iMyanmarHouse.com - Best Property Website for Myanmar
×

 ၿဖိဳးျမတ္​​ေအာင္​က Winner ရရင္​ ဘုရားထီးတင္​မယ္​ ​ေျပာတာကို Vote ခ်ဳခ်င္​လို႔ ဘာသာ​ေရးကို ခုတံုးလုပ္​တယ္​ ​ေျပာၾကတယ္​…တကယ္​က သူ႔စိတ္​ထဲမွာ Voting ရဖို႔ ဒီလို​ေျပာမယ္​လို႔ ​ေတြး​ေတာင္​ ​ေတြးမိမွာမဟုတ္​ပါဘူး…

သူ ထီးတင္​မယ္​လို႔ ​ေျပာတဲ့ဘုရားဟာ…သူတို႔အိမ္​က​ေန လွမ္​းၾကည္​့ရင္​ ျမင္​ရတဲ့ဘုရား… လက္​႐ွိ ဘုရားရဲ႕ထီး​ေတာ္​ဟာ သူ႔အ​ေဖ မဆံုးခင္​က မိသားစု​ေတြ တင္​ခဲ့တာပါ

အခု သူ႔အ​ေဖဆံုးလို႔ စီးပြား​ေရးက်ခ်ိန္​ ထီး​ေတာ္​ကလဲ ျပန္​တင္​ဖို႔ လိုအပ္​​ေနၿပီလို႔ သူၾကား​ေတာ့…အိမ္​က​ေန ဘုရားကို ျမင္​​ေနရခ်ိန္​တိုင္​း သူ႔မွာသာ ပိုက္​ဆံ႐ွိခဲ့ရင္​ သူ႔အ​ေဖလႈခဲ့တဲ့ထီး သူျပန္​တင္​ခ်င္​လိုက္​တာ လို႔ စိတ္​ကူး႐ွိခဲ့မွာ​ေပါ့…ဘယ္​သူမဆို မိဘလႈခဲ့တဲ့ အရာ​ေလး​ေတြ ပ်က္​ဆီးသြားတဲ့အခါ သားသမီးကိုယ္​တိုင္​ ျပန္​ျပဳျပင္​တဲ့ အလႈ႐ွင္​ျဖစ္​ခ်င္​တာ ဆန္​းမွ မဆန္​းတာ​ေလ…ဒါ​ေပမဲ့ သူဆႏၵကို အ႐ိုးသားဆံုးဖြင္​့​ေျပာမိခဲ့တာက သူ႔အတြက္​ ​ေျပာစရာ​ျဖစ္​​ေစခဲ့တယ္​……

ခုအခ်ိန္​မွာ​ေတာ့ ၿဖိဳးျမတ္​​ေအာင္​ကို ပရိတ္​သတ္​​ေတြ အား​ေပးၾကတာ​ တကယ္​ကို ​ေၾကာက္​ခမန္​းလိလိပါ…သူဒီလို ​ေအာင္​ျမင္​တာလဲ တကယ္​​ေတာ့ သိပ္​​မထူးဆန္​းပါဘူး…သူလုပ္​ခဲ့တဲ့ကံ၊ သူထားခဲ့တဲ့ ​ေစတနာ​ေတြဟာ ဘ၀​ေတာင္​ မကူးဘဲ လက္​႐ွိဘ၀မွာတင္​ သူ႔ကို အက်ိဳး​ေပးတာပါ…

တႏွစ္​က (2016 Jun )လ…သူ​ေငြမ႐ွာႏိုင္​​ေသးတဲ့အခ်ိန္​ သူ႔လက္​ထဲ ​ေငြပိုပိုလ်ွံလ်ွံ မ႐ွိတဲ့အခ်ိန္​မွာ​ေတာင္​ လမ္​း​ေဘးက စြန္​႔ပစ္​ခံအဘိုးအဖြား​ေတြကို ​ေစာင္​့​ေ႐ွာက္​ထားတဲ့ ပံု႔တို႔ ခိုလံႈရာ ခိုကိုးရာမဲ့ ဘိုးဘြားရိပ္​သာ​ေလးကို သူတတ္​ႏိုင္​သ​ေလာက္​ လာလႈခဲ့တယ္​…

ၿပီး​ေတာ့ သူ႔စိတ္​ကူး​ေလးကို​ေတာင္​ ​ေျပာျပ​ေသးတယ္​…”…အမ​ေရတဲ့ သားအ​ေခြထြက္​၇င္​ အ​ေခြ ၅၀ ကို ခိုလံႈရာအတြက္​ လႈမယ္​ သိလား…”..တဲ့​ေလ…​ျပန္​​ေတာင္​ ​ေျပာမိ​ေသးတယ္​…”…အမ​ေလးဟယ္​လို႔ နင္​့အ​ေခြက ဘယ္​​ေတာ့ ထြက္​မွာ မို႔လဲလို႔

​ေခြမထြက္​လို႔ လာမလႈႏိုင္​​ေတာ့​ေပမဲ့… အလႈ႐ွင္​​ေတြ ခဏခဏ​ေခၚလာ​ေပးတယ္​…သန္​႔႐ွင္​း​ေရးလုပ္​စရာ႐ွိလဲ လာလုပ္​​ေပးတယ္​…အလႈ႐ွိရင္​လဲ ​ေအာက္​​ေျခသိမ္​း အကုန္​လုပ္​တယ္​….စြန္​႔ပစ္​ခံရတဲ့သူ​ေတြ႔လို႔ သြား​ေခၚရမယ္​ အဂၢနီ​ေရ လိုက္​ခဲ့ဆိုလဲ…သူ​ေရာ သူ႔အကုိ​ေရာ မျငင္​း႐ွာဘူး…ခ်က္​ခ်င္​းလိုက္​တယ္​…လမ္​းလဲ အစစအရာရာ အကုန္​ လုပ္​​ေပး႐ွာတယ္​..

အခု ၂ ႏွစ္​အၾကာ သူ​အရမ္​း​ေအာင္​ျမင္​​ေနတာၾကည္​့ၿပီ…သူ​ေျပာခဲ့တဲ့ စကား​ေတြ သူလုပ္​ခဲ့တာ​ေတြကို ျပန္​စဥ္​းစားမိတယ္​…သံ​ေ၀ဂလဲ ရမိတယ္​…လူတစ္​​ေယာက္​ ဘယ္​​ေလာက္​ပဲ နိမ္​့က်​ေနပါ​ေစ…သူတ​ေန႔ ဘာျဖစ္​မယ္​ ဆိုတဲ့ ကံကို ဘယ္​သူမွ မသိႏိုင္​ပါဘူး…ကံ ဆိုတာ အလုပ္​မို႔ သူလုပ္​ခဲ့တဲ့ ​ေစတနာ​ေတြဟာ…သူ႔ကို ခ်က္​ခ်င္​းအက်ိဳး​ေတြ ​ေပး​ေနတာပါ…ရည္​ရြယ္​ခ်က္​​ေကာင္​းနဲ႔စခဲ့တဲ့ အႏုပညာခရီးဟာ ​ေအာင္​ျမင္​​ေနတာပါ

အခု​ေအာင္​ျမင္​​ေတာ့လဲ သူ ခိုလံႈရာကို လာလႈတယ္​…သူ​ေနခဲ့တဲ့​ေက်ာင္​း…သူကိုးကြယ္​တဲ့ ဘုန္​းႀကီး​ေက်ာင္​းကို သူျပန္​လာလႈတယ္​…ဒါ​ေတြဟာ Winner ရခ်င္​လို႔ ဘာသာ​ေရးကို ခုတံုးလုပ္​တာ မဟုတ္​ပါဘူး…သူ႔စိတ္​ကူး​ေတြ တကယ္​ျဖစ္​လာတာပါ…..

​ေစတနာ​ေကာင္းရင္​ ကံ​ေကာင္​းတတ္​တာမို႔…MMID မွာ Winner ရသည္​ျဖစ္​​ေစ၊ မရသည္​ျဖး္​​ေစ ပရိတ္​သတ္​ရင္​ထဲမွာ​ေတာ့ Winner ျဖစ္​​ေနပါၿပီ…သူကိုၾကည္​့ၿပီး ကံ ကံ၏အက်ိဳးကို ယံုၾကည္​ကာ…အားလံုးလဲ ကံ​ေကာင္​းၾကပါ​ေစ…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thinnshwesinhlaing
# Unicode Version ျဖင့္ ဖတ္ပါ#
ဖြိုးမြတ်အောင်က Winner ရရင် ဘုရားထီးတင်မယ် ပြောတာကို Vote ချုချင်လို့ ဘာသာရေးကို ခုတုံးလုပ်တယ် ပြောကြတယ်…တကယ်က သူ့စိတ်ထဲမှာ Voting ရဖို့ ဒီလိုပြောမယ်လို့ တွေးတောင် တွေးမိမှာမဟုတ်ပါဘူး…

သူ ထီးတင်မယ်လို့ ပြောတဲ့ဘုရားဟာ…သူတို့အိမ်ကနေ လှမ်းကြည့်ရင် မြင်ရတဲ့ဘုရား… လက်ရှိ ဘုရားရဲ့ထီးတော်ဟာ သူ့အဖေ မဆုံးခင်က မိသားစုတွေ တင်ခဲ့တာပါ

အခု သူ့အဖေဆုံးလို့ စီးပွားရေးကျချိန် ထီးတော်ကလဲ ပြန်တင်ဖို့ လိုအပ်နေပြီလို့ သူကြားတော့…အိမ်ကနေ ဘုရားကို မြင်နေရချိန်တိုင်း သူ့မှာသာ ပိုက်ဆံရှိခဲ့ရင် သူ့အဖေလှုခဲ့တဲ့ထီး သူပြန်တင်ချင်လိုက်တာ လို့ စိတ်ကူးရှိခဲ့မှာပေါ့…ဘယ်သူမဆို မိဘလှုခဲ့တဲ့ အရာလေးတွေ ပျက်ဆီးသွားတဲ့အခါ သားသမီးကိုယ်တိုင် ပြန်ပြုပြင်တဲ့ အလှုရှင်ဖြစ်ချင်တာ ဆန်းမှ မဆန်းတာလေ…ဒါပေမဲ့ သူဆန္ဒကို အရိုးသားဆုံးဖွင့်ပြောမိခဲ့တာက သူ့အတွက် ပြောစရာဖြစ်စေခဲ့တယ်……

ခုအချိန်မှာတော့ ဖြိုးမြတ်အောင်ကို ပရိတ်သတ်တွေ အားပေးကြတာ တကယ်ကို ကြောက်ခမန်းလိလိပါ…သူဒီလို အောင်မြင်တာလဲ တကယ်တော့ သိပ်မထူးဆန်းပါဘူး…သူလုပ်ခဲ့တဲ့ကံ၊ သူထားခဲ့တဲ့ စေတနာတွေဟာ ဘဝတောင် မကူးဘဲ လက်ရှိဘဝမှာတင် သူ့ကို အကျိုးပေးတာပါ…

တနှစ်က (2016 Jun )လ…သူငွေမရှာနိုင်သေးတဲ့အချိန် သူ့လက်ထဲ ငွေပိုပိုလျှံလျှံ မရှိတဲ့အချိန်မှာတောင် လမ်းဘေးက စွန့်ပစ်ခံအဘိုးအဖွားတွေကို စောင့်ရှောက်ထားတဲ့ ပုံ့တို့ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာလေးကို သူတတ်နိုင်သလောက် လာလှုခဲ့တယ်…

ပြီးတော့ သူ့စိတ်ကူးလေးကိုတောင် ပြောပြသေးတယ်…”…အမရေတဲ့ သားအခွေထွက်၇င် အခွေ ၅၀ ကို ခိုလှုံရာအတွက် လှုမယ် သိလား…”..တဲ့လေ…ပြန်တောင် ပြောမိသေးတယ်…”…အမလေးဟယ်လို့ နင့်အခွေက ဘယ်တော့ ထွက်မှာ မို့လဲလို့

ခွေမထွက်လို့ လာမလှုနိုင်တော့ပေမဲ့… အလှုရှင်တွေ ခဏခဏခေါ်လာပေးတယ်…သန့်ရှင်းရေးလုပ်စရာရှိလဲ လာလုပ်ပေးတယ်…အလှုရှိရင်လဲ အောက်ခြေသိမ်း အကုန်လုပ်တယ်….စွန့်ပစ်ခံရတဲ့သူတွေ့လို့ သွားခေါ်ရမယ် အဂ္ဂနီရေ လိုက်ခဲ့ဆိုလဲ…သူရော သူ့အကိုရော မငြင်းရှာဘူး…ချက်ချင်းလိုက်တယ်…လမ်းလဲ အစစအရာရာ အကုန် လုပ်ပေးရှာတယ်..

အခု ၂ နှစ်အကြာ သူအရမ်းအောင်မြင်နေတာကြည့်ပြီ…သူပြောခဲ့တဲ့ စကားတွေ သူလုပ်ခဲ့တာတွေကို ပြန်စဉ်းစားမိတယ်…သံဝေဂလဲ ရမိတယ်…လူတစ်ယောက် ဘယ်လောက်ပဲ နိမ့်ကျနေပါစေ…သူတနေ့ ဘာဖြစ်မယ် ဆိုတဲ့ ကံကို ဘယ်သူမှ မသိနိုင်ပါဘူး…ကံ ဆိုတာ အလုပ်မို့ သူလုပ်ခဲ့တဲ့ စေတနာတွေဟာ…သူ့ကို ချက်ချင်းအကျိုးတွေ ပေးနေတာပါ…ရည်ရွယ်ချက်ကောင်းနဲ့စခဲ့တဲ့ အနုပညာခရီးဟာ အောင်မြင်နေတာပါ

အခုအောင်မြင်တော့လဲ သူ ခိုလှုံရာကို လာလှုတယ်…သူနေခဲ့တဲ့ကျောင်း…သူကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို သူပြန်လာလှုတယ်…ဒါတွေဟာ Winner ရချင်လို့ ဘာသာရေးကို ခုတုံးလုပ်တာ မဟုတ်ပါဘူး…သူ့စိတ်ကူးတွေ တကယ်ဖြစ်လာတာပါ…..

စေတနာကောင်းရင် ကံကောင်းတတ်တာမို့…MMID မှာ Winner ရသည်ဖြစ်စေ၊ မရသည်ဖြ်းစေ ပရိတ်သတ်ရင်ထဲမှာတော့ Winner ဖြစ်နေပါပြီ…သူကိုကြည့်ပြီး ကံ ကံ၏အကျိုးကို ယုံကြည်ကာ…အားလုံးလဲ ကံကောင်းကြပါစေ…..

ဖိုးသူတော် (www.phothutaw.com)
Credit: Thinnshwesinhlaing
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top