ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ ေညာင္ ပင္ေလးေစ်းေရွ႕ရွိ ကြန္ကရစ္ကမ္းနားလမ္း ေပၚေမာင္းေနေသာ ကုန္ေသတၱာတင္ယာဥ္ 2C/ .. . . . သည္ အရိွန္လြန္၍ လမ္းေဘး ညေစ်းတန္းအေရာင္းဆိုင္မ်ားကို ဝင္ေရာက္ တိုက္မိေသာ ျဖစ္ရပ္တစ္ခု ယေန႔ မြန္းလြဲ ၂ နာရီ ၁၅ မိနစ္ခန္႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

''ကီလီလမ္းဘက္ကိုသြားရင္း ဇက္လည္ၿပီးျဖစ္တာလို႔ ယူဆရ ပါတယ္။ ေလာေလာဆယ္ေတာ့ စစ္ေဆးေနတုန္းပါပဲ''ဟု ယာဥ္ ထိန္းအရာရိွတစ္ဦးက ေျပာသည္။

အဆိုပါျဖစ္ပြားမႈေၾကာင့္ ယာဥ္ေမာင္းႏွင္သူ အနည္းငယ္ဒဏ္ရာ ရရွိ၍ ဆိုင္မ်ားတြင္ရိွေနေသာပစၥည္းမ်ား ပ်က္စီးသည့္အျပင္ လမ္းေဘးအကာတန္းမ်ား ပ်က္စီးျခင္း၊ ဓာတ္တိုင္တစ္တိုင္ၿပိဳလဲကာ CCTV ႏွင့္ မီးခြက္မ်ားကြဲျခင္း၊ လမ္းေဘးအေရာင္းဆိုင္မ်ားဆီသို႔ သြယ္တန္းထားေသာ ေရပိုက္လိုင္းမႀကီး က်ဳိးျခင္းမ်ားျဖစ္ေပၚခဲ့ ေၾကာင္းသိရသည္။

''ဆိုင္ကလူေတြေတာ့ မထိမိတာကံေကာင္းပါတယ္။ ပ်က္စီး တဲ့ဆိုင္ေတြေတာ့ အခုစာရင္းေကာက္ေနတုန္းပါပဲ။ ေလာေလာ ဆယ္ အၾကမ္းဖ်င္းက ဆိုင္ငါးဆိုင္ေက်ာ္မယ္လို႔ ခန္႕မွန္းရတယ္။ စာရင္း ေကာက္ေနဆဲျဖစ္လို႔ အတိအက်ေျပာမရေသးတာပါ''ဟု လမ္းမ ေတာ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ ဦးစီးအရာရိွ ဦးေက်ာ္ ေအးကေျပာသည္။

သုခ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Union Daily
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ညောင် ပင်လေးဈေးရှေ့ရှိ ကွန်ကရစ်ကမ်းနားလမ်း ပေါ်မောင်းနေသော ကုန်သေတ္တာတင်ယာဉ် 2C/ .. . . . သည် အရှိန်လွန်၍ လမ်းဘေး ညဈေးတန်းအရောင်းဆိုင်များကို ဝင်ရောက် တိုက်မိသော ဖြစ်ရပ်တစ်ခု ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''ကီလီလမ်းဘက်ကိုသွားရင်း ဇက်လည်ပြီးဖြစ်တာလို့ ယူဆရ ပါတယ်။ လောလောဆယ်တော့ စစ်ဆေးနေတုန်းပါပဲ''ဟု ယာဉ် ထိန်းအရာရှိတစ်ဦးက ပြောသည်။

အဆိုပါဖြစ်ပွားမှုကြောင့် ယာဉ်မောင်းနှင်သူ အနည်းငယ်ဒဏ်ရာ ရရှိ၍ ဆိုင်များတွင်ရှိနေသောပစ္စည်းများ ပျက်စီးသည့်အပြင် လမ်းဘေးအကာတန်းများ ပျက်စီးခြင်း၊ ဓာတ်တိုင်တစ်တိုင်ပြိုလဲကာ CCTV နှင့် မီးခွက်များကွဲခြင်း၊ လမ်းဘေးအရောင်းဆိုင်များဆီသို့ သွယ်တန်းထားသော ရေပိုက်လိုင်းမကြီး ကျိုးခြင်းများဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။

''ဆိုင်ကလူတွေတော့ မထိမိတာကံကောင်းပါတယ်။ ပျက်စီး တဲ့ဆိုင်တွေတော့ အခုစာရင်းကောက်နေတုန်းပါပဲ။ လောလော ဆယ် အကြမ်းဖျင်းက ဆိုင်ငါးဆိုင်ကျော်မယ်လို့ ခန့်မှန်းရတယ်။ စာရင်း ကောက်နေဆဲဖြစ်လို့ အတိအကျပြောမရသေးတာပါ''ဟု လမ်းမ တော်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးစီးအရာရှိ ဦးကျော် အေးကပြောသည်။

သုခ

ဖိုးသူတော် (www.phothutaw.com)
Credit: The Union Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top