ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အာရွလမ္းမႀကီးေပၚမွာ ခရီးသြားျပည္သူေတြ အထိတ္တလန္႔ျဖစ္ေအာင္ ေသနတ္ေဖာက္ၿပီး ေငြေၾကးေတာင္းခံခဲ့တဲ့ နယ္ျခားေစာင့္ တပ္ဖဲြ႔ဝင္ႏွစ္ဦးကို စစ္စည္းကမ္းနဲ႔ အေရးယူလိုက္ၿပီလို႔ နယ္ျခားေစာင့္တပ္၊ ဗဟုိအႀကံေပးႏွင့္ကြပ္ကဲေရးအဖဲြ႔၊ ဗုိလ္မႉး ေဇာ္လင္းက ၾသဂုတ္ ၁ဝ ရက္ ညေန႔ ၅ နာရီက ဒီဗီြဘီကို ေျပာပါတယ္။

နယ္ျခားေစာင့္တပ္၊ အမွတ္ ၃ ဗဟုိအႀကံေပးႏွင့္ကြပ္ကဲေရးအဖဲြ႔၊ ဗုိလ္မႉး ေဇာ္လင္းက “က်ေနာ္တို႔ BGF တပ္က တပ္ဖဲြ႔ဝင္ျဖစ္တဲ့အတြက္ တပ္ရဲ႕စစ္စည္းကမ္း ဥပေဒအတိုင္း အေရးယူထားတယ္။ စစ္သားဆိုေတာ့ ျပႆနာ တစုံတရာျဖစ္လာရင္ တပ္ရဲ႕ ဥပေဒနဲ႔ပဲ ျပန္လည္အေရးယူရတယ္။ တပ္ရဲ႕ စည္းကမ္းကိုခ်ဳိးေဖာက္ရင္ သတ္ မွတ္ထားတဲ့ စည္းမ်ဥ္းအတိုင္း အျပစ္ဒဏ္ခံရမယ္” လို႔ ေျပာပါတယ္။

ၾသဂုတ္ ၉ ရက္ေန႔ မနက္ ၄ နာရီက ဘားအံ-ျမဝတီသြား အာရွလမ္းမႀကီးအနီး ရင္ကဲြေတာင္နဲ႔ ၁ မိုင္ခန္႔အကြာမွာ အမွတ္ ၁ဝ၂၂ တပ္ရင္းက တပ္သားအဆင့္ရွိ ေဇာ္ႀကီးနဲ႔ ခ်ာတိတ္(ခ) ေအးစန္းတို႔က ေအေက-၄၇၊ အမ္-၁၆ တို႔ကို ၁ လက္စီ ကိုင္ေဆာင္ၿပီး ကြမ္း၊ ေဆးလိပ္ဖိုး ေငြေတာင္းခံဖို႔ မ်က္ႏွာကို ပုဆိုးစည္းကာ ျမဝတီၿမိဳ႕ကိုထြက္ခြာလာတဲ့ ေမာ္ေတာ္ယာဥ္ေတြကို လက္နက္ျပ ေငြေတာင္းခံခဲ့တာပါ။

အဲဒီလို ေငြေတာင္းရာမွာ မရပ္ေပးခဲ့တဲ့အတြက္ ေသနတ္ ၂ ခ်က္ပစ္ေဖာက္ တားဆီးရာ မွန္လုံယာဥ္ရဲ႕ ညာဘက္ေနာက္ၾကည့္မွန္ကုိ ထိမွန္ခဲ့ေပမယ့္ ခရီးသည္ေတြကို ထိခိုက္မႈမရွိခဲ့ဘူးလို႔ တာဝန္ရွိသူက ေျပာပါတယ္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သားေတြ ဥပေဒခ်ဳိးေဖာက္ရင္ လုံးဝလက္မခံသလို လက္နက္ကိုင္အဖဲြ႔အစည္းမွာ စည္းကမ္းေဖာက္ဖ်က္ရင္ ျပင္းထန္စြာ အေရးယူေနတယ္လို႔ ဘားအံၿမိဳ႕၊ ေရေဘးသင့္ ျပည္သူေတြနဲ႔ ေတြ႔ဆုံစဥ္က ေျပာၾကားခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရဲမင္းေခါင္
# Unicode Version ျဖင့္ ဖတ္ပါ #
အာရှလမ်းမကြီးပေါ်မှာ ခရီးသွားပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် သေနတ်ဖောက်ပြီး ငွေကြေးတောင်းခံခဲ့တဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်စည်းကမ်းနဲ့ အရေးယူလိုက်ပြီလို့ နယ်ခြားစောင့်တပ်၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့၊ ဗိုလ်မှူး ဇော်လင်းက သြဂုတ် ၁ဝ ရက် ညနေ့ ၅ နာရီက ဒီဗွီဘီကို ပြောပါတယ်။

နယ်ခြားစောင့်တပ်၊ အမှတ် ၃ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့၊ ဗိုလ်မှူး ဇော်လင်းက “ကျနော်တို့ BGF တပ်က တပ်ဖွဲ့ဝင်ဖြစ်တဲ့အတွက် တပ်ရဲ့စစ်စည်းကမ်း ဥပဒေအတိုင်း အရေးယူထားတယ်။ စစ်သားဆိုတော့ ပြဿနာ တစုံတရာဖြစ်လာရင် တပ်ရဲ့ ဥပဒေနဲ့ပဲ ပြန်လည်အရေးယူရတယ်။ တပ်ရဲ့ စည်းကမ်းကိုချိုးဖောက်ရင် သတ် မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း အပြစ်ဒဏ်ခံရမယ်” လို့ ပြောပါတယ်။

သြဂုတ် ၉ ရက်နေ့ မနက် ၄ နာရီက ဘားအံ-မြဝတီသွား အာရှလမ်းမကြီးအနီး ရင်ကွဲတောင်နဲ့ ၁ မိုင်ခန့်အကွာမှာ အမှတ် ၁ဝ၂၂ တပ်ရင်းက တပ်သားအဆင့်ရှိ ဇော်ကြီးနဲ့ ချာတိတ်(ခ) အေးစန်းတို့က အေကေ-၄၇၊ အမ်-၁၆ တို့ကို ၁ လက်စီ ကိုင်ဆောင်ပြီး ကွမ်း၊ ဆေးလိပ်ဖိုး ငွေတောင်းခံဖို့ မျက်နှာကို ပုဆိုးစည်းကာ မြဝတီမြို့ကိုထွက်ခွာလာတဲ့ မော်တော်ယာဉ်တွေကို လက်နက်ပြ ငွေတောင်းခံခဲ့တာပါ။

အဲဒီလို ငွေတောင်းရာမှာ မရပ်ပေးခဲ့တဲ့အတွက် သေနတ် ၂ ချက်ပစ်ဖောက် တားဆီးရာ မှန်လုံယာဉ်ရဲ့ ညာဘက်နောက်ကြည့်မှန်ကို ထိမှန်ခဲ့ပေမယ့် ခရီးသည်တွေကို ထိခိုက်မှုမရှိခဲ့ဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားတွေ ဥပဒေချိုးဖောက်ရင် လုံးဝလက်မခံသလို လက်နက်ကိုင်အဖွဲ့အစည်းမှာ စည်းကမ်းဖောက်ဖျက်ရင် ပြင်းထန်စွာ အရေးယူနေတယ်လို့ ဘားအံမြို့၊ ရေဘေးသင့် ပြည်သူတွေနဲ့ တွေ့ဆုံစဉ်က ပြောကြားခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရဲမင်းခေါင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top