မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ေက်ာင္းကုန္းၿမိဳ႕နယ္၊ဆိပ္ဖူးနီေလး ေက်းရြာ အနီးမွာ ၾသဂုတ္(၇)ရက္ ည(၉)နာရီက လမ္းေဘးမွာဆိုင္ကယ္ ရပ္ၿပီး ဖုန္းေျပာေနသူ ႏွစ္ဦးကို ယာဥ္တစ္စီးက ၀င္ေရာက္တိုက္မိခဲ့တာ ေၾကာင့္ ႏွစ္ဦးစလံုးေသဆံုးခဲ့တယ္လို႔ ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းက သိရပါတယ္။

ဆိပ္ဖူး-နီယိုဒယားတက္ေက်းရြာခ်င္းဆက္ ကြန္ကရစ္ လမ္းေပၚမွာ ၾသဂုတ္(၇)ရက္ ညပိုင္းက ယိုဒယားတက္ေက်းရြာဘက္ကို ေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ယာဥ္တစ္စီးဟာ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘး ဆိုင္ကယ္ရပ္ၿပီး ဖုန္းေျပာေနတဲ့ လူငယ္ႏွစ္ဦးကို ဝင္ေရာက္ တိုက္မိခဲ့ပါတယ္။ အဲဒီတိုက္မိတဲ့ အရွိန္ေၾကာင့္ လမ္းေဘးေျမာင္း အတြင္းကို ဆိုင္ကယ္၊ လူ၊ ကားတို႔ထိုးက်ခဲ့ၿပီး လူငယ္ႏွစ္ဦးမွာ အခင္းျဖစ္ေနရာမွာတင္ေသဆံုးခဲ့ပါတယ္။

 အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းက ယာဥ္မဆင္မျခင္ ေမာင္းႏွင့္တဲ့ယာဥ္ေမာင္း ကို ယာဥ္(ပ) ၄၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔သိရပါတယ္။

သတင္း/ဓာတ္ပံု - ဝင္းႀကိဳင္(ေက်ာင္းကုန္း)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: One News Myanmar
https://www.facebook.com/onenewsmyan

#Unicode Version#

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ဆိပ်ဖူးနီလေး ကျေးရွာ အနီးမှာ သြဂုတ်(၇)ရက် ည(၉)နာရီက လမ်းဘေးမှာဆိုင်ကယ် ရပ်ပြီး ဖုန်းပြောနေသူ နှစ်ဦးကို ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိခဲ့တာ ကြောင့် နှစ်ဦးစလုံးသေဆုံးခဲ့တယ်လို့ ကျောင်းကုန်းမြို့မရဲစခန်းက သိရပါတယ်။

ဆိပ်ဖူး-နီယိုဒယားတက်ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းပေါ်မှာ သြဂုတ်(၇)ရက် ညပိုင်းက ယိုဒယားတက်ကျေးရွာဘက်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေတဲ့ လူငယ်နှစ်ဦးကို ဝင်ရောက် တိုက်မိခဲ့ပါတယ်။ အဲဒီတိုက်မိတဲ့ အရှိန်ကြောင့် လမ်းဘေးမြောင်း အတွင်းကို ဆိုင်ကယ်၊ လူ၊ ကားတို့ထိုးကျခဲ့ပြီး လူငယ်နှစ်ဦးမှာ အခင်းဖြစ်နေရာမှာတင်သေဆုံးခဲ့ပါတယ်။

 အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင့်တဲ့ယာဉ်မောင်း ကို ယာဉ်(ပ) ၄၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

သတင်း/ဓာတ်ပုံ - ဝင်းကြိုင်(ကျောင်းကုန်း)
ဖိုးသူတော် (www.phothutaw.com)
Credit: One News Myanmar
https://www.facebook.com/onenewsmyan
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top