယ်တဲ့။ ယောကျ်ားကိုအရင်ထိတော့ ယောကျ်ားကဆိုင်ကယ်ရပ်မပေးဘဲဆ က်မောင်းတယ်။ အဲဒါနဲ့ သူတို့က အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပြီး  ထပ်ပစ်တော့ မိန်း မကိုမှန်သွားတာ။ သူတို့လင်မယားလည်း ဆေးရုံကို ကြိုးစားမောင်းလာကြတယ်။”

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ယောကျ်ားဖြစ်သူက နမ့်လန်နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

သေနတ်နဲ့ ပစ်သွားသူတွေဟာ  ရွှေငွေဥစ္စာပစ္စည်း လုယက်ယူဆောင်ခြင်းမရှိကြောင်းနဲ့ ရန်ညိုးရန်စတခုခုကြောင့် ဖြစ်မယ်လို့  နမ့်လန်ရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သီပေါမြို့နယ်၊ နမ့်လန်အနီး မန်လီကျေးရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း တပ်မေ တာ်သား ၁ ဦးနဲ့ မိသားစုဝင်တွေပါ စုစုပေါင်း ၃ ဦး ဈေးကအပြန် အမည်မသိသေနတ်သမားရဲ့ ချောင်းမြောင်းပစ်ခတ်ခံရလို့ အားလုံးသေဆုံးခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top