ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×

ရန်ကုန်စည်ပင်သာယာရေးနယ်နမိတ်အတွင်းဝတ်လစ်စားလစ်ဖြင့်အမျိုးသမီးများဧည့်ခံသော ကာရာအိုကေဆိုင် ၂ ဆိုင်ထက်မနည်းရှိနေကြောင်းသိရသည်။





Credit: D Khit Media

#Unicode Version#
ရန်ကုန်စည်ပင်သာယာရေးနယ်နမိအတွင်းဝတ်လစ်စားလစ်ဖြင့်အမျိုးသမီးများဧည့်ခံသော ကာရာအိုကေဆိုင် ၂ ဆိုင်ထက်မနည်းရှိနေကြောင်းသိရသည်။

ဆိုရှယ်မီဒီယာပေါ်တွင်ကာရာအိုကေဆိုင်တစ်ဆိုင်၌ အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားနှစ်ဦးတို့၏ ကာရာအိုကေအခန်းအတွင်းဝတ်လစ်စားလစ်ဗီဒီယိုတက်လာပြီးနောက်ပြောဆိုသံများထွက်လာခြင်းဖြစ်သည်။

ပထမတွင်နိုင်ငံခြားမှဆိုင်တစ်ဆိုင်ဟုပြောဆိုကြသော်လည်းစားပွဲပေါ်တွင် မြန်မာဘီယာသံဘူးများတင်ထားသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိဆိုင်ဟု ကောက်ချက်ချကြသည်။

ထိုအသိုင်းအဝိုင်းနှင့်ရင်းနှီးသူတစ်ဦးက အင်းစိန်ဘက်မှာတရုတ်တွေဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်ရှိတယ်။အဲဒီကအမျိုးသမီးတွေက တရုတ်မတွေများတယ်။ မြန်မာမလေးတွေလည်းရှိတယ်။

ဗဟန်းမှာလည်းဆိုင်တစ်ဆိုင်ရှိတယ်။ဗဟန်းဆိုင်က မြန်မာပိုင်တာ။အမျိုးသမီးတွေကတော့ဖိလစ်ပိုင်နဲ့ ထိုင်းမတွေများတယ်ဟု ပြောသည်။

ပြည်သူများက ယခုကဲ့သို့ဆိုရှယ်မီဒီယာပေါ်တွင် ဗီဒီယိုတက်လာသည့်တိုင်အောင် သက်ဆိုင်ရာ ရဲတပ်ဖွဲက အရေးယူခြင်းမရှိသေးသည့်အပေါ် ဝေဖန်နေကြပြီး ထိုဆိုင်များတွင်အလုပ်လုပ်နေသော ပြည်ပနိုင်ငံများမှ အမျိုးသမီးလေးများသည် တရားဝင်လာရောက်လုပ်ကိုင်ခြင်းဟုတ်မဟုတ်ဝေဖန်လျက်ရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: D Khit Media
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top