ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တနလၤာ (Monday)

ဒီရက္ေတြအတြင္းမွာ ကံဇာတာအေကာင္းအဆိုးဒြန္းတြဲေနသည္။ အလုပ္ဒဏ္ပိၿပီး က်န္းမာေရးညံ့သြားတတ္ သည္။ ေဆး႐ံုေဆးခန္းတက္ေရာက္ ေဆးကုသခံရကိန္းရွိသည္။ အေနာက္ေျမာက္အရပ္သုိ႔ ေခတၱယာယီ ခရီး ထြက္လိုက္ပါ။ သို႔မဟုတ္ ေခတၱယာယီအိပ္ယာေနရာေျပာင္းအိပ္ပါ။ မိတ္ေဆြေကာင္း၊ ဆရာသမားေကာင္းမ်ား ၏ အကူအညီရမည္။ ဆင္စြယ္ေရာင္သည္ ဤရက္အတြင္း သင့္ကိုကံေကာင္းေစေသာ အေကာင္း ဆံုးအေရာင္ ျဖစ္သည္။
က်န္းမာေရး။ ။ တေရွာင္ေရွာင္ႏွင့္ခ်ဴခ်ာေနတတ္သည္။
အခ်စ္ေရး။ ။ ၾကားေလေသြး၍ေဝးတတ္သည္။
ယၾတာ။ ။ အသက္ႀကီးသူကို ေဆးဝါးဓါတ္စာလွဴဒါန္းဒါနျပဳပါ။

အဂၤါ (Tuesday)

ဒီရက္ေတြအတြင္းမွာ ဘဝအတက္အက်ေျပာင္းလဲမ်ားျဖစ္ေပၚမည္။ လုပ္ငန္းအသစ္စတင္ျခင္း ၊ ေနရာေျပာင္း ေရႊ႕ရျခင္းႀကံဳမည္။ လုပ္ငန္းေနရာ အဆက္အသြယ္သစ္မ်ားရရွိမည္။ စပ္တူရွယ္ယာလုပ္ငန္းမ်ားေအာင္ျမင္ မည္။ ဆန္႕က်င္္္ဘက္လိင္ကိစၶေၾကာင့္ ျပႆနာတက္မည္။ ေရလမ္းခရီးထြက္ျခင္းေရွာင္ပါ။ ႏိုင္ငံျခားခရီးကိန္း ေခတၱခဏတာ ဆုိင္းငံ့ထားပါ။ အညိဳေရာင္သည္ ဤရက္အတြင္း ကံေကာင္းေစေသာ အေကာင္းဆံုးအေရာင္ ျဖစ္သည္။
က်န္းမာေရး။ ။ ဦးေခါင္းပိုင္း ဒဏ္ရာရရတတ္သည္။
အခ်စ္ေရး။ ။ ႏွလံုးသားကိစၥကို ဦးေႏွာက္ျဖင့္စဥ္းစားသင့္ေသာ အခ်ိန္ျဖစ္သည္။
ယၾတာ။ ။ ‘အရဟံ’ ဂုဏ္ေတာ္ျဖင့္ ပုတီး (၉)ပတ္စိတ္ပါ။

ဗုဒၶဟူး (Wednesday)

ဒီရက္ေတြအတြင္းမွာ အတတ္ပညာအသစ္အဆန္းမ်ား သင္ၾကားတတ္ေျမာက္ရမည္။ မိသားစုႏွင့္ပတ္သက္ ေသာ ေအာင္ျမင္မႈ သတင္းေကာင္းမ်ားအတြက္ ဂုဏ္ယူစရာမ်ားႀကံဳမည္။ ေသာၾကာသားသမီးႏွင့္ စီးပြားေရး လုပ္ငန္းမ်ား အက်ိဳးတူပူးေပါင္းေဆာင္ရြက္ပါ။ေအာင္ျမင္မည္။ လုပ္ငန္းတြင္ ဝင္ေငြထြက္ေငြ ေသခ်ာစီစစ္ပါ။ ေငြ ေၾကးလြဲမွားတတ္သည္။ ဝန္ထမ္းျဖစ္ပါကရာထူးတိုးျခင္း၊ အလုပ္ဌာနေျပာင္းေရႊ႕ရျခင္းျဖစ္ေပၚမည္။ မိုးျပာေရာင္ သည္ ဤရက္တြင္ သင့္ကို ကံေကာင္းေစေသာအေကာင္းဆံုးအေရာင္ျဖစ္သည္။
က်န္းမာေရး။ ။ ႏွလံုးေရာဂါ ျဖစ္တတ္သည္။
အခ်စ္ေရး။ ။ မိုးမျမင္ေလမျမင္ ေပ်ာ္ရႊင္စရာအခ်ိန္ျဖစ္သည္။
ယၾတာ။ ။ မိတ္ေဆြတစ္ဦးကို ေရေမႊးလက္ေဆာင္ ေပးလုိက္ပါ။

ႀကာသပေတး (Thursday)

ဒီရက္ေတြအတြင္းမွာ ကံအညံ့ေလးေတြရွိေနမည္။ မိတ္ေဆြမ်ား၏ အထင္ျမင္လြဲမွားျခင္းခံရတတ္သည္။ လုပ္ ေဖာ္ ကိုင္ဖက္အေပါင္းအသင္းမ်ားႏွင့္ လမ္းခြဲရကိန္းရွိသည္။ သူတစ္ပါးကိစၥ ဝင္ေရာက္ကူညီေျဖရွင္းေပးရတတ္ သည္။ ေငြေၾကး ကိစၥအာမခံေပးျခင္း ၊ ေခ်းငွားေပးျခင္း ေရွာင္ပါ။ သူမ်ားကိစၥအတြက္ မိမိပါ စိတ္ဆင္းရဲတတ္ သည္။ ေျမကိစၥ ၊ အေမြကိစၥ မိန္းမကိစၥ စကားမ်ားရတတ္သည္။ လက္ေအာက္ငယ္သား တပည့္သားသမီးမ်ား အတြက္ေငြကုန္မ်ားေနမည္။ အစိမ္းေရာင္ကို ဝတ္ဆင္သံုးစြဲၿခင္းၿဖင့္ ကံေကာင္းၿခင္းကိုရယူပါ။
က်န္းမာေရး။ ။ ေျခလက္အဂၤါ မေတာ္တဆ ထိခိုက္ဒဏ္ရာရရတတ္သည္။
အခ်စ္ေရး။ ။ ခ်စ္သူရည္စားမ်ား ရင္ထဲတြင္ မတင္မက် ကိစၥမ်ားေၾကာင့္ ဆံုးျဖတ္ရခက္ေနမည္။
ယၾတာ။ ။ ေမြးနံေထာင့္တြင္ သန္႔ရွင္းေရးျပဳလုပ္ပါ။ ေသာက္ေရသန္႔ လွဴဒါန္းပါ။

ေသာႀကာ (Friday)

ဒီရက္ေတြအတြင္းမွာ တအားပင္ပန္းေနမည္။ စိတ္ေမာလူေမာျဖစ္ေနမည္။ လုပ္ကိုင္သမွ် အခက္အခဲမ်ားႏွင့္ ရင္ဆုိင္ေနရမည္။ ေငြေၾကးအကုန္က်မ်ားကာ စိတ္ညစ္ေနရမည္။ မည္သည့္ကိစၥ အေၾကာင္းကိစၥကိုမွ် အလ်င္စ လိုမဆံုး ျဖတ္ပါႏွင့္။ ေခါင္းေအးေအးထားၿပီး ဆံုးျဖတ္သင့္သည္။ထီး၊ ဖိနပ္အစုတ္၊ မီးလံုး၊ မီးေခ်ာင္းအပ်က္အ ကြၽမ္းမ်ားကို ကိုယ္တိုင္အမႈိက္ပံုးထဲသို႔ စြန္႔ပစ္ပါ။ ဘုရားဖူးခရီးထြက္ေပးပါ။ အဂၤါသားသမီးႏွင့္အလုပ္တြဲလုပ္ပါ။ ေအာင္ျမင္မႈရမည္။ ပညာေရးႏွင့္ပတ္သက္၍ ေမွ်ာ္မွန္းထားေသာ ပန္းတုိင္ေရာက္မည္။ နံ႕သာေရာင္သည္ ဤ ရက္အတြင္း သင့္ကိုကံေကာင္းေစေသာ အေကာင္းဆံုးအေရာင္ျဖစ္သည္။
က်န္းမာေရး။ ။ ေသြးတိုးေရာဂါျဖစ္ပြားတတ္သည္။
အခ်စ္ေရး။ ။ ခ်စ္သူစိတ္ဆုိးစိတ္ေကာက္အထင္လြဲေနမည္။ ေခ်ာ့လိုက္ပါ။
ယၾတာ။ ။ မထင္မွတ္ပဲေရာက္လာေသာ မိတ္ေဆြတစ္ဦးကို ထမင္းေကြၽးလိုက္ပါ။ မိမိတြင္ရင္ ဆုိင္ေနရေသာ အခက္အခဲမ်ား ေျပလည္ေစရန္ ဆုေတာင္းပါ။

စေန (Saturday)

ဒီရက္ေတြအတြင္းမွာ ကံေကာင္းေနမည္။ ဆံုး႐ံႈးနစ္နာခဲ့တာေတြ ျပန္ရတတ္သည္။ မိမိလုပ္ကိုင္ေဆာင္ရြက္ခဲ့ ေသာကိစၥမွန္သမွ် ထူးထူးျခားျခားတုိးတက္မႈရရွိမည္။ အလုပ္သစ္ရွာေဖြျခင္း ၊ လုပ္ငန္းသစ္ေျပာင္းလဲလုပ္ကိုင္ လိုသူမ်ား အဆင္ေၿပမည့္ကာလျဖစ္သည္။ ကိုယ္ပိုင္လုပ္ငန္းရွင္မ်ား ၊ လုပ္ငန္းအသစ္တိုးခ်ဲ႕လုပ္ကုိင္သင့္ေသာ အခ်ိန္ေကာင္းျဖစ္သည္။ သူတစ္ပါး ေဆာင္ရြက္၍ မရေသာ ၊ ခက္ခဲေသာ ကိစၥမ်ားကို ေအာင္ျမင္ေစႏုိင္သည့္ ကာလ ျဖစ္သည္။ ႏိုင္ငံျခားခရီးစီစဥ္ေနသူမ်ားအဆင္ေျပမည္။ ဤရက္အတြင္းအဝါေရာင္သည္ သင့္ကို ကံ ေကာင္းေစေသာ အေကာင္း ဆံုးအေရာင္ျဖစ္သည္။ ထီဝါသနာရွင္မ်ား(၃၉ႏွင့္စေသာ တြဲဂဏန္း)ကိုထီထိုးပါ။
က်န္းမာေရး။ ။ အစားမွား၊ ေဆးမွားတတ္သည္။
အခ်စ္ေရး။ ။ ပ်ားရည္ဆမ္းေသာ အခ်စ္ေန႔ကေလးမ်ားျဖစ္မည္။
ယၾတာ။ ။ တန္ခိုးႀကီးဘုရားတြင္ တံၿမက္စည္းလွဲပါ။ ေမြးေန႔တြင္ အသက္သတ္လြတ္စားပါ။

တနဂၤေႏြ (Sunday)

ဒီရက္ေတြအတြင္းမွာ စီးပြားေရးလုပ္ငန္းလုပ္ကိုင္ရာတြင္ ေငြေၾကးအ႐ႈပ္အရွင္းျဖစ္တတ္သည္။ အမ်ိဳးသမီးဦးစီး ေသာ အေရာင္းအဝယ္လုပ္ငန္းႏွင့္ သတိထားဆက္ဆံပါ။ ျပႆနာတတ္တက္သည္။ စေနနံပစၥည္း၊ အထည္ လုပ္ငန္း၊ နိုင္ငံရပ္ၿခားတို႔ႏွင့္ စီးပြါးအက်ိဳးတူလုပ္ငန္းမ်ားအဆင္ေၿပမည္။ ေလာင္းကစားအထူးေရွာင္ပါ။ အမႈခင္း ျဖစ္ကိန္းရွိသည္။ ယာယီခရီးတိုမ်ားသြားရတတ္သည္။ အျဖဴေရာင္သည္ ဤရက္အတြင္း သင့္ကို ကံေကာင္းေစ ေသာအေကာင္းဆံုး အေရာင္ ျဖစ္သည္။
က်န္းမာေရး။ ။ သြား၊ ခံတြင္းႏွင့္ပတ္သက္ေသာေရာဂါျဖစ္တတ္သည္။
အခ်စ္ေရး။ ။ ၿပိဳင္ဖက္ခ်စ္္သူေပၚတတ္သည္။
ယၾတာ။ ။ ေနအိမ္ဘုရားတြင္ ရြက္လွ(၄)ညြန္႔၊ အလင္းတိုင္(၄)တိုင္ ဆက္ကပ္လွဴဒါန္းပါ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အိုင္တီဖိုးခြား
# Unicode Version ျဖင့္ ဖတ္ပါ #
တနင်္လာ (Monday)

ဒီရက်တွေအတွင်းမှာ ကံဇာတာအကောင်းအဆိုးဒွန်းတွဲနေသည်။ အလုပ်ဒဏ်ပိပြီး ကျန်းမာရေးညံ့သွားတတ် သည်။ ဆေးရုံဆေးခန်းတက်ရောက် ဆေးကုသခံရကိန်းရှိသည်။ အနောက်မြောက်အရပ်သို့ ခေတ္တယာယီ ခရီး ထွက်လိုက်ပါ။ သို့မဟုတ် ခေတ္တယာယီအိပ်ယာနေရာပြောင်းအိပ်ပါ။ မိတ်ဆွေကောင်း၊ ဆရာသမားကောင်းများ ၏ အကူအညီရမည်။ ဆင်စွယ်ရောင်သည် ဤရက်အတွင်း သင့်ကိုကံကောင်းစေသော အကောင်း ဆုံးအရောင် ဖြစ်သည်။
ကျန်းမာရေး။ ။ တရှောင်ရှောင်နှင့်ချူချာနေတတ်သည်။
အချစ်ရေး။ ။ ကြားလေသွေး၍ဝေးတတ်သည်။
ယတြာ။ ။ အသက်ကြီးသူကို ဆေးဝါးဓါတ်စာလှူဒါန်းဒါနပြုပါ။

အင်္ဂါ (Tuesday)

ဒီရက်တွေအတွင်းမှာ ဘဝအတက်အကျပြောင်းလဲများဖြစ်ပေါ်မည်။ လုပ်ငန်းအသစ်စတင်ခြင်း ၊ နေရာပြောင်း ရွှေ့ရခြင်းကြုံမည်။ လုပ်ငန်းနေရာ အဆက်အသွယ်သစ်များရရှိမည်။ စပ်တူရှယ်ယာလုပ်ငန်းများအောင်မြင် မည်။ ဆန့်ကျင်ဘက်လိင်ကိစ္ဓကြောင့် ပြဿနာတက်မည်။ ရေလမ်းခရီးထွက်ခြင်းရှောင်ပါ။ နိုင်ငံခြားခရီးကိန်း ခေတ္တခဏတာ ဆိုင်းငံ့ထားပါ။ အညိုရောင်သည် ဤရက်အတွင်း ကံကောင်းစေသော အကောင်းဆုံးအရောင် ဖြစ်သည်။
ကျန်းမာရေး။ ။ ဦးခေါင်းပိုင်း ဒဏ်ရာရရတတ်သည်။
အချစ်ရေး။ ။ နှလုံးသားကိစ္စကို ဦးနှောက်ဖြင့်စဉ်းစားသင့်သော အချိန်ဖြစ်သည်။
ယတြာ။ ။ ‘အရဟံ’ ဂုဏ်တော်ဖြင့် ပုတီး (၉)ပတ်စိတ်ပါ။

ဗုဒ္ဓဟူး (Wednesday)

ဒီရက်တွေအတွင်းမှာ အတတ်ပညာအသစ်အဆန်းများ သင်ကြားတတ်မြောက်ရမည်။ မိသားစုနှင့်ပတ်သက် သော အောင်မြင်မှု သတင်းကောင်းများအတွက် ဂုဏ်ယူစရာများကြုံမည်။ သောကြာသားသမီးနှင့် စီးပွားရေး လုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်ပါ။အောင်မြင်မည်။ လုပ်ငန်းတွင် ဝင်ငွေထွက်ငွေ သေချာစီစစ်ပါ။ ငွေ ကြေးလွဲမှားတတ်သည်။ ဝန်ထမ်းဖြစ်ပါကရာထူးတိုးခြင်း၊ အလုပ်ဌာနပြောင်းရွှေ့ရခြင်းဖြစ်ပေါ်မည်။ မိုးပြာရောင် သည် ဤရက်တွင် သင့်ကို ကံကောင်းစေသောအကောင်းဆုံးအရောင်ဖြစ်သည်။
ကျန်းမာရေး။ ။ နှလုံးရောဂါ ဖြစ်တတ်သည်။
အချစ်ရေး။ ။ မိုးမမြင်လေမမြင် ပျော်ရွှင်စရာအချိန်ဖြစ်သည်။
ယတြာ။ ။ မိတ်ဆွေတစ်ဦးကို ရေမွှေးလက်ဆောင် ပေးလိုက်ပါ။

ကြာသပတေး (Thursday)

ဒီရက်တွေအတွင်းမှာ ကံအညံ့လေးတွေရှိနေမည်။ မိတ်ဆွေများ၏ အထင်မြင်လွဲမှားခြင်းခံရတတ်သည်။ လုပ် ဖော် ကိုင်ဖက်အပေါင်းအသင်းများနှင့် လမ်းခွဲရကိန်းရှိသည်။ သူတစ်ပါးကိစ္စ ဝင်ရောက်ကူညီဖြေရှင်းပေးရတတ် သည်။ ငွေကြေး ကိစ္စအာမခံပေးခြင်း ၊ ချေးငှားပေးခြင်း ရှောင်ပါ။ သူများကိစ္စအတွက် မိမိပါ စိတ်ဆင်းရဲတတ် သည်။ မြေကိစ္စ ၊ အမွေကိစ္စ မိန်းမကိစ္စ စကားများရတတ်သည်။ လက်အောက်ငယ်သား တပည့်သားသမီးများ အတွက်ငွေကုန်များနေမည်။ အစိမ်းရောင်ကို ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကောင်းခြင်းကိုရယူပါ။
ကျန်းမာရေး။ ။ ခြေလက်အင်္ဂါ မတော်တဆ ထိခိုက်ဒဏ်ရာရရတတ်သည်။
အချစ်ရေး။ ။ ချစ်သူရည်စားများ ရင်ထဲတွင် မတင်မကျ ကိစ္စများကြောင့် ဆုံးဖြတ်ရခက်နေမည်။
ယတြာ။ ။ မွေးနံထောင့်တွင် သန့်ရှင်းရေးပြုလုပ်ပါ။ သောက်ရေသန့် လှူဒါန်းပါ။

သောကြာ (Friday)

ဒီရက်တွေအတွင်းမှာ တအားပင်ပန်းနေမည်။ စိတ်မောလူမောဖြစ်နေမည်။ လုပ်ကိုင်သမျှ အခက်အခဲများနှင့် ရင်ဆိုင်နေရမည်။ ငွေကြေးအကုန်ကျများကာ စိတ်ညစ်နေရမည်။ မည်သည့်ကိစ္စ အကြောင်းကိစ္စကိုမျှ အလျင်စ လိုမဆုံး ဖြတ်ပါနှင့်။ ခေါင်းအေးအေးထားပြီး ဆုံးဖြတ်သင့်သည်။ထီး၊ ဖိနပ်အစုတ်၊ မီးလုံး၊ မီးချောင်းအပျက်အ ကျွမ်းများကို ကိုယ်တိုင်အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။ ဘုရားဖူးခရီးထွက်ပေးပါ။ အင်္ဂါသားသမီးနှင့်အလုပ်တွဲလုပ်ပါ။ အောင်မြင်မှုရမည်။ ပညာရေးနှင့်ပတ်သက်၍ မျှော်မှန်းထားသော ပန်းတိုင်ရောက်မည်။ နံ့သာရောင်သည် ဤ ရက်အတွင်း သင့်ကိုကံကောင်းစေသော အကောင်းဆုံးအရောင်ဖြစ်သည်။
ကျန်းမာရေး။ ။ သွေးတိုးရောဂါဖြစ်ပွားတတ်သည်။
အချစ်ရေး။ ။ ချစ်သူစိတ်ဆိုးစိတ်ကောက်အထင်လွဲနေမည်။ ချော့လိုက်ပါ။
ယတြာ။ ။ မထင်မှတ်ပဲရောက်လာသော မိတ်ဆွေတစ်ဦးကို ထမင်းကျွေးလိုက်ပါ။ မိမိတွင်ရင် ဆိုင်နေရသော အခက်အခဲများ ပြေလည်စေရန် ဆုတောင်းပါ။

စနေ (Saturday)

ဒီရက်တွေအတွင်းမှာ ကံကောင်းနေမည်။ ဆုံးရှုံးနစ်နာခဲ့တာတွေ ပြန်ရတတ်သည်။ မိမိလုပ်ကိုင်ဆောင်ရွက်ခဲ့ သောကိစ္စမှန်သမျှ ထူးထူးခြားခြားတိုးတက်မှုရရှိမည်။ အလုပ်သစ်ရှာဖွေခြင်း ၊ လုပ်ငန်းသစ်ပြောင်းလဲလုပ်ကိုင် လိုသူများ အဆင်ပြေမည့်ကာလဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ ၊ လုပ်ငန်းအသစ်တိုးချဲ့လုပ်ကိုင်သင့်သော အချိန်ကောင်းဖြစ်သည်။ သူတစ်ပါး ဆောင်ရွက်၍ မရသော ၊ ခက်ခဲသော ကိစ္စများကို အောင်မြင်စေနိုင်သည့် ကာလ ဖြစ်သည်။ နိုင်ငံခြားခရီးစီစဉ်နေသူများအဆင်ပြေမည်။ ဤရက်အတွင်းအဝါရောင်သည် သင့်ကို ကံ ကောင်းစေသော အကောင်း ဆုံးအရောင်ဖြစ်သည်။ ထီဝါသနာရှင်များ(၃၉နှင့်စသော တွဲဂဏန်း)ကိုထီထိုးပါ။
ကျန်းမာရေး။ ။ အစားမှား၊ ဆေးမှားတတ်သည်။
အချစ်ရေး။ ။ ပျားရည်ဆမ်းသော အချစ်နေ့ကလေးများဖြစ်မည်။
ယတြာ။ ။ တန်ခိုးကြီးဘုရားတွင် တံမြက်စည်းလှဲပါ။ မွေးနေ့တွင် အသက်သတ်လွတ်စားပါ။

တနင်္ဂနွေ (Sunday)

ဒီရက်တွေအတွင်းမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ငွေကြေးအရှုပ်အရှင်းဖြစ်တတ်သည်။ အမျိုးသမီးဦးစီး သော အရောင်းအဝယ်လုပ်ငန်းနှင့် သတိထားဆက်ဆံပါ။ ပြဿနာတတ်တက်သည်။ စနေနံပစ္စည်း၊ အထည် လုပ်ငန်း၊ နိုင်ငံရပ်ခြားတို့နှင့် စီးပွါးအကျိုးတူလုပ်ငန်းများအဆင်ပြေမည်။ လောင်းကစားအထူးရှောင်ပါ။ အမှုခင်း ဖြစ်ကိန်းရှိသည်။ ယာယီခရီးတိုများသွားရတတ်သည်။ အဖြူရောင်သည် ဤရက်အတွင်း သင့်ကို ကံကောင်းစေ သောအကောင်းဆုံး အရောင် ဖြစ်သည်။
ကျန်းမာရေး။ ။ သွား၊ ခံတွင်းနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ ။ ပြိုင်ဖက်ချစ်သူပေါ်တတ်သည်။
ယတြာ။ ။ နေအိမ်ဘုရားတွင် ရွက်လှ(၄)ညွန့်၊ အလင်းတိုင်(၄)တိုင် ဆက်ကပ်လှူဒါန်းပါ

ဖိုးသူတော် (www.phothutaw.com)
Credit: အိုင်တီဖိုးခွား
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top