iMyanmarHouse.com - Best Property Website for Myanmar
×

ပဲခူးတိုင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ့နယ္မွာ မိုးအဆက္မပ်က္ရြာသြန္းၿပီး ျမစ္ေရတက္လာတာေၾကာင့္ စာသင္ေက်ာင္းေပါင္း ၅၆ ေက်ာင္း ယာယီပိတ္ထားရသလုိ ကယ္စခန္းေရးစခန္း ၇ ခုမွာ အိမ္ေထာင္စုေပါင္း ၉၀၀ ေက်ာ္ ခိုလႈံေနရပါတယ္။

ဇူလိုင္ ၂၃ ရက္ေန႔ကစၿပီး မိုးအဆက္မပ်က္ရြာသြင္းလာတာေၾကာင့္ စစ္ေတာင္ျမစ္ေရ၊ ေရႊက်င္ျမစ္ေရတို႔ စိုးရိမ္ေရအမွတ္အထက္ေက်ာ္လြန္လာၿပီး ဇူလိုင္ ၂၄ ရက္ေန႔က စတင္ကာ ကယ္ဆယ္ေရးစခန္း ဖြင့္လွစ္ထားရတာပါ။

ခုခ်ိန္ထိ ကယ္ဆယ္ေရးစခန္း ၇ ခုမွာ အိမ္ေထာင္စုေပါင္း ၉၀၀ ေက်ာ္က လူဦးေရ ၄၈၀၀ ေက်ာ္ခိုလႈံေနရၿပီး စာသင္ေက်ာင္းေပါင္း ၅၆ ေက်ာင္း ယာယီပိတ္ထားရတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းထြန္းလင္းက ဒီဗီြဘီကို ေျပာပါတယ္။

သြားလာရခက္ခဲတဲ့ေက်းရြာေတြကို ၿမိဳ႕နယ္သဘာဝေဘး ႀကီးၾကပ္မႈေကာ္မတီကေန ၿမိဳ့နယ္ကို လႉဒါန္းထားတဲ့ ေထာက္ပံ့ပစၥည္းေတြ သြားေရာက္လႉဒါန္းဖို႔ အဖြဲ႔ေလးဖြဲ႔နဲ႔ စီစဥ္ေဆာင္ရြက္ေနၿပီး တိုင္းေဒသၾကီးအစိုးရနဲ႔ လူကယ္ျပန္ဝန္ႀကီးဌာနက ေထာက္ပံ့မႈေတြ ျပဳလုပ္ေပးေနပါတယ္။

ေရႀကီးမႈေၾကာင့္ ေရလမ္းပန္းဆက္သြယ္ေရး ျပန္ေတာက္မႈ မရွိေသးေပးမယ့္ မေဒါက္ -ေရႊက်င္လမ္းပိုင္းမွာ ေရလႊမ္းမိုးမႈေတြေတာ့ ရွိေနပါတယ္။

ေရႊက်င္ၿမိဳ့မွာ ရပ္ကြက္ေက်းရြာ ၅၀ ေက်ာ္ ေရႀကီးနစ္ျမဳပ္ေနၿပီး ေရႀကီးမႈေၾကာင့္ လူ ၁ ဦး ေသဆံုးခဲ့ၿပီး အစားအေသာက္ အကူညီလုိအပ္ေနသုိ တိရစၦာန္ေတြ ထားဖုိ႔ အခက္အခဲ ႀကံဳေနရတယ္လုိ႔ သိရပါတယ္။

ေနလင္းထိုက္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ မိုးအဆက်မပျက်ရွာသွန်းပြီး မြစ်ရေတက်လာတာကြောင့် စာသင်ကျောင်းပေါင်း ၅၆ ကျောင်း ယာယီပိတ်ထားရသလို ကယ်စခန်းရေးစခန်း ၇ ခုမှာ အိမ်ထောင်စုပေါင်း ၉၀၀ ကျော် ခိုလှုံနေရပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ကစပြီး မိုးအဆက်မပျက်ရွာသွင်းလာတာကြောင့် စစ်တောင်မြစ်ရေ၊ ရွှေကျင်မြစ်ရေတို့ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်လာပြီး ဇူလိုင် ၂၄ ရက်နေ့က စတင်ကာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရတာပါ။

ခုချိန်ထိ ကယ်ဆယ်ရေးစခန်း ၇ ခုမှာ အိမ်ထောင်စုပေါင်း ၉၀၀ ကျော်က လူဦးရေ ၄၈၀၀ ကျော်ခိုလှုံနေရပြီး စာသင်ကျောင်းပေါင်း ၅၆ ကျောင်း ယာယီပိတ်ထားရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။

သွားလာရခက်ခဲတဲ့ကျေးရွာတွေကို မြို့နယ်သဘာဝဘေး ကြီးကြပ်မှုကော်မတီကနေ မြို့နယ်ကို လှူဒါန်းထားတဲ့ ထောက်ပံ့ပစ္စည်းတွေ သွားရောက်လှူဒါန်းဖို့ အဖွဲ့လေးဖွဲ့နဲ့ စီစဉ်ဆောင်ရွက်နေပြီး တိုင်းဒေသကြီးအစိုးရနဲ့ လူကယ်ပြန်ဝန်ကြီးဌာနက ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပါတယ်။

ရေကြီးမှုကြောင့် ရေလမ်းပန်းဆက်သွယ်ရေး ပြန်တောက်မှု မရှိသေးပေးမယ့် မဒေါက် -ရွှေကျင်လမ်းပိုင်းမှာ ရေလွှမ်းမိုးမှုတွေတော့ ရှိနေပါတယ်။

ရွှေကျင်မြို့မှာ ရပ်ကွက်ကျေးရွာ ၅၀ ကျော် ရေကြီးနစ်မြုပ်နေပြီး ရေကြီးမှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး အစားအသောက် အကူညီလိုအပ်နေသို တိရစ္ဆာန်တွေ ထားဖို့ အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။

နေလင်းထိုက်

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top