iMyanmarHouse.com - Best Property Website for Myanmar
×

အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝဆီကြၽန္းက နတ္ဆရာတစ္ဦးအား လိင္ပိုင္းဆိုင္ရာျပစ္မႈျဖင့္ တရားစြဲဖမ္းဆီးလိုက္ၿပီလို႔သိရပါတယ္။အဆိုပါ နတ္ဆရာကေတာ့ ဆူလာေဝဆီကြၽန္းမွာ အမ်ိဳးသမီးငယ္ေလးတစ္ဦးကို ၁၅ ႏွစ္ၾကာ ဖမ္းဆီးထားၿပီး လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ေစာ္ကားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ဖမ္းဆီးခံထားရတဲ့ မိန္းကေလးကေတာ့ နတ္ဆရာလက္ရွိမွာ ျပန္လည္လြတ္ေျမာက္သြားၿပီ ျဖစ္ပါတယ္။

အဆိုပါ အသက္ ၈၃ ႏွစ္အ႐ြယ္ နတ္ဆရာဟာ မိန္းကေလးကို လြန္ခဲ့တဲ့ ၂၀၀၃ ခုႏွစ္ သူမအသက္ ၁၃ ႏွစ္အ႐ြယ္ကတည္းက ဖမ္းဆီးထားခံတာပဲ ျဖစ္ပါတယ္။ထို႔အျပင္သူမဟာ နတ္ဘုရားေတြရဲ႕ အေမြဆက္ခံသူျဖစ္တယ္လို႔ လိမ္ညာေျပာဆို အယုံသြင္းကာ ယုံၾကည္လာေအာင္ အတင္းအက်ပ္ စည္း႐ုံးသိမ္းသြင္းခဲ့တာပဲ ျဖစ္ပါတယ္။ဆက္လက္ၿပီး နတ္ဆရာဟာ အဲဒီအမ်ိဳးသမီးအေပၚ ဆယ္ႏွစ္ေက်ာ္ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ က်ဴးလြန္မႈေတြ ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အဲဒီနတ္ဆရာကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ ဥပေဒ၊ ကေလးသူငယ္ ကာကြယ္ေရး ဥပေဒေတြနဲ႔ တရားစြဲထားတယ္လို႔ သိရပါတယ္။ဆက္လက္ၿပီး တရားဥပေဒအရ စစ္ေဆးမႈေတြျပဳလုပ္သြားၿပီး ထိုက္တန္တဲ့ အျပစ္ဒဏ္ကို ခ်မွတ္အေရးယူသြား မွာျဖစ္တယ္လို႔ BBC သတင္းဌာနမွာေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB
# Unicode Version ျဖင့္ ဖတ္ပါ #
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းက နတ်ဆရာတစ်ဦးအား လိင်ပိုင်းဆိုင်ရာပြစ်မှုဖြင့် တရားစွဲဖမ်းဆီးလိုက်ပြီလို့သိရပါတယ်။အဆိုပါ နတ်ဆရာကတော့ ဆူလာဝေဆီကျွန်းမှာ အမျိုးသမီးငယ်လေးတစ်ဦးကို ၁၅ နှစ်ကြာ ဖမ်းဆီးထားပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဖမ်းဆီးခံထားရတဲ့ မိန်းကလေးကတော့ နတ်ဆရာလက်ရှိမှာ ပြန်လည်လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။

အဆိုပါ အသက် ၈၃ နှစ်အရွယ် နတ်ဆရာဟာ မိန်းကလေးကို လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် သူမအသက် ၁၃ နှစ်အရွယ်ကတည်းက ဖမ်းဆီးထားခံတာပဲ ဖြစ်ပါတယ်။ထို့အပြင်သူမဟာ နတ်ဘုရားတွေရဲ့ အမွေဆက်ခံသူဖြစ်တယ်လို့ လိမ်ညာပြောဆို အယုံသွင်းကာ ယုံကြည်လာအောင် အတင်းအကျပ် စည်းရုံးသိမ်းသွင်းခဲ့တာပဲ ဖြစ်ပါတယ်။ဆက်လက်ပြီး နတ်ဆရာဟာ အဲဒီအမျိုးသမီးအပေါ် ဆယ်နှစ်ကျော် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီနတ်ဆရာကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဥပဒေ၊ ကလေးသူငယ် ကာကွယ်ရေး ဥပဒေတွေနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။ဆက်လက်ပြီး တရားဥပဒေအရ စစ်ဆေးမှုတွေပြုလုပ်သွားပြီး ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ချမှတ်အရေးယူသွား မှာဖြစ်တယ်လို့ BBC သတင်းဌာနမှာဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top