ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မႏၲေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္၊ ေတာင္ဇခ်မ္းကုန္းရြာမွာ ၾသဂုတ္ ၁၉ ရက္ ေန႔လယ္က စကားမ်ားရာမွ ေယာကၡမျဖစ္သူနဲ႔ ေယာက္ဖျဖစ္သူတို႔ ၂ ဦးက ဓားနဲ႔ခုတ္လို႔ သမက္ျဖစ္သူ ေသဆံုးသြားတယ္လို႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

ျဖစ္စဥ္မွာ ဦးသိန္းဝင္းနဲ႔ သားျဖစ္သူ ေက်ာ္ျမခိုင္ တို႔ႏွစ္ဦးနဲ႔ သမက္ျဖစ္သူ သန္းႏိုင္ထြန္း (ခ) အငယ္ေကာင္တို႔ စကားမ်ားရန္ျဖစ္ၾကရာ သန္းႏိုင္ထြန္းကို ဓားနဲ႔ခုတ္တာေၾကာင့္ ေသဆုံးသြားတယ္လို႔ သိရပါတယ္။

ဝမ္းတြင္းၿမိဳ႕မရဲစခန္း ဒုရဲအုပ္ဝင္းေဇယ်ာဦးက “သန္းႏိုင္ထြန္းမွာ ဝဲနားထင္၊ ယာနားထင္ျပတ္တယ္၊ ဝဲလက္ဖ်ံျပတ္တယ္။ ယာရင္ဘတ္မွာ ထိုးသြင္းဒဏ္ရာရၿပီး ေသဆုံးသြားတယ္ ေသဆုံးသူရဲ႕အမ ေဒၚျမျမဝင္းက တရားလုိလုပ္ၿပီး အမႈဖြင့္ပါတယ္။ တိမ္းေရွာင္သြားသူကုိလည္း အျမန္ဆုံး ဖမ္းဆီးမိေရး လုပ္ေနပါတယ္” လုိ႔ ေျပာပါတယ္။

ရြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္တင့္က “အဲဒီမိသားစု ဒီရြာေရာက္လာတာ မၾကာေသးဘူး။ သူတို႔က မိတီၳလာဘက္က ေျပာင္းလာၾကတာ။ ေသဆုံးသြားတဲ့ သန္းႏိုင္ထြန္းက မိတၱဴစက္ လုိက္ျပင္တယ္။ သူ႔ဇနီးက လွ်ပ္စစ္ဝန္ထမ္းပါ။ သူတို႔မွာ ကေလး ၃ ေယာက္ရွိတယ္။ ေဒါသအေလ်ာက္ ျဖစ္ကုန္ၾကတယ္” လုိ႔ ေျပာပါတယ္။

ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ဦးသိန္းဝင္းနဲ႔ ေက်ာ္ျမခိုင္တို႔ ၂ ဦးကို လူသတ္မႈ၊ အားေပးကူညီမႈ ရာဇသတ္ႀကီးပုဒ္မ-၃ဝ၂/၁၁၄ နဲ႔ အမႈဖြင့္ထားပါတယ္။

သတင္း-ေမာင္ေမာင္လင္း(ဝမ္းတြင္း)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တောင်ဇချမ်းကုန်းရွာမှာ သြဂုတ် ၁၉ ရက် နေ့လယ်က စကားများရာမှ ယောက္ခမဖြစ်သူနဲ့ ယောက်ဖဖြစ်သူတို့ ၂ ဦးက ဓားနဲ့ခုတ်လို့ သမက်ဖြစ်သူ သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဦးသိန်းဝင်းနဲ့ သားဖြစ်သူ ကျော်မြခိုင် တို့နှစ်ဦးနဲ့ သမက်ဖြစ်သူ သန်းနိုင်ထွန်း (ခ) အငယ်ကောင်တို့ စကားများရန်ဖြစ်ကြရာ သန်းနိုင်ထွန်းကို ဓားနဲ့ခုတ်တာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ဝင်းဇေယျာဦးက “သန်းနိုင်ထွန်းမှာ ဝဲနားထင်၊ ယာနားထင်ပြတ်တယ်၊ ဝဲလက်ဖျံပြတ်တယ်။ ယာရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာရပြီး သေဆုံးသွားတယ် သေဆုံးသူရဲ့အမ ဒေါ်မြမြဝင်းက တရားလိုလုပ်ပြီး အမှုဖွင့်ပါတယ်။ တိမ်းရှောင်သွားသူကိုလည်း အမြန်ဆုံး ဖမ်းဆီးမိရေး လုပ်နေပါတယ်” လို့ ပြောပါတယ်။

ရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင့်က “အဲဒီမိသားစု ဒီရွာရောက်လာတာ မကြာသေးဘူး။ သူတို့က မိတ္ထီလာဘက်က ပြောင်းလာကြတာ။ သေဆုံးသွားတဲ့ သန်းနိုင်ထွန်းက မိတ္တူစက် လိုက်ပြင်တယ်။ သူ့ဇနီးက လျှပ်စစ်ဝန်ထမ်းပါ။ သူတို့မှာ ကလေး ၃ ယောက်ရှိတယ်။ ဒေါသအလျောက် ဖြစ်ကုန်ကြတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ဦးသိန်းဝင်းနဲ့ ကျော်မြခိုင်တို့ ၂ ဦးကို လူသတ်မှု၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ-၃ဝ၂/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top