iMyanmarHouse.com - Best Property Website for Myanmar
×

တခါတေလမွာ ႏွစ္ဦးစလံုးက မမွားခဲ့ပါဘဲနဲ႔ လမ္းခြဲခဲ့ရတဲ့ စံုတြဲေတြ ရွိပါတယ္။ ကိုယ္က သတိမထားမိတာ၊ မေတြးမိတာေလးေတြက ေနာက္ဆံုးလမ္းခြဲဖို႕ အထိ ျဖစ္ခဲ့ရတာမ်ိဳးေပါ့။ အဲ့လို မ်ိဳးေတြ မျဖစ္ရေအာင္ အတတ္ႏိုင္ဆံုး နည္းလမ္းေကာင္းေလးေတြ မွ်ေ၀ခ်င္ပါတယ္။

(၁)က်န္းမာေရးနဲ႔ပတ္သက္ျပီး ပြင့္လင္းမႈရွိပါ။
စံုတြဲတိုင္းမွာ မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာာက်္ားေလးပဲျဖစ္ျဖစ္ ကိုယ့္က်န္းမာေရးမေကာင္းတဲ့ အခ်ိန္ဆိုတာ ရွိပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြဆို ပိုဆိုးပါတယ္။ တစ္ေယာက္က်န္းမာေရး တစ္ေယာက္ မပြင့္လင္းတာျဖစ္ျဖစ္၊ နားလည္မေပးနိုင္တာ ျဖစ္ျဖစ္ ျဖစ္လာခဲ့တဲ့ အက္ကြဲေၾကာင္းေလးေတြက ေရရွည္လက္တြဲလုိ႕ ရမရ ဆံုးျဖတ္ေပးသြားပါလိမ့္မယ္။

(၂)ရင္းႏွီးလြန္းသြားတဲ့အခ်ိန္ ေလးစားမႈရွိပါ။
တစ္ခ်ို႕ စံုတြဲေတြမွာ တြဲခ်ိန္ၾကာလာတာနဲ႔အမွ် တစ္ေယာက္အေၾကာင္းတစ္ေယာက္အကုန္ သိလာၾကပါတယ္။ ေနာက္ပိုင္း အလုပ္ေတြ ရႈပ္ေနလို႔ ဆိုတဲ့အေၾကာင္းေတြနဲ႔ အခ်ိန္မေပးႏိုင္တာေတြ၊ ကတိပ်က္လာတာေတြ ျဖစ္လာတတ္ပါတယ္။ အေၾကာင္းသိေနလို႔ တြဲလာတာျကာရင္ ျဖစ္လာတတ္တဲ့ သေဘာေတြပါ။ ဆက္လုပ္ေနရင္ အဆင္မေျပႏုိင္ေတာ့ပါဘူး။

(၃)ေငြေၾကးကိစၥေတြမွာ အသံုးနဲ႔ အျဖဳန္း၊ ရွိတာနဲ႔ မရွိတာကို လက္ခံပါ။
စတြဲစမွာေတာ့ ဘယ္သူပဲ စိုက္ထုတ္ရတာျဖစ္ျဖစ္ အဆင္ေျပေပမဲ့ ေနာက္ပိုင္း တြဲလာတာၾကာတာနဲ႔ ေငြေၾကးက တစ္ေနရာကေန ပါ၀င္လာပါတယ္။ ကိုယ္ကအဆင္မေျပတာကို လိုခ်င္တာေတြေတာင္းတာ၊ မလုိအပ္တာေတြ ၀ယ္မိတာေတြနဲ႔ ကိုယ့္ရဲ႕ လက္တြဲေဖာ္ရဲ႕ ေငြေၾကးပိုင္းဆိုင္ရာ ရွိမႈ၊ မရွိမႈ ေတြကို လက္ခံႏိုင္စြမ္း မရွိတာေတြက ျပင္လို႔ရတုန္း မျပင္ႏိုင္ရင္ ဘ၀မွာ မေပ်ာ္ရႊင္ရမႈေတြ ျဖစ္လာေစမွာပါ။

(၄)အမွားေတြပဲ လိုက္ေထာက္ျပေနတဲ့ ကိစၥမ်ိဳးကို ေရွာင္ပါ။
ဘယ္သူမဆို အမွားနဲ႔မကင္းပါဘူး။ တမင္လုပ္လုိက္တာနဲ႔ မေတာ္တဆမွားတာေတြက မတူပါဘူး။ ကိုယ္လက္တြဲမယ့္ သူရဲ႕အမွားတိုင္းကို လိုက္ေထာက္ျပေနတာက မတည္ျမဲတဲ့ဆက္ဆံေရးကို ျဖစ္ေစပါတယ္။ ထမင္းစားေစခ်င္လို႕ ခ်က္ေက်ြးတာ၊ တူးသြားတာက အျပစ္မဟုတ္ပါဘူး။ ကိုယ္ကေနာက္တခါမျဖစ္ေအာင္ ဘာကူေပးရမလဲက အဓိကပါ။ အျပစ္ေျပာဖို႔ ခ်စ္ခဲ့တာမွ မဟုတ္တာ။

(၅)ကိုယ္ပိုင္ အနားယူခ်ိန္ေပးပါ။
ဒါကလည္း အေရးၾကီးပါတယ္။ အလုပ္ပိတ္ရက္ေလး ေတြ႔ခ်င္တာတို႕၊ အြန္လိုင္းအသံုးျပုတိုင္း စကားေျပာရမွာတို႕ မဟုတ္ဘဲ ကိုယ္လည္း ကိုယ္ပိုင္လြတ္လပ္ခ်ိန္နဲ႔သူလည္း သူ႕အခ်ိန္နဲ႔ ေနတာလည္း အေရးပါပါတယ္။ လိုအပ္ရင္ ေကာင္းေကာင္းမြန္မြန္ တိုင္ပင္ပါ။

(၆)ကိုယ္ပိုင္ ျပႆနာေလးေတြကို မွ်ေ၀ခံစားပါ။
လူတိုင္းရွိေနၾကတဲ့ အေသးအမႊားေလးေတြ မဟုတ္ဘဲ ေနာက္ပ္ုင္းမွာ ကိုယ္ၾကံဳေနရတဲ့ အခက္အခဲေတြကို ေျပာျပပါ။ တိုင္ပင္လိုက္တဲ့ အခ်ိန္မွာ တစ္၀က္ေလာက္က ေျဖရွင္းျပီးသား ျဖစ္တတ္ပါတယ္။ နားမေထာင္ခ်င္တဲ့ သူဆိုရင္ေတာ့ ျပန္စဥ္းစားဖို႔လိုေနပါျပီ။

(၇)လက္ရွိရုပ္ရည္ကို လက္မခံႏိုင္တာမ်ိဳးဆို ျပန္စဥ္းစားပါ။
တြဲစတုန္းကေတာ့ အဆင္ေျပေပမဲ့ ေရြးခ်ယ္စရာမ်ားတဲ့ ေလာကၾကီးမွာ တျခားသူေတြနဲ႔ ယွဥ္လာျပီး သူကေတာ့ ရုပ္ဆိုးတယ္၊ အသားအေရာင္က မလွဘူး။ အရပ္ပုတယ္၊ ရွည္တယ္ စတဲ့ကိုယ္ပိုင္ ရုပ္ရည္ကို လက္မခံႏိုင္ရင္ အဆင္မေျပေတာ့ပါဘူး။ အေပၚယံ အေရျပားဆိုတာ နွမ္းတစ္ေစ့ေလာက္ပဲ ရွိတာပါ။

(၈)အနာဂတ္ အစီအစဥ္ကို နွစ္ေယာက္ တိုင္ပင္ပါ။
အေရးၾကီးဆံုးအခ်က္ပါပဲ။ ကိုယ္ေနမယ့္ ဘ၀ကို ကိုယ္တိုင္ ဆံုးျဖတ္ခ်က္ ခ်ရမွာပါ။ ႏွစ္ေယာက္စလံုး အဆင္ေျပမယ့္ အနာဂတ္ အစီအစဥ္ေတြကို တိုင္တုိင္ပင္ပင္နဲ႔ ျဖစ္ခ်င္တာ၊ ျဖစ္သင့္တာ တုိင္ပင္ပါ။ မတိုင္ပင္ေသးတာကလည္း လြဲေနတဲ့ အခ်က္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aung Bwa - MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
တခါတလေမှာ နှစ်ဦးစလုံးက မမှားခဲ့ပါဘဲနဲ့ လမ်းခွဲခဲ့ရတဲ့ စုံတွဲတွေ ရှိပါတယ်။ ကိုယ်က သတိမထားမိတာ၊ မတွေးမိတာလေးတွေက နောက်ဆုံးလမ်းခွဲဖို့ အထိ ဖြစ်ခဲ့ရတာမျိုးပေါ့။ အဲ့လို မျိုးတွေ မဖြစ်ရအောင် အတတ်နိုင်ဆုံး နည်းလမ်းကောင်းလေးတွေ မျှဝေချင်ပါတယ်။

(၁)ကျန်းမာရေးနဲ့ပတ်သက်ပြီး ပွင့်လင်းမှုရှိပါ။
စုံတွဲတိုင်းမှာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောာကျ်ားလေးပဲဖြစ်ဖြစ် ကိုယ့်ကျန်းမာရေးမကောင်းတဲ့ အချိန်ဆိုတာ ရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဆို ပိုဆိုးပါတယ်။ တစ်ယောက်ကျန်းမာရေး တစ်ယောက် မပွင့်လင်းတာဖြစ်ဖြစ်၊ နားလည်မပေးနိုင်တာ ဖြစ်ဖြစ် ဖြစ်လာခဲ့တဲ့ အက်ကွဲကြောင်းလေးတွေက ရေရှည်လက်တွဲလို့ ရမရ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။

(၂)ရင်းနှီးလွန်းသွားတဲ့အချိန် လေးစားမှုရှိပါ။
တစ်ချို့ စုံတွဲတွေမှာ တွဲချိန်ကြာလာတာနဲ့အမျှ တစ်ယောက်အကြောင်းတစ်ယောက်အကုန် သိလာကြပါတယ်။ နောက်ပိုင်း အလုပ်တွေ ရှုပ်နေလို့ ဆိုတဲ့အကြောင်းတွေနဲ့ အချိန်မပေးနိုင်တာတွေ၊ ကတိပျက်လာတာတွေ ဖြစ်လာတတ်ပါတယ်။ အကြောင်းသိနေလို့ တွဲလာတာကြာရင် ဖြစ်လာတတ်တဲ့ သဘောတွေပါ။ ဆက်လုပ်နေရင် အဆင်မပြေနိုင်တော့ပါဘူး။

(၃)ငွေကြေးကိစ္စတွေမှာ အသုံးနဲ့ အဖြုန်း၊ ရှိတာနဲ့ မရှိတာကို လက်ခံပါ။
စတွဲစမှာတော့ ဘယ်သူပဲ စိုက်ထုတ်ရတာဖြစ်ဖြစ် အဆင်ပြေပေမဲ့ နောက်ပိုင်း တွဲလာတာကြာတာနဲ့ ငွေကြေးက တစ်နေရာကနေ ပါဝင်လာပါတယ်။ ကိုယ်ကအဆင်မပြေတာကို လိုချင်တာတွေတောင်းတာ၊ မလိုအပ်တာတွေ ဝယ်မိတာတွေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်ရဲ့ ငွေကြေးပိုင်းဆိုင်ရာ ရှိမှု၊ မရှိမှု တွေကို လက်ခံနိုင်စွမ်း မရှိတာတွေက ပြင်လို့ရတုန်း မပြင်နိုင်ရင် ဘဝမှာ မပျော်ရွှင်ရမှုတွေ ဖြစ်လာစေမှာပါ။

(၄)အမှားတွေပဲ လိုက်ထောက်ပြနေတဲ့ ကိစ္စမျိုးကို ရှောင်ပါ။
ဘယ်သူမဆို အမှားနဲ့မကင်းပါဘူး။ တမင်လုပ်လိုက်တာနဲ့ မတော်တဆမှားတာတွေက မတူပါဘူး။ ကိုယ်လက်တွဲမယ့် သူရဲ့အမှားတိုင်းကို လိုက်ထောက်ပြနေတာက မတည်မြဲတဲ့ဆက်ဆံရေးကို ဖြစ်စေပါတယ်။ ထမင်းစားစေချင်လို့ ချက်ကျွေးတာ၊ တူးသွားတာက အပြစ်မဟုတ်ပါဘူး။ ကိုယ်ကနောက်တခါမဖြစ်အောင် ဘာကူပေးရမလဲက အဓိကပါ။ အပြစ်ပြောဖို့ ချစ်ခဲ့တာမှ မဟုတ်တာ။

(၅)ကိုယ်ပိုင် အနားယူချိန်ပေးပါ။
ဒါကလည်း အရေးကြီးပါတယ်။ အလုပ်ပိတ်ရက်လေး တွေ့ချင်တာတို့၊ အွန်လိုင်းအသုံးပြုတိုင်း စကားပြောရမှာတို့ မဟုတ်ဘဲ ကိုယ်လည်း ကိုယ်ပိုင်လွတ်လပ်ချိန်နဲ့သူလည်း သူ့အချိန်နဲ့ နေတာလည်း အရေးပါပါတယ်။ လိုအပ်ရင် ကောင်းကောင်းမွန်မွန် တိုင်ပင်ပါ။

(၆)ကိုယ်ပိုင် ပြဿနာလေးတွေကို မျှဝေခံစားပါ။
လူတိုင်းရှိနေကြတဲ့ အသေးအမွှားလေးတွေ မဟုတ်ဘဲ နောက်ပ်ုင်းမှာ ကိုယ်ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြပါ။ တိုင်ပင်လိုက်တဲ့ အချိန်မှာ တစ်ဝက်လောက်က ဖြေရှင်းပြီးသား ဖြစ်တတ်ပါတယ်။ နားမထောင်ချင်တဲ့ သူဆိုရင်တော့ ပြန်စဉ်းစားဖို့လိုနေပါပြီ။

(၇)လက်ရှိရုပ်ရည်ကို လက်မခံနိုင်တာမျိုးဆို ပြန်စဉ်းစားပါ။
တွဲစတုန်းကတော့ အဆင်ပြေပေမဲ့ ရွေးချယ်စရာများတဲ့ လောကကြီးမှာ တခြားသူတွေနဲ့ ယှဉ်လာပြီး သူကတော့ ရုပ်ဆိုးတယ်၊ အသားအရောင်က မလှဘူး။ အရပ်ပုတယ်၊ ရှည်တယ် စတဲ့ကိုယ်ပိုင် ရုပ်ရည်ကို လက်မခံနိုင်ရင် အဆင်မပြေတော့ပါဘူး။ အပေါ်ယံ အရေပြားဆိုတာ နှမ်းတစ်စေ့လောက်ပဲ ရှိတာပါ။

(၈)အနာဂတ် အစီအစဉ်ကို နှစ်ယောက် တိုင်ပင်ပါ။
အရေးကြီးဆုံးအချက်ပါပဲ။ ကိုယ်နေမယ့် ဘဝကို ကိုယ်တိုင် ဆုံးဖြတ်ချက် ချရမှာပါ။ နှစ်ယောက်စလုံး အဆင်ပြေမယ့် အနာဂတ် အစီအစဉ်တွေကို တိုင်တိုင်ပင်ပင်နဲ့ ဖြစ်ချင်တာ၊ ဖြစ်သင့်တာ တိုင်ပင်ပါ။ မတိုင်ပင်သေးတာကလည်း လွဲနေတဲ့ အချက်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Bwa - MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top