ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေတာင္ႀကီးၿမိဳ႕နယ္ ​​​ေတာင္​​ေလးလံုးအုပ္​စု ဖက္နမ္​​ေက်းရြာအနီး႐ွိ ွိက်ားမင္းႀကီး အရက္ခ်က္စက္ရံုက စြန္႔ပစ္ေရပုပ္မ်ားႏွင့္ အနံ႔ဆိုးမ်ား ေၾကာင့္ လယ္ကြင္းမ်ားပ်က္ဆီးၿပီး ေဒသခံမ်ားက်န္းမာေရး စိုးရိမ္ေနရ ေၾကာင္း ၾသဂုတ္လ ၈ ရက္တြင္ ေဒသခံမ်ားထံမွသိရသည္။

က်ားမင္းႀကီးအရက္ခ်က္စက္ရံုသည္ ၂၀၁၁ခုႏွစ္တြင္ စတင္တည္ ေဆာက္လည္ပတ္ခဲ့ျပီး စတင္လည္ပတ္စဥ္က အနံ႔ဆိုးမ်ား မထြက္ ေသာ္လည္း ၂၀၁၄ ခုႏွစ္တြင္ အနံ႔ဆိုးမ်ား ေရပုပ္မ်ားထြက္လာခ​ဲ့​ ေ​ၾကာင္း​သည္။

''အန႔ံဆိုးေတြ တအားခံစားေနရတာေပါ့၊ အန႔ံတအားဆိုးေတာ့ က်န္းမာေရးထိခိုက္မွာ စိုးရိမ္ရတာေပ့ါ၊ ေရပုပ္ေရဆိုးေတြလည္း ၀င္ေတာ့ လယ္ေတြေတာင္ ေတာ္ေတာ္ပ်က္ဆီးကုန္တယ္ေလ ''ဟု ဖက္နမ္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေရႊမိုးကေျပာသည္။


စက္ရံုက အန႔ံဆိုးမ်ားမထြက္ရန္​ႏွင္​့ ေရဆိုးေရပုပ္မ်ား လယ္ထဲမ၀င္ရန္​ ျပဳလုပ္ေပးမည္ဟု ေျပာဆိုခဲ့ေသာ္လည္း ယခုအခ်ိန္ထိ အနံ႔ဆိုးမ်ား ​ေရပုပ္မ်ား​ထြက္​႐ွိ​ေန​ေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

''သူတို႔ေတာ့ အန႔ံဆိုးေတြ မထြက္ေအာင္ လုပ္ေပးမယ္လို႔ေတာ့ေျပာ တာပဲ ေရဆိုးေတြ ေရပုပ္ေတြ မ၀င္ေအာင္လုပ္ေပးမယ္လို႔ေတာ့ ေျပတာပဲ လုပ္ေပးမယ္ မလုပ္ေပးဘူးဆိုတာကေတာ့ မသိေသးဘူး ေလေနာ္''ဟု ဦးေရႊမိုးက ဆက္ေျပာသည္။

ဖက္နမ္ရြာမွ ေဒသခံ မခင္အုန္းျမင့္ကလည္း ''က်ားမင္းႀကီးစက္ရံုက ထြက္လာတဲ့အန႔ံဆိုးေတြေၾကာင့္ ယားတာေတြျဖစ္လာတယ္ ရြာထဲကကေလးေတြက အသား၀ါေတြျဖစ္တယ္ ရင္ေတြၾကပ္တယ္ ၊ေနာက္ျပီး လယ္ေတြထဲ ေရဆိုးေတြ ဆင္းေတာ့ စပါးပင္​ေတြေသကုန္ တယ္ရွင့္''ဟု ေျပာသည္။

အဆိုပါ ကိစၥႏွင့္ပတ္က္ျပီး အရက္ခ်က္​​စက္ရံု တာဝန္ရွိသူ ​ကို ခမ္းသား​​ေငါဝ္း​သတင္​းဌာနက​​ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာတြင္''ကၽြန္ေတာ္ တို႔ လုပ္ငန္းမွာ အႀကီးစားျပင္ဆင္မွဳေတြလုပ္ေနတဲ့အခါက်ေတာ့ ျပီးခဲ့တဲ့ႏွစ္က က်န္ခဲ့တဲ့ဟာေတြကို ျပန္ေမာင္းထုတ္ေနရလို႔ အဲဒီက အန႔ံထြက္တာ အခုကၽြန္ေတာ္တို႔ စက္လည္တာေတြ ဘာညာမရွိေသး ဘူး၊ အဲဒီျပင္ဆင္မွဳ ျပီးျပီဆိုရင္ေတာ့ အန႔ံဆိုးတာေတြ လံုး၀မထြက္ ေတာ့ဘူး အဲေရဆိုးဆိုတာေတြလည္းမထြက္ေတာ့ဘူး ေရၾကည္ပဲ ထြက္မယ္'' ဟုက်ားမင္းႀကီးစက္ရံုက လက္ေထာက္မန္ေနဂ်ာ ဦးတင္၀င္းက ျပန္လည္​​ေျဖၾကားခဲ့သည္။

ထိုက်ားမင္းႀကီးစက္ရံုမွ ထြက္ရွိသည့္ အန႔ံဆိုးမ်ားကို စက္ရံုပတ္၀န္း က်င္တြင္ရ​​ွိသည့္ ​ဖက္နမ္၊ ေရေႏြး၊ ေတာင္ဦးစသည့္ ရြာေပါင္း ၁၀ ရြာ၀န္းက်င္က ေန႔စဥ္ရွဴရွိဳက္ေနရ​ေၾကာင္း၊ စက္ရံုမွ စြန္႕ထုတ္လိုက္ သည့္ ​ေရဆိုးမ်ားေၾကာင့္ ေရဆိုးထုတ္ေျမာင္းတစ္ေလွ်ာက္ရွိ ကုန္းမို႔ရြာ ပန္႔ပုန္းရြာရွိ လယ္ေျမမ်ားထဲဝင္ျပီး ​စပါးပင္မ်ား​ပ်က္ဆီးမွဳႏွင့္ ႀကံဳေနရ​ေၾကာင္းသိရ​သည္။

​ေဒသခံမ်ားက ထိုသို႕ၾကံဳေတြ႔ေနရသည့္ စိုက္​ပ်ိဳး​ေရး ပ်က္ဆီးမွဳ အခက္အခဲမ်ားကို ရွမ္းျပည္နယ္အစိုးရႏွင့္ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားက လာ​​ေရာက္​ေျဖရွင္းေပးရန္ ေစာင့္ေမွ်ာ္ေနလ်က္ရွိေၾကာင္း သိရသည္။

BY ခြန္ယံ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The People's Voice - ခမ္းသားေငါ၀္း
# Unicode Version ျဖင့္ ဖတ္ပါ #
တောင်ကြီးမြို့နယ် တောင်လေးလုံးအုပ်စု ဖက်နမ်ကျေးရွာအနီးရှိ ှိကျားမင်းကြီး အရက်ချက်စက်ရုံက စွန့်ပစ်ရေပုပ်များနှင့် အနံ့ဆိုးများ ကြောင့် လယ်ကွင်းများပျက်ဆီးပြီး ဒေသခံများကျန်းမာရေး စိုးရိမ်နေရ ကြောင်း သြဂုတ်လ ၈ ရက်တွင် ဒေသခံများထံမှသိရသည်။

ကျားမင်းကြီးအရက်ချက်စက်ရုံသည် ၂၀၁၁ခုနှစ်တွင် စတင်တည် ဆောက်လည်ပတ်ခဲ့ပြီး စတင်လည်ပတ်စဉ်က အနံ့ဆိုးများ မထွက် သော်လည်း ၂၀၁၄ ခုနှစ်တွင် အနံ့ဆိုးများ ရေပုပ်များထွက်လာခဲ့ ကြောင်းသည်။

''အနံ့ဆိုးတွေ တအားခံစားနေရတာပေါ့၊ အနံ့တအားဆိုးတော့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်ရတာပေ့ါ၊ ရေပုပ်ရေဆိုးတွေလည်း ဝင်တော့ လယ်တွေတောင် တော်တော်ပျက်ဆီးကုန်တယ်လေ ''ဟု ဖက်နမ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေမိုးကပြောသည်။


စက်ရုံက အနံ့ဆိုးများမထွက်ရန်နှင့် ရေဆိုးရေပုပ်များ လယ်ထဲမဝင်ရန် ပြုလုပ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ အနံ့ဆိုးများ ရေပုပ်များထွက်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

''သူတို့တော့ အနံ့ဆိုးတွေ မထွက်အောင် လုပ်ပေးမယ်လို့တော့ပြော တာပဲ ရေဆိုးတွေ ရေပုပ်တွေ မဝင်အောင်လုပ်ပေးမယ်လို့တော့ ပြေတာပဲ လုပ်ပေးမယ် မလုပ်ပေးဘူးဆိုတာကတော့ မသိသေးဘူး လေနော်''ဟု ဦးရွှေမိုးက ဆက်ပြောသည်။

ဖက်နမ်ရွာမှ ဒေသခံ မခင်အုန်းမြင့်ကလည်း ''ကျားမင်းကြီးစက်ရုံက ထွက်လာတဲ့အနံ့ဆိုးတွေကြောင့် ယားတာတွေဖြစ်လာတယ် ရွာထဲကကလေးတွေက အသားဝါတွေဖြစ်တယ် ရင်တွေကြပ်တယ် ၊နောက်ပြီး လယ်တွေထဲ ရေဆိုးတွေ ဆင်းတော့ စပါးပင်တွေသေကုန် တယ်ရှင့်''ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်က်ပြီး အရက်ချက်စက်ရုံ တာဝန်ရှိသူ ကို ခမ်းသားငေါဝ်းသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်''ကျွန်တော် တို့ လုပ်ငန်းမှာ အကြီးစားပြင်ဆင်မှုတွေလုပ်နေတဲ့အခါကျတော့ ပြီးခဲ့တဲ့နှစ်က ကျန်ခဲ့တဲ့ဟာတွေကို ပြန်မောင်းထုတ်နေရလို့ အဲဒီက အနံ့ထွက်တာ အခုကျွန်တော်တို့ စက်လည်တာတွေ ဘာညာမရှိသေး ဘူး၊ အဲဒီပြင်ဆင်မှု ပြီးပြီဆိုရင်တော့ အနံ့ဆိုးတာတွေ လုံးဝမထွက် တော့ဘူး အဲရေဆိုးဆိုတာတွေလည်းမထွက်တော့ဘူး ရေကြည်ပဲ ထွက်မယ်'' ဟုကျားမင်းကြီးစက်ရုံက လက်ထောက်မန်နေဂျာ ဦးတင်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

ထိုကျားမင်းကြီးစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများကို စက်ရုံပတ်ဝန်း ကျင်တွင်ရှိသည့် ဖက်နမ်၊ ရေနွေး၊ တောင်ဦးစသည့် ရွာပေါင်း ၁၀ ရွာဝန်းကျင်က နေ့စဉ်ရှူရှိုက်နေရကြောင်း၊ စက်ရုံမှ စွန့်ထုတ်လိုက် သည့် ရေဆိုးများကြောင့် ရေဆိုးထုတ်မြောင်းတစ်လျှောက်ရှိ ကုန်းမို့ရွာ ပန့်ပုန်းရွာရှိ လယ်မြေများထဲဝင်ပြီး စပါးပင်များပျက်ဆီးမှုနှင့် ကြုံနေရကြောင်းသိရသည်။

ဒေသခံများက ထိုသို့ကြုံတွေ့နေရသည့် စိုက်ပျိုးရေး ပျက်ဆီးမှု အခက်အခဲများကို ရှမ်းပြည်နယ်အစိုးရနှင့် လွှတ်တော်ကိုယ်စား လှယ်များက လာရောက်ဖြေရှင်းပေးရန် စောင့်မျှော်နေလျက်ရှိကြောင်း သိရသည်။

BY ခွန်ယံ

ဖိုးသူတော် (www.phothutaw.com)
Credit: The People's Voice - ခမ်းသားငေါဝ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top