iMyanmarHouse.com - Best Property Website for Myanmar
×

အယ္လ္ပိုင္းဖလားပဲြႏဲြသြားတဲ့ အိမ္ရွင္ယူ-၂၃ ျမန္မာ အသင္းမဆိုးဘူးလို႕ေတာ့ အၾကမ္းျဖင္းသတ္မွတ္ႏုိင္မယ္။ တစ္ပဲြရံႈး၊တစ္ပဲြသေရနဲ႕တစ္ပဲြႏုိင္ခဲ့တယ္ဆိုေတာ့ အိမ္ရွင္ျဖစ္တဲ့ျမန္မာဟာ ဒုတိယဆု ေဒၚလာ ၅ ၀၀၀ နဲ႕ ေက်နပ္လုိက္ရတာ၀မ္းသာစရာပါ၊ ပထမဆုမွန္း ခြင့္မွမရခဲ့တာအျပစ္တင္ေနလို႕မရဘူး၊ ဒါကဖလားလုပဲြ၊ ေျခစမ္းရံုသက္သက္ေလ၊ ဒီေတာ့ ေျခစမ္းတယ္ဆိုတာ ေျခစမ္းတဲ့အတုိင္းပဲ သြားခဲ့ၾကတဲ့အသင္းေတြထဲမွာျမန္မာကလည္း တစ္သင္းအပါအ၀င္ျဖစ္တယ္၊

ေတာင္ကိုရီးယားနဲ႕ပဲြ အငယ္ဆံုးကေလးေတြကို ျမန္မာ့လက္ေရြးစင္ ကစားသမားေတြပါေနတဲ့ ေနာက္တန္းနဲ႕ဂိုးသမားဟာ လံုး၀မထိန္းႏုိင္ပဲ ကပ္ရံႈးခဲ့တယ္၊ လူစမ္းလုိ႕၊ ကစားကြက္စမ္းလို႕ နားလည္ေပးႏုိင္ခဲ့ေပမယ့္လည္း ထပ္မွားရင္ နည္းျပအျပစ္ ျဖစ္ေတာ့မွာျဖစ္လို႕ ဘာရိန္းနဲ႕ပဲြမွာ ျမန္မာနည္းျပျဖစ္သူေဟးလ္က သူ႕ အမွားေတာ့ သူ႔ဘာသာ သူအဖတ္ဆည္ႏုိင္ခဲ့သားပဲလို႕ သတ္မွတ္မိတယ္၊ ေနာက္တန္းလံုၿခံဳေရးကို သူ အျပည့္ျပန္ယူလိုက္တယ္၊

တစ္ဖက္တုိက္စစ္ကို လိုအပ္သေလာက္မထိန္းခ်ဳပ္ႏုိင္ေပမယ့္လည္း အေကာင္းဆံုးျဖစ္ေအာင္ ပထမပဲြကအျဖစ္မ်ိဳးမႀကဳံရေစဖို႕ လုပ္ႏုိင္တာ ဒုတိယအႀကိမ္၀မ္းသာ ျဖစ္တယ္ဆိုတာပါပဲ။ၿပီးေတာ့ထုိင္းနဲ႕ပဲြမွာ ျမန္မာဟာ တုိက္စစ္ကို အေကာင္းစား ကစားျပ သြားတာျမင္ရတယ္၊ အထိေလးတဲ့ ထုိင္းအသင္း၊ အိမ္ရွင္အသင္းနဲ႕ ျမန္မာပရိသတ္ေတြကို ရွိန္ ေနတယ္၊ ကေလးေတြျဖစ္ေနတာလည္းပါတယ္၊

ဗိုလ္လုပြဲအရသာကို နားလည္ၾကေပမယ့္လည္း ယူ-၂၃ အမည္ခံထုိင္းအသင္းဟာ တစ္ကယ္ေတာ့ ယူ- ၂၀ ကစားသမားအမ်ားစုနဲ႕ဖြဲ႕ စည္းလာတဲ့အသင္းျဖစ္တယ္။ ဒီလိုအသင္းကို ျမန္မာႏုိင္တယ္ဆိုတာ ၀မ္းသာဖို႕ေကာင္းေန ေပမယ့္လည္း ရံႈးခဲ့မယ္ဆုိရင္လည္း ေတာင္ကိုရီးယားနဲ႕ပဲြကလိုမ်ိဳး မခ်ိတင္ကဲျဖစ္ရၿပီးျမန္မာ ေဘာလံုးအနာဂတ္နဲ႕ပတ္သက္တာေတြကို ပါ ျပန္ေစာေက်ာဖို႕ျဖစ္လာရဦးမွာပါ၊ အခုလုိႏုိင္ လိုက္တာက ခပ္ေကာင္းေကာင္းပါပဲ၊ ေ၀ဖန္သံေတြအစား၊ ခ်ီးက်ဴးဂုဏ္ျပဳၾကမယ့္ အသံေတြ ထြက္လာတာက အားတစ္ခုျဖစ္ေနေစခဲ့တာေက်နပ္စရာပါပဲ။

အရမ္းေတာ့ ေက်နပ္မိတာမဟုတ္ဘူး။ ထုိင္းနဲ႕ပဲြမွာ ေျပာစရာေတြရွိေနတုန္းပဲ၊ ပဲြစၿပီး 6 မိနစ္ အတြင္းမွာ ျမန္မာ ႏွစ္ဂိုးရတာ ေတာ္ေတာ္ေလးကို ေကာင္းမြန္တဲ့ ပါးနပ္မႈေတြေၾကာင့္ရတာ ျဖစ္တယ္။ အသင္းလုိက္စုဖဲြ႕မႈနဲ႕ ဒီၿပိဳင္ပဲြကာလတစ္ေလွ်ာက္မွာ ဘယ္ႏွစ္ဂိုးမ်ားရခဲ့သလဲ၊ ျပန္ ၾကည့္ေပးၾကပါဦး၊ တစ္ေယာက္ေကာင္း ထူးခၽြန္မႈေတြနဲ႕အတူ ဂိုးေတြရခဲ့တာဟာ အမ်ားစုျဖစ္ ေနတယ္၊ ပဲြအတြက္ အခ်ိန္တိုအတြင္းမွာ ေသခ်ာစီမံထားၿပီး လာၿပိဳင္ၾကတဲ့အသင္းေတြ တစ္သင္း မွမပါလာၾကဘူး။

ရွိတာနဲ႕အေကာင္းဆံုးျဖစ္ေအာင္လုပ္ထားၾကတဲ့အသင္းေတြျဖစ္ တာေတာင္မွ ေတာင္ကိုရီးယားက ေဘာလံုးနဲ႕ပတ္သက္လာရင္ေျခစြမ္းသာမက အသင္းတည္ ေဆာက္ပံုပါ ကြာဟေနတယ္ဆိုတာမိနစ္ 90 အတြင္းမွာ အေရွ႕ေတာင္ အာရွအသင္းေတြကို အႏုိင္ယူၿပီး မီးေမာင္းထုိးျပခဲ့သြားတာ အတုယူမိတယ္၊ ကၽြန္ေတာ္တို႕ေတာ္ေတာ္ေလးမဟုတ္ တာေတာင္ ေဘာလံုးနဲ႕ပတ္သက္ရင္ ျပတ္က်န္ေနရစ္ပါၿပီ၊ အဆင့္တစ္ခုမက ျပတ္က်န္ေနရစ္ ပါတယ္။ လိုက္မွီဖို႕လုပ္ယူရဦးမယ္။

ၿပီးေတာ့ အသစ္စက္စက္ဇတ္လမ္း၊ အသစ္စက္စက္ဆိုေတာ့ .. အသက္စစ္စစ္ေပါ့၊ ဒီဟာက လည္းရွိေနေသးတယ္။

ပထမဆံုးအသက္၊ လူေျပာမ်ားျဖစ္တယ္။ အဲ့ဒီအပိုင္းမွာ ပါ၊ အသက္ေက်ာ္ကစားသမားေတြ၊ သကၠရာဇ္ၿဖိဳထားတဲ့ သူေတြ၊ လူငယ္အသင္းမွာ မပါသင့္ ေတာ့တဲ့သူေတြရယ္ဆုိၿပီး အတြင္းသိအစင္းသိသူမ်ားထဲမွ ေမတၱာအေရွ႕ထား အမွန္တရား ထုတ္ေဖာ္ေျပာၾကသူေတြရွိတယ္၊ ေရးသားၾကတဲ့ မိတ္ေဆြေတြကလည္းေခတ္အဆက္ဆက္ မွာ အသံျပာ၊ လက္ေညာင္းက်တဲ့အထိကို ေရးသားအသိေပးခဲ့ၾကတယ္၊

ဒါေပမယ့္လည္း မတိမ္ေကာႏုိင္တဲ့ အေၾကာင္းေတြအျဖစ္ ဇာတိေျမမွာ အသက္ေက်ာ္ကိစၥဟာ ျဖစ္လာေနၿမဲ၊ ပါလာေနၿမဲဆိုတာေတြ႕ေနရတယ္၊ တစ္ေလာက အသက္ကိစၥနဲ႕ပတ္သက္ၿပီး ေနာက္ေပါက္မ်ိဳး ဆက္ေတြကို ေသခ်ာစီစဥ္ၿပီးေတာ့ လုပ္ထားမွာျဖစ္တယ္၊ လုပ္ထားတယ္ဆ ိုတာမ်ိဳးေတာ့ ေတြ႕လိုက္ရတယ္၊ ေရရွည္စီမံကိန္းအတြက္ ကၽြန္ေတာ္တို႕ ေတြ အသက္မရွည္ခ်င္ရင္ေန၊ အခ်ိန္ေပးၿပီးေတာ့ ေရာက္လာမယ့္ အသီးအပြင့္ေတြအတြက္ အက်ိဳးခံစားခြင့္မ်ားကို ေနာက္လာေနာက္သားေတြအတြက္လုပ္ေပးခဲ့ရမယ္၊ လမ္းျပေပးခဲ့ရ မယ္ဆိုတာလည္း သိထားၾကၿပီးသားစကားလံုးေတြပါ၊

ထပ္ေျပာေနလို႕ အပ္ေၾကာင္းထပ္တာပဲ ရွိမယ္၊ လုပ္ရမယ္သူေတြ၊ျပင္ရမယ့္သူေတြဘက္မွေနၿပီးေတာ့ အေျပာင္းအလဲတစ္ခုကို က်င့္ သံုးလက္ခံဖို႕ပဲလိုအပ္တာပါ၊ တစ္ခုေတာ့ရွိတယ္၊ အမွန္တရားဆိုတာ ခါးတယ္ဆိုတဲ့စကား အတုိင္း အမွန္အတုိင္းျဖစ္ဖို႕အတြက္ အစစအရာရာဟာျဖဴစင္ေနမွသာျဖစ္ပါလိမ့္မယ္။ သေဘာ ကေတာ့ အေရွ႕ေတာင္အာရွလူငယ္ေတြထဲမွာ ျမန္မာကေလးေတြဟာ ေတာ္ေတာ္ ေလးကို ငယ္ၾကတယ္၊ အေကာင္ေသးၾကတယ္၊ လူငယ္တန္းမွာ လူငယ္ေတြအေနအထားဟာ ေဘာလံုးေတာ့ကၽြမ္းက်င္ပါရဲ႕ လူေကာင္ေသးတဲ့အတြက္ ေၾကာင့္ သက္တမ္းအလုိက္ေရြးခ်ယ္ မႈမ်ားအခ်ိဳ႕မွာ ႀကံဳရတဲ့အခက္အခဲေတြကိုေတာ့ ရင္ဆုိင္ေက်ာ္လႊားၾကဖို႕ရွိေနဦးမွာပါ၊

ေရတုိ စီမံကိန္းနဲ႕ေရရွည္စီမံကိန္းကိစၥေတြကို အဖြဲ႕ခ်ဳပ္မွ တာ၀န္ရွိသူေတြနဲ႕ နည္းျပေတြက ပိုသိၾကပါတယ္၊ ကၽြန္ေတာ္တို႕ေတြက ေဘးကလူေတြပါ၊ေထာက္ျပမယ္၊ ေ၀ဖန္အႀကံျပဳမယ္၊ လက္ခံျခင္း၊လက္မခံျခင္း၊ သိျခင္းမသိ ျခင္းဆိုတာ ကိုယ္တုိင္ကိုယ္က် လက္ေတြ႕က်က်ကြင္းထဲမွာ ဒါမွမဟုတ္ရင္ အဲ့ဒီအ၀န္းအ၀ိုင္းထဲမွာ ဘ၀ကိုႏွစ္ၿပီးေတာ့ျဖတ္သန္းက်င္လည္ေနတဲ့သူေတြကပိုၿပီးေတာ့ သိၾကပါလိမ့္မယ္။ ၿပိဳင္ဘက္ ေတြ သက္ေက်ာ္ျဖစ္ျဖစ္မျဖစ္ျဖစ္၊ ဒါသူတို႕ေတြအလုပ္ပါ၊

ကၽြန္ေတာ္တို႕ေတြအတြက္ေတာ့ သန္႕စင္ဖို႕၊ျဖဴစင္ဖို႕လိုတယ္၊ အခုအေနအထားအရဆုိရင္ ကၽြန္ေတာ္တို႕ေတြ အေနနဲ႕ သက္ ေက်ာ္ကစားသမားေတြကို ဘယ္အထိ ဆက္ေခၚသြားၾကမလဲ၊ ဘယ္ေလာက္အခ်ိန္အထိ သံုး ေနၾကဦးမွာလဲ၊ ယွဥ္လိုက္တိုင္း က်န္ေနရစ္မယ့္အျဖစ္မ်ိဳး၊ လက္ညွိဳးထိုးမႈေတြက ထင္ထင္ ေပၚ ေပၚမဟုတ္ေပမယ့္ တစ္ခါတစ္ခါေအာက္ဖဲလွန္လိုက္တုိင္း အရွက္ေတာ္ေတြကြြဲထြက္သြား ရတာမ်ိဳးမျဖစ္ေစခ်င္ဘူး၊ ျမင္လည္းမျမင္ခ်င္ဘူး။ ၿပီးေတာ့ေျခစမ္းပဲြမွာ ႏိုင္တဲ့အႏုိင္နဲ႕မေက် နပ္ႏုိင္ေတာ့ဘူး၊ တစ္ကယ့္ၿပိဳင္ပဲြေတြမွာ ဆုဖလားဗလာနဲ႕အိမ္ျပန္ရတာမ်ိဳးက ရိုးေနၿပီ၊

ဆုဖလားေလးတစ္ခုခုေလာက္နဲ႕ အေမ့အိမ္အျပန္၊ အေဖ့အိမ္အျပန္ သားေတြရဲ႕အေပ်ာ္ကို ျမင္ ခ်င္လွၿပီ၊ တစ္ခါလာလည္းေျခစမ္းပဲြ၊ ဖိတ္ေခၚပဲြ၊ ဒါနဲ႕ပဲလည္ပတ္ေနတဲ့ေအာင္ျမင္မႈသံသရာမွာ ျမန္မာအသင္းေတြကို မက်င္လည္ေစခ်င္ေတာ့ ဘူး။ စစ္မွန္တဲ့ေအာင္ပဲြနဲ႕ျပန္လာမယ့္ျမန္မာကိုပဲ လိုခ်င္မိတယ္။ လြယ္ေတာ့မလြယ္ဘူး။ ဒါ ေပမယ့္ ျဖစ္လာမယ့္အခ်ိန္အထိ ကၽြန္ေတာ္တို႕ေတြက ေစာင့္ေနမယ္၊ အားေပးေနမယ္။

ဆ.ရ .က လုပ္ရတာမဟုတ္ပါဘူး။ ျမန္မာ့ေဘာလံုးကို တုိးတက္ေစခ်င္တဲ့ စိတ္တစ္ခုတည္းနဲ႕ ေျပာျဖစ္တာပါ၊ ျမန္မာ့ေဘာလံုးအေၾကာင္းကို မေရးခ်င္ေနမိမယ္၊ သိခ်င္စိတ္ ကေတာ့ အၿမဲတမ္း ရွိတယ္၊ ဒါေၾကာင့္လည္း လက္လွမ္းမီသေလာက္ျပန္လည္ေဖာက္ သယ္ခ်ရတာပါ၊ ေဆြးေႏြးျဖစ္တာပါ၊ အခုလည္းျမန္မာ့ေျခစြမ္းဟာ အံ့မခမ္းေတာ့မဟုတ္ေပမယ့္ သူ႕အတုိင္းအထြာနဲ႕သူေတာ့အဆင္ေျပတယ္။ အားနည္းခ်က္ေတြရွိတာေတာ့အမွန္ပဲ၊ ေပးဂိုး နည္းတာသက္သာေပမယ့္ ပဲြတုိင္းဂိုးေပးရတဲ့ေနာက္တန္းကိုေတာ့ ဘ၀င္မက်မိသလို၊ ပဲြတုိင္း ဂိုးရတဲ့ျမန္မာတုိက္စစ္ကလည္း ေမ့ထားလို႕မရတဲ့အခ်က္ျဖစ္ေနေစတယ္။

ဒီပဲြမွာ ကၽြန္ေတာ္တို႕ေတြရလဒ္အေနနဲ႕ေတာ့ ရံႈးခဲ့ၾကလိမ့္မယ္။ ဒါေပမယ့္ လိုခ်င္တာ အခ်ိဳ႕ ယူႏုိင္ခဲ့ၾကသလို၊ မယူႏုိင္ခဲ့ၾကတဲ့အျဖစ္ေတြလည္းရွိေနခဲ့တာေၾကာင့္ ျပန္ၿပီးေတာ့ျမန္မာအသင္း ေျခစြမ္းကို အယ္လ္ပိုင္းဖလားမွာ သံုးသပ္ရမယ္ဆိုရင္ ၁၀၀ မွာ ျမန္မာရတာ ၄၀ရာခုိင္ႏႈန္း သာရွိခဲ့ၿပီး က်န္တဲ့ ၆၀ ရာခုိင္ႏႈန္းဟာ အရင္အတုိင္းပဲ မေျပာင္းလဲပဲ ဆက္သြားေနတဲ့ပံုစံေဟာင္းတစ္ခုသာသာရယ္လုိ႕ပဲေျပာျဖစ္ရပါလိမ့္မယ္။

ဘာေၾကာင့္လည္း ဆိုေတာ့ နည္းျပကအသစ္ျဖစ္ေနတာရယ္အျပင္၊ ေရြးေခၚလာတဲ့လူသစ္ အခ်ိဳ႕အလုပ္မျဖစ္တာရယ္၊ ေအာင္သူမပါရင္ တုိက္စစ္မသြက္တာရယ္အျပင္၊ ျမန္မာခံစစ္တန္းဟာ အခုအခ်ိန္အထိ နားလည္ခ်ိတ္ဆက္မႈအလြဲဟာ လြဲေကာင္းေနတုန္းျဖစ္ ေနတာေၾကာင့္ပါပဲ၊ (ဒါေတာင္ တုိက္စစ္သမားေတြ အဆံုးသပ္ညံ့ေနတာ ထည့္မေျပာျဖစ္ေသးဘူးေနာ္။ ) လူငယ္တန္း ပါ၀ါတူအသင္းေတြၾကားမွာေတာ့ျမန္မာဟာ ျမန္မာပီပီ အေကာင္းဆံုးေျခစြမ္း ရွိေနလိမ့္မယ္။

လက္ေရြးစင္အဆင့္မွာေတာ့ ျမန္မာဟာ အေကာင္းလြန္ ၿပီးေတာ့ အလြန္ေကာင္းတဲ့အေနအထားအထိေရာက္ေအာင္ လုပ္ယူေနရတာ ေတာ္ေတာ္ေလးကိုၾကာေနၿပီျဖစ္တယ္။ ဒီေတာ့ ျမန္မာအေနနဲ႕ ထုိင္းနဲ႕ပဲြကလိုမ်ိဳး ဒုတိယပုိင္း တစ္ပိုင္းလံုး အားနည္းေနခဲ့တာေတြအျပင္ ၂ ဂိုးျပတ္ ႏုိင္ေနလုိ႕ ျမန္မာအသင္းကစားဟန္ေပါ့ပ်က္ပ်က္ျဖစ္သြားတဲ့အခ်ိန္မွာ ထုိင္းက အေ၀းကန္ခ်က္နဲ႕ ကိုယ္ေတြအမွားတာက(ထိုက္ထုိက္ေအာင္လူေပးမွား) ေနတစ္ဆင့္ ဂိုးယူျပသြားတ့ဲအခ်ိန္ေတြမွာ ျဖစ္မိတဲ့ခံစားခ်က္ဟာ ျမန္မာပရိသတ္ေတြပဲသိၾကပါ လိမ့္မယ္။

ဘယ္ေတာ့ဂိုးျပန္ေပးရမလဲဆိုတဲ့စိတ္ရယ္၊ တစ္ဖက္အသင္းဂိုးေပါက္မွာ ျမန္မာ အသင္းတုိက္စစ္ဂိုးမရပဲရစ္၀ဲေနတဲ့စြန္လိုျဖစ္ေနတဲ့အခ်ိန္ေတြရယ္ၾကားမွာ မခ်ိတင္ကဲ ေတာက္ ေခါက္သံမ်ား၊ ေဒါသေၾကာင့္ ထြက္လာတဲ့ ေအာ္ဟစ္ခံစားသက္၀င္မႈမ်ားကို နည္းျပေတြနဲ႕ ကစားသမားေတြၾကား ေစခ်င္မိတယ္၊ ျမင္ေစခ်င္မိတယ္။ ဒါေပမယ့္အခုေတာ့ ပဲြကၿပီးသြားၿပီေလ။

ျမန္မာအသင္းကေတာ့ မၿပီးေသးဘူး။ ဆက္သြားရဦးမယ္၊ ထုိင္းမွာေျခစမ္းမယ့္ ေအာင္သူတုိ႕အသင္းရွိမယ္။ အျခားဖိတ္ေခၚပဲြေတြ ႏြဲ ရဦးမယ္၊ အာရွဖလားအားကစားပဲြေတာ္ရွိတယ္၊ဆူဇူကီးဖလားပဲြရွိတယ္။ ဘာပဲေျပာေျပာ ျမန္မာ အသင္းအတြက္ေတာ့ တစ္ႏွစ္ပတ္လံုး ကစားပဲြေတြက ဆက္ေနတာေၾကာင့္ ေျခစြမ္းနဲ႕ အေတြ႕အႀကဳံအပိုင္းမွာ ပိုမိုတုိးတက္လာေစမယ့္ အခြင့္အေရးေတြရယူႏုိင္ဖို႕ေမွ်ာ္ျဖစ္တယ္။ ဒီသက္တမ္းမွာမွမဟုတ္ဘူး။ ျမန္မာအသင္းကစားမယ့္ အရြယ္စံုသက္တမ္းအလုိက္မွာလည္း ျဖစ္ေစခ်င္မိတာပါ။

ဒါ ေပမယ့္ ကစားသမားေတြ အေနနဲ႕ ဘယ္သက္တမ္းအလုိက္မွာမဆို ဂိုးတစ္ဂိုးျဖစ္ေစမယ့္ အခြင့္အေရးေကာင္းရ ရင္ ထိထိမိမိနဲ႕အသပ္ရပ္ဆံုး အသံုးခ်တတ္ဖို႕ကို အခုတည္းက ပိုမိုၿပီးေတာ့ ေခါင္းေအးေအးထား အခ်ိန္ယူေလ့က်င့္သင့္တယ္လုိ႕ျမင္တယ္၊ ကိုယ္စီမွာလည္း ဒါဟာ တာ၀န္ရွိေနတယ္။ အဆုံးသပ္မေသခ်ာတဲ့ ကိစၥနဲ႕ပတ္သက္လာရင္ အားလံုးရဲ႕အျမင္ မွာလည္း ဒီအခ်က္ကို ပိုေကာင္းေအာင္ျပင္ေစခ်င့္မယ့္ အေတြးေကာင္းမ်ိဳး ရွိေနလိမ့္မယ္ထင္တယ္၊ ဘာေၾကာင့္လည္းဆိုေတာ့ ဂိုး… ဆိုၿပီးေတာ့ ခဏခဏ ေအာ္ဟစ္အားေပးခ်င္တဲ့အရသာ ျမန္မာ ပရိသတ္ေတြရဲ႕ ရင္ဘတ္တုိင္းမွာ ရွိေန တာေၾကာင့္ပဲျဖစ္ပါတယ္။

လူတိုင္းအမွားမကင္းပါဘူး၊ အမွားကေနတစ္ဆင့္ သင္ခန္းစာယူၿပီးေတာ့ ေအာင္ျမင္မႈရွိရာဆီကို ခရီးအတူဆက္ၾက တာေပါ့အသစ္စက္စက္ျမန္မာ…၊
အဲ့.အဲ့.. အသက္စစ္စစ္နဲ႕ျမန္မာ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထြန္းထြန္းဦး(လွိဳင္)
# Unicode Version ျဖင့္ ဖတ္ပါ #
အယ်လ်ပိုင်းဖလားပွဲနွဲသွားတဲ့ အိမ်ရှင်ယူ-၂၃ မြန်မာ အသင်းမဆိုးဘူးလို့တော့ အကြမ်းဖြင်းသတ်မှတ်နိုင်မယ်။ တစ်ပွဲရှုံး၊တစ်ပွဲသရေနဲ့တစ်ပွဲနိုင်ခဲ့တယ်ဆိုတော့ အိမ်ရှင်ဖြစ်တဲ့မြန်မာဟာ ဒုတိယဆု ဒေါ်လာ ၅ ၀၀၀ နဲ့ ကျေနပ်လိုက်ရတာဝမ်းသာစရာပါ၊ ပထမဆုမှန်း ခွင့်မှမရခဲ့တာအပြစ်တင်နေလို့မရဘူး၊ ဒါကဖလားလုပွဲ၊ ခြေစမ်းရုံသက်သက်လေ၊ ဒီတော့ ခြေစမ်းတယ်ဆိုတာ ခြေစမ်းတဲ့အတိုင်းပဲ သွားခဲ့ကြတဲ့အသင်းတွေထဲမှာမြန်မာကလည်း တစ်သင်းအပါအဝင်ဖြစ်တယ်၊

တောင်ကိုရီးယားနဲ့ပွဲ အငယ်ဆုံးကလေးတွေကို မြန်မာ့လက်ရွေးစင် ကစားသမားတွေပါနေတဲ့ နောက်တန်းနဲ့ဂိုးသမားဟာ လုံးဝမထိန်းနိုင်ပဲ ကပ်ရှုံးခဲ့တယ်၊ လူစမ်းလို့၊ ကစားကွက်စမ်းလို့ နားလည်ပေးနိုင်ခဲ့ပေမယ့်လည်း ထပ်မှားရင် နည်းပြအပြစ် ဖြစ်တော့မှာဖြစ်လို့ ဘာရိန်းနဲ့ပွဲမှာ မြန်မာနည်းပြဖြစ်သူဟေးလ်က သူ့ အမှားတော့ သူ့ဘာသာ သူအဖတ်ဆည်နိုင်ခဲ့သားပဲလို့ သတ်မှတ်မိတယ်၊ နောက်တန်းလုံခြုံရေးကို သူ အပြည့်ပြန်ယူလိုက်တယ်၊

တစ်ဖက်တိုက်စစ်ကို လိုအပ်သလောက်မထိန်းချုပ်နိုင်ပေမယ့်လည်း အကောင်းဆုံးဖြစ်အောင် ပထမပွဲကအဖြစ်မျိုးမကြုံရစေဖို့ လုပ်နိုင်တာ ဒုတိယအကြိမ်ဝမ်းသာ ဖြစ်တယ်ဆိုတာပါပဲ။ပြီးတော့ထိုင်းနဲ့ပွဲမှာ မြန်မာဟာ တိုက်စစ်ကို အကောင်းစား ကစားပြ သွားတာမြင်ရတယ်၊ အထိလေးတဲ့ ထိုင်းအသင်း၊ အိမ်ရှင်အသင်းနဲ့ မြန်မာပရိသတ်တွေကို ရှိန် နေတယ်၊ ကလေးတွေဖြစ်နေတာလည်းပါတယ်၊

ဗိုလ်လုပွဲအရသာကို နားလည်ကြပေမယ့်လည်း ယူ-၂၃ အမည်ခံထိုင်းအသင်းဟာ တစ်ကယ်တော့ ယူ- ၂၀ ကစားသမားအများစုနဲ့ဖွဲ့ စည်းလာတဲ့အသင်းဖြစ်တယ်။ ဒီလိုအသင်းကို မြန်မာနိုင်တယ်ဆိုတာ ဝမ်းသာဖို့ကောင်းနေ ပေမယ့်လည်း ရှုံးခဲ့မယ်ဆိုရင်လည်း တောင်ကိုရီးယားနဲ့ပွဲကလိုမျိုး မချိတင်ကဲဖြစ်ရပြီးမြန်မာ ဘောလုံးအနာဂတ်နဲ့ပတ်သက်တာတွေကို ပါ ပြန်စောကျောဖို့ဖြစ်လာရဦးမှာပါ၊ အခုလိုနိုင် လိုက်တာက ခပ်ကောင်းကောင်းပါပဲ၊ ဝေဖန်သံတွေအစား၊ ချီးကျူးဂုဏ်ပြုကြမယ့် အသံတွေ ထွက်လာတာက အားတစ်ခုဖြစ်နေစေခဲ့တာကျေနပ်စရာပါပဲ။

အရမ်းတော့ ကျေနပ်မိတာမဟုတ်ဘူး။ ထိုင်းနဲ့ပွဲမှာ ပြောစရာတွေရှိနေတုန်းပဲ၊ ပွဲစပြီး 6 မိနစ် အတွင်းမှာ မြန်မာ နှစ်ဂိုးရတာ တော်တော်လေးကို ကောင်းမွန်တဲ့ ပါးနပ်မှုတွေကြောင့်ရတာ ဖြစ်တယ်။ အသင်းလိုက်စုဖွဲ့မှုနဲ့ ဒီပြိုင်ပွဲကာလတစ်လျှောက်မှာ ဘယ်နှစ်ဂိုးများရခဲ့သလဲ၊ ပြန် ကြည့်ပေးကြပါဦး၊ တစ်ယောက်ကောင်း ထူးချွန်မှုတွေနဲ့အတူ ဂိုးတွေရခဲ့တာဟာ အများစုဖြစ် နေတယ်၊ ပွဲအတွက် အချိန်တိုအတွင်းမှာ သေချာစီမံထားပြီး လာပြိုင်ကြတဲ့အသင်းတွေ တစ်သင်း မှမပါလာကြဘူး။

ရှိတာနဲ့အကောင်းဆုံးဖြစ်အောင်လုပ်ထားကြတဲ့အသင်းတွေဖြစ် တာတောင်မှ တောင်ကိုရီးယားက ဘောလုံးနဲ့ပတ်သက်လာရင်ခြေစွမ်းသာမက အသင်းတည် ဆောက်ပုံပါ ကွာဟနေတယ်ဆိုတာမိနစ် 90 အတွင်းမှာ အရှေ့တောင် အာရှအသင်းတွေကို အနိုင်ယူပြီး မီးမောင်းထိုးပြခဲ့သွားတာ အတုယူမိတယ်၊ ကျွန်တော်တို့တော်တော်လေးမဟုတ် တာတောင် ဘောလုံးနဲ့ပတ်သက်ရင် ပြတ်ကျန်နေရစ်ပါပြီ၊ အဆင့်တစ်ခုမက ပြတ်ကျန်နေရစ် ပါတယ်။ လိုက်မှီဖို့လုပ်ယူရဦးမယ်။

ပြီးတော့ အသစ်စက်စက်ဇတ်လမ်း၊ အသစ်စက်စက်ဆိုတော့ .. အသက်စစ်စစ်ပေါ့၊ ဒီဟာက လည်းရှိနေသေးတယ်။

ပထမဆုံးအသက်၊ လူပြောများဖြစ်တယ်။ အဲ့ဒီအပိုင်းမှာ ပါ၊ အသက်ကျော်ကစားသမားတွေ၊ သက္ကရာဇ်ဖြိုထားတဲ့ သူတွေ၊ လူငယ်အသင်းမှာ မပါသင့် တော့တဲ့သူတွေရယ်ဆိုပြီး အတွင်းသိအစင်းသိသူများထဲမှ မေတ္တာအရှေ့ထား အမှန်တရား ထုတ်ဖော်ပြောကြသူတွေရှိတယ်၊ ရေးသားကြတဲ့ မိတ်ဆွေတွေကလည်းခေတ်အဆက်ဆက် မှာ အသံပြာ၊ လက်ညောင်းကျတဲ့အထိကို ရေးသားအသိပေးခဲ့ကြတယ်၊

ဒါပေမယ့်လည်း မတိမ်ကောနိုင်တဲ့ အကြောင်းတွေအဖြစ် ဇာတိမြေမှာ အသက်ကျော်ကိစ္စဟာ ဖြစ်လာနေမြဲ၊ ပါလာနေမြဲဆိုတာတွေ့နေရတယ်၊ တစ်လောက အသက်ကိစ္စနဲ့ပတ်သက်ပြီး နောက်ပေါက်မျိုး ဆက်တွေကို သေချာစီစဉ်ပြီးတော့ လုပ်ထားမှာဖြစ်တယ်၊ လုပ်ထားတယ်ဆ ိုတာမျိုးတော့ တွေ့လိုက်ရတယ်၊ ရေရှည်စီမံကိန်းအတွက် ကျွန်တော်တို့ တွေ အသက်မရှည်ချင်ရင်နေ၊ အချိန်ပေးပြီးတော့ ရောက်လာမယ့် အသီးအပွင့်တွေအတွက် အကျိုးခံစားခွင့်များကို နောက်လာနောက်သားတွေအတွက်လုပ်ပေးခဲ့ရမယ်၊ လမ်းပြပေးခဲ့ရ မယ်ဆိုတာလည်း သိထားကြပြီးသားစကားလုံးတွေပါ၊

ထပ်ပြောနေလို့ အပ်ကြောင်းထပ်တာပဲ ရှိမယ်၊ လုပ်ရမယ်သူတွေ၊ပြင်ရမယ့်သူတွေဘက်မှနေပြီးတော့ အပြောင်းအလဲတစ်ခုကို ကျင့် သုံးလက်ခံဖို့ပဲလိုအပ်တာပါ၊ တစ်ခုတော့ရှိတယ်၊ အမှန်တရားဆိုတာ ခါးတယ်ဆိုတဲ့စကား အတိုင်း အမှန်အတိုင်းဖြစ်ဖို့အတွက် အစစအရာရာဟာဖြူစင်နေမှသာဖြစ်ပါလိမ့်မယ်။ သဘော ကတော့ အရှေ့တောင်အာရှလူငယ်တွေထဲမှာ မြန်မာကလေးတွေဟာ တော်တော် လေးကို ငယ်ကြတယ်၊ အကောင်သေးကြတယ်၊ လူငယ်တန်းမှာ လူငယ်တွေအနေအထားဟာ ဘောလုံးတော့ကျွမ်းကျင်ပါရဲ့ လူကောင်သေးတဲ့အတွက် ကြောင့် သက်တမ်းအလိုက်ရွေးချယ် မှုများအချို့မှာ ကြုံရတဲ့အခက်အခဲတွေကိုတော့ ရင်ဆိုင်ကျော်လွှားကြဖို့ရှိနေဦးမှာပါ၊

ရေတို စီမံကိန်းနဲ့ရေရှည်စီမံကိန်းကိစ္စတွေကို အဖွဲ့ချုပ်မှ တာဝန်ရှိသူတွေနဲ့ နည်းပြတွေက ပိုသိကြပါတယ်၊ ကျွန်တော်တို့တွေက ဘေးကလူတွေပါ၊ထောက်ပြမယ်၊ ဝေဖန်အကြံပြုမယ်၊ လက်ခံခြင်း၊လက်မခံခြင်း၊ သိခြင်းမသိ ခြင်းဆိုတာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကျကျကွင်းထဲမှာ ဒါမှမဟုတ်ရင် အဲ့ဒီအဝန်းအဝိုင်းထဲမှာ ဘဝကိုနှစ်ပြီးတော့ဖြတ်သန်းကျင်လည်နေတဲ့သူတွေကပိုပြီးတော့ သိကြပါလိမ့်မယ်။ ပြိုင်ဘက် တွေ သက်ကျော်ဖြစ်ဖြစ်မဖြစ်ဖြစ်၊ ဒါသူတို့တွေအလုပ်ပါ၊

ကျွန်တော်တို့တွေအတွက်တော့ သန့်စင်ဖို့၊ဖြူစင်ဖို့လိုတယ်၊ အခုအနေအထားအရဆိုရင် ကျွန်တော်တို့တွေ အနေနဲ့ သက် ကျော်ကစားသမားတွေကို ဘယ်အထိ ဆက်ခေါ်သွားကြမလဲ၊ ဘယ်လောက်အချိန်အထိ သုံး နေကြဦးမှာလဲ၊ ယှဉ်လိုက်တိုင်း ကျန်နေရစ်မယ့်အဖြစ်မျိုး၊ လက်ညှိုးထိုးမှုတွေက ထင်ထင် ပေါ် ပေါ်မဟုတ်ပေမယ့် တစ်ခါတစ်ခါအောက်ဖဲလှန်လိုက်တိုင်း အရှက်တော်တွေကွဲထွက်သွား ရတာမျိုးမဖြစ်စေချင်ဘူး၊ မြင်လည်းမမြင်ချင်ဘူး။ ပြီးတော့ခြေစမ်းပွဲမှာ နိုင်တဲ့အနိုင်နဲ့မကျေ နပ်နိုင်တော့ဘူး၊ တစ်ကယ့်ပြိုင်ပွဲတွေမှာ ဆုဖလားဗလာနဲ့အိမ်ပြန်ရတာမျိုးက ရိုးနေပြီ၊

ဆုဖလားလေးတစ်ခုခုလောက်နဲ့ အမေ့အိမ်အပြန်၊ အဖေ့အိမ်အပြန် သားတွေရဲ့အပျော်ကို မြင် ချင်လှပြီ၊ တစ်ခါလာလည်းခြေစမ်းပွဲ၊ ဖိတ်ခေါ်ပွဲ၊ ဒါနဲ့ပဲလည်ပတ်နေတဲ့အောင်မြင်မှုသံသရာမှာ မြန်မာအသင်းတွေကို မကျင်လည်စေချင်တော့ ဘူး။ စစ်မှန်တဲ့အောင်ပွဲနဲ့ပြန်လာမယ့်မြန်မာကိုပဲ လိုချင်မိတယ်။ လွယ်တော့မလွယ်ဘူး။ ဒါ ပေမယ့် ဖြစ်လာမယ့်အချိန်အထိ ကျွန်တော်တို့တွေက စောင့်နေမယ်၊ အားပေးနေမယ်။

ဆ.ရ .က လုပ်ရတာမဟုတ်ပါဘူး။ မြန်မာ့ဘောလုံးကို တိုးတက်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ပြောဖြစ်တာပါ၊ မြန်မာ့ဘောလုံးအကြောင်းကို မရေးချင်နေမိမယ်၊ သိချင်စိတ် ကတော့ အမြဲတမ်း ရှိတယ်၊ ဒါကြောင့်လည်း လက်လှမ်းမီသလောက်ပြန်လည်ဖောက် သယ်ချရတာပါ၊ ဆွေးနွေးဖြစ်တာပါ၊ အခုလည်းမြန်မာ့ခြေစွမ်းဟာ အံ့မခမ်းတော့မဟုတ်ပေမယ့် သူ့အတိုင်းအထွာနဲ့သူတော့အဆင်ပြေတယ်။ အားနည်းချက်တွေရှိတာတော့အမှန်ပဲ၊ ပေးဂိုး နည်းတာသက်သာပေမယ့် ပွဲတိုင်းဂိုးပေးရတဲ့နောက်တန်းကိုတော့ ဘဝင်မကျမိသလို၊ ပွဲတိုင်း ဂိုးရတဲ့မြန်မာတိုက်စစ်ကလည်း မေ့ထားလို့မရတဲ့အချက်ဖြစ်နေစေတယ်။

ဒီပွဲမှာ ကျွန်တော်တို့တွေရလဒ်အနေနဲ့တော့ ရှုံးခဲ့ကြလိမ့်မယ်။ ဒါပေမယ့် လိုချင်တာ အချို့ ယူနိုင်ခဲ့ကြသလို၊ မယူနိုင်ခဲ့ကြတဲ့အဖြစ်တွေလည်းရှိနေခဲ့တာကြောင့် ပြန်ပြီးတော့မြန်မာအသင်း ခြေစွမ်းကို အယ်လ်ပိုင်းဖလားမှာ သုံးသပ်ရမယ်ဆိုရင် ၁၀၀ မှာ မြန်မာရတာ ၄၀ရာခိုင်နှုန်း သာရှိခဲ့ပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းဟာ အရင်အတိုင်းပဲ မပြောင်းလဲပဲ ဆက်သွားနေတဲ့ပုံစံဟောင်းတစ်ခုသာသာရယ်လို့ပဲပြောဖြစ်ရပါလိမ့်မယ်။

ဘာကြောင့်လည်း ဆိုတော့ နည်းပြကအသစ်ဖြစ်နေတာရယ်အပြင်၊ ရွေးခေါ်လာတဲ့လူသစ် အချို့အလုပ်မဖြစ်တာရယ်၊ အောင်သူမပါရင် တိုက်စစ်မသွက်တာရယ်အပြင်၊ မြန်မာခံစစ်တန်းဟာ အခုအချိန်အထိ နားလည်ချိတ်ဆက်မှုအလွဲဟာ လွဲကောင်းနေတုန်းဖြစ် နေတာကြောင့်ပါပဲ၊ (ဒါတောင် တိုက်စစ်သမားတွေ အဆုံးသပ်ညံ့နေတာ ထည့်မပြောဖြစ်သေးဘူးနော်။ ) လူငယ်တန်း ပါဝါတူအသင်းတွေကြားမှာတော့မြန်မာဟာ မြန်မာပီပီ အကောင်းဆုံးခြေစွမ်း ရှိနေလိမ့်မယ်။

လက်ရွေးစင်အဆင့်မှာတော့ မြန်မာဟာ အကောင်းလွန် ပြီးတော့ အလွန်ကောင်းတဲ့အနေအထားအထိရောက်အောင် လုပ်ယူနေရတာ တော်တော်လေးကိုကြာနေပြီဖြစ်တယ်။ ဒီတော့ မြန်မာအနေနဲ့ ထိုင်းနဲ့ပွဲကလိုမျိုး ဒုတိယပိုင်း တစ်ပိုင်းလုံး အားနည်းနေခဲ့တာတွေအပြင် ၂ ဂိုးပြတ် နိုင်နေလို့ မြန်မာအသင်းကစားဟန်ပေါ့ပျက်ပျက်ဖြစ်သွားတဲ့အချိန်မှာ ထိုင်းက အဝေးကန်ချက်နဲ့ ကိုယ်တွေအမှားတာက(ထိုက်ထိုက်အောင်လူပေးမှား) နေတစ်ဆင့် ဂိုးယူပြသွားတဲ့အချိန်တွေမှာ ဖြစ်မိတဲ့ခံစားချက်ဟာ မြန်မာပရိသတ်တွေပဲသိကြပါ လိမ့်မယ်။

ဘယ်တော့ဂိုးပြန်ပေးရမလဲဆိုတဲ့စိတ်ရယ်၊ တစ်ဖက်အသင်းဂိုးပေါက်မှာ မြန်မာ အသင်းတိုက်စစ်ဂိုးမရပဲရစ်ဝဲနေတဲ့စွန်လိုဖြစ်နေတဲ့အချိန်တွေရယ်ကြားမှာ မချိတင်ကဲ တောက် ခေါက်သံများ၊ ဒေါသကြောင့် ထွက်လာတဲ့ အော်ဟစ်ခံစားသက်ဝင်မှုများကို နည်းပြတွေနဲ့ ကစားသမားတွေကြား စေချင်မိတယ်၊ မြင်စေချင်မိတယ်။ ဒါပေမယ့်အခုတော့ ပွဲကပြီးသွားပြီလေ။

မြန်မာအသင်းကတော့ မပြီးသေးဘူး။ ဆက်သွားရဦးမယ်၊ ထိုင်းမှာခြေစမ်းမယ့် အောင်သူတို့အသင်းရှိမယ်။ အခြားဖိတ်ခေါ်ပွဲတွေ နွဲ ရဦးမယ်၊ အာရှဖလားအားကစားပွဲတော်ရှိတယ်၊ဆူဇူကီးဖလားပွဲရှိတယ်။ ဘာပဲပြောပြော မြန်မာ အသင်းအတွက်တော့ တစ်နှစ်ပတ်လုံး ကစားပွဲတွေက ဆက်နေတာကြောင့် ခြေစွမ်းနဲ့ အတွေ့အကြုံအပိုင်းမှာ ပိုမိုတိုးတက်လာစေမယ့် အခွင့်အရေးတွေရယူနိုင်ဖို့မျှော်ဖြစ်တယ်။ ဒီသက်တမ်းမှာမှမဟုတ်ဘူး။ မြန်မာအသင်းကစားမယ့် အရွယ်စုံသက်တမ်းအလိုက်မှာလည်း ဖြစ်စေချင်မိတာပါ။

ဒါ ပေမယ့် ကစားသမားတွေ အနေနဲ့ ဘယ်သက်တမ်းအလိုက်မှာမဆို ဂိုးတစ်ဂိုးဖြစ်စေမယ့် အခွင့်အရေးကောင်းရ ရင် ထိထိမိမိနဲ့အသပ်ရပ်ဆုံး အသုံးချတတ်ဖို့ကို အခုတည်းက ပိုမိုပြီးတော့ ခေါင်းအေးအေးထား အချိန်ယူလေ့ကျင့်သင့်တယ်လို့မြင်တယ်၊ ကိုယ်စီမှာလည်း ဒါဟာ တာဝန်ရှိနေတယ်။ အဆုံးသပ်မသေချာတဲ့ ကိစ္စနဲ့ပတ်သက်လာရင် အားလုံးရဲ့အမြင် မှာလည်း ဒီအချက်ကို ပိုကောင်းအောင်ပြင်စေချင့်မယ့် အတွေးကောင်းမျိုး ရှိနေလိမ့်မယ်ထင်တယ်၊ ဘာကြောင့်လည်းဆိုတော့ ဂိုး… ဆိုပြီးတော့ ခဏခဏ အော်ဟစ်အားပေးချင်တဲ့အရသာ မြန်မာ ပရိသတ်တွေရဲ့ ရင်ဘတ်တိုင်းမှာ ရှိနေ တာကြောင့်ပဲဖြစ်ပါတယ်။

လူတိုင်းအမှားမကင်းပါဘူး၊ အမှားကနေတစ်ဆင့် သင်ခန်းစာယူပြီးတော့ အောင်မြင်မှုရှိရာဆီကို ခရီးအတူဆက်ကြ တာပေါ့အသစ်စက်စက်မြန်မာ…၊
အဲ့.အဲ့.. အသက်စစ်စစ်နဲ့မြန်မာ…

ဖိုးသူတော် (www.phothutaw.com)
Credit: ထွန်းထွန်းဦး(လှိုင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top