(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အလုပ္္လုပ္ခ်ိန္နဲ႔ လစာေငြညီမွ်မႈမရွိတာေတြေၾကာင့္ ဆမလက္မွတ္ရရွိထားတဲ့ ဆရာဝန္သစ္လြင္ေတြဟာ အစုိးရေဆး႐ုံေတြမွာ တာဝန္ထမ္းေဆာင္ဖို႔အတြက္ အခက္အခဲေတြ ရွိေနပါတယ္။ 

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္ေန႔က ပခုကၠဴၿမိဳ႕နယ္မွာ ျပဳလုပ္တဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံရဲ႕ ၿငိမ္းခ်မ္းေရးစကားဝိုင္းမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာနျပည္ေထာင္စုဝန္ႀကီးက ဒီႏွစ္ထဲမွာ ဆရာဝန္သစ္လြင္ ၂ဝဝဝ ခန္႔အပ္သြားမွာျဖစ္ၿပီး ဆရာဝန္ေတြအေနနဲ႔လည္း လုပ္ငန္းခြင္ဝင္အတြင္းမွာ ဝင္ေရာက္လုပ္ကိုင္ၾကဖို႔ကတုိက္တြန္းခဲ့ပါတယ္။

လက္ေတြ႔မွာေတာ့ ဆမလက္မွတ္ရရွိထားတဲ့ ဆရာဝန္သစ္လြင္ေတြဟာ  ဝန္ႀကီးဌာနက ေပးအပ္တဲ့ လစာေငြ နည္းပါးတာ၊ အလုပ္ခ်ိန္ဝန္ပိေနတာေတြနဲ႔ လုပ္ငန္းခြင္အတြင္းမွာ မလံုၿခံဳတာေတြေၾကာင္ အလုပ္ဝင္ဖုိ႔ ေႏွာင့္ေႏွးတာေတြ ရွိပါတယ္။

ေဒါက္တာရန္နိုင္လင္းက “မဝင္ျဖစ္တာကေတာ့ လုပ္သားက တအားမ်ားတယ္။ လစာလည္း ေတာ္ေတာ္နည္းတယ္။ လုပ္ရတဲ့အလုပ္ခ်ိန္ ပင္ပန္းမႈေတြ၊ အဆင္မေျပမႈေတြနဲ႔ လစာနဲ႔က်ေနာ့ မမွ်ဘူး။ အဲဒါလည္း ပါတာေပါ့ေနာ္”  လုိ႔ ေျပာပါတယ္။

ေဒါက္တာႏိုင္ထူးလင္းက “က်ေနာ္တို႔ လုပ္ခလစာ နည္းပါးတာရယ္၊ တာဝန္ခ်ိန္ တအားမ်ားတာေပါ့ေနာ္။ အမ်ားႀကီး တာဝန္ထမ္းထားရတဲ့အတြက္ တခ်ဳိ႕ေနရာေလးေတြမွာ လစ္ဟာသြားတာေတြ ရွိတဲ့အခါ ျပည္သူက နားလည္မႈလြဲၿပီးေတာ့ အထင္လြဲခံရတာ အတိုင္ခံ ရတာေတြ၊ တခ်ဳိ႕ဆိုလည္း အသက္အႏၱရာယ္ အရွာခံရတာေတြလည္း ရွိတယ္” လို႔ ဆိုပါတယ္။

ပုဂၢလိကက႑ေတြ တိုးတက္လာတာနဲ႔အတူ ဆရာဝန္ေတြဟာ အစုိးရေဆး႐ုံ၊ ေဆးခန္းေတြမွာထက္ ပုဂၢလိကပိုင္ေဆး႐ုံ၊ေဆးခန္းေတြနဲ႔ NGO ေတြမွာ ဝင္ေရာက္လုပ္ကိုင္သူ ေတြ ပုိမ်ားလာပါတယ္။

က်န္းမာေရးဦးစီးဌာန တာဝန္ရွိသူကေတာ့ က်န္းမာေရးနွင့္ အားကစား ဝန္ႀကီးဌာနလက္ေအာက္မွာရွိတဲ့ အစိုးရေဆး႐ုံေဆးခန္းေတြမွာ ဝင္ေရာက္လုပ္ကိုင္ရင္း အေတြ႔အႀကံဳအသစ္ေတြရလာနိုင္တဲ့အတြက္ အလုပ္ဝင္ၾကဖုိ႔ကုိ အႀကံျပဳပါတယ္။

ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေသာင္းလိႈင္ က “ဒါကေတာ့ ဝင္ျခင္းမဝင္ျခင္းက ေတာ့ တဦးခ်င္းနဲ႔ပဲ သက္ဆုိင္တယ္လို႔ ထင္ပါတယ္။ တကယ္လို႔ ဝင္လိုက္ရင္ေတာ့ ပေရာ္ဖက္ရွင္နယ္ျဖစ္တဲ့အတြက္ ဘာပဲေျပာေျပာ ေက်ာင္းတက္လာခဲ့ၿပီ၊ လက္ေတြ႔လည္း ရလာခဲ့ၿပီဆိုေတာ့ ဒီလိုမ်ဳိး ေဆး႐ံုေတြမွာ ဝင္လုပ္တယ္ဆိုရင္ ဘာပဲေျပာေျပာ သူ႔ေရွ႕ေလွ်ာက္ မယ့္ အစိုးရေဆး႐ံုမွာပဲ လုပ္လုပ္၊ အျပင္မွာပဲလုပ္လုုပ္ ပိုၿပီးေတာ့ အေတြ႔အႀကံဳရမယ္လို႔ ျမင္ပါတယ္” လို႔ အႀကံျပဳထားပါတယ္။

ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ရွိျမန္မာနို္င္ငံမွာ ေတာ့ ရန္ကုန္ေဆးတကၠသိုလ္ (၁)၊ ရန္ကုန္ေဆးတကၠသိုလ္ (၂)၊ မေကြးေဆးတကၠသိုလ္၊ မႏၱေလးေဆးတကၠသိုလ္နဲ႔ ေတာင္ႀကီး ေဆးတကၠသိုလ္ေတြကေန နွစ္စဥ္ေက်ာင္းသား၊ ေက်ာင္းသူဦးေရ ၁ဝဝဝ ေက်ာ္ကို လက္ခံ သင္ၾကားေပးေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
အလုပ်လုပ်ချိန်နဲ့ လစာငွေညီမျှမှုမရှိတာတွေကြောင့် ဆမလက်မှတ်ရရှိထားတဲ့ ဆရာဝန်သစ်လွင်တွေဟာ အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ပခုက္ကူမြို့နယ်မှာ ပြုလုပ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးက ဒီနှစ်ထဲမှာ ဆရာဝန်သစ်လွင် ၂ဝဝဝ ခန့်အပ်သွားမှာဖြစ်ပြီး ဆရာဝန်တွေအနေနဲ့လည်း လုပ်ငန်းခွင်ဝင်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်ကြဖို့ကတိုက်တွန်းခဲ့ပါတယ်။

လက်တွေ့မှာတော့ ဆမလက်မှတ်ရရှိထားတဲ့ ဆရာဝန်သစ်လွင်တွေဟာ  ဝန်ကြီးဌာနက ပေးအပ်တဲ့ လစာငွေ နည်းပါးတာ၊ အလုပ်ချိန်ဝန်ပိနေတာတွေနဲ့ လုပ်ငန်းခွင်အတွင်းမှာ မလုံခြုံတာတွေကြောင် အလုပ်ဝင်ဖို့ နှောင့်နှေးတာတွေ ရှိပါတယ်။

ဒေါက်တာရန်နိုင်လင်းက “မဝင်ဖြစ်တာကတော့ လုပ်သားက တအားများတယ်။ လစာလည်း တော်တော်နည်းတယ်။ လုပ်ရတဲ့အလုပ်ချိန် ပင်ပန်းမှုတွေ၊ အဆင်မပြေမှုတွေနဲ့ လစာနဲ့ကျနော့ မမျှဘူး။ အဲဒါလည်း ပါတာပေါ့နော်”  လို့ ပြောပါတယ်။

ဒေါက်တာနိုင်ထူးလင်းက “ကျနော်တို့ လုပ်ခလစာ နည်းပါးတာရယ်၊ တာဝန်ချိန် တအားများတာပေါ့နော်။ အများကြီး တာဝန်ထမ်းထားရတဲ့အတွက် တချို့နေရာလေးတွေမှာ လစ်ဟာသွားတာတွေ ရှိတဲ့အခါ ပြည်သူက နားလည်မှုလွဲပြီးတော့ အထင်လွဲခံရတာ အတိုင်ခံ ရတာတွေ၊ တချို့ဆိုလည်း အသက်အန္တရာယ် အရှာခံရတာတွေလည်း ရှိတယ်” လို့ ဆိုပါတယ်။

ပုဂ္ဂလိကကဏ္ဍတွေ တိုးတက်လာတာနဲ့အတူ ဆရာဝန်တွေဟာ အစိုးရဆေးရုံ၊ ဆေးခန်းတွေမှာထက် ပုဂ္ဂလိကပိုင်ဆေးရုံ၊ဆေးခန်းတွေနဲ့ NGO တွေမှာ ဝင်ရောက်လုပ်ကိုင်သူ တွေ ပိုများလာပါတယ်။

ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အစိုးရဆေးရုံဆေးခန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း အတွေ့အကြုံအသစ်တွေရလာနိုင်တဲ့အတွက် အလုပ်ဝင်ကြဖို့ကို အကြံပြုပါတယ်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် က “ဒါကတော့ ဝင်ခြင်းမဝင်ခြင်းက တော့ တဦးချင်းနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ တကယ်လို့ ဝင်လိုက်ရင်တော့ ပရော်ဖက်ရှင်နယ်ဖြစ်တဲ့အတွက် ဘာပဲပြောပြော ကျောင်းတက်လာခဲ့ပြီ၊ လက်တွေ့လည်း ရလာခဲ့ပြီဆိုတော့ ဒီလိုမျိုး ဆေးရုံတွေမှာ ဝင်လုပ်တယ်ဆိုရင် ဘာပဲပြောပြော သူ့ရှေ့လျှောက် မယ့် အစိုးရဆေးရုံမှာပဲ လုပ်လုပ်၊ အပြင်မှာပဲလုပ်လုပ် ပိုပြီးတော့ အတွေ့အကြုံရမယ်လို့ မြင်ပါတယ်” လို့ အကြံပြုထားပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ရှိမြန်မာနိုင်ငံမှာ တော့ ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ မကွေးဆေးတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ်နဲ့ တောင်ကြီး ဆေးတက္ကသိုလ်တွေကနေ နှစ်စဉ်ကျောင်းသား၊ ကျောင်းသူဦးရေ ၁ဝဝဝ ကျော်ကို လက်ခံ သင်ကြားပေးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top