(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

နယူးေယာက္ျမိဳ႕က ဆိုရွယ္မီဒီယာစတားတစ္ဦးျဖစ္တဲ့ Coby Persin ဟာ စာအုပ္အဖံုးကိုၾကည့္ျပီး စာအုပ္ကို ေဝဖန္လို႔မရႏုိင္ဘူးဆိုတဲ့ စကားအတုိင္း စမ္းသပ္ဖို႔ စားေသာက္ဆိုင္တစ္ဆိုင္ကို အိမ္ေျခယာမဲ့တစ္ဦးလို ဝတ္ဆင္သြားျပီး စားေသာက္ဆိုင္က သူ႔ကို ဘယ္လိုဆက္ဆံမလဲဆိုတာ စမ္းသပ္ခဲ့ပါတယ္။

ျမင္ရတာတိုင္းက အမွန္တရားမဟုတ္ဘူးဆိုတာ သက္ေသျပဖို႔ ဖေလာ္ရီဒါရိွ စားေသာက္ဆိုင္တစ္ဆိုင္က ဝန္ထမ္းက သူ႔ကို ဘီလ်ံနာတစ္ဦးမွန္းမသိဘဲ အိမ္ယာမဲ့တစ္ဦးလို ဆက္ဆံခဲ့ပံုကို ႐ိုက္ျပခဲ့ပါတယ္။ (၃)မိနစ္ၾကာဗီဒီယုိမွာ Coby ကို ႏြမ္းႏြမ္းဖတ္ဖတ္ အဝတ္အစားဝတ္ထားကာ အမိႈက္ထုပ္ကို သယ္ထားျပီး စားေသာက္ဆိုင္ထဲ ဝင္ခြင့္ေတာင္းေနပံုေတြ႔ရပါတယ္။

Coby က စားေသာက္ဆိုင္ဝန္ထမ္းကို သူနဲ႔ သူ႔မိတ္ေဆြ Ronaldo တို႔အတြက္ အစားအေသာက္စာရင္း ၾကည့္လို႕ရႏုိင္မလားေမးခဲ့ရာ ဝန္ထမ္းက လမ္းကို ပိတ္ရပ္ထားခဲ့ျပီး ဒီဆိုင္က Coby အတြက္ ေစ်းႀကီးလြန္းတဲ့အတြက္ ဝန္ေဆာင္မႈေပးဖို႔ မျဖစ္ႏုိင္ေၾကာင္း ျပန္ေျပာခဲ့ပါတယ္။ ကိုယ္ေရးကိုယ္တာ စည္းမ်ဥး္မ်ားအရ ဝန္ထမ္းရဲ႕ မ်က္ႏွာကိုေတာ့ ဗီဒီယိုထဲမွာ Blur ထားခဲ့ပါတယ္။

ဒါေပမယ့္ Cody က ဝန္ထမ္းကို အခြင့္အေရးထပ္ေပးတဲ့အေနနဲ႔ “ကၽြန္ေတာ့္မွာ ေငြအမ်ားႀကီး ပါပါတယ္။ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္ မိတ္ေဆြအတြက္ အစားအေသာက္စာရင္းေလး ျပေပးပါ” လို႔ ေျပာခဲ့တဲ့အခါမွာေတာ့ ဝန္ထမ္းက “စိတ္မေကာင္းပါဘူး။ ခင္ဗ်ားတို႔ကို ဝန္ေဆာင္မႈမေပးႏုိင္ပါဘူး။ ထြက္သြားေပးပါ။ McDonald’s လို တျခားဆိုင္မ်ိဳးေတြဆီ သြားပါ” လို႔ ေမာင္းပါထုတ္ခဲ့ပါတယ္။

ထုိ႔ေနာက္မွာေတာ့ Coby က သူ႔မိတ္ေဆြ Ronaldo ကို ဖုန္းဆက္လွမ္းေခၚခဲ့ျပီး Ronaldo က Rolls Royce ကားကို ေမာင္းျပီး ေရာက္လာခဲ့တဲ့အျပင္ လက္ထဲမွာ ေငြေသတၱာတစ္ခုပါ ပါလာခဲ့ပါတယ္။ Coby က ၎ေသတၱာကို ဆိုင္ဝန္ထမ္းအား ျပခဲ့ျပီး “ကၽြန္ေတာ့္မွာ ေငြရိွတယ္လို႔ေျပာခဲ့သားပဲ။ လူေတြကို အျမင္တစ္ခုတည္းနဲ႔ မဆံုးျဖတ္ပါနဲ႔။ ဒီဆိုင္ကို ဝယ္ျပီး ခင္ဗ်ားကို အလုပ္ျဖဳတ္ပစ္ႏုိင္တယ္” လို႔ ေျပာခဲ့ပါတယ္။

Youtube စတား Coby Persin က လူေတြကို အျမင္တစ္ခုတည္းနဲ႔ မေဝဖန္ မဆက္ဆံဖို႔ အခုလိုဗီဒီယုိကို ႐ုိက္ကူးတင္ဆက္ခဲ့ျပီး  ပရိသတ္ႀကီးလည္း ဒီဗီဒီယိုကတစ္ဆင့္ အေတြးတစ္ခုခု ရႏုိင္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
နယူးယောက်မြို့က ဆိုရှယ်မီဒီယာစတားတစ်ဦးဖြစ်တဲ့ Coby Persin ဟာ စာအုပ်အဖုံးကိုကြည့်ပြီး စာအုပ်ကို ဝေဖန်လို့မရနိုင်ဘူးဆိုတဲ့ စကားအတိုင်း စမ်းသပ်ဖို့ စားသောက်ဆိုင်တစ်ဆိုင်ကို အိမ်ခြေယာမဲ့တစ်ဦးလို ဝတ်ဆင်သွားပြီး စားသောက်ဆိုင်က သူ့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ စမ်းသပ်ခဲ့ပါတယ်။

မြင်ရတာတိုင်းက အမှန်တရားမဟုတ်ဘူးဆိုတာ သက်သေပြဖို့ ဖလော်ရီဒါရှိ စားသောက်ဆိုင်တစ်ဆိုင်က ဝန်ထမ်းက သူ့ကို ဘီလျံနာတစ်ဦးမှန်းမသိဘဲ အိမ်ယာမဲ့တစ်ဦးလို ဆက်ဆံခဲ့ပုံကို ရိုက်ပြခဲ့ပါတယ်။ (၃)မိနစ်ကြာဗီဒီယိုမှာ Coby ကို နွမ်းနွမ်းဖတ်ဖတ် အဝတ်အစားဝတ်ထားကာ အမှိုက်ထုပ်ကို သယ်ထားပြီး စားသောက်ဆိုင်ထဲ ဝင်ခွင့်တောင်းနေပုံတွေ့ရပါတယ်။

Coby က စားသောက်ဆိုင်ဝန်ထမ်းကို သူနဲ့ သူ့မိတ်ဆွေ Ronaldo တို့အတွက် အစားအသောက်စာရင်း ကြည့်လို့ရနိုင်မလားမေးခဲ့ရာ ဝန်ထမ်းက လမ်းကို ပိတ်ရပ်ထားခဲ့ပြီး ဒီဆိုင်က Coby အတွက် ဈေးကြီးလွန်းတဲ့အတွက် ဝန်ဆောင်မှုပေးဖို့ မဖြစ်နိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာ စည်းမျဥ်းများအရ ဝန်ထမ်းရဲ့ မျက်နှာကိုတော့ ဗီဒီယိုထဲမှာ Blur ထားခဲ့ပါတယ်။

ဒါပေမယ့် Cody က ဝန်ထမ်းကို အခွင့်အရေးထပ်ပေးတဲ့အနေနဲ့ “ကျွန်တော့်မှာ ငွေအများကြီး ပါပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် မိတ်ဆွေအတွက် အစားအသောက်စာရင်းလေး ပြပေးပါ” လို့ ပြောခဲ့တဲ့အခါမှာတော့ ဝန်ထမ်းက “စိတ်မကောင်းပါဘူး။ ခင်ဗျားတို့ကို ဝန်ဆောင်မှုမပေးနိုင်ပါဘူး။ ထွက်သွားပေးပါ။ McDonald’s လို တခြားဆိုင်မျိုးတွေဆီ သွားပါ” လို့ မောင်းပါထုတ်ခဲ့ပါတယ်။

ထို့နောက်မှာတော့ Coby က သူ့မိတ်ဆွေ Ronaldo ကို ဖုန်းဆက်လှမ်းခေါ်ခဲ့ပြီး Ronaldo က Rolls Royce ကားကို မောင်းပြီး ရောက်လာခဲ့တဲ့အပြင် လက်ထဲမှာ ငွေသေတ္တာတစ်ခုပါ ပါလာခဲ့ပါတယ်။ Coby က ၎င်းသေတ္တာကို ဆိုင်ဝန်ထမ်းအား ပြခဲ့ပြီး “ကျွန်တော့်မှာ ငွေရှိတယ်လို့ပြောခဲ့သားပဲ။ လူတွေကို အမြင်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ ဒီဆိုင်ကို ဝယ်ပြီး ခင်ဗျားကို အလုပ်ဖြုတ်ပစ်နိုင်တယ်” လို့ ပြောခဲ့ပါတယ်။

Youtube စတား Coby Persin က လူတွေကို အမြင်တစ်ခုတည်းနဲ့ မဝေဖန် မဆက်ဆံဖို့ အခုလိုဗီဒီယိုကို ရိုက်ကူးတင်ဆက်ခဲ့ပြီး  ပရိသတ်ကြီးလည်း ဒီဗီဒီယိုကတစ်ဆင့် အတွေးတစ်ခုခု ရနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top