ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

တခါက ဘုရင္ႀကီး တပါးမွာ သူ အလြန္ကို ယံုၾကည္ ကိုးကြယ္တဲ့ ေဗဒင္ဆရာ တေယာက္ ရွိတယ္ ။ တရက္မွာ ေဗဒင္ဆရာက ဘုရင္ႀကီး အင္မတန္ ခ်စ္ျမတ္ႏိုးတဲ့ မိဖုရားငယ္ေလးဟာ ၈ ရက္ အတြင္း ေသဆံုးမယ္ လို႔ ေဗဒင္ေဟာ လိုက္တယ္ ။

တကယ္လည္း မိဖုရားငယ္ေလးဟာ ၈ ရက္ေျမာက္ေန႔မွာ အသတ္ ခံရၿပီး ေသဆံုး သြားတယ္ ။ ဘုရင္ႀကီးဟာ စိတ္အရမ္း ထိခိုက္ သြားတယ္ ။

ေဗဒင္ဆရာဟာ သူေဟာေျပာတာ မွန္တယ္ ဆိုတာကို နန္းတြင္းက လူေတြ အားလံုးကို သိေစခ်င္လို႔ မိဖုရားေလးကို သတ္လိုက္ တာလား ၊ ဒါမွမဟုတ္ တစံု တေယာက္ကပဲ သတ္သြားတာလား ဆိုတာ ဘုရင္ႀကီး ေသေသ ခ်ာခ်ာ မသိဘူး ။

သက္ေသ မရွိလို႔ စြပ္စြဲလို႔လည္း မရဘူး ။ ဒါေပမဲ့ ေဗဒင္ဆရာ ေဟာလိုက္လို႔ သူျမတ္ႏိုးလွတဲ့ မိဖုရားေလး ေသရတာ ဆိုၿပီး ဘုရင္ႀကီးဟာ ေဗဒင္ဆရာကို သတ္ပစ္ခ်င္ ေနတယ္ ။

ေနာက္တေန႔မွာ ဘုရင္ႀကီးက သူ႔အေစာင့္ စစ္သားေတြကို ခုလို မွာထားတယ္ ။ ေဗဒင္ဆရာ သူ႔အခန္းထဲ ဝင္လာတဲ့ အခါ သူလက္နဲ႔ အခ်က္ျပ လိုက္မယ္ ။ အေစာင့္အားလံုးက ေဗဒင္ဆရာကို ဝိုင္းဖမ္းခ်ဳပ္ ၾကျပီး နန္းေတာ္ ျပတင္းေပါက္က ပစ္ခ်လိုက္ ဖို႔ပါ ။ ေဗဒင္ဆရာကို ေပတရာ အျမင့္ကေန ေျမျပင္ေပၚျပဳတ္က် ေသေစဖို႔ပါ ။

ေနာက္ေတာ့ ေဗဒင္ဆရာ ေရာက္လာတယ္ ။ ဘုရင္ႀကီးက အေစာင့္ေတြကို လက္မျပခင္ သူ႔မွာ သိခ်င္တာ တစ္ခုရွိလို႔ ေဗဒင္ဆရာကို ခုလို ေမးလိုက္ပါတယ္ ။

" ဆရာဟာ ေဗဒင္ ပညာကို အရမ္း ကၽြမ္းက်င္တယ္ ။ သူမ်ားေတြရဲ႕ ကံၾကမၼာ ကိုလည္း အတိအက် ေဟာႏိုင္တယ္ ။ ဒါဆိုရင္ ဆရာ႔ ကံၾကမၼာကိုလည္း ဆရာ အတိအက် သိမွာေပါ့ေနာ္ ။ ဆရာ ဘယ္ေတာ့ ေသမလဲ ခင္ဗ်ာ " လို႔ေမးေတာ့ ...  ေဗဒင္ဆရာက ခုလို ျပန္ေျဖလိုက္တယ္။

" အရွင္မင္းႀကီး နတ္ရြာမစံခင္ ၃ ရက္အလိုမွာ ကၽြန္ေတာ္မ်ိဳး ေသဆံုးပါ လိမ့္မယ္"

ဘုရင္ႀကီးဟာ ေဗဒင္ဆရာကို ျပတင္းေပါက္က ပစ္ခ်ဖို႔ အေစာင့္ေတြကို လက္နဲ႔ အခ်က္မျပရံု မကဘဲ ေဗဒင္ဆရာကို ေငြေၾကးနဲ႔ လက္ေဆာင္ေတြ အမ်ားႀကီး ေပးၿပီး ျပန္လႊတ္လိုက္တယ္ ။

ဒါတင္ မကေသး ပါဘူး ၊ ေဗဒင္ဆရာ နည္းနည္း ေနမေကာင္း ျဖစ္တာနဲ႔ နန္းတြင္းက အေတာ္ဆံုး ေဆးဆရာႀကီးေတြ ေစလႊတ္ၿပီး အေကာင္းဆံုး ေဆးဝါးေတြနဲ႔ ကုေပးတယ္ ။

ေနာက္ၿပီး ေဗဒင္ဆရာ သြားေလရာမွာ သူ႔အသက္ လံုျခံဳေရးအတြက္ ဘုရင့္ စစ္တပ္ တတပ္က အခ်ိန္ျပည့္ တာဝန္ယူ ေစာင့္ေရွာက္ေပး ထားတယ္ ။

ဘုရင္ႀကီးကလည္း ညအိပ္ယာ ဝင္ခါနီးတိုင္း ေဗဒင္ဆရာ အသက္ရွည္ က်န္းမာေစဖို႔ ဘုရားရွိခိုး ဆုေတာင္းေပးေန ပါတယ္ ။

အမွန္က ေဗဒင္ဆရာက သူ႔ေသေန႔ကို ေဗဒင္ပညာနဲ႔ ေဟာလိုက္တာ မဟုတ္ပါဘူး ။ သူဟာ ဘုရင္ႀကီးရဲ႕ အမူအရာ ပ်က္ေနတာကို အကဲခတ္မိ တာေၾကာင့္ ဥပါယ္တံမ်ဥ္နဲ႔ ေျပာလိုက္တာပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Bamaw Thein Pe

#Unicode Version#

တခါက ဘုရင်ကြီး တပါးမှာ သူ အလွန်ကို ယုံကြည် ကိုးကွယ်တဲ့ ဗေဒင်ဆရာ တယောက် ရှိတယ် ။ တရက်မှာ ဗေဒင်ဆရာက ဘုရင်ကြီး အင်မတန် ချစ်မြတ်နိုးတဲ့ မိဖုရားငယ်လေးဟာ ၈ ရက် အတွင်း သေဆုံးမယ် လို့ ဗေဒင်ဟော လိုက်တယ် ။

တကယ်လည်း မိဖုရားငယ်လေးဟာ ၈ ရက်မြောက်နေ့မှာ အသတ် ခံရပြီး သေဆုံး သွားတယ် ။ ဘုရင်ကြီးဟာ စိတ်အရမ်း ထိခိုက် သွားတယ် ။

ဗေဒင်ဆရာဟာ သူဟောပြောတာ မှန်တယ် ဆိုတာကို နန်းတွင်းက လူတွေ အားလုံးကို သိစေချင်လို့ မိဖုရားလေးကို သတ်လိုက် တာလား ၊ ဒါမှမဟုတ် တစုံ တယောက်ကပဲ သတ်သွားတာလား ဆိုတာ ဘုရင်ကြီး သေသေ ချာချာ မသိဘူး ။

သက်သေ မရှိလို့ စွပ်စွဲလို့လည်း မရဘူး ။ ဒါပေမဲ့ ဗေဒင်ဆရာ ဟောလိုက်လို့ သူမြတ်နိုးလှတဲ့ မိဖုရားလေး သေရတာ ဆိုပြီး ဘုရင်ကြီးဟာ ဗေဒင်ဆရာကို သတ်ပစ်ချင် နေတယ် ။

နောက်တနေ့မှာ ဘုရင်ကြီးက သူ့အစောင့် စစ်သားတွေကို ခုလို မှာထားတယ် ။ ဗေဒင်ဆရာ သူ့အခန်းထဲ ဝင်လာတဲ့ အခါ သူလက်နဲ့ အချက်ပြ လိုက်မယ် ။ အစောင့်အားလုံးက ဗေဒင်ဆရာကို ဝိုင်းဖမ်းချုပ် ကြပြီး နန်းတော် ပြတင်းပေါက်က ပစ်ချလိုက် ဖို့ပါ ။ ဗေဒင်ဆရာကို ပေတရာ အမြင့်ကနေ မြေပြင်ပေါ်ပြုတ်ကျ သေစေဖို့ပါ ။

နောက်တော့ ဗေဒင်ဆရာ ရောက်လာတယ် ။ ဘုရင်ကြီးက အစောင့်တွေကို လက်မပြခင် သူ့မှာ သိချင်တာ တစ်ခုရှိလို့ ဗေဒင်ဆရာကို ခုလို မေးလိုက်ပါတယ် ။

" ဆရာဟာ ဗေဒင် ပညာကို အရမ်း ကျွမ်းကျင်တယ် ။ သူများတွေရဲ့ ကံကြမ္မာ ကိုလည်း အတိအကျ ဟောနိုင်တယ် ။ ဒါဆိုရင် ဆရာ့ ကံကြမ္မာကိုလည်း ဆရာ အတိအကျ သိမှာပေါ့နော် ။ ဆရာ ဘယ်တော့ သေမလဲ ခင်ဗျာ " လို့မေးတော့ ...  ဗေဒင်ဆရာက ခုလို ပြန်ဖြေလိုက်တယ်။

" အရှင်မင်းကြီး နတ်ရွာမစံခင် ၃ ရက်အလိုမှာ ကျွန်တော်မျိုး သေဆုံးပါ လိမ့်မယ်"

ဘုရင်ကြီးဟာ ဗေဒင်ဆရာကို ပြတင်းပေါက်က ပစ်ချဖို့ အစောင့်တွေကို လက်နဲ့ အချက်မပြရုံ မကဘဲ ဗေဒင်ဆရာကို ငွေကြေးနဲ့ လက်ဆောင်တွေ အများကြီး ပေးပြီး ပြန်လွှတ်လိုက်တယ် ။

ဒါတင် မကသေး ပါဘူး ၊ ဗေဒင်ဆရာ နည်းနည်း နေမကောင်း ဖြစ်တာနဲ့ နန်းတွင်းက အတော်ဆုံး ဆေးဆရာကြီးတွေ စေလွှတ်ပြီး အကောင်းဆုံး ဆေးဝါးတွေနဲ့ ကုပေးတယ် ။

နောက်ပြီး ဗေဒင်ဆရာ သွားလေရာမှာ သူ့အသက် လုံခြုံရေးအတွက် ဘုရင့် စစ်တပ် တတပ်က အချိန်ပြည့် တာဝန်ယူ စောင့်ရှောက်ပေး ထားတယ် ။

ဘုရင်ကြီးကလည်း ညအိပ်ယာ ဝင်ခါနီးတိုင်း ဗေဒင်ဆရာ အသက်ရှည် ကျန်းမာစေဖို့ ဘုရားရှိခိုး ဆုတောင်းပေးနေ ပါတယ် ။

အမှန်က ဗေဒင်ဆရာက သူ့သေနေ့ကို ဗေဒင်ပညာနဲ့ ဟောလိုက်တာ မဟုတ်ပါဘူး ။ သူဟာ ဘုရင်ကြီးရဲ့ အမူအရာ ပျက်နေတာကို အကဲခတ်မိ တာကြောင့် ဥပါယ်တံမျဉ်နဲ့ ပြောလိုက်တာပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit: Bamaw Thein Pe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top