(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ဥေရာပ၊ အေရွ႕အလယ္ပုိင္းနဲ႔ အာရွစတဲ့ေဒသေတြရဲ႕ႏုိင္ငံေပါင္း ၄၂ ႏုိင္ငံကၿပိဳင္ပြဲ ဝင္ေပါင္း ၁ဝဝ ေက်ာ္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ Prince and Princess International 2018 ၿပိဳင္ပြဲကို ထုိင္းႏုိင္ငံဖူးခက္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၅ ရက္ေန႔ကေန ဇူလိုင္လ ၃ဝ ရက္ေန႔အထိ က်င္းပျပဳလုပ္ခဲ့ရာမွာေတာ့ ျမန္မာႏုိင္ငံကုိယ္စား ျပဳ Miss ေတြနဲ႔ Mister ေတြ ဆုတံဆိပ္ေတြ အေတာ္မ်ားမ်ားရရွိခဲ့ၾကၿပီး Winner ဆုေတြလည္းသိမ္းပုိက္ႏုိင္ခဲ့ၾကပါတယ္။

အဲဒီအထဲမွာမွ ျမန္မာျပည္ကုိယ္စားျပဳ Mini Missေလးႏွစ္ဦးကလည္း ဆုတံဆိပ္ေတြ အသီးသီးရယူႏုိင္ခဲ့ၾကပါတယ္။ သူတုိ႔ကေတာ့ အသက္ ၆ ႏွစ္ အရြယ္သာရွိေသးတဲ့ ေနလဝါဝါနဲ႔ ျဖဴစင္ဟိန္း ထက္တုိ႔ပဲ ျဖစ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ ၿပိဳင္ပြဲကာလတစ္ေလွ်ာက္လုံးမွာလည္း လာ ေရာက္ယွဥ္ၿပိဳင္သူေတြရဲ႕ ခ်စ္ခင္ျမတ္ႏုိးျခင္းကုိ ခံခဲ့ရသူေလးေတြလည္း ျဖစ္ပါတယ္။

သူတုိ႔ႏွစ္ဦးရဲ႕ ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ပဲ ျဖဴစင္ဟိန္းထက္က ေတာ့ Mini Miss South East Asia ဆုကုိ ရယူႏိုင္ခဲ့ၿပီး ေနလဝါဝါကေတာ့ Mini Miss Afriasia ဆုေတြကုိ အမိျမန္မာႏိုင္ငံေတာ္အတြက္ သိမ္းပုိက္ရ ယူႏုိင္ခဲ့ပါတယ္။ ေနလဝါဝါေရာ၊ ျဖဴစင္ဟိန္းထက္ေရာ ႏွစ္ဦးစလုံးက ဆုတံဆိပ္ေတြရယူႏုိင္ခဲ့ၾကတဲ့အတြက္ အလြန္ေပ်ာ္ရႊင္ၾကည္ႏူးမိတယ္လို႔ဆုိ ၿပီး ျမန္မာႏုိင္ငံရဲ႕ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္ကုိ အၿပဳံးပန္းေတြနဲ႔ ေလွ်ာက္လွမ္းႏုိင္ခဲ့ၾကပါတယ္။

ေနလဝါဝါကေတာ့ သူက Catwalk ေတြ ေလွ်ာက္ေနရရင္ ေပ်ာ္ရႊင္ တယ္လို႔ဆုိၿပီး သ႐ုပ္ေဆာင္တစ္ဦးလည္း ျဖစ္ခ်င္တယ္လုိ႔ ေပၚျပဴလာဂ်ာနယ္ရဲ႕ ေမးျမန္းမႈကုိ ျပန္လည္ေျဖဆိုခဲ့ပါတယ္။ ျဖဴစင္ဟိန္းထက္ကလည္း အဲဒီလုိပါပဲ။ Miss ေလာကမွာ နာမည္ရတဲ့အထိ ႀကိဳးစားအားထုတ္သြားမယ္လို႔ သူတုိ႔ေလး ေတြရဲ႕ အိပ္မက္ေတြကုိ ေပၚျပဴလာဂ်ာနယ္ကုိ ေျပာျပေပးခဲ့ပါတယ္။

”သမီးကေတာ့ အခုလုိ ၿပိဳင္ပြဲေတြကေနၿပီး ျမန္မာကိုယ္စားျပဳယွဥ္ၿပိဳင္ မယ္။ ၿပီးရင္ ႏုိင္ငံ့ကုိယ္စားျပဳအျဖစ္ ဆုတံဆိပ္ေတြ ရယူႏုိင္တဲ့ Miss တစ္ဦး ျဖစ္တဲ့အထိ ႀကိဳးစားသြားခ်င္ပါတယ္ရွင့္။ ဆုေတြကေတာ့ တအားကိုရခ်င္တယ္။ ေမာ္ဒယ္လ္တအားလုပ္ခ်င္တယ္။ သမီးတို႔ႏုိင္ငံက ယဥ္ေက်းမႈ Talent ေတြကုိ ႏုိင္ငံတကာမွာခ်ျပခ်င္ပါတယ္”လုိ႔ ျဖဴစင္ဟိန္းထက္က အရြယ္နဲ႔မမွ်ေအာင္ ႏုိင္ငံအတြက္ႀကိဳးစားၿပီး ဆုတံဆိပ္ေတြရယူေပးခ်င္တဲ့အေၾကာင္းကုိ အားရ ပါးရဆုိပါတယ္။

ေနလဝါဝါကေတာ့ သူ႔ရဲ႕အိပ္မက္ေတြက နာမည္ေက်ာ္ Missတစ္ဦး ျဖစ္ခ်င္တယ္။ ေနာက္ထပ္သူ႔ရဲ႕ ပန္းတုိင္အိပ္မက္ကေတာ့ သ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ရပ္တည္ခ်င္တယ္ဆုိတာပါပဲ။

”သမီးက Catwalk ေတြေလွ်ာက္ၿပီးေတာ့ ေမာ္ဒယ္လ္လုပ္ခ်င္တယ္။ ေနာက္ၿပီးေတာ့ သ႐ုပ္ေဆာင္ျဖစ္ခ်င္တယ္။ မင္းသမီးလုပ္ခ်င္တယ္ရွင့္။ အဲဒါသမီးရဲ႕ အိပ္မက္ပါ” လုိ႔ ေနလဝါဝါက ေျပာပါတယ္။

ျဖဴစင္ဟိန္းထက္က လက္ရွိမွာလည္း စႏၵရားတီးခတ္တာကုိ သင္ယူေန ၿပီး သူကစႏၵရားအတီးကြၽမ္းက်င္ သူတစ္ဦးလည္းျဖစ္ခ်င္သလုိ သီခ်င္းဆိုတာ လည္း ဝါသနာပါတာမုိ႔ ဂီတနဲ႔ပတ္သက္ၿပီးေတာ့ အႏုပညာလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းခ်င္တဲ့ စိတ္ကူးေတြအျပည့္ရွိေနတယ္လုိ႔ ထုတ္ေဖာ္ေျပာျပခဲ့ပါေသးတယ္။

အခုလက္ရွိမွာေတာ့ Mini Missေလးေတြျဖစ္တဲ့ ေနလဝါဝါနဲ႔ ျဖဴစင္ ဟိန္းထက္တို႔ဟာ ေနာက္ထပ္ၿပိဳင္ပြဲေတြဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ရွိလာတဲ့အခါ အဆင္သင့္ျဖစ္ေနေအာင္အတြက္ ျမန္မာအကေတြ Talent ေတြနဲ႔ပတ္သက္ ၿပီး ႀကိဳတင္ျပင္ဆင္သင္ယူမႈေတြရွိေနၿပီလည္း ျဖစ္ပါတယ္။

Mini Missေလးႏွစ္ဦးဟာ အသက္အရြယ္ငယ္ေသးေပမယ့္လည္း သူတုိ႔မွာ တိက်တဲ့ကိုယ္ပုိင္ စိတ္ကူးအိပ္မက္ေတြရွိေနၾကတာကုိေတြ႕ရတဲ့ အျပင္ အမိျမန္မာႏုိင္ငံေတာ္အတြက္ ေပးဆပ္ခ်င္တဲ့ စိတ္ဓာတ္ေတြ၊ ဆုတံ ဆိပ္ေတြရယူေပးခ်င္တဲ့ စိတ္ဓာတ္ေတြ၊ အရြယ္နဲ႔ မမွ်ေအာင္ရည္ရြယ္ခ်က္ ပန္းတုိင္ခုိင္မာမႈေတြကုိလည္း ျမင္ခဲ့ၾကားခဲ့ရတဲ့အတြက္ ျမန္မာႏုိင္ငံအတြက္ အင္မတန္မွကုိ ဂုဏ္ယူပီတိ ျဖစ္စရာပင္ျဖစ္ပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popular Journal

#Unicode Version#
ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှစတဲ့ဒေသတွေရဲ့နိုင်ငံပေါင်း ၄၂ နိုင်ငံကပြိုင်ပွဲ ဝင်ပေါင်း ၁ဝဝ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Prince and Princess International 2018 ပြိုင်ပွဲကို ထိုင်းနိုင်ငံဖူးခက်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၃ဝ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာမှာတော့ မြန်မာနိုင်ငံကိုယ်စား ပြု Miss တွေနဲ့ Mister တွေ ဆုတံဆိပ်တွေ အတော်များများရရှိခဲ့ကြပြီး Winner ဆုတွေလည်းသိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

အဲဒီအထဲမှာမှ မြန်မာပြည်ကိုယ်စားပြု Mini Missလေးနှစ်ဦးကလည်း ဆုတံဆိပ်တွေ အသီးသီးရယူနိုင်ခဲ့ကြပါတယ်။ သူတို့ကတော့ အသက် ၆ နှစ် အရွယ်သာရှိသေးတဲ့ နေလဝါဝါနဲ့ ဖြူစင်ဟိန်း ထက်တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာလည်း လာ ရောက်ယှဉ်ပြိုင်သူတွေရဲ့ ချစ်ခင်မြတ်နိုးခြင်းကို ခံခဲ့ရသူလေးတွေလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပဲ ဖြူစင်ဟိန်းထက်က တော့ Mini Miss South East Asia ဆုကို ရယူနိုင်ခဲ့ပြီး နေလဝါဝါကတော့ Mini Miss Afriasia ဆုတွေကို အမိမြန်မာနိုင်ငံတော်အတွက် သိမ်းပိုက်ရ ယူနိုင်ခဲ့ပါတယ်။ နေလဝါဝါရော၊ ဖြူစင်ဟိန်းထက်ရော နှစ်ဦးစလုံးက ဆုတံဆိပ်တွေရယူနိုင်ခဲ့ကြတဲ့အတွက် အလွန်ပျော်ရွှင်ကြည်နူးမိတယ်လို့ဆို ပြီး မြန်မာနိုင်ငံရဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အပြုံးပန်းတွေနဲ့ လျှောက်လှမ်းနိုင်ခဲ့ကြပါတယ်။

နေလဝါဝါကတော့ သူက Catwalk တွေ လျှောက်နေရရင် ပျော်ရွှင် တယ်လို့ဆိုပြီး သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ချင်တယ်လို့ ပေါ်ပြူလာဂျာနယ်ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ဖြူစင်ဟိန်းထက်ကလည်း အဲဒီလိုပါပဲ။ Miss လောကမှာ နာမည်ရတဲ့အထိ ကြိုးစားအားထုတ်သွားမယ်လို့ သူတို့လေး တွေရဲ့ အိပ်မက်တွေကို ပေါ်ပြူလာဂျာနယ်ကို ပြောပြပေးခဲ့ပါတယ်။

”သမီးကတော့ အခုလို ပြိုင်ပွဲတွေကနေပြီး မြန်မာကိုယ်စားပြုယှဉ်ပြိုင် မယ်။ ပြီးရင် နိုင်ငံ့ကိုယ်စားပြုအဖြစ် ဆုတံဆိပ်တွေ ရယူနိုင်တဲ့ Miss တစ်ဦး ဖြစ်တဲ့အထိ ကြိုးစားသွားချင်ပါတယ်ရှင့်။ ဆုတွေကတော့ တအားကိုရချင်တယ်။ မော်ဒယ်လ်တအားလုပ်ချင်တယ်။ သမီးတို့နိုင်ငံက ယဉ်ကျေးမှု Talent တွေကို နိုင်ငံတကာမှာချပြချင်ပါတယ်”လို့ ဖြူစင်ဟိန်းထက်က အရွယ်နဲ့မမျှအောင် နိုင်ငံအတွက်ကြိုးစားပြီး ဆုတံဆိပ်တွေရယူပေးချင်တဲ့အကြောင်းကို အားရ ပါးရဆိုပါတယ်။

နေလဝါဝါကတော့ သူ့ရဲ့အိပ်မက်တွေက နာမည်ကျော် Missတစ်ဦး ဖြစ်ချင်တယ်။ နောက်ထပ်သူ့ရဲ့ ပန်းတိုင်အိပ်မက်ကတော့ သရုပ်ဆောင် တစ်ဦးအဖြစ် ရပ်တည်ချင်တယ်ဆိုတာပါပဲ။

”သမီးက Catwalk တွေလျှောက်ပြီးတော့ မော်ဒယ်လ်လုပ်ချင်တယ်။ နောက်ပြီးတော့ သရုပ်ဆောင်ဖြစ်ချင်တယ်။ မင်းသမီးလုပ်ချင်တယ်ရှင့်။ အဲဒါသမီးရဲ့ အိပ်မက်ပါ” လို့ နေလဝါဝါက ပြောပါတယ်။

ဖြူစင်ဟိန်းထက်က လက်ရှိမှာလည်း စန္ဒရားတီးခတ်တာကို သင်ယူနေ ပြီး သူကစန္ဒရားအတီးကျွမ်းကျင် သူတစ်ဦးလည်းဖြစ်ချင်သလို သီချင်းဆိုတာ လည်း ဝါသနာပါတာမို့ ဂီတနဲ့ပတ်သက်ပြီးတော့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းချင်တဲ့ စိတ်ကူးတွေအပြည့်ရှိနေတယ်လို့ ထုတ်ဖော်ပြောပြခဲ့ပါသေးတယ်။

အခုလက်ရှိမှာတော့ Mini Missလေးတွေဖြစ်တဲ့ နေလဝါဝါနဲ့ ဖြူစင် ဟိန်းထက်တို့ဟာ နောက်ထပ်ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိလာတဲ့အခါ အဆင်သင့်ဖြစ်နေအောင်အတွက် မြန်မာအကတွေ Talent တွေနဲ့ပတ်သက် ပြီး ကြိုတင်ပြင်ဆင်သင်ယူမှုတွေရှိနေပြီလည်း ဖြစ်ပါတယ်။

Mini Missလေးနှစ်ဦးဟာ အသက်အရွယ်ငယ်သေးပေမယ့်လည်း သူတို့မှာ တိကျတဲ့ကိုယ်ပိုင် စိတ်ကူးအိပ်မက်တွေရှိနေကြတာကိုတွေ့ရတဲ့ အပြင် အမိမြန်မာနိုင်ငံတော်အတွက် ပေးဆပ်ချင်တဲ့ စိတ်ဓာတ်တွေ၊ ဆုတံ ဆိပ်တွေရယူပေးချင်တဲ့ စိတ်ဓာတ်တွေ၊ အရွယ်နဲ့ မမျှအောင်ရည်ရွယ်ချက် ပန်းတိုင်ခိုင်မာမှုတွေကိုလည်း မြင်ခဲ့ကြားခဲ့ရတဲ့အတွက် မြန်မာနိုင်ငံအတွက် အင်မတန်မှကို ဂုဏ်ယူပီတိ ဖြစ်စရာပင်ဖြစ်ပါတော့တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popular Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top