iMyanmarHouse.com - Best Property Website for Myanmar
×




Credit: PoPin
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေကြား လက်ရှိအထိရေပန်းစားနေတဲ့ ဟာသမင်းသားချော ဖြိုးငွေစိုးနှင့် ဦးကျော်ထူးတို့ရဲ့ ရန်ပွဲကို အားလုံးလည်း သိမယ်ထင်ပါတယ်။ အပြန်အလှန်ချေပမှုတွေနဲ့အတူ ဆက်လက်ယှဉ်ပြိုင်နေပြီး စိတ်စိုး စိတ်ကောက်ခြင်းမရှိပဲ စနောက်နေကြတာကိုတော့ အားလုံးလည်းတွေ့မှာပါ။ အစအနောက်သန်တဲ့သူတွေဖြစ်တဲ့ ဖြိုးငွေစိုးနှင့်ဦးကျော်ထူးတို့ရဲ့ ဆရာတပည့်နှစ်ဦးစလုံးရဲ့ ရိုးသားဖြူစင်တဲ့စိတ်ရင်းကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။

မနေ့ညက ပရိသတ်အချစ်တော် ဖြိုးငွေစိုးကတော့ ဦးကျော်ထူးအိမ်ကို သွားရောက်ခြောက်လှန့်ခဲ့တာတွေ့ရပါတယ်။ ညအချိန်မတော်ဂေါ်ဇီလာခေါင်းစွတ်နဲ့ခြောက်လှန့်ခြင်းခံခဲ့ရတဲ့ ဦးကျော်ထူးနှင့် ဖြိုးငွေစိုးတို့ရဲ့ ဗီဒီယိုဖိုင်ကြောင့် ပရိသတ်များစွာ ပျော်ရွှင်ခဲ့ရတာတွေ့ရပါတယ်။

အစအနောက်သန်သူတွေဖြစ်သလို စိတ်စိုးစိတ်ကောက်မရှိတဲ့ ဦးကျော်ထူးတစ်ယောက် ဖြိုးငွေစိုးရဲ့ စနောက်မှုကြောင့် ကြောက်လန့်ခဲ့ရတာတော့အမှန်ပဲဖြစ်ပါတယ်။ အဆုံးမသက်သေးတဲ့ ဦးကျော်ထူးနဲ့ ဖြိုးငွေစိုးတို့ရဲ့ မနေ့ညကဇာတ်လမ်းဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြသလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top