iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္ၿမိဳ႕ သဃၤန္းကြၽန္းၿမိဳ႕နယ္ စံျပေဈးအနီး အစြန္အဖ်ားက်ေသာ လမ္းတစ္လမ္း၏ အတြင္းပိုင္းေနရာတြင္ ျဖစ္သည္။ ယင္းေနရာဝန္းက်င္တြင္ ညႇီစို႔စို႔အနံ႔မ်ားရေနၿပီး လူႏွစ္ေယာက္ဖက္စာအ႐ြယ္ခန႔္ ႀကီးမားသည့္ အိုးႏွစ္အိုးအတြင္းမွ အေငြ႕မ်ား တေထာင္းေထာင္းထြက္ေနသည္။

ယင္းအိုးႀကီးႏွစ္အိုးအတြင္းမွ ဆန္ခါျဖင့္ ဆယ္ယူလိုက္ရာ အနီပုပ္ေရာင္အဆင္းရွိ သုံးလက္မအ႐ြယ္ အဝိုင္းေလးမ်ား ပါလာသည္။ ပြက္ပြက္ဆူေနသည့္အိုးအတြင္းက ဆယ္ယူလိုက္ျခင္းျဖစ္၍ အပူေလ်ာ့သြားေစရန္ ေရကန္တြင္ေရစိမ္ျခင္း၊ ေရေဆးျခင္းတို႔လုပ္ၿပီးေနာက္ ပုံးအသီးသီးအတြင္း ထည့္ေနၾကသည္။

ထိုအဝိုင္းေလးမ်ားမွာ သက္သက္လြတ္စားသူမ်ား အဓိကထားစားသုံးေသာ အစားအစာတစ္မ်ိဳးျဖစ္သည့္၊ ေဈးထဲတြင္ ေရာင္းခ်သည့္ ပဲေသြးမ်ားျဖစ္သည္။

ပဲေသြးကို ပဲပင္ေပါက္ျဖင့္ ေၾကာ္စားသည္။ ပဲေသြးသီးသန႔္ ခ်က္ျပဳတ္၊ ေၾကာ္စား၊ သုပ္စားၾကသည္။ အုန္းႏို႔ ေခါက္ဆြဲတြင္လည္း တြဲဖက္စားသည္။ မုန႔္ဟင္းခါးတြင္ပါ ထည့္စားၾကသည္။ ယင္းသို႔ စားသုံးေနေသာ စားေသာက္ကုန္ကို ေရာင္းခ်ေနသူ တစ္ဦးက ယခုလိုဆိုလိုက္သည္။

“သက္သတ္လြတ္စားမွာလား။ သက္သတ္လြတ္စားမယ္ဆိုရင္ေတာ့ မေရာင္းဘူး” ဟူ၍ …။

ရန္ကုန္ၿမိဳ႕ရွိ လက္လီ၊ လကၠားေဈးႀကီးတစ္ခုျဖစ္သည့္ စံျပေဈး (သဃၤန္းကြၽန္း) တြင္ ပဲပင္ေပါက္၊ ပဲျပား၊ ပဲေသြး ေရာင္းေနသူတစ္ဦးက ဆိုလိုက္ျခင္းပင္။

သက္သတ္လြတ္စားေလ့ရွိသူမ်ား အဓိကထား ေၾကာ္ေလွာ္၊ ခ်က္ျပဳတ္စားၾကသည့္ ဟင္းအမယ္ျဖစ္သည္။ သို႔ေသာ္ သက္သတ္လြတ္စားမည္ဆိုလွ်င္ မေရာင္းဟုဆိုသည့္စကားမွာ မည္သည္ေၾကာင့္နည္း။

ထိုပဲေသြးမ်ားမွာ အမည္ခံပဲေသြး မ်ားျဖစ္ေန၍ပင္။

ရန္ကုန္ၿမိဳ႕ရွိ ေဈးမ်ားအားလုံးတြင္ ပဲေသြးေရာင္းခ်မႈ ယာယီတားျမစ္လိုက္ၿပီျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ေဈးမ်ားဌာနက ဩဂုတ္လ ၂၅ ရက္ေန႔က ထုတ္ျပန္လိုက္သည္။

ပဲေသြးကို ေရာင္းခ်ခြင့္တားျမစ္လိုက္ျခင္း ဇာစ္ျမစ္ကို ဆိုရလွ်င္ မုန႔္ဖတ္၊ ပဲျပားကိုပါ ထည့္ေျပာရေပမည္။

ႏိုင္ငံတစ္ဝန္းက ေဈးမ်ားတြင္ ေရာင္းခ်ေနသည့္ အစားအေသာက္မ်ားကို စားသုံးသူေရးရာ ဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ တိုင္းရင္းေဆးပညာဦးစီးဌာန၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းဦးစီးဌာန၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ (က်န္းမာေရးဌာန)၊ (ေဈးမ်ားဌာန)၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဌာန (FDA) စသည့္ အဖြဲ႕အစည္းမ်ား ပူးေပါင္းစစ္ေဆးခဲ့ၾကသည္။

ယင္းသို႔စစ္ေဆးခဲ့ရာတြင္ အစားအစာတြင္ ထည့္သြင္းအသုံးျပဳရန္တားျမစ္ထားသည့္ ေဖာ္မလင္ (Formalin) ကို မုန႔္ဖတ္တြင္ေတြ႕သည္။ ထပ္မံစစ္ေဆးရာ ပဲျပားတြင္ ေဖာ္မလင္ေတြ႕သည္။ ပဲျပားႏွင့္ တြဲဖက္ေရာင္းခ် သည့္ ပဲေသြးတြင္ပါ ေဖာ္မလင္ကို ေတြ႕ျပန္သည္။ ၾကက္ေသြးေရာင္ (အနီပုပ္ေရာင္) ရွိေသာ ပဲေသြးတြင္ အေရာင္ျဖဴရန္၊ တာရွည္ခံရန္ အသုံးျပဳၾက ျခင္းျဖစ္သည္။

ေဖာ္မလင္ဆိုသည္မွာ လူေသႏွင့္ အသား၊ ငါးမ်ား တာရွည္ခံမပုပ္သိုးရန္ သုံးစြဲၾကသည့္အျပင္ ရွားပါးတိရစာၦန္ အေကာင္ေသမ်ားကို ပုံစံမပ်က္ရန္ စီမံျခင္းႏွင့္ အျခားအသုံးဝင္သည့္ေနရာ မ်ားစြာရွိသည္။ အသုံးဝင္ပစၥည္းကို တလြဲသုံးေနသည့္ေနရာမွာ အစားအေသာက္တြင္ ျဖစ္သည္။ ေဖာ္မလင္ေၾကာင့္ အသက္ရွဴလမ္းေၾကာင္း ဆိုင္ရာ အႏၲရာယ္ေပးျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ေအာ့အန္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ သတိလစ္ေမ့ေျမာျခင္း၊ ေသဆုံး ျခင္းတို႔ ခံစားရႏိုင္ၿပီး ေရရွည္စား သုံးမႈေၾကာင့္ ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ ကင္ဆာေရာဂါမ်ား ျဖစ္ေစႏိုင္ သည္။

ေဖာ္မလင္ေတြ႕ရွိမႈအျပင္ ပဲေသြးဟုဆိုကာ ေရာင္းခ်ေနသည္မ်ားမွာ အမဲ ေသြးမ်ားျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA)၊ ဧရာဝတီတိုင္းေဒသႀကီးက တိုင္းဦးစီးမႉးေဒါက္တာျပည့္ၿဖိဳးက ေျပာၾကားသည္။

ေဖာ္မလင္ပါျခင္းေၾကာင့္ က်န္းမာေရးအတြက္ စားသုံးရန္ တြန႔္သြားသူမ်ားမွာ အမဲေသြးမ်ားျဖင့္ ျပဳလုပ္ထားျခင္းဟု သိလိုက္ရသျဖင့္ ေဖာ္မလင္မပါဝင္သည့္ ပဲေသြးအမည္ခံ အမဲေသြးမ်ားကိုပါ စားသုံးသူ နည္းသြားခဲ့သည္။

အမဲဆိုသည္မွာ ကြၽဲႏွင့္ ႏြားကိုေပါင္းေခၚသည့္ အေခၚျဖစ္သည္။ ၎ တို႔ကို ဆန္၊ စပါး စိုက္ပ်ိဳးသည့္ ျမန္မာႏိုင္ငံတြင္ ေက်းဇူးရွင္အျဖစ္ သတ္မွတ္ထားသူမ်ားရွိသည္။ ေက်းဇူးရွင္ကို မစားသုံးသူမ်ား ရွိသလို ဘာသာေရးအရ မစားသုံးသူမ်ားလည္း ရွိၾကသည္။

ေက်းဇူးရွင္ အမဲေကာင္တို႔ႏွင့္ ပဲေသြး အမည္ခံအမဲေသြးတို႔ မည္သို႔ဆက္စပ္သနည္း။

လူဦးေရ ငါးသန္းေက်ာ္ရွိသည့္ ရန္ကုန္ၿမိဳ႕တြင္ အျခားၿမိဳ႕႐ြာမ်ားက ေ႐ႊ႕ေျပာင္းေနထိုင္လုပ္ကိုင္ၾကသူမ်ားႏွင့္ ႏိုင္ငံျခားသား ဧည့္သည္ဦးေရအတြက္ အသားစားသုံးမႈႏႈန္းအရ တစ္ရက္လွ်င္ အမဲေကာင္ေရ ၂၂၀ သတ္ရ သည္။ တစ္လလွ်င္ အမဲေကာင္ ၆၆၀၀ သတ္ရျခင္းျဖစ္သည္။

လယ္ယာတြင္အသုံးျပဳသည့္အျပင္ အသားစားသုံးမႈ လိုအပ္ခ်က္အတြက္ သတ္ေနရသျဖင့္ ရွားပါးေနသည့္ အမဲ ေကာင္မ်ားကို ရန္ကုန္လူဦးေရအတြက္ပင္လွ်င္ ပိႆာခ်ိန္ႏွစ္ေသာင္းႏွစ္ေထာင္ လိုအပ္သည့္အတြက္ အမဲေကာင္ ၂၂၀ ကို သတ္ေနရျခင္းျဖစ္သည္။

အမဲေကာင္မ်ားအတြက္ ရန္ကုန္စည္ပင္သာယာေရးဦးစီးဌာနက လိုင္စင္စီစနစ္ျဖင့္ လုပ္ငန္းလိုင္စင္ကို တစ္ႏွစ္ တစ္ႀကိမ္ေပးသည္။ ယင္းစနစ္တြင္ ဧည့္ ႏိုင္ငံသားမ်ားပါ ေလွ်ာက္ထားႏိုင္သည္။ လုပ္ငန္းလိုင္စင္အေနျဖင့္ လူ ၄၀ ေလွ်ာက္ထားၿပီး အေကာင္အေရအတြက္ကန႔္သတ္ ထားျခင္းေၾကာင့္ လိုင္စင္ရထားသူက တစ္ေန႔လွ်င္ ငါးေကာင္ခြဲသတ္ခြင့္ရွိသည္။

လိုင္စင္စီတြင္ အမဲသတ္သည့္ အလုပ္သမားဝန္ထမ္းမ်ားရွိၿပီး ယင္းဝန္ထမ္းမ်ားတြင္ အခေၾကးေငြမယူဘဲ ေသြးႏွင့္ အတြင္းကလီစာမ်ားကို ယူ၍ ျပန္ေရာင္းစားသည့္အေလ့မွ အမဲေသြးကို ေရာင္းသည့္စနစ္ျဖစ္လာျခင္း ျဖစ္ႏိုင္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီက တာဝန္ရွိသူတစ္ဦးက ေျပာျပသည္။

အသားစားသုံးမႈတြင္ အသားငါး စားသုံးမႈက ၄၀ ရာခိုင္ႏႈန္း၊ ဝက္သားစား သုံးမႈက ၃၀ ရာခိုင္ႏႈန္းႏွင့္ ဆိတ္၊ သိုး၊ အမဲစားသုံးမႈက ၁၅ ရာခိုင္ႏႈန္းရွိသည္။ ဆိတ္ႏွင့္ သိုးမွာ အေကာင္ေရေပါမ်ားေသာ္ လည္း အမဲေကာင္မွာ ရွားသည္။

လယ္ယာလုပ္ငန္းခြင္ ေစခိုင္းရာတြင္လည္း သုံးသျဖင့္ အသားစားသုံးမႈတြင္ အမဲေကာင္ေရကို ထိန္းခ်ဳပ္ထားျခင္း ျဖစ္သည္။

အေကာင္ေရ ၂၂၀ကို ေန႔စဥ္ ရန္ကုန္ၿမိဳ႕စြန္ရွိ ႐ြာသာႀကီး အသား ထုတ္လုပ္ေရး ဌာနခြဲတြင္ မသတ္ခင္ႏွင့္ သတ္ၿပီးခ်ိန္တြင္ က်န္းမာေရးႏွင့္ ညီၫြတ္မႈရွိ၊ မရွိကို တိရစာၦန္အခ်င္းခ်င္းကူးႏိုင္သည့္ ေရာဂါ ႏွင့္ တိရစာၦန္မွ လူကိုကူးႏိုင္သည့္ေရာဂါမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ တိရစာၦန္ေဆးကုႏွင့္ သားသတ္႐ုံမ်ားဌာနက တာဝန္ယူစစ္ေဆးသည္။

အမဲေကာင္တို႔ဘဝမွာ ေမွာ္ဘီ၊ တိုက္ႀကီးစသည့္ ေဒသတို႔ရွိ ႏြားပြဲေဈးမွ ႐ြာသာႀကီး အသားထုတ္လုပ္ေရး ဌာနခြဲရွိ သိုေလွာင္႐ုံကို ေရာက္ၿပီး ၇၂ နာရီအနားယူ ၿပီးေနာက္ ဘဝဆုံးရသည္။ ညဦးပိုင္းတြင္ သုတ္သင္ ၿပီးသည့္ အမဲေကာင္မ်ား၏ လည္ေခ်ာင္းမွ ေသြးမ်ားကို ကုန္စင္သည္အထိ စစ္ထုတ္သည္။

“လည္လွီးတဲ့အခါ ေသြးျပန္ေၾကာက ေသြးအားလုံးကို ကုန္ေအာင္ထုတ္ပစ္လိုက္တာ။ ေသြးစင္ရင္ အသားက ၾကာၾကာခံတယ္။ ေသြးက်န္ရင္ ပုပ္တယ္။ ပုပ္တယ္ဆိုတာက ေသြးေၾကာင့္ပုပ္တာကိုး”ဟု ရန္ကုန္စည္ပင္ သာယာေရးေကာ္မတီ၊ တိရစာၦန္ေဆးကုႏွင့္ သားသတ္႐ုံမ်ား ဌာနက ဒုတိယဌာနမႈး ဦးမ်ိဳးလြင္က ဆိုသည္။

ေသြးသံရဲရဲျဖင့္ အနီေရာင္အသားကို စားၾကသည့္ ျမန္မာႏိုင္ငံအတြက္ ညဦးပိုင္းက သတ္သည့္ အသားမ်ားမွာ နံနက္ပိုင္းတြင္ ေဈးကြက္ကို ေရာက္သည္။ ညဦးပိုင္းကခံယူထားသည့္ ေသြးမ်ားကို ဝယ္ယူသူမ်ားက ရွိေနသည္။

“ႏိုင္ငံတကာမွာေပါ့ အထူးသျဖင့္ ဖြံ႕ၿဖိဳးတဲ့ႏိုင္ငံေတြမွာ ေသြးနဲ႔ အတြင္းကလီစာေတြကို မစားၾကဘူး။ စြန႔္ပစ္တယ္။ ဒီမွာေတာ့ ျပန္စားၾကတယ္” ဟု ဦးမ်ိဳးလြင္ ကဆိုသည္။

က်န္းမာေရးအရ စားသုံးသင့္၊ မသင့္ကို စစ္ေဆးရာတြင္ အသားကို အာမခံ ႏိုင္ေသာ္လည္း ေသြးႏွင့္ အတြင္းကလီစာ မ်ားမွာ ညသတ္ၿပီး မနက္ေရာင္းရသည့္ အမဲေကာင္သံသရာအတြက္ အာမခံမႈ မေပးႏိုင္ေသး။ေသြးႏွင့္ အတြင္းကလီစာမ်ားကို စစ္ေဆးမည္ဆိုလွ်င္ ပိုးေမြးျမဴၿပီးစစ္ေဆး ရမည္ျဖစ္သျဖင့္ အခ်ိန္ယူရမည္။ စစ္ေဆးေနခ်ိန္တြင္ အသားမ်ားကို ေအးခဲရန္ ေခတ္မီစက္ႀကီးမ်ားျဖင့္ သိုေလွာင္သိမ္းဆည္းရမည္။ သို႔ေသာ္ လည္း ဘ႑ာေငြႏွင့္ လုံေလာက္သည့္ လွ်ပ္စစ္မီးမရွိျခင္းေၾကာင့္ ႏိုင္ငံတကာကဲ့သို႔ အသားမ်ားကို ေအးခဲစနစ္ တြင္ထားႏိုင္ရန္ အလွမ္းေဝးေနဆဲျဖစ္သည္။

“ခ်စ္လို႔ဆိုၿပီး အသည္းေလး၊ အသည္းေလးဆိုၿပီးေကြၽးတာ၊ အသည္းက ေရာဂါအမ်ားဆုံးပဲ။ ခႏၶာကိုယ္ တစ္ခုလုံးမွာ အဆုတ္၊ အသည္းက ေရာဂါအမ်ားဆုံးဆိုေတာ့ ျမန္ျမန္ေသေအာင္ေကြၽးတာနဲ႔ တူတူပဲ။ ႏိုင္ငံတကာမွာေတာ့ ဘယ္ေသြးမွ မစားဘူး။ အူနဲ႔ ကလီစာလည္း မစားဘူး” ဦးမ်ိဳးလြင္က ဆိုသည္။

နံနက္အေစာဆုံးအခ်ိန္တြင္ အမဲေသြးမ်ားဝယ္ယူကာ မည္သည့္ေနရာတြင္ အသုံးျပဳသည္၊ မည္သို႔ျပဳျပင္ ဖန္တီးၾကသည္ကို သိသူနည္းပါးသည္။

႐ြာသာႀကီး သားသတ္႐ုံက ဝယ္ယူလာသည့္ နီရဲေတာက္ေနသည့္ အမဲေသြးျပစ္ခဲခဲမ်ားကို ေရ၊ ဆားတို႔ျဖင့္ ေရာစပ္ကာ သုံးလက္မအ႐ြယ္ခန႔္ ဒန္ခြက္ေလးမ်ားတြင္ ထည့္သည္။ မိနစ္အနည္းငယ္အတြင္း ေသြးမ်ားခဲ သြားသည့္ ခြက္မ်ားမွ ေသြးခဲမ်ားကို ဒန္အိုးအႀကီးထဲသို႔ ထည့္ျပဳတ္သည္။ ငါးမိနစ္ဝန္းက်င္တြင္ ယင္းေသြးခဲ မ်ားကို ဆယ္ယူလိုက္ၿပီး အေအးခံကာ ပုံးမ်ားတြင္ထည့္ကာ ရပ္ကြက္ေဈးမ်ားကို ျဖန႔္သည္။

“ေပ်ာ့သြားတာက ေသြးေပၚမွာမူတည္တယ္။ ေသြးေလ်ာ့ရင္ ေပ်ာ့တယ္။ ေသြးမ်ားသြားရင္ မာသြားတယ္”ဟု အမဲေသြးလုပ္ကိုင္ရာတြင္ ဆယ္စုႏွစ္တစ္ခုခန႔္ လုပ္ကိုင္ေနသူတစ္ဦးက ရွင္းျပသည္။

တစ္ေန႔လွ်င္ အတုံးေရ တစ္ေသာင္းဝန္းက်င္ ေရာင္းခ်ခဲ့ရေသာ္လည္း ေဖာ္မလင္ အသုံးျပဳမႈမ်ား ရွိျခင္းေၾကာင့္ အမည္ခံ ပဲေသြးေရာင္းရမႈ ထက္ဝက္က်သြားခဲ့သည္။ ေရာင္းရမႈက်သြားျခင္း၏ တရားခံမွာ ေဖာ္မလင္ခ်ည္းပဲ ေတာ့မဟုတ္။ ေက်းဇူးရွင္မ်ားျဖစ္သည့္ အမဲေကာင္မ်ား၏ ေသြးေၾကာင့္လည္း ျဖစ္သည္။

လုပ္ငန္းလိုင္စင္ျဖင့္ ထုတ္လုပ္ေသာ ပဲေသြးျဖစ္ေသာ္လည္း ေဖာ္မလင္ကင္းရွင္းျခင္း ရွိ၊ မရွိ စစ္ေဆးဦးမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ေဈးမ်ားဌာနက ထုတ္ျပန္ထားေသာ္လည္း ပဲေသြးအမည္ခံ အမဲေသြး၏ မူလရင္းျမစ္မွာ အမဲေကာင္မွျဖစ္ေၾကာင္း ထင္ထင္ရွားရွား သိသြားၾကသျဖင့္ ဘာသာေရးအရ၊ ထုံးတမ္းဓေလ့အရ အမဲသားမစားၾကသူမ်ားကေတာ့ ပဲေသြးအမည္ခံ အမဲေသြးကို တို႔ထိၾကေတာ့မည္မဟုတ္ေပ။

“အဓိကက လုပ္ေရာင္းတဲ့သူမွာ တာဝန္ရွိတယ္။ ဝယ္တုန္းက အမဲေသြးဝယ္ၿပီး ပဲေသြးလို႔ေျပာေရာင္းတာ”ဟု ဦးမ်ိဳးလြင္ ကဆိုသည္။

တာဝန္ရွိသူမ်ားက ေဖာ္မလင္ကင္း ရွင္းေၾကာင္းႏွင့္ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ စားေသာက္ကုန္ ထုတ္လုပ္ငန္းျဖစ္ေၾကာင္း ခြင့္ျပဳလိုင္စင္ စိစစ္ခ်က္ျဖင့္သာ ေဈးကြက္တြင္ျပန္လည္ ေရာင္းခ်ခြင့္ျပဳ ေတာ့မည္ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ ေဈးမ်ားဌာနက ဩဂုတ္လ ၂၅ ရက္ေန႔က ထုတ္ျပန္ထား သည္။

မည္သို႔ပင္ျဖစ္ေစ ယခုလတ္တေလာတြင္မူ အဆိုပါ ပဲေသြးအမည္ခံ ေက်းဇူးရွင္တို႔၏ ပုံေျပာင္းသြားသည့္ ေသြးရည္တို႔မွ စီမံျပဳလုပ္သည့္ အစားအစာကို စားသုံးရန္မွာမူ အေျခအေနက ဤသို႔…။

“အမဲေသြးနဲ႔ လုပ္ထားတာ။ ကြၽန္ေတာ္တို႔ လိမ္မေရာင္းေတာ့ဘူး။ အမွန္အတိုင္းေျပာေရာင္းတယ္။ ပဲနဲ႔လုပ္ထားတဲ့ ပဲေသြးလည္းမရွိဘူး။ ရွာမေနနဲ႔ မရွိဘူး။ ပဲေသြးလို႔ေရာင္းေနတာေတြကလည္း အမဲေသြးေတြ ခ်ည္းႀကီးပဲ” ဟု နံနက္ခင္းပဲျပား၊ ပဲေသြး၊ ပဲပင္ေပါက္ေရာင္းခ်သည့္ ကိုေပါက္ (အမည္လႊဲ)က ဆိုလိုက္ေလသည္။

ရေလး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: THE VOICE JOURNAL
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး အစွန်အဖျားကျသော လမ်းတစ်လမ်း၏ အတွင်းပိုင်းနေရာတွင် ဖြစ်သည်။ ယင်းနေရာဝန်းကျင်တွင် ညှီစို့စို့အနံ့များရနေပြီး လူနှစ်ယောက်ဖက်စာအရွယ်ခန့် ကြီးမားသည့် အိုးနှစ်အိုးအတွင်းမှ အငွေ့များ တထောင်းထောင်းထွက်နေသည်။

ယင်းအိုးကြီးနှစ်အိုးအတွင်းမှ ဆန်ခါဖြင့် ဆယ်ယူလိုက်ရာ အနီပုပ်ရောင်အဆင်းရှိ သုံးလက်မအရွယ် အဝိုင်းလေးများ ပါလာသည်။ ပွက်ပွက်ဆူနေသည့်အိုးအတွင်းက ဆယ်ယူလိုက်ခြင်းဖြစ်၍ အပူလျော့သွားစေရန် ရေကန်တွင်ရေစိမ်ခြင်း၊ ရေဆေးခြင်းတို့လုပ်ပြီးနောက် ပုံးအသီးသီးအတွင်း ထည့်နေကြသည်။

ထိုအဝိုင်းလေးများမှာ သက်သက်လွတ်စားသူများ အဓိကထားစားသုံးသော အစားအစာတစ်မျိုးဖြစ်သည့်၊ ဈေးထဲတွင် ရောင်းချသည့် ပဲသွေးများဖြစ်သည်။

ပဲသွေးကို ပဲပင်ပေါက်ဖြင့် ကြော်စားသည်။ ပဲသွေးသီးသန့် ချက်ပြုတ်၊ ကြော်စား၊ သုပ်စားကြသည်။ အုန်းနို့ ခေါက်ဆွဲတွင်လည်း တွဲဖက်စားသည်။ မုန့်ဟင်းခါးတွင်ပါ ထည့်စားကြသည်။ ယင်းသို့ စားသုံးနေသော စားသောက်ကုန်ကို ရောင်းချနေသူ တစ်ဦးက ယခုလိုဆိုလိုက်သည်။

“သက်သတ်လွတ်စားမှာလား။ သက်သတ်လွတ်စားမယ်ဆိုရင်တော့ မရောင်းဘူး” ဟူ၍ …။

ရန်ကုန်မြို့ရှိ လက်လီ၊ လက္ကားဈေးကြီးတစ်ခုဖြစ်သည့် စံပြဈေး (သင်္ဃန်းကျွန်း) တွင် ပဲပင်ပေါက်၊ ပဲပြား၊ ပဲသွေး ရောင်းနေသူတစ်ဦးက ဆိုလိုက်ခြင်းပင်။

သက်သတ်လွတ်စားလေ့ရှိသူများ အဓိကထား ကြော်လှော်၊ ချက်ပြုတ်စားကြသည့် ဟင်းအမယ်ဖြစ်သည်။ သို့သော် သက်သတ်လွတ်စားမည်ဆိုလျှင် မရောင်းဟုဆိုသည့်စကားမှာ မည်သည်ကြောင့်နည်း။

ထိုပဲသွေးများမှာ အမည်ခံပဲသွေး များဖြစ်နေ၍ပင်။

ရန်ကုန်မြို့ရှိ ဈေးများအားလုံးတွင် ပဲသွေးရောင်းချမှု ယာယီတားမြစ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနက ဩဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ပဲသွေးကို ရောင်းချခွင့်တားမြစ်လိုက်ခြင်း ဇာစ်မြစ်ကို ဆိုရလျှင် မုန့်ဖတ်၊ ပဲပြားကိုပါ ထည့်ပြောရပေမည်။

နိုင်ငံတစ်ဝန်းက ဈေးများတွင် ရောင်းချနေသည့် အစားအသောက်များကို စားသုံးသူရေးရာ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (ကျန်းမာရေးဌာန)၊ (ဈေးများဌာန)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) စသည့် အဖွဲ့အစည်းများ ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

ယင်းသို့စစ်ဆေးခဲ့ရာတွင် အစားအစာတွင် ထည့်သွင်းအသုံးပြုရန်တားမြစ်ထားသည့် ဖော်မလင် (Formalin) ကို မုန့်ဖတ်တွင်တွေ့သည်။ ထပ်မံစစ်ဆေးရာ ပဲပြားတွင် ဖော်မလင်တွေ့သည်။ ပဲပြားနှင့် တွဲဖက်ရောင်းချ သည့် ပဲသွေးတွင်ပါ ဖော်မလင်ကို တွေ့ပြန်သည်။ ကြက်သွေးရောင် (အနီပုပ်ရောင်) ရှိသော ပဲသွေးတွင် အရောင်ဖြူရန်၊ တာရှည်ခံရန် အသုံးပြုကြ ခြင်းဖြစ်သည်။

ဖော်မလင်ဆိုသည်မှာ လူသေနှင့် အသား၊ ငါးများ တာရှည်ခံမပုပ်သိုးရန် သုံးစွဲကြသည့်အပြင် ရှားပါးတိရစ္ဆာန် အကောင်သေများကို ပုံစံမပျက်ရန် စီမံခြင်းနှင့် အခြားအသုံးဝင်သည့်နေရာ များစွာရှိသည်။ အသုံးဝင်ပစ္စည်းကို တလွဲသုံးနေသည့်နေရာမှာ အစားအသောက်တွင် ဖြစ်သည်။ ဖော်မလင်ကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ အန္တရာယ်ပေးခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သတိလစ်မေ့မြောခြင်း၊ သေဆုံး ခြင်းတို့ ခံစားရနိုင်ပြီး ရေရှည်စား သုံးမှုကြောင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်စေနိုင် သည်။

ဖော်မလင်တွေ့ရှိမှုအပြင် ပဲသွေးဟုဆိုကာ ရောင်းချနေသည်များမှာ အမဲ သွေးများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ဧရာဝတီတိုင်းဒေသကြီးက တိုင်းဦးစီးမှူးဒေါက်တာပြည့်ဖြိုးက ပြောကြားသည်။

ဖော်မလင်ပါခြင်းကြောင့် ကျန်းမာရေးအတွက် စားသုံးရန် တွန့်သွားသူများမှာ အမဲသွေးများဖြင့် ပြုလုပ်ထားခြင်းဟု သိလိုက်ရသဖြင့် ဖော်မလင်မပါဝင်သည့် ပဲသွေးအမည်ခံ အမဲသွေးများကိုပါ စားသုံးသူ နည်းသွားခဲ့သည်။

အမဲဆိုသည်မှာ ကျွဲနှင့် နွားကိုပေါင်းခေါ်သည့် အခေါ်ဖြစ်သည်။ ၎င်း တို့ကို ဆန်၊ စပါး စိုက်ပျိုးသည့် မြန်မာနိုင်ငံတွင် ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားသူများရှိသည်။ ကျေးဇူးရှင်ကို မစားသုံးသူများ ရှိသလို ဘာသာရေးအရ မစားသုံးသူများလည်း ရှိကြသည်။

ကျေးဇူးရှင် အမဲကောင်တို့နှင့် ပဲသွေး အမည်ခံအမဲသွေးတို့ မည်သို့ဆက်စပ်သနည်း။

လူဦးရေ ငါးသန်းကျော်ရှိသည့် ရန်ကုန်မြို့တွင် အခြားမြို့ရွာများက ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်ကြသူများနှင့် နိုင်ငံခြားသား ဧည့်သည်ဦးရေအတွက် အသားစားသုံးမှုနှုန်းအရ တစ်ရက်လျှင် အမဲကောင်ရေ ၂၂၀ သတ်ရ သည်။ တစ်လလျှင် အမဲကောင် ၆၆၀၀ သတ်ရခြင်းဖြစ်သည်။

လယ်ယာတွင်အသုံးပြုသည့်အပြင် အသားစားသုံးမှု လိုအပ်ချက်အတွက် သတ်နေရသဖြင့် ရှားပါးနေသည့် အမဲ ကောင်များကို ရန်ကုန်လူဦးရေအတွက်ပင်လျှင် ပိဿာချိန်နှစ်သောင်းနှစ်ထောင် လိုအပ်သည့်အတွက် အမဲကောင် ၂၂၀ ကို သတ်နေရခြင်းဖြစ်သည်။

အမဲကောင်များအတွက် ရန်ကုန်စည်ပင်သာယာရေးဦးစီးဌာနက လိုင်စင်စီစနစ်ဖြင့် လုပ်ငန်းလိုင်စင်ကို တစ်နှစ် တစ်ကြိမ်ပေးသည်။ ယင်းစနစ်တွင် ဧည့် နိုင်ငံသားများပါ လျှောက်ထားနိုင်သည်။ လုပ်ငန်းလိုင်စင်အနေဖြင့် လူ ၄၀ လျှောက်ထားပြီး အကောင်အရေအတွက်ကန့်သတ် ထားခြင်းကြောင့် လိုင်စင်ရထားသူက တစ်နေ့လျှင် ငါးကောင်ခွဲသတ်ခွင့်ရှိသည်။

လိုင်စင်စီတွင် အမဲသတ်သည့် အလုပ်သမားဝန်ထမ်းများရှိပြီး ယင်းဝန်ထမ်းများတွင် အခကြေးငွေမယူဘဲ သွေးနှင့် အတွင်းကလီစာများကို ယူ၍ ပြန်ရောင်းစားသည့်အလေ့မှ အမဲသွေးကို ရောင်းသည့်စနစ်ဖြစ်လာခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အသားစားသုံးမှုတွင် အသားငါး စားသုံးမှုက ၄၀ ရာခိုင်နှုန်း၊ ဝက်သားစား သုံးမှုက ၃၀ ရာခိုင်နှုန်းနှင့် ဆိတ်၊ သိုး၊ အမဲစားသုံးမှုက ၁၅ ရာခိုင်နှုန်းရှိသည်။ ဆိတ်နှင့် သိုးမှာ အကောင်ရေပေါများသော် လည်း အမဲကောင်မှာ ရှားသည်။

လယ်ယာလုပ်ငန်းခွင် စေခိုင်းရာတွင်လည်း သုံးသဖြင့် အသားစားသုံးမှုတွင် အမဲကောင်ရေကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။

အကောင်ရေ ၂၂၀ကို နေ့စဉ် ရန်ကုန်မြို့စွန်ရှိ ရွာသာကြီး အသား ထုတ်လုပ်ရေး ဌာနခွဲတွင် မသတ်ခင်နှင့် သတ်ပြီးချိန်တွင် ကျန်းမာရေးနှင့် ညီညွတ်မှုရှိ၊ မရှိကို တိရစ္ဆာန်အချင်းချင်းကူးနိုင်သည့် ရောဂါ နှင့် တိရစ္ဆာန်မှ လူကိုကူးနိုင်သည့်ရောဂါများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက တာဝန်ယူစစ်ဆေးသည်။

အမဲကောင်တို့ဘဝမှာ မှော်ဘီ၊ တိုက်ကြီးစသည့် ဒေသတို့ရှိ နွားပွဲဈေးမှ ရွာသာကြီး အသားထုတ်လုပ်ရေး ဌာနခွဲရှိ သိုလှောင်ရုံကို ရောက်ပြီး ၇၂ နာရီအနားယူ ပြီးနောက် ဘဝဆုံးရသည်။ ညဦးပိုင်းတွင် သုတ်သင် ပြီးသည့် အမဲကောင်များ၏ လည်ချောင်းမှ သွေးများကို ကုန်စင်သည်အထိ စစ်ထုတ်သည်။

“လည်လှီးတဲ့အခါ သွေးပြန်ကြောက သွေးအားလုံးကို ကုန်အောင်ထုတ်ပစ်လိုက်တာ။ သွေးစင်ရင် အသားက ကြာကြာခံတယ်။ သွေးကျန်ရင် ပုပ်တယ်။ ပုပ်တယ်ဆိုတာက သွေးကြောင့်ပုပ်တာကိုး”ဟု ရန်ကုန်စည်ပင် သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနက ဒုတိယဌာနမှုး ဦးမျိုးလွင်က ဆိုသည်။

သွေးသံရဲရဲဖြင့် အနီရောင်အသားကို စားကြသည့် မြန်မာနိုင်ငံအတွက် ညဦးပိုင်းက သတ်သည့် အသားများမှာ နံနက်ပိုင်းတွင် ဈေးကွက်ကို ရောက်သည်။ ညဦးပိုင်းကခံယူထားသည့် သွေးများကို ဝယ်ယူသူများက ရှိနေသည်။

“နိုင်ငံတကာမှာပေါ့ အထူးသဖြင့် ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ သွေးနဲ့ အတွင်းကလီစာတွေကို မစားကြဘူး။ စွန့်ပစ်တယ်။ ဒီမှာတော့ ပြန်စားကြတယ်” ဟု ဦးမျိုးလွင် ကဆိုသည်။

ကျန်းမာရေးအရ စားသုံးသင့်၊ မသင့်ကို စစ်ဆေးရာတွင် အသားကို အာမခံ နိုင်သော်လည်း သွေးနှင့် အတွင်းကလီစာ များမှာ ညသတ်ပြီး မနက်ရောင်းရသည့် အမဲကောင်သံသရာအတွက် အာမခံမှု မပေးနိုင်သေး။သွေးနှင့် အတွင်းကလီစာများကို စစ်ဆေးမည်ဆိုလျှင် ပိုးမွေးမြူပြီးစစ်ဆေး ရမည်ဖြစ်သဖြင့် အချိန်ယူရမည်။ စစ်ဆေးနေချိန်တွင် အသားများကို အေးခဲရန် ခေတ်မီစက်ကြီးများဖြင့် သိုလှောင်သိမ်းဆည်းရမည်။ သို့သော် လည်း ဘဏ္ဍာငွေနှင့် လုံလောက်သည့် လျှပ်စစ်မီးမရှိခြင်းကြောင့် နိုင်ငံတကာကဲ့သို့ အသားများကို အေးခဲစနစ် တွင်ထားနိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။

“ချစ်လို့ဆိုပြီး အသည်းလေး၊ အသည်းလေးဆိုပြီးကျွေးတာ၊ အသည်းက ရောဂါအများဆုံးပဲ။ ခန္ဓာကိုယ် တစ်ခုလုံးမှာ အဆုတ်၊ အသည်းက ရောဂါအများဆုံးဆိုတော့ မြန်မြန်သေအောင်ကျွေးတာနဲ့ တူတူပဲ။ နိုင်ငံတကာမှာတော့ ဘယ်သွေးမှ မစားဘူး။ အူနဲ့ ကလီစာလည်း မစားဘူး” ဦးမျိုးလွင်က ဆိုသည်။

နံနက်အစောဆုံးအချိန်တွင် အမဲသွေးများဝယ်ယူကာ မည်သည့်နေရာတွင် အသုံးပြုသည်၊ မည်သို့ပြုပြင် ဖန်တီးကြသည်ကို သိသူနည်းပါးသည်။

ရွာသာကြီး သားသတ်ရုံက ဝယ်ယူလာသည့် နီရဲတောက်နေသည့် အမဲသွေးပြစ်ခဲခဲများကို ရေ၊ ဆားတို့ဖြင့် ရောစပ်ကာ သုံးလက်မအရွယ်ခန့် ဒန်ခွက်လေးများတွင် ထည့်သည်။ မိနစ်အနည်းငယ်အတွင်း သွေးများခဲ သွားသည့် ခွက်များမှ သွေးခဲများကို ဒန်အိုးအကြီးထဲသို့ ထည့်ပြုတ်သည်။ ငါးမိနစ်ဝန်းကျင်တွင် ယင်းသွေးခဲ များကို ဆယ်ယူလိုက်ပြီး အအေးခံကာ ပုံးများတွင်ထည့်ကာ ရပ်ကွက်ဈေးများကို ဖြန့်သည်။

“ပျော့သွားတာက သွေးပေါ်မှာမူတည်တယ်။ သွေးလျော့ရင် ပျော့တယ်။ သွေးများသွားရင် မာသွားတယ်”ဟု အမဲသွေးလုပ်ကိုင်ရာတွင် ဆယ်စုနှစ်တစ်ခုခန့် လုပ်ကိုင်နေသူတစ်ဦးက ရှင်းပြသည်။

တစ်နေ့လျှင် အတုံးရေ တစ်သောင်းဝန်းကျင် ရောင်းချခဲ့ရသော်လည်း ဖော်မလင် အသုံးပြုမှုများ ရှိခြင်းကြောင့် အမည်ခံ ပဲသွေးရောင်းရမှု ထက်ဝက်ကျသွားခဲ့သည်။ ရောင်းရမှုကျသွားခြင်း၏ တရားခံမှာ ဖော်မလင်ချည်းပဲ တော့မဟုတ်။ ကျေးဇူးရှင်များဖြစ်သည့် အမဲကောင်များ၏ သွေးကြောင့်လည်း ဖြစ်သည်။

လုပ်ငန်းလိုင်စင်ဖြင့် ထုတ်လုပ်သော ပဲသွေးဖြစ်သော်လည်း ဖော်မလင်ကင်းရှင်းခြင်း ရှိ၊ မရှိ စစ်ဆေးဦးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနက ထုတ်ပြန်ထားသော်လည်း ပဲသွေးအမည်ခံ အမဲသွေး၏ မူလရင်းမြစ်မှာ အမဲကောင်မှဖြစ်ကြောင်း ထင်ထင်ရှားရှား သိသွားကြသဖြင့် ဘာသာရေးအရ၊ ထုံးတမ်းဓလေ့အရ အမဲသားမစားကြသူများကတော့ ပဲသွေးအမည်ခံ အမဲသွေးကို တို့ထိကြတော့မည်မဟုတ်ပေ။

“အဓိကက လုပ်ရောင်းတဲ့သူမှာ တာဝန်ရှိတယ်။ ဝယ်တုန်းက အမဲသွေးဝယ်ပြီး ပဲသွေးလို့ပြောရောင်းတာ”ဟု ဦးမျိုးလွင် ကဆိုသည်။

တာဝန်ရှိသူများက ဖော်မလင်ကင်း ရှင်းကြောင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန် ထုတ်လုပ်ငန်းဖြစ်ကြောင်း ခွင့်ပြုလိုင်စင် စိစစ်ချက်ဖြင့်သာ ဈေးကွက်တွင်ပြန်လည် ရောင်းချခွင့်ပြု တော့မည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဈေးများဌာနက ဩဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထား သည်။

မည်သို့ပင်ဖြစ်စေ ယခုလတ်တလောတွင်မူ အဆိုပါ ပဲသွေးအမည်ခံ ကျေးဇူးရှင်တို့၏ ပုံပြောင်းသွားသည့် သွေးရည်တို့မှ စီမံပြုလုပ်သည့် အစားအစာကို စားသုံးရန်မှာမူ အခြေအနေက ဤသို့…။

“အမဲသွေးနဲ့ လုပ်ထားတာ။ ကျွန်တော်တို့ လိမ်မရောင်းတော့ဘူး။ အမှန်အတိုင်းပြောရောင်းတယ်။ ပဲနဲ့လုပ်ထားတဲ့ ပဲသွေးလည်းမရှိဘူး။ ရှာမနေနဲ့ မရှိဘူး။ ပဲသွေးလို့ရောင်းနေတာတွေကလည်း အမဲသွေးတွေ ချည်းကြီးပဲ” ဟု နံနက်ခင်းပဲပြား၊ ပဲသွေး၊ ပဲပင်ပေါက်ရောင်းချသည့် ကိုပေါက် (အမည်လွှဲ)က ဆိုလိုက်လေသည်။

ရလေး

ဖိုးသူတော် (www.phothutaw.com)
Credit: THE VOICE JOURNAL
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top