ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မိုင္းဖုန္းဆရာေတာ္ဟာ ထူးျခားတဲ့ ပါရမီရွင္ တစ္ပါးျဖစ္ပါတယ္။ ေမြးဖြားစဥ္က မိုးေတြအဆက္မျပတ္ ႐ြာသြန္းၿဖိဳး ခဲ့တာေၾကာင့္ အဖြားျဖစ္သူက ဘုန္းကံထူးတဲ့ ကေလးကို ရွမ္း ဘာသာအားျဖင့္ “ပုေခ္းrဝုမ့္” အဆက္မျပတ္ေသာ မိုးစက္ကဲ့သို႔ ပုညေကာင္းမႈရွိတဲ့သူဟု အမည္ေပးခဲ့ပါတယ္။ အသံဖလွယ္စနစ္ျဖင့္ “ပ”ကို “မ”သို႔ေျပာင္း၊ “မ”မွ “ဝ”သို႔ေျပာင္းကာ ရွမ္းလို “ေက်ာက္ဝုမ္းစုမ့္”ဟု ေခၚတြင္ပါတယ္။ ေနထိုင္သီတင္းသုံးတဲ့ ေဒသကို အစြဲျပဳၿပီး “မိုင္းဖုန္းဆရာေတာ္”ဟုလည္း ေခၚၾကပါတယ္။

ပါရမီရွင္ရဲ႕ ဘဝနိဒါန္းကေတာ့ ညိဳးႏြမ္းတာနဲ႔ စခဲ့ရပါတယ္။ တစ္ဝမ္းတစ္ခါးအတြက္ ႐ိုးသားစြာ ေတာင္းစားခဲ့ရရွာတယ္။ မုဆိုးမ မိခင္ႀကီးကိုေရာ အ႐ြယ္မေရာက္ေသးတဲ့ ညီမေလးကိုေရာ အ႐ြယ္နဲ႔မမွ်ေအာင္ ျပဳစုေစာင့္ေရွာက္လာခဲ့ရတယ္

ကိုရင္ဘဝ ထူးျခားလွ

ေနာက္ပိုင္း ပါရမီရဲ႕ အရွိန္ေၾကာင့္ သာမေဏေဘာင္ကို ေရာက္လာပါတယ္။ ၁၁ ႏွစ္သား သာမေဏေလးဘဝကပင္ ရွမ္းျပည္နယ္ အေရွ႕ပိုင္းနဲ႔ ထိုင္းႏိုင္ငံ ေျမာက္ပိုင္းမွာ “ပါရမီရွင္ ကိုရင္ေလး”ဆိုၿပီး လူသိမ်ားလာခဲ့တယ္။ လူသိမ်ာတဲ့ အေၾကာင္းရင္းက ကိုရင္ေလးဘဝနဲ႔ ေက်ာင္းေတာ္ႀကီးကို ဦးေဆာင္ ေဆာက္လုပ္လႉဒါန္းႏိုင္ျခင္း၊ ရလာသမွ် အလႉပစၥည္းမ်ားကို တြယ္တာမႈ အလ်ဥ္းမရွိဘဲ ျပန္လည္ စြန႔္လႊတ္လႉဒါန္းျခင္း၊ ကိုရင္ေလးဘဝကပင္ ဝါတြင္း ၃ လပါတ္လုံး ဂူေအာင္း တရားက်င့္ျခင္း၊ ယခုလို လူသိမမ်ားေသးတဲ့ အခ်ိန္ မိမိရဲ႕ ေမြးေန႔မွာ သက္ႀကီး႐ြယ္အိုမ်ားကို ဝတ္စင္ျဖဴမ်ား လႉဒါန္းျခင္း သီလေပးျခင္း တရားေဟာျခင္းမ်ား ျပဳလုပ္ခဲ့ပါတယ္။

အထူးသျဖင့္ ဆရာေတာ္ေလာင္းလ်ာ ကိုရင္ေလး ဉာဏသံဝရရဲ႕ သီလဂုဏ္၊ ရဲရင့္ရက္ေရာတဲ့ဂုဏ္အျပင္ ျဖဴစင္တဲ့ ေမတၱာစိတ္ရင္းေၾကာင့္ လူခ်စ္လူခင္ ရွင္ခ်စ္ရဟန္း ခ်စ္ ဆရာေတာ္ႀကီးမ်ားပါမက်န္ ကိုရင္ေလးကို ေမတၱာေရာင္ျပန္ဓာတ္ ထင္ဟပ္ခဲ့ပါတယ္။ ကိုရင္ေလး တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားကို ေရာက္လာရင္ လာေရာက္ဖူးေမွ်ာ္တဲ့ ပရိသတ္မ်ားလြန္းတာေၾကာင့္ ကိုရင္ေလးကို အမ်ားျမင္ေအာင္ဆိုၿပီး မဟာျမတ္မုနိ ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲပညာသာမိက မိမိရဲ႕ ရင္ဝယ္သားကဲ့သို႔ ေပြ႕ခ်ီၿပီး ပရိသတ္ဖူးျမင္ႏိုင္ေအာင္ လုပ္ခဲ့သလို တာခ်ီလိတ္ နဂါးႏွစ္ေကာင္ ဆရာေတာ္ဘုရားႀကီးလည္း သားတပည့္လို အၿမဲတမ္း သြန္သင္ဆုံးမခဲ့ပါတယ္။

ဆရာေတာ္ေလာင္းလ်ာဟာ ကိုရင္ဘဝကပင္ သီရိလကၤာ အိႏၵိယသို႔ ဘုရားဖူးႂကြခဲ့တယ္။ အိႏၵိယ နီေပါ ဟိမဝႏၲာေတာမွာလည္း တစ္ပါတည္း တရားသြားက်င့္ခဲ့ေသးတယ္။ အဲဒီအခ်ိန္က သက္ေတာ္ ၁၈ ေလာက္ရွိေနပါၿပီ။ တရားသြားက်င့္ခ်ိန္ အခက္အခဲ အေႏွာင့္အယွက္ေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။ ေရခဲေတာင္က်ား အစရွိတဲ့ သားရဲတိရစာၦန္ေတြနဲ႔လည္း ႀကဳံခဲ့ပါတယ္။ လူဆိုးေတြ ဖမ္းဆီး႐ိုက္ႏွက္ၿပီး နတ္ပူေဇာ္ရန္ အက်ဥ္းခ်ထားျခင္းလည္း ခံရပါေသးတယ္။ ေခါင္းကြဲတဲ့အထိ အ႐ိုက္ခံရလို႔ ခုထက္ထိ ဆရာေတာ္ရဲ႕ ဦးေခါင္းမွာ ဒဏ္ရာ႐ြတ္ေတြ က်န္ေနပါေသးတယ္။ ဖမ္းထားခ်ိန္မွာ လက္ျပန္ႀကိဳးတုပ္ၿပီး ကြၽဲခ်ီးအျပည့္ရွိတဲ့ ကြၽဲ ၿခံထဲမွာတစ္ညလုံး ပစ္ထားခဲ့ပါတယ္။ မနက္လင္းမွ လူသတ္ၿပီး ယဇ္ပူေဇာ္မယ္လို႔ ဆိုတယ္။ ဆရာေတာ္ေလာင္းလ်ာလည္း တစ္ညလုံး ဘုရားဂုဏ္ေတာ္ တရားဂုဏ္ေတာ္ သံဃာ့ဂုဏ္ေတာ္ေတြ နေမာ ေတ ဂါထာေတာ္ေတြ ႐ြတ္ဖတ္တဲ့အျပင္ လူဆိုးေတြကိုလည္း ေမတၱာပို႔ပါတယ္။

နံနက္ အ႐ုဏ္လင္းခါနီးမွာ ခ်ည္ထားတဲ့ႀကိဳးေတြ အကုန္လုံး ျပတ္ကုန္ပါတယ္။ပိတ္ထားတဲ့ တံခါးေတြလည္း ဝုန္းကနဲ ပြင့္ထြက္ကုန္တယ္။ တာဝန္က် အေစာင့္က လန႔္ၿပီး သူတို႔ေခါင္းေဆာင္ကို သြားေခၚလာတယ္။ ခ်ည္ထားတဲ့ႀကိဳးေတြ ျပတ္သြားတာ ခိုင္ခန႔္တဲ့ တံခါးေတြ ပြင့္ထြက္သြားတာကို ျမင္ရေတာ့သူတို႔တေတြ အနားမွာ မကပ္ရဲၾကပါ။ ဆရာေတာ္ ေလာင္းလ်ာက နီေပါစကားနဲ႔ “ဘာေၾကာင့္ သူ႔ကို ဒီလိုဖမ္းရတာလဲ ငါ့မွာ နီေပါသံဃာ့ဥေသွ်ာင္ေပးလာတဲ့ စာတစ္ေစာင္ရွိတယ္ ေရာ့ဖတ္ၾကည့္”ဆိုၿပီး သူတို႔က အဲဒီစာကိုယူဖတ္ၾကည့္ ပါတယ္။ (ဆရာေတာ္သည္ ရွမ္း၊ ထိုင္း၊ ေလာ၊ နီေပါ၊ တိဗက္ စကားေတြကို ေျပာတတ္ပါတယ္) စာဖတ္ၿပီးတာနဲ႔ သူတို႔မွားတဲ့အေၾကာင္း သူတို႔ကို အျပစ္မယူဖို႔ ေတာင္းပန္ၾကပါတယ္။ အဲဒီစာက “ကိုရင္ေလး ေရာက္တဲ့ေနရာမွာ ကူညီၾကဖို႔” နီေပါသံဃာ့ဥေသွ်ာင္ႀကီးရဲ႕ ေမတၱာ ရပ္ခံစာပဲျဖစ္ပါတယ္။ ေနာက္ပိုင္း သူတို႔လည္း လိုအပ္တာ ျပန္လည္ ကူညီခဲ့ၾကပါတယ္။

သတို႔သားေလာင္းဘဝ

ဟိမဝႏၲာမွာ တရားသြားက်င့္စဥ္ တစ္ခါတစ္ေလ ႐ြာထဲသြားၿပီး ဆြမ္းခံႂကြရပါတယ္။ တစ္႐ြာဝင္ တစ္႐ြာထြက္ပါ။ တစ္ေန႔ေတာ့ ႐ြာတစ္႐ြာ ဆြမ္းခံႂကြသြားခ်ိန္ အမ်ိဳးသမီးႀကီး တစ္ေယာက္က ကိုရင္ဉာဏသံဝရကို ျမင္တာနဲ႔ သားအရင္းလို သံေယာဇဥ္ျဖစ္မိတယ္။ ေနာက္တစ္ေန႔ သူမသေဘာနဲ႔သူ ႀကံစီၿပီး ကိုရင္ကို အိမ္သို႔ပင့္ပါတယ္။ ႐ြာထဲက လူေတြကိုလည္း အားလုံး ဖိတ္လိုက္ပါေသးတယ္။ ကိုရင္အထင္ကေတာ့ တစ္႐ြာလုံးေကြၽးေမြးတဲ့ အလႉလို႔ထင္ထားမိတယ္။ အခ်ိန္တန္လာေတာ့ သူမရဲ႕သမီးေလးကို သတို႔သမီးဝတ္စုံနဲ႔ မဂၤလာေဆာင္ေပးပါေတာ့တယ္။ ကိုရင္လည္း အတန္တန္ ျငင္းဆိုခဲ့တယ္။ အမ်ားနဲ႔ တစ္ေယာက္ဆိုေတာ့ ထလို႔လည္း မႏိုင္ ထိုင္လို႔လည္း မျဖစ္ ကုလားမဂၤေဆာင္ပြဲကို မႏြဲခ်င္ေပမယ့္ ႏြဲခဲ့ရပါတယ္။ သတို႔သမီးနဲ႔ အတူထမင္းစားခိုင္းေသာ္လည္း ကိုရင္မစားခဲ့ပါဘူး။ မိမိသပိတ္ထဲမွာသာ ဆြမ္းဘုဥ္းေပးခဲ့ပါတယ္။ ေန႔လည္စာေကြၽးၿပီး ပရိသတ္ေတြလည္း ျပန္သြားၾကပါၿပီ။ ကိုရင္လည္း သပိတ္ေဆးဖို႔ ထြက္လာရင္း နေမာ ေတ ဂါထာေတာ္ကို ႐ြတ္ဖတ္ၿပီး ႐ြာကေန ထြက္လာခဲ့တယ္။ တစ္ေယာက္တစ္ေလမွ သူ႔ကို ျမင္ခဲ့ဟန္မတူ။ သတို႔သားဘဝကေန ကိုရင္လႊတ္ေျမႇာက္ လာခဲ့ပါတယ္။ ေနာင္ပိုင္း က်န္းမာေရး ခ်ိဳ႕တဲ့ခဲ့တာေၾကာင့္ ဟိမဝႏၲာကေန ထြက္ခြာၿပီး ထိုင္းႏိုင္ငံကို ျပန္ေရာက္လာပါေတာ့တယ္။ သက္ေတာ္ ၂၀ မွာ ရဟန္းဘဝသို႔ ေရာက္ရွိခဲ့ပါတယ္။

ရဟန္းဘဝ

စာေရးသူက မိုင္းဖုန္းဆရာေတာ္ကို ၁၉၉၃ ခုက ရန္ကုန္ ေခမရဌ္ေက်ာင္းမွာ စတင္ဖူးေတြ႕ရပါတယ္။ နဂါးႏွစ္ေကာင္ဆရာေတာ္ဘုရားႀကီးရဲ႕ ေက်းဇူးေၾကာင့္ ေတြ႕ခြင့္ရတာပါ။ မိုင္းဖုန္းဆရာေတာ္ကို စေတြ႕ေတာ့ ဆရာေတာ္က ႏူးညံ့သိမ္ေမြ႕တယ္။ ဂါရဝတရား လြန္စြာ အေလးထားတာေတြ႕ရတယ္။ စာေရးသူတို႔အဖြဲ႕ မိုင္းဖုန္းဆရာေတာ္နဲ႔အတူ ဓာတ္ပုံ႐ိုက္ခြင့္လဲ ရခဲ့တယ္။ အဲဒီေခတ္တုံးက ဖလင္ေခတ္ပါ။ (တခ်ိဳ႕ ဓာတ္ပုံဆရာေတြ ခြင့္မရဘဲ မိုင္းဖုန္းဆရာေတာ္ရဲ႕ ပုံကို ႐ိုက္ယူေပမယ့္ ပုံမထြက္ဘူးလို႔ ဆိုၾကတယ္) ၁၉၉၆ ခု မိုင္းဖုန္းဆရာေတာ္ရဲ႕ ေမြးေန႔ကိုႂကြခဲ့တယ္။ တိုက္ဆိုင္မႈ တစ္ခုေျပာျပပါရေစ။ စာေရးသူ မိုင္းဖုန္းကို မသြားခင္ တာခ်ီလိတ္ကေန မန္တုံ ဖတ္ဟိ႐ြာေက်ာင္းမွာ သြားတည္း ခဲ့တယ္။ မန္တုံဖတ္ဟိဆရာေတာ္က မိုင္းဖုန္းဆရာေတာ္ရဲ႕ ငယ္သူငယ္ခ်င္းပါ။ ဖတ္ဟိဆရာေတာ္ကလည္း ထိုင္းႏိုင္ငံကေန အလည္ျပန္ေရာက္လာတဲ့ အခ်ိန္ျဖစ္တယ္။

ညစာေရးသူနဲ႔ စကားေျပာရင္း မိုင္းဖုန္းဆရာေတာ္ အေၾကာင္း ပါလာတယ္။ မန္တုန္ဖတ္ဟိဆရာေတာ္က ထိုင္းကိုယ္ေတာ္ တစ္ပါးနဲ႔ေတြ႕ၿပီး အဲဒီထိုင္းကိုယ္ေတာ္ကလည္း ဟိမဝႏၲာေတာင္ကေန ျပန္လာတာ သိပ္မၾကာေသးဘူးလို႔ ဆိုတယ္။ သူက မိုင္းဖုန္း ဆရာေတာ္ တရားက်င့္သြားတဲ့ ေနရာေတြကို လိုက္ၿပီး တရားသြားက်င့္ခဲ့တယ္လို႔ ဆိုတယ္။ ႐ြာတစ္႐ြာေရာက္ေတာ့ ေက်ာင္းေဟာင္းတစ္ေက်ာင္းထဲ့မွာ သူတရားသြားထိုင္ေနခ်ိန္ ႐ြာသားတစ္ေယာက္ လာဖူးပါတယ္။ ေနာက္ၿပီးေတာ့ ပစၥည္း တစ္ခု တယုတယ လာေပးပါတယ္။ အဲဒီပစၥည္းက မိုင္းဖုန္း ဆရာေတာ္ရဲ႕ ပစၥည္းေမ့က်န္ခဲ့တာ လို႔ေျပာၿပီး ပိုင္ရွင္ထံ ႀကဳံရင္ ျပန္အပ္ေပးဖို႔ ေျပာပါတယ္။ ထိုင္းကိုယ္ေတာ္လည္း အဲဒီပစၥည္းကို လက္ခံၿပီး ထိုင္းကို ျပန္လာခဲ့တယ္။ ဘန္ေကာက္မွာ ဝမ္တုံဖတ္ဟိဆရာေတာ္ ခူးဝါးခမ္းလႈိင္းနဲ႔ေတြ႕ေတာ့ အဲဒီပစၥည္းေလး ေပးလာေၾကာင္း သိရပါတယ္။

စာေရးသူက အဲဒီပစၥည္းေလး ၾကည့္ပါရေစဆိုၿပီး ေတာင္းဆိုေတာ့ ခူးဝါးခမ္းလႈိင္းက အဖုံးပါတဲ့ ဝါးဆစ္ဗူးေလး တစ္ခုကို ယူလာျပတယ္။ ဖြင့္ၾကည့္ေတာ့ ေတာၾကက္ဥအ႐ြယ္ ၾကည္လင္တဲ့ ပယင္းေက်ာက္တစ္လုံးျဖစ္ေနတယ္။ ဝမ္တုံဖတ္ဟိဆရာေတာ္က ေမြးေန႔ေရာက္ရင္ မိုင္းဖုန္းဆရာေတာ္ကို သြားကပ္ေပးမယ္လို႔ ေျပာပါတယ္။ ေနာက္တစ္ေန႔ စာေရးသူ တစ္ပါးတည္း မိုင္းဖုန္းထံကို ေရာက္သြားတယ္။ ေရာက္ေရာက္ခ်င္းပဲ မိုင္းဖုန္းဆရာေတာ္ကေမးတယ္။ “ေနာင္ေတာ္ စဝ္ပီဆုခမ္း တပည့္ေတာ္ရဲ႕ လြန္ခဲ့တဲ့ ၁၄ ႏွစ္က ေပ်ာက္သြားတဲ့ ေက်ာက္ မယူခဲ့ဘူူလားဘုရား”တဲ့။ (စာေရးသူဟာ မိုင္းဖုန္း ဆရာေတာ္ထက္ ဝါရာ သက္ေတာ္ေရာ ၂ ႏွစ္ႀကီးပါတယ္။ ဒါေၾကာင့္ စာရးသူကို ေနာင္ေတာ္လို႔ပဲ အၿမဲေခၚတယ္)

စာေရးသူ စဥ္းစားတယ္။ မေန႔ညက ဖတ္ဟိဆရာေတာ္နဲ႔ ၂ ဦးသား ေျပာခဲ့တဲ့စကား မိုင္းဖုန္းဆရာေတာ္ ဘယ္လိုလို႔ သိသလဲေပါ့။ “အရွင္ဘုရား ဘယ္လိုလို႔ သိသလဲဘုရား တပည့္ေတာ္ မယူခဲ့ပါဘူး ခူးဝါးခမ္းလႈိင္ လာမွပဲ ယူလာမွာတဲ့ဘုရား” “သိတာေပါ့ဘုရား ကိုယ့္ပစၥည္းမွန္ဆိုတာ ကိုယ့္ထံျပန္ေရာက္စၿမဲပါဘုရား” ေနာက္ပိုင္း မိုင္းဖုန္းဆရာေတာ္ ေမြးေန႔ကို မၾကာမၾကာေရာက္ျဖစ္ပါတယ္။ ၂၀၀၂ ခုတုံးက ဆရာေတာ္နဲ႔အတူ တ႐ုတ္ျပည္ ဆစ္ေဆာင္ပန္းနားေဒသနဲ႔ ေလာႏိုင္ငံကို ေရာက္သြားေသးတယ္။ သာသနာျပဳခရီးတစ္ေလွ်ာက္လုံး ဆရာေတာ္ကို လာေရာက္ဖူးေမွ်ာ္ေၾကတဲ့သူေတြ ေတာေရာၿမိဳ႕ပါမက်န္ ေနရာတိုင္းမွာ လူေတြျပည့္လွ်ံေနတာ ေတြ႕ရေတာ့ ဆရာေတာ္ရဲ႕ ေမတၱာဓာတ္ကို ပိုၾကည္ညိဳေလးစားမိတယ္။ ဆရာေတာ္နဲ႔အတူ လိုက္ေလ့ရွိေတာ့ ဆရာေတာ္ ဘာေၾကာင့္ ဘုန္းႀကီးသလဲဆိုတာ သိသာပါတယ္။

ဗုဒၶႆ ပူဇံ မဟာေတဇဝေႏၲာ ဘုရားပူေဇာ္ တန္ခိုးေက်ာ္ ဆိုတဲ့အတိုင္း မိုင္းဖုန္းဆရာေတာ္ ဘုရားရွိခိုးတာ မနက္ေရာ ေန႔ခင္းေရာ ညေန ညပိုင္းေရာဆိုရင္ တစ္ေန႔ကို အနည္းဆုံး ၆ နာရီရွိပါတယ္။ ကားစီး ခရီးထြက္ေနတာေတာင္မွ ဆင္းတုေတာ္ကို ထုတ္ၿပီး ေပြ႕ထားကာ ဘုရားဝတ္တက္ မပ်က္ခဲ့ပါဘူး။ ေရာက္တဲ့ေနရာ သြားတဲ့ခရီး လမ္တစ္ေလွ်ာက္မွာ ေမတၱာပို႔တယ္ အမွ်ေဝပါတယ္။ အလႉဒါန အၿမဲလုပ္ပါတယ္။ ဆြမ္းစားတာေတာင္မွ နီးစပ္တဲ့ ဆရာေတာ္ သံဃာေတာ္မ်ားကို ဆြမ္းေတြ ဆြမ္းဟင္းေတြ ေစတနာပါပါနဲ႔ အၿမဲတမ္း ခူးထဲ့ေပးပါတယ္။ ဆရာေတာ္ကေတာ့ ဧကာသနိက္ တစ္ေန႔ကို ဆြမ္းတစ္ထပ္ပဲ ဘုဥ္းေပးပါတယ္။ ဇႏၷဝါရီ ၅ ရက္ ေမြးေန႔မွာ အစာေရစာ မသုံးေဆာင္ဘဲ စကားမေျပာဘဲ ေနသြားပါတယ္။ ငယ္စဥ္ကတည္းက အသားငါး စားခ်င္စိတ္မရွိခဲ့လို႔ သက္သတ္လႊတ္ပဲ ဘုဥ္းေပးပါတယ္။ ဝါတြင္း ၃ လပတ္လုံး တစ္ပါတည္း ဂူထဲမွာပဲ သီတင္းသုံးၿပီး ကိုယ္ပိုင္ လုပ္ငန္းအတြက္ တရားက်င့္ပါတယ္။ ဝါပ ၉ လကေတာ့ အမ်ားအက်ိဳး သာသနာအက်ိဳးအတြက္ သာသနာျပဳ ခရီးထြက္ပါတယ္။ စာေရးသူကို ဆရာေတာ္က ေျပာဖူးတယ္။ “တခ်ိဳ႕လူေတြက မိုင္းဖုန္းဆရာေတာ္ဟာ ေငြေတြ အမ်ားႀကီးရွိၿပီး ဘဏ္မွာ အမ်ားႀကီး စုထားမယ္လို႔ထင္ၾကတယ္။ တပည့္ေတာ္က ဘဏ္မွာ ေငြမစုပါဘူးဘုရား။ ဒါေပမယ့္ ဘဏ္တစ္ခုေတာ့ ရွိထားတယ္။ အၿမဲလည္းစုတယ္ ေနရာတိုင္းလည္း အခ်ိန္မေ႐ြး စုပါတယ္။ အဲဒီဘဏ္က ေနာင္ဘဝအထိ အာမခံခက္ရွိတဲ့ ကုသိုလ္ဘဏ္ပါဘုရား”တဲ့။
ေမြးေန႔ရွင္ မိုင္းဖုန္းဆရာေတာ္ သက္ေတာ္ရာေက်ာ္ရွည္ပါေစ။
သာသနာျပဳ လုပ္ငန္းမ်ား အစစအရာရာ ေအာင္ျမင္ပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေတာင္တန္းသာသနာျပဳဆရာေတာ္ အရွင္သုခမိႏၵ စဝ္ဆုခမ္
# Unicode Version ျဖင့္ ဖတ္ပါ #
မိုင်းဖုန်းဆရာတော်ဟာ ထူးခြားတဲ့ ပါရမီရှင် တစ်ပါးဖြစ်ပါတယ်။ မွေးဖွားစဉ်က မိုးတွေအဆက်မပြတ် ရွာသွန်းဖြိုး ခဲ့တာကြောင့် အဖွားဖြစ်သူက ဘုန်းကံထူးတဲ့ ကလေးကို ရှမ်း ဘာသာအားဖြင့် “ပုခေ်းrဝုမ့်” အဆက်မပြတ်သော မိုးစက်ကဲ့သို့ ပုညကောင်းမှုရှိတဲ့သူဟု အမည်ပေးခဲ့ပါတယ်။ အသံဖလှယ်စနစ်ဖြင့် “ပ”ကို “မ”သို့ပြောင်း၊ “မ”မှ “ဝ”သို့ပြောင်းကာ ရှမ်းလို “ကျောက်ဝုမ်းစုမ့်”ဟု ခေါ်တွင်ပါတယ်။ နေထိုင်သီတင်းသုံးတဲ့ ဒေသကို အစွဲပြုပြီး “မိုင်းဖုန်းဆရာတော်”ဟုလည်း ခေါ်ကြပါတယ်။

ပါရမီရှင်ရဲ့ ဘဝနိဒါန်းကတော့ ညိုးနွမ်းတာနဲ့ စခဲ့ရပါတယ်။ တစ်ဝမ်းတစ်ခါးအတွက် ရိုးသားစွာ တောင်းစားခဲ့ရရှာတယ်။ မုဆိုးမ မိခင်ကြီးကိုရော အရွယ်မရောက်သေးတဲ့ ညီမလေးကိုရော အရွယ်နဲ့မမျှအောင် ပြုစုစောင့်ရှောက်လာခဲ့ရတယ်

ကိုရင်ဘဝ ထူးခြားလှ

နောက်ပိုင်း ပါရမီရဲ့ အရှိန်ကြောင့် သာမဏေဘောင်ကို ရောက်လာပါတယ်။ ၁၁ နှစ်သား သာမဏေလေးဘဝကပင် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ “ပါရမီရှင် ကိုရင်လေး”ဆိုပြီး လူသိများလာခဲ့တယ်။ လူသိမျာတဲ့ အကြောင်းရင်းက ကိုရင်လေးဘဝနဲ့ ကျောင်းတော်ကြီးကို ဦးဆောင် ဆောက်လုပ်လှူဒါန်းနိုင်ခြင်း၊ ရလာသမျှ အလှူပစ္စည်းများကို တွယ်တာမှု အလျဉ်းမရှိဘဲ ပြန်လည် စွန့်လွှတ်လှူဒါန်းခြင်း၊ ကိုရင်လေးဘဝကပင် ဝါတွင်း ၃ လပါတ်လုံး ဂူအောင်း တရားကျင့်ခြင်း၊ ယခုလို လူသိမများသေးတဲ့ အချိန် မိမိရဲ့ မွေးနေ့မှာ သက်ကြီးရွယ်အိုများကို ဝတ်စင်ဖြူများ လှူဒါန်းခြင်း သီလပေးခြင်း တရားဟောခြင်းများ ပြုလုပ်ခဲ့ပါတယ်။

အထူးသဖြင့် ဆရာတော်လောင်းလျာ ကိုရင်လေး ဉာဏသံဝရရဲ့ သီလဂုဏ်၊ ရဲရင့်ရက်ရောတဲ့ဂုဏ်အပြင် ဖြူစင်တဲ့ မေတ္တာစိတ်ရင်းကြောင့် လူချစ်လူခင် ရှင်ချစ်ရဟန်း ချစ် ဆရာတော်ကြီးများပါမကျန် ကိုရင်လေးကို မေတ္တာရောင်ပြန်ဓာတ် ထင်ဟပ်ခဲ့ပါတယ်။ ကိုရင်လေး တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကို ရောက်လာရင် လာရောက်ဖူးမျှော်တဲ့ ပရိသတ်များလွန်းတာကြောင့် ကိုရင်လေးကို အများမြင်အောင်ဆိုပြီး မဟာမြတ်မုနိ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာသာမိက မိမိရဲ့ ရင်ဝယ်သားကဲ့သို့ ပွေ့ချီပြီး ပရိသတ်ဖူးမြင်နိုင်အောင် လုပ်ခဲ့သလို တာချီလိတ် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးလည်း သားတပည့်လို အမြဲတမ်း သွန်သင်ဆုံးမခဲ့ပါတယ်။

ဆရာတော်လောင်းလျာဟာ ကိုရင်ဘဝကပင် သီရိလင်္ကာ အိန္ဒိယသို့ ဘုရားဖူးကြွခဲ့တယ်။ အိန္ဒိယ နီပေါ ဟိမဝန္တာတောမှာလည်း တစ်ပါတည်း တရားသွားကျင့်ခဲ့သေးတယ်။ အဲဒီအချိန်က သက်တော် ၁၈ လောက်ရှိနေပါပြီ။ တရားသွားကျင့်ချိန် အခက်အခဲ အနှောင့်အယှက်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ရေခဲတောင်ကျား အစရှိတဲ့ သားရဲတိရစ္ဆာန်တွေနဲ့လည်း ကြုံခဲ့ပါတယ်။ လူဆိုးတွေ ဖမ်းဆီးရိုက်နှက်ပြီး နတ်ပူဇော်ရန် အကျဉ်းချထားခြင်းလည်း ခံရပါသေးတယ်။ ခေါင်းကွဲတဲ့အထိ အရိုက်ခံရလို့ ခုထက်ထိ ဆရာတော်ရဲ့ ဦးခေါင်းမှာ ဒဏ်ရာရွတ်တွေ ကျန်နေပါသေးတယ်။ ဖမ်းထားချိန်မှာ လက်ပြန်ကြိုးတုပ်ပြီး ကျွဲချီးအပြည့်ရှိတဲ့ ကျွဲ ခြံထဲမှာတစ်ညလုံး ပစ်ထားခဲ့ပါတယ်။ မနက်လင်းမှ လူသတ်ပြီး ယဇ်ပူဇော်မယ်လို့ ဆိုတယ်။ ဆရာတော်လောင်းလျာလည်း တစ်ညလုံး ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်တွေ နမော တေ ဂါထာတော်တွေ ရွတ်ဖတ်တဲ့အပြင် လူဆိုးတွေကိုလည်း မေတ္တာပို့ပါတယ်။

နံနက် အရုဏ်လင်းခါနီးမှာ ချည်ထားတဲ့ကြိုးတွေ အကုန်လုံး ပြတ်ကုန်ပါတယ်။ပိတ်ထားတဲ့ တံခါးတွေလည်း ဝုန်းကနဲ ပွင့်ထွက်ကုန်တယ်။ တာဝန်ကျ အစောင့်က လန့်ပြီး သူတို့ခေါင်းဆောင်ကို သွားခေါ်လာတယ်။ ချည်ထားတဲ့ကြိုးတွေ ပြတ်သွားတာ ခိုင်ခန့်တဲ့ တံခါးတွေ ပွင့်ထွက်သွားတာကို မြင်ရတော့သူတို့တတွေ အနားမှာ မကပ်ရဲကြပါ။ ဆရာတော် လောင်းလျာက နီပေါစကားနဲ့ “ဘာကြောင့် သူ့ကို ဒီလိုဖမ်းရတာလဲ ငါ့မှာ နီပေါသံဃာ့ဥသျှောင်ပေးလာတဲ့ စာတစ်စောင်ရှိတယ် ရော့ဖတ်ကြည့်”ဆိုပြီး သူတို့က အဲဒီစာကိုယူဖတ်ကြည့် ပါတယ်။ (ဆရာတော်သည် ရှမ်း၊ ထိုင်း၊ လော၊ နီပေါ၊ တိဗက် စကားတွေကို ပြောတတ်ပါတယ်) စာဖတ်ပြီးတာနဲ့ သူတို့မှားတဲ့အကြောင်း သူတို့ကို အပြစ်မယူဖို့ တောင်းပန်ကြပါတယ်။ အဲဒီစာက “ကိုရင်လေး ရောက်တဲ့နေရာမှာ ကူညီကြဖို့” နီပေါသံဃာ့ဥသျှောင်ကြီးရဲ့ မေတ္တာ ရပ်ခံစာပဲဖြစ်ပါတယ်။ နောက်ပိုင်း သူတို့လည်း လိုအပ်တာ ပြန်လည် ကူညီခဲ့ကြပါတယ်။

သတို့သားလောင်းဘဝ

ဟိမဝန္တာမှာ တရားသွားကျင့်စဉ် တစ်ခါတစ်လေ ရွာထဲသွားပြီး ဆွမ်းခံကြွရပါတယ်။ တစ်ရွာဝင် တစ်ရွာထွက်ပါ။ တစ်နေ့တော့ ရွာတစ်ရွာ ဆွမ်းခံကြွသွားချိန် အမျိုးသမီးကြီး တစ်ယောက်က ကိုရင်ဉာဏသံဝရကို မြင်တာနဲ့ သားအရင်းလို သံယောဇဉ်ဖြစ်မိတယ်။ နောက်တစ်နေ့ သူမသဘောနဲ့သူ ကြံစီပြီး ကိုရင်ကို အိမ်သို့ပင့်ပါတယ်။ ရွာထဲက လူတွေကိုလည်း အားလုံး ဖိတ်လိုက်ပါသေးတယ်။ ကိုရင်အထင်ကတော့ တစ်ရွာလုံးကျွေးမွေးတဲ့ အလှူလို့ထင်ထားမိတယ်။ အချိန်တန်လာတော့ သူမရဲ့သမီးလေးကို သတို့သမီးဝတ်စုံနဲ့ မင်္ဂလာဆောင်ပေးပါတော့တယ်။ ကိုရင်လည်း အတန်တန် ငြင်းဆိုခဲ့တယ်။ အများနဲ့ တစ်ယောက်ဆိုတော့ ထလို့လည်း မနိုင် ထိုင်လို့လည်း မဖြစ် ကုလားမင်္ဂဆောင်ပွဲကို မနွဲချင်ပေမယ့် နွဲခဲ့ရပါတယ်။ သတို့သမီးနဲ့ အတူထမင်းစားခိုင်းသော်လည်း ကိုရင်မစားခဲ့ပါဘူး။ မိမိသပိတ်ထဲမှာသာ ဆွမ်းဘုဉ်းပေးခဲ့ပါတယ်။ နေ့လည်စာကျွေးပြီး ပရိသတ်တွေလည်း ပြန်သွားကြပါပြီ။ ကိုရင်လည်း သပိတ်ဆေးဖို့ ထွက်လာရင်း နမော တေ ဂါထာတော်ကို ရွတ်ဖတ်ပြီး ရွာကနေ ထွက်လာခဲ့တယ်။ တစ်ယောက်တစ်လေမှ သူ့ကို မြင်ခဲ့ဟန်မတူ။ သတို့သားဘဝကနေ ကိုရင်လွှတ်မြှောက် လာခဲ့ပါတယ်။ နောင်ပိုင်း ကျန်းမာရေး ချို့တဲ့ခဲ့တာကြောင့် ဟိမဝန္တာကနေ ထွက်ခွာပြီး ထိုင်းနိုင်ငံကို ပြန်ရောက်လာပါတော့တယ်။ သက်တော် ၂၀ မှာ ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါတယ်။

ရဟန်းဘဝ

စာရေးသူက မိုင်းဖုန်းဆရာတော်ကို ၁၉၉၃ ခုက ရန်ကုန် ခေမရဌ်ကျောင်းမှာ စတင်ဖူးတွေ့ရပါတယ်။ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးကြောင့် တွေ့ခွင့်ရတာပါ။ မိုင်းဖုန်းဆရာတော်ကို စတွေ့တော့ ဆရာတော်က နူးညံ့သိမ်မွေ့တယ်။ ဂါရဝတရား လွန်စွာ အလေးထားတာတွေ့ရတယ်။ စာရေးသူတို့အဖွဲ့ မိုင်းဖုန်းဆရာတော်နဲ့အတူ ဓာတ်ပုံရိုက်ခွင့်လဲ ရခဲ့တယ်။ အဲဒီခေတ်တုံးက ဖလင်ခေတ်ပါ။ (တချို့ ဓာတ်ပုံဆရာတွေ ခွင့်မရဘဲ မိုင်းဖုန်းဆရာတော်ရဲ့ ပုံကို ရိုက်ယူပေမယ့် ပုံမထွက်ဘူးလို့ ဆိုကြတယ်) ၁၉၉၆ ခု မိုင်းဖုန်းဆရာတော်ရဲ့ မွေးနေ့ကိုကြွခဲ့တယ်။ တိုက်ဆိုင်မှု တစ်ခုပြောပြပါရစေ။ စာရေးသူ မိုင်းဖုန်းကို မသွားခင် တာချီလိတ်ကနေ မန်တုံ ဖတ်ဟိရွာကျောင်းမှာ သွားတည်း ခဲ့တယ်။ မန်တုံဖတ်ဟိဆရာတော်က မိုင်းဖုန်းဆရာတော်ရဲ့ ငယ်သူငယ်ချင်းပါ။ ဖတ်ဟိဆရာတော်ကလည်း ထိုင်းနိုင်ငံကနေ အလည်ပြန်ရောက်လာတဲ့ အချိန်ဖြစ်တယ်။

ညစာရေးသူနဲ့ စကားပြောရင်း မိုင်းဖုန်းဆရာတော် အကြောင်း ပါလာတယ်။ မန်တုန်ဖတ်ဟိဆရာတော်က ထိုင်းကိုယ်တော် တစ်ပါးနဲ့တွေ့ပြီး အဲဒီထိုင်းကိုယ်တော်ကလည်း ဟိမဝန္တာတောင်ကနေ ပြန်လာတာ သိပ်မကြာသေးဘူးလို့ ဆိုတယ်။ သူက မိုင်းဖုန်း ဆရာတော် တရားကျင့်သွားတဲ့ နေရာတွေကို လိုက်ပြီး တရားသွားကျင့်ခဲ့တယ်လို့ ဆိုတယ်။ ရွာတစ်ရွာရောက်တော့ ကျောင်းဟောင်းတစ်ကျောင်းထဲ့မှာ သူတရားသွားထိုင်နေချိန် ရွာသားတစ်ယောက် လာဖူးပါတယ်။ နောက်ပြီးတော့ ပစ္စည်း တစ်ခု တယုတယ လာပေးပါတယ်။ အဲဒီပစ္စည်းက မိုင်းဖုန်း ဆရာတော်ရဲ့ ပစ္စည်းမေ့ကျန်ခဲ့တာ လို့ပြောပြီး ပိုင်ရှင်ထံ ကြုံရင် ပြန်အပ်ပေးဖို့ ပြောပါတယ်။ ထိုင်းကိုယ်တော်လည်း အဲဒီပစ္စည်းကို လက်ခံပြီး ထိုင်းကို ပြန်လာခဲ့တယ်။ ဘန်ကောက်မှာ ဝမ်တုံဖတ်ဟိဆရာတော် ခူးဝါးခမ်းလှိုင်းနဲ့တွေ့တော့ အဲဒီပစ္စည်းလေး ပေးလာကြောင်း သိရပါတယ်။

စာရေးသူက အဲဒီပစ္စည်းလေး ကြည့်ပါရစေဆိုပြီး တောင်းဆိုတော့ ခူးဝါးခမ်းလှိုင်းက အဖုံးပါတဲ့ ဝါးဆစ်ဗူးလေး တစ်ခုကို ယူလာပြတယ်။ ဖွင့်ကြည့်တော့ တောကြက်ဥအရွယ် ကြည်လင်တဲ့ ပယင်းကျောက်တစ်လုံးဖြစ်နေတယ်။ ဝမ်တုံဖတ်ဟိဆရာတော်က မွေးနေ့ရောက်ရင် မိုင်းဖုန်းဆရာတော်ကို သွားကပ်ပေးမယ်လို့ ပြောပါတယ်။ နောက်တစ်နေ့ စာရေးသူ တစ်ပါးတည်း မိုင်းဖုန်းထံကို ရောက်သွားတယ်။ ရောက်ရောက်ချင်းပဲ မိုင်းဖုန်းဆရာတော်ကမေးတယ်။ “နောင်တော် စဝ်ပီဆုခမ်း တပည့်တော်ရဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်က ပျောက်သွားတဲ့ ကျောက် မယူခဲ့ဘူူလားဘုရား”တဲ့။ (စာရေးသူဟာ မိုင်းဖုန်း ဆရာတော်ထက် ဝါရာ သက်တော်ရော ၂ နှစ်ကြီးပါတယ်။ ဒါကြောင့် စာရးသူကို နောင်တော်လို့ပဲ အမြဲခေါ်တယ်)

စာရေးသူ စဉ်းစားတယ်။ မနေ့ညက ဖတ်ဟိဆရာတော်နဲ့ ၂ ဦးသား ပြောခဲ့တဲ့စကား မိုင်းဖုန်းဆရာတော် ဘယ်လိုလို့ သိသလဲပေါ့။ “အရှင်ဘုရား ဘယ်လိုလို့ သိသလဲဘုရား တပည့်တော် မယူခဲ့ပါဘူး ခူးဝါးခမ်းလှိုင် လာမှပဲ ယူလာမှာတဲ့ဘုရား” “သိတာပေါ့ဘုရား ကိုယ့်ပစ္စည်းမှန်ဆိုတာ ကိုယ့်ထံပြန်ရောက်စမြဲပါဘုရား” နောက်ပိုင်း မိုင်းဖုန်းဆရာတော် မွေးနေ့ကို မကြာမကြာရောက်ဖြစ်ပါတယ်။ ၂၀၀၂ ခုတုံးက ဆရာတော်နဲ့အတူ တရုတ်ပြည် ဆစ်ဆောင်ပန်းနားဒေသနဲ့ လောနိုင်ငံကို ရောက်သွားသေးတယ်။ သာသနာပြုခရီးတစ်လျှောက်လုံး ဆရာတော်ကို လာရောက်ဖူးမျှော်ကြေတဲ့သူတွေ တောရောမြို့ပါမကျန် နေရာတိုင်းမှာ လူတွေပြည့်လျှံနေတာ တွေ့ရတော့ ဆရာတော်ရဲ့ မေတ္တာဓာတ်ကို ပိုကြည်ညိုလေးစားမိတယ်။ ဆရာတော်နဲ့အတူ လိုက်လေ့ရှိတော့ ဆရာတော် ဘာကြောင့် ဘုန်းကြီးသလဲဆိုတာ သိသာပါတယ်။

ဗုဒ္ဓဿ ပူဇံ မဟာတေဇဝန္တော ဘုရားပူဇော် တန်ခိုးကျော် ဆိုတဲ့အတိုင်း မိုင်းဖုန်းဆရာတော် ဘုရားရှိခိုးတာ မနက်ရော နေ့ခင်းရော ညနေ ညပိုင်းရောဆိုရင် တစ်နေ့ကို အနည်းဆုံး ၆ နာရီရှိပါတယ်။ ကားစီး ခရီးထွက်နေတာတောင်မှ ဆင်းတုတော်ကို ထုတ်ပြီး ပွေ့ထားကာ ဘုရားဝတ်တက် မပျက်ခဲ့ပါဘူး။ ရောက်တဲ့နေရာ သွားတဲ့ခရီး လမ်တစ်လျှောက်မှာ မေတ္တာပို့တယ် အမျှဝေပါတယ်။ အလှူဒါန အမြဲလုပ်ပါတယ်။ ဆွမ်းစားတာတောင်မှ နီးစပ်တဲ့ ဆရာတော် သံဃာတော်များကို ဆွမ်းတွေ ဆွမ်းဟင်းတွေ စေတနာပါပါနဲ့ အမြဲတမ်း ခူးထဲ့ပေးပါတယ်။ ဆရာတော်ကတော့ ဧကာသနိက် တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ ဘုဉ်းပေးပါတယ်။ ဇန္နဝါရီ ၅ ရက် မွေးနေ့မှာ အစာရေစာ မသုံးဆောင်ဘဲ စကားမပြောဘဲ နေသွားပါတယ်။ ငယ်စဉ်ကတည်းက အသားငါး စားချင်စိတ်မရှိခဲ့လို့ သက်သတ်လွှတ်ပဲ ဘုဉ်းပေးပါတယ်။ ဝါတွင်း ၃ လပတ်လုံး တစ်ပါတည်း ဂူထဲမှာပဲ သီတင်းသုံးပြီး ကိုယ်ပိုင် လုပ်ငန်းအတွက် တရားကျင့်ပါတယ်။ ဝါပ ၉ လကတော့ အများအကျိုး သာသနာအကျိုးအတွက် သာသနာပြု ခရီးထွက်ပါတယ်။ စာရေးသူကို ဆရာတော်က ပြောဖူးတယ်။ “တချို့လူတွေက မိုင်းဖုန်းဆရာတော်ဟာ ငွေတွေ အများကြီးရှိပြီး ဘဏ်မှာ အများကြီး စုထားမယ်လို့ထင်ကြတယ်။ တပည့်တော်က ဘဏ်မှာ ငွေမစုပါဘူးဘုရား။ ဒါပေမယ့် ဘဏ်တစ်ခုတော့ ရှိထားတယ်။ အမြဲလည်းစုတယ် နေရာတိုင်းလည်း အချိန်မရွေး စုပါတယ်။ အဲဒီဘဏ်က နောင်ဘဝအထိ အာမခံခက်ရှိတဲ့ ကုသိုလ်ဘဏ်ပါဘုရား”တဲ့။
မွေးနေ့ရှင် မိုင်းဖုန်းဆရာတော် သက်တော်ရာကျော်ရှည်ပါစေ။
သာသနာပြု လုပ်ငန်းများ အစစအရာရာ အောင်မြင်ပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ စဝ်ဆုခမ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top